[ZawGyi]

အိပ္ေနရင္းေဆာ့ရမယ့္ Pokémon Sleep လာပါၿပီ

 

Pokémon Company ဟာ ပုံမွန္မဟုတ္တဲ့ Pokémon ဂိမ္းတစ္ခုကို ေၾကျငာလိုက္ၿပီး သူ႕နာမည္ကေတာ့ Pokémon Sleep ရယ္လို႔ ျဖစ္ပါတယ္။ Pokémon Go တုန္းက လမ္းေလွ်ာက္ၿပီးေဆာ့ၾကရသလုိပဲ သူက အိပ္ၿပီး ေဆာ့ရမွာပါ။ မဆုိးဘူးေနာ္၊ တစ္ခုကလမ္းေလွ်ာက္ တစ္ခုက အိပ္ေရးဝေအာင္အိပ္ လူေတြကို ဂရုစုိက္ရွာတယ္။

ေနာက္တစ္နည္းေျပာရရင္ေတာ့ Pokémon Sleep ဂိမ္းဟာ အိပ္စက္ျခင္းကို ေဖ်ာ္ေျဖေရးအျဖစ္ ေျပာင္းလဲေပးမယ့္ ေျခလွမ္းတစ္ခု ျဖစ္ပါတယ္။

Pokémon Sleep ဟာ ခ်က္ခ်င္းေတာ့ မရေသးပါဘူး။ ၂၀၂၀ အတြင္းမွာမွ ထြက္ရွိလာမွာျဖစ္ၿပီး ဒီဟာကို ေဆာ့ဖို႔ အရင္ဆုံး Nintendo ကထုတ္လုပ္ထားတဲ့ Pokémon Go Plus Plus ဆုိတဲ့ စက္ကေလး လုိမွာပါ။ ဒီစက္ေလးရဲ႕ အကူအညီနဲ႔ သုံးစြဲသူရဲ႕ အိပ္စက္ပုံကို ဖတ္ယူၿပီးမွ အိပ္စက္ခ်ိန္ေပၚလုိက္ၿပီး ဆုေပးမယ့္ Pokémon ဂိမ္းျဖစ္ပါတယ္။

ဒီဂိမ္းကို ထြင္ရျခင္းအေၾကာင္းရင္းက ကစားသူေတြကို မနက္တုိင္းမွာ ႏုိးထလာရင္ စိတ္လႈပ္ရွားေမွ်ာ္လင့္စရာ တစ္စုံတစ္ခု ရွိေနေစေအာင္ ျဖစ္တယ္လို႔ Pokémon Company ဌာနရဲ႕ ဥကၠဌနဲ႔ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္တဲ့ ဆုနဲကဇု အိရွိဟရ မွဆုိပါတယ္။ ဒီတုိင္းအိပ္စက္ၿပီး မနက္ႏုိးလာရင္ ဘာ Pokémon ေလးမ်ား ရေနမလဲ ဆုိတဲ့ ပုံစံမ်ဳိး ျဖစ္ႏုိင္ေျခရွိပါတယ္။

အေစာက ေျပာခဲ့သလုိပဲ Pokémon Sleep ကို ေဆာ့ဖို႔ဆုိရင္ေတာ့ Nintendo ရဲ႕ Pokémon Go Plus Plus ကို ဝယ္ရမွာပါ။ သူကေတာ့ ဒုတိယမ်ဳိးဆက္လုိ႔ ဆုိရမယ့္ စက္အသစ္ျဖစ္ၿပီး Pokéball ပုံသ႑ာန္ စက္ကေလးဟာ လက္ရွိထုတ္လုပ္ထားတဲ့ Pokémon Go Plus လိုပဲ လုပ္ေဆာင္မယ္လို႔ ယူဆရပါတယ္။

Pokémon Go Plus Plus မွာ အပိုပါလာတာကေတာ့ အိပ္စက္မႈကို ဖတ္ရႈမွတ္သားႏုိင္မယ့္ က်န္းမာေရး အေျခခံဆင္ဆာစနစ္ပါ။ ဒါ့အျပင္ သူ႕အတြင္းက Accelerometer ေက်းဇူးေၾကာင့္ မုိဘုိင္းဖုန္းတစ္လုံးကိုလည္း ဘလူးတုသ္နဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ သူက ဝတ္ဆင္ထားသူရဲ႕ အိပ္ေမာက်ခ်ိန္ကို ရုိးရွင္းစြာ ေျခရာခံမွတ္သားေပးမွာပါ။ အဲဒီ့အိပ္ေနတဲ့ ေဒတာေတြကိုမွ Pokémon Sleep App ထဲကို ပို႔လႊတ္ေပးၿပီး အိပ္ေနရင္း ေဆာ့ႏုိင္မွာျဖစ္ပါတယ္။

ဒီစက္ရဲ႕ ပုံစံကေတာ့ Nintendo ကုမၸဏီက Switch နဲ႔မေအာင္ျမင္ခင္မွာ ျပဳလုပ္ေနခဲ့တဲ့ Quality of Life ဆုိတဲ့ ပေရာဂ်က္နဲ႔ ခပ္ဆင္ဆင္ပါပဲ။ Pokémon Sleep ကိုေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန္႔က Pokémon: Magikarp Jump ဆုိတဲ့ မုိဘုိင္းဂိမ္းေလးကို ထုတ္လုပ္ေပးခဲ့တဲ့ Select Button ဆုိတဲ့ မုိဘုိင္းဂိမ္းကုမၸဏီနဲ႔ ပူးေပါင္း ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။

===================================

[Unicode]

အိပ်နေရင်းဆော့ရမယ့် Pokémon Sleep လာပါပြီ

 

Pokémon Company ဟာ ပုံမှန်မဟုတ်တဲ့ Pokémon ဂိမ်းတစ်ခုကို ကြေငြာလိုက်ပြီး သူ့နာမည်ကတော့ Pokémon Sleep ရယ်လို့ ဖြစ်ပါတယ်။ Pokémon Go တုန်းက လမ်းလျှောက်ပြီးဆော့ကြရသလိုပဲ သူက အိပ်ပြီး ဆော့ရမှာပါ။ မဆိုးဘူးနော်၊ တစ်ခုကလမ်းလျှောက် တစ်ခုက အိပ်ရေးဝအောင်အိပ် :3 လူတွေကို ဂရုစိုက်ရှာတယ်။

နောက်တစ်နည်းပြောရရင်တော့ Pokémon Sleep ဂိမ်းဟာ အိပ်စက်ခြင်းကို ဖျော်ဖြေရေးအဖြစ် ပြောင်းလဲပေးမယ့် ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။

Pokémon Sleep ဟာ ချက်ချင်းတော့ မရသေးပါဘူး။ ၂၀၂၀ အတွင်းမှာမှ ထွက်ရှိလာမှာဖြစ်ပြီး ဒီဟာကို ဆော့ဖို့ အရင်ဆုံး Nintendo ကထုတ်လုပ်ထားတဲ့ Pokémon Go Plus Plus ဆိုတဲ့ စက်ကလေး လိုမှာပါ။ ဒီစက်လေးရဲ့ အကူအညီနဲ့ သုံးစွဲသူရဲ့ အိပ်စက်ပုံကို ဖတ်ယူပြီးမှ အိပ်စက်ချိန်ပေါ်လိုက်ပြီး ဆုပေးမယ့် Pokémon ဂိမ်းဖြစ်ပါတယ်။

ဒီဂိမ်းကို ထွင်ရခြင်းအကြောင်းရင်းက ကစားသူတွေကို မနက်တိုင်းမှာ နိုးထလာရင် စိတ်လှုပ်ရှားမျှော်လင့်စရာ တစ်စုံတစ်ခု ရှိနေစေအောင် ဖြစ်တယ်လို့ Pokémon Company ဌာနရဲ့ ဥက္ကဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ ဆုနဲကဇု အိရှိဟရ မှဆိုပါတယ်။ ဒီတိုင်းအိပ်စက်ပြီး မနက်နိုးလာရင် ဘာ Pokémon လေးများ ရနေမလဲ ဆိုတဲ့ ပုံစံမျိုး ဖြစ်နိုင်ခြေရှိပါတယ်။

အစောက ပြောခဲ့သလိုပဲ Pokémon Sleep ကို ဆော့ဖို့ဆိုရင်တော့ Nintendo ရဲ့ Pokémon Go Plus Plus ကို ဝယ်ရမှာပါ။ သူကတော့ ဒုတိယမျိုးဆက်လို့ ဆိုရမယ့် စက်အသစ်ဖြစ်ပြီး Pokéball ပုံသဏ္ဍာန် စက်ကလေးဟာ လက်ရှိထုတ်လုပ်ထားတဲ့ Pokémon Go Plus လိုပဲ လုပ်ဆောင်မယ်လို့ ယူဆရပါတယ်။

Pokémon Go Plus Plus မှာ အပိုပါလာတာကတော့ အိပ်စက်မှုကို ဖတ်ရှုမှတ်သားနိုင်မယ့် ကျန်းမာရေး အခြေခံဆင်ဆာစနစ်ပါ။ ဒါ့အပြင် သူ့အတွင်းက Accelerometer ကျေးဇူးကြောင့် မိုဘိုင်းဖုန်းတစ်လုံးကိုလည်း ဘလူးတုသ်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ သူက ဝတ်ဆင်ထားသူရဲ့ အိပ်မောကျချိန်ကို ရိုးရှင်းစွာ ခြေရာခံမှတ်သားပေးမှာပါ။ အဲဒီ့အိပ်နေတဲ့ ဒေတာတွေကိုမှ Pokémon Sleep App ထဲကို ပို့လွှတ်ပေးပြီး အိပ်နေရင်း ဆော့နိုင်မှာဖြစ်ပါတယ်။

ဒီစက်ရဲ့ ပုံစံကတော့ Nintendo ကုမ္ပဏီက Switch နဲ့မအောင်မြင်ခင်မှာ ပြုလုပ်နေခဲ့တဲ့ Quality of Life ဆိုတဲ့ ပရောဂျက်နဲ့ ခပ်ဆင်ဆင်ပါပဲ။ Pokémon Sleep ကိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Pokémon: Magikarp Jump ဆိုတဲ့ မိုဘိုင်းဂိမ်းလေးကို ထုတ်လုပ်ပေးခဲ့တဲ့ Select Button ဆိုတဲ့ မိုဘိုင်းဂိမ်းကုမ္ပဏီနဲ့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

 

#Pokemon #Sleep #Nintendo #Kyitha