[Unicode]

“လုပ်ပွဲကစားပြီး Newbee ကို အရှုံးခံသွားတဲ့ တရုတ် Dota2 အသင်း Avengerls”

 

Starladder Minor ပြိုင်ပွဲအတွက် တရုတ် closed qualifier များ စတင်နေပြီဖြစ်ပြီး တရုတ် Dota 2 အသင်းများဖြစ်ကြတဲ့ Newbee, Avengerls, KG နဲ့ Aster တို့ ၄ သင်းဟာ တစ်ခုတည်းသော Minor ဝင်ရောက်ခွင့်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်နေကြပါတယ်။ ယင်း qualifier ပွဲစဉ်များထဲမှာမှ Newbee နဲ့ Avengerls တို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ပွဲများမှာ အသင်း ၂ သင်း လုပ်ပွဲကစားခဲ့တာ သိသာလွန်းကြောင်း ပရိသတ်များရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပါတယ်။

ပထမဆုံးတွေ့ဆုံကစားခဲ့ကြတဲ့ပွဲမှာ Avengerls က Newbee ကို အပြတ်အသတ်နီးပါး အနိုင်ရခဲ့ပါတယ်။ ပွဲအပြီးမှာ Avengerls ဘက်က Deska ရဲ့ Ember Spirit ဟာ 10/2/5 kda ရရှိခဲ့သလို Exx ရဲ့ Troll Warlord ဟာလည်း 9/2/8 kda ရရှိထားခဲ့ပါတယ်။ တစ်ဖက် Newbee အသင်းမှာတော့ Aq တစ်ယောက်သာ Morphling နဲ့ 5/2/2 kda အများဆုံးရရှိခဲ့ပြီး Faith ရဲ့ Distruptor ဆိုရင် ၁၂ ခါတောင် သေထားခဲ့ပါတယ်။ 29 -17 ရလဒ်နဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲမှာ Avengerls တို့က kill ၁၂ ခါအသာနဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒုတိယပွဲမှာတော့ လုပ်ပွဲအဖြစ် ယူဆရလောက်အောင် Avengerls တို့ရဲ့ လုပ်ရပ်များဟာ ထူးဆန်းနေခဲ့ပါတယ်။ ယင်းပွဲရဲ့ အစောပိုင်း ၂၅ မိနစ်အထိ ပထမပွဲအတိုင်း Avengerls တို့ကပဲ Newbee ကို ဦးဆောင်နေခဲ့ပြီး 13K gold lead အသာစီးရရှိထားခဲ့တာပါ။ ဒါပေမယ့် Avengerls ဘက်က Deska ရဲ့ Morphling ဟာ အသင်းဖော်များ မပါပဲ ရန်သူအုပ်ထဲကို တစ်ယောက်ထဲ အကြောင်းမရှိ wave ထိုးဝင် ကျဆုံးရာက စ လို့ တစ်သင်းလုံးရှုံးနိမ့်ဖို့ ဖြစ်လာခဲ့ပါတယ်။

ယင်းနောက်ပိုင်းမှာ မေးခွန်းထုတ်စရာကောင်းလောက်အောင် Morphling ဟာ Newbee ဘက်က Medusa ရဲ့ gaze များမှာ ဆက်တိုက် အခဲခံနေခဲ့ပြီး မိနစ်အနည်းငယ်အကြာမှာတော့ Newbee တို့ အနိုင်ရရှိသွားခဲ့ပါတယ်။ နောက်ဆုံးပွဲမှာလည်း Newbee ဘက်က hero ၅ ကောင်လုံးရှိနေချိန်များမှာ Avengerls ဘက်က hero ၃ ကောင်တည်းနဲ့ အကြိမ်ပေါင်းများစွာ Battle သွားရောက်ရင်ဆိုင် ကျဆုံးခဲ့ကြပြီးနောက် မိနစ် ၃၀ ကျော်နဲ့ gg ခေါ် အရှုံးပေးသွားခဲ့ပါတယ်။

ဒီကိစ္စဟာ Dota 2 ပရိသတ်အမြောက်အများကို ဒေါသထွက်စေခဲ့ပါတယ်။ TI2 ကို အနိုင်ရရှိခဲ့တဲ့ ကစားသမား Zhou က “Newbee အသင်းဟာ လုပ်ပွဲကစားတဲ့အသင်းကိုတောင် မထိန်းနိုင်လောက်အောင် အခြေအနေဆိုးရွားနေတာ တွေ့ရလို့ ဝမ်းနည်းမိတယ်” လို့ ပြောခဲ့သလို TI4 ကို Newbee အသင်းသားအဖြစ် အနိုင်ရရှိခဲ့တဲ့ Xiao8 ကလည်း Avengerls တို့ လုပ်ပွဲကစားပြီး တမင်သက်သက်အရှုံးခံတာ သေချာတဲ့အတွက် မဟုတ်ဘူးဆိုရင် သူ့ရဲ့ Stream မှာ ချီးစားပြမည်ဟု ပြောဆိုသွားခဲ့ပါတယ်။

Newbee ဟာ ဒီပွဲများကြောင့် တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာတောင် ဖြေရှင်းချက်ထုတ်ခဲ့ရပါတယ်။ Newbee ရဲ့ ဖြေရှင်းချက်ထဲမှာတော့ Avengerls တို့ဟာ ယင်းတို့အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားနိုင်ခဲ့တာဖြစ်ပေမယ့် ဒုတိယပွဲက စလို့ တမင်အရှုံးခံသွားကြတာဖြစ်ကြောင်း၊ ဒီဖြစ်စဉ်မှာ Newbee ဘက်က ပယောဂ မပါဝင်ကြောင်း စသဖြင့် ရေးသားထားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ တရားဝင်ကြေညာချက်များကတော့ မထွက်ပေါ်လာသေးပါဘူး။ Dota 2 ပရိသတ်များကတော့ Valve က ဒီပွဲများအကြောင်းကို စုံစမ်းပြီး လုပ်ပွဲကစားခဲ့တာမှန်ရင် ထိထိရောက်ရောက်အရေးယူစေဖို့ ဆန္ဒရှိနေကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpgame


[Zawgyi]

“လုပ္ပြဲကစားၿပီး Newbee ကို အရႈံးခံသြားတဲ့ တ႐ုတ္ Dota2 အသင္း Avengerls”

 

Starladder Minor ၿပိဳင္ပြဲအတြက္ တ႐ုတ္ closed qualifier မ်ား စတင္ေနၿပီျဖစ္ၿပီး တ႐ုတ္ Dota 2 အသင္းမ်ားျဖစ္ၾကတဲ့ Newbee, Avengerls, Keen Gaming နဲ႔ Aster တို႔ ၄ သင္းဟာ တစ္ခုတည္းေသာ Minor ဝင္ေရာက္ခြင့္အတြက္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ေနၾကပါတယ္။ ယင္း qualifier ပြဲစဥ္မ်ားထဲမွာမွ Newbee နဲ႔ Avengerls တို႔ ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ပြဲမ်ားမွာ အသင္း ၂ သင္း လုပ္ပြဲကစားခဲ့တာ သိသာလြန္းေၾကာင္း ပရိသတ္မ်ားရဲ႕ ျပင္းျပင္းထန္ထန္ေဝဖန္မႈမ်ား ထြက္ေပၚလာခဲ့ပါတယ္။

 

ပထမဆုံးေတြ႕ဆုံကစားခဲ့ၾကတဲ့ပြဲမွာ Avengerls က Newbee ကို အျပတ္အသတ္နီးပါး အႏိုင္ရခဲ့ပါတယ္။ ပြဲအၿပီးမွာ Avengerls ဘက္က Deska ရဲ႕ Ember Spirit ဟာ 10/2/5 kda ရရွိခဲ့သလို Exx ရဲ႕ Troll Warlord ဟာလည္း 9/2/8 kda ရရွိထားခဲ့ပါတယ္။ တစ္ဖက္ Newbee အသင္းမွာေတာ့ Aq တစ္ေယာက္သာ Morphling နဲ႔ 5/2/2 kda အမ်ားဆုံးရရွိခဲ့ၿပီး Faith ရဲ႕ Distruptor ဆိုရင္ ၁၂ ခါေတာင္ ေသထားခဲ့ပါတယ္။ 29 -17 ရလဒ္နဲ႔ ၿပီးဆုံးခဲ့တဲ့ ဒီပြဲမွာ Avengerls တို႔က kill ၁၂ ခါအသာနဲ႔ အႏိုင္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ဒုတိယပြဲမွာေတာ့ လုပ္ပြဲအျဖစ္ ယူဆရေလာက္ေအာင္ Avengerls တို႔ရဲ႕ လုပ္ရပ္မ်ားဟာ ထူးဆန္းေနခဲ့ပါတယ္။ ယင္းပြဲရဲ႕ အေစာပိုင္း ၂၅ မိနစ္အထိ ပထမပြဲအတိုင္း Avengerls တို႔ကပဲ Newbee ကို ဦးေဆာင္ေနခဲ့ၿပီး 13K gold lead အသာစီးရရွိထားခဲ့တာပါ။ ဒါေပမယ့္ Avengerls ဘက္က Deska ရဲ႕ Morphling ဟာ အသင္းေဖာ္မ်ား မပါပဲ ရန္သူအုပ္ထဲကို တစ္ေယာက္ထဲ အေၾကာင္းမရွိ wave ထိုးဝင္ က်ဆုံးရာက စ လို႔ တစ္သင္းလုံးရႈံးနိမ့္ဖို႔ ျဖစ္လာခဲ့ပါတယ္။

ယင္းေနာက္ပိုင္းမွာ ေမးခြန္းထုတ္စရာေကာင္းေလာက္ေအာင္ Morphling ဟာ Newbee ဘက္က Medusa ရဲ႕ gaze မ်ားမွာ ဆက္တိုက္ အခဲခံေနခဲ့ၿပီး မိနစ္အနည္းငယ္အၾကာမွာေတာ့ Newbee တို႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ ေနာက္ဆုံးပြဲမွာလည္း Newbee ဘက္က hero ၅ ေကာင္လုံးရွိေနခ်ိန္မ်ားမွာ Avengerls ဘက္က hero ၃ ေကာင္တည္းနဲ႔ အႀကိမ္ေပါင္းမ်ားစြာ Battle သြားေရာက္ရင္ဆိုင္ က်ဆုံးခဲ့ၾကၿပီးေနာက္ မိနစ္ ၃၀ ေက်ာ္နဲ႔ gg ေခၚ အရႈံးေပးသြားခဲ့ပါတယ္။

ဒီကိစၥဟာ Dota 2 ပရိသတ္အေျမာက္အမ်ားကို ေဒါသထြက္ေစခဲ့ပါတယ္။ TI2 ကို အႏိုင္ရရွိခဲ့တဲ့ ကစားသမား Zhou က “Newbee အသင္းဟာ လုပ္ပြဲကစားတဲ့အသင္းကိုေတာင္ မထိန္းႏိုင္ေလာက္ေအာင္ အေျခအေနဆိုး႐ြားေနတာ ေတြ႕ရလို႔ ဝမ္းနည္းမိတယ္” လို႔ ေျပာခဲ့သလို TI4 ကို Newbee အသင္းသားအျဖစ္ အႏိုင္ရရွိခဲ့တဲ့ Xiao8 ကလည္း Avengerls တို႔ လုပ္ပြဲကစားၿပီး တမင္သက္သက္အရႈံးခံတာ ေသခ်ာတဲ့အတြက္ မဟုတ္ဘူးဆိုရင္ သူ႔ရဲ႕ Stream မွာ ခ်ီးစားျပမည္ဟု ေျပာဆိုသြားခဲ့ပါတယ္။

Newbee ဟာ ဒီပြဲမ်ားေၾကာင့္ တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာေတာင္ ေျဖရွင္းခ်က္ထုတ္ခဲ့ရပါတယ္။ Newbee ရဲ႕ ေျဖရွင္းခ်က္ထဲမွာေတာ့ Avengerls တို႔ဟာ ယင္းတို႔အသင္းကို ၂ ပြဲျပတ္နဲ႔ အႏိုင္ရသြားႏိုင္ခဲ့တာျဖစ္ေပမယ့္ ဒုတိယပြဲက စလို႔ တမင္အရႈံးခံသြားၾကတာျဖစ္ေၾကာင္း၊ ဒီျဖစ္စဥ္မွာ Newbee ဘက္က ပေယာဂ မပါဝင္ေၾကာင္း စသျဖင့္ ေရးသားထားခဲ့ပါတယ္။

ဒီကိစၥနဲ႔ ပတ္သက္တဲ့ တရားဝင္ေၾကညာခ်က္မ်ားကေတာ့ မထြက္ေပၚလာေသးပါဘူး။ Dota 2 ပရိသတ္မ်ားကေတာ့ Valve က ဒီပြဲမ်ားအေၾကာင္းကို စုံစမ္းၿပီး လုပ္ပြဲကစားခဲ့တာမွန္ရင္ ထိထိေရာက္ေရာက္အေရးယူေစဖို႔ ဆႏၵရွိေနၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpgame