[Zawgyi]

ျမန္မာအသင္းေတြပါဝင္ခြင့္ရမယ့္ ဆုေၾကးေဒၚလာ ၂ သန္းခြဲတန္ PUBG Mobile Club Open 2019 ၿပိဳင္ပြဲ

 

ျမန္မာျပည္က PUBG Mobile အသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ႏိုင္မယ့္ PUBG Mobile Club Open 2019 Fall (PMCO 2019) ၿပိဳင္ပြဲကိုေတာ့ ယေန႔ ၾသဂုတ္ ၂၂ ရက္ေန႔ ေနာက္ဆံုးထားၿပီး အဆိုပါလင့္မွာ (https://register.igamecj.com/pubg/register) စာရင္းေပးသြင္းႏိုင္ပါတယ္။

 

ျမန္မာႏိုင္ငံအေနျဖင့္ SEA Wildcard Region တြင္ပါဝင္ၿပီး ထို Qualifier ထဲမွ (၄) သင္းက ထိုင္း၊ မေလးရွား၊ အင္ဒိုနီးရွား ႏွင့္ ဗီယက္နမ္ ႏိုင္ငံမွ (၅) သင္းစီ ႏွင့္အတူ စုစုေပါင္း (၂၄) သင္းက SEA Group Stage အျဖစ္ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ထို Group Stage မွ ၁၆ သင္းက SEA Final အဆင့္ေရာက္မည္ျဖစ္ၿပီး ထိပ္ဆံုး ၂ သင္းက Global Finals၊ တတိယႏွင့္ စတုတၳအသင္းက Prelims အဆင့္သို႔ တက္ေရာက္မည္ ျဖစ္သည္။

PMCO Fall 2019 Global Final ကိုေတာ့ ဒီဇင္ဘာ ၂၀၁၉ မွာ က်င္းပမည္ျဖစ္ၿပီး ၿပိဳင္ပြဲတစ္ခုလံုးရဲ႕ ဆုေၾကးေငြကေတာ့ ေဒၚလာ ၂.၅ သန္း (ျမန္မာက်ပ္ေငြ သိန္းေပါင္း သံုးေသာင္းရွစ္ေထာင္ခန္႔) ေပးအပ္သြားမွာ ျဖစ္ပါတယ္။ ဒီႏွစ္ရဲ႕ ဖိုင္နယ္တည္ေနရာကိုေတာ့ မသိရေသးေပမယ့္ PMCO Spring 2019 ကိုေတာ့ ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ က်င္းပခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္အတြင္းမွာလည္း ျမန္မာႏိုင္ငံမွာ PUBG Mobile ဂိမ္းဟာ ေခတ္အစားဆံုး မိုဘိုင္းဂိမ္းတစ္ခုျဖစ္ခဲ့ၿပီး ၂၀၁၈ ဒီဇင္ဘာ ၃၁ ရက္ေန႔မွာ Huawei က ဦးစီးၿပီး PUBG Mobile ၿပိဳင္ပြဲတစ္ခု က်င္းပခဲ့သလို႔ ၂၀၁၉ ဇူလိုင္မွာလည္း Samsung ကဦးစီးၿပီး ဆုေၾကး သိန္း (၁၀၀) အထိေပးအပ္ခဲ့တဲ့ PUBG Mobile ၿပိဳင္ပြဲမ်ား က်င္းပခဲ့ၾကပါတယ္။

ထို႔အျပင္ PUBG Mobile ၏ Game Developer ျဖစ္သူ Tencent မွလည္း ကိုယ္တိုင္ဦးစီးၿပီး မၾကာေသးမွီကမွ “Community Battlegrounds” online ၿပိဳင္ပြဲကို က်င္းပခဲ့ၿပီး စက္တင္ဘာ (၁) ရက္ေန႔မွာလည္း မည္သူမဆို ပါဝင္ႏိုင္မယ့္ “King of the Hill” tournament ကို Junction Square မွာထပ္မံ က်င္းပဦးမွာ ျဖစ္ပါတယ္။


[Unicode]

မြန်မာအသင်းတွေပါဝင်ခွင့်ရမယ့် ဆုကြေးဒေါ်လာ ၂ သန်းခွဲတန် PUBG Mobile Club Open 2019 ပြိုင်ပွဲ

 

 

မြန်မာပြည်က PUBG Mobile အသင်းတွေ ပါဝင်ယှဉ်ပြိုင်နိုင်မယ့် PUBG Mobile Club Open 2019 Fall (PMCO 2019) ပြိုင်ပွဲကိုတော့ ယနေ့ သြဂုတ် ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပါလင့်မှာ (https://register.igamecj.com/pubg/register) စာရင်းပေးသွင်းနိုင်ပါတယ်။

 

 

မြန်မာနိုင်ငံအနေဖြင့် SEA Wildcard Region တွင်ပါဝင်ပြီး ထို Qualifier ထဲမှ (၄) သင်းက ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား နှင့် ဗီယက်နမ် နိုင်ငံမှ (၅) သင်းစီ နှင့်အတူ စုစုပေါင်း (၂၄) သင်းက SEA Group Stage အဖြစ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ထို Group Stage မှ ၁၆ သင်းက SEA Final အဆင့်ရောက်မည်ဖြစ်ပြီး ထိပ်ဆုံး ၂ သင်းက Global Finals၊ တတိယနှင့် စတုတ္ထအသင်းက Prelims အဆင့်သို့ တက်ရောက်မည် ဖြစ်သည်။

PMCO Fall 2019 Global Final ကိုတော့ ဒီဇင်ဘာ ၂၀၁၉ မှာ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတစ်ခုလုံးရဲ့ ဆုကြေးငွေကတော့ ဒေါ်လာ ၂.၅ သန်း (မြန်မာကျပ်ငွေ သိန်းပေါင်း သုံးသောင်းရှစ်ထောင်ခန့်) ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဖိုင်နယ်တည်နေရာကိုတော့ မသိရသေးပေမယ့် PMCO Spring 2019 ကိုတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပခဲ့ပါတယ်။

 

 

၂၀၁၉ ခုနှစ်အတွင်းမှာလည်း မြန်မာနိုင်ငံမှာ PUBG Mobile ဂိမ်းဟာ ခေတ်အစားဆုံး မိုဘိုင်းဂိမ်းတစ်ခုဖြစ်ခဲ့ပြီး ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ Huawei က ဦးစီးပြီး PUBG Mobile ပြိုင်ပွဲတစ်ခု ကျင်းပခဲ့သလို့ ၂၀၁၉ ဇူလိုင်မှာလည်း Samsung ကဦးစီးပြီး ဆုကြေး သိန်း (၁၀၀) အထိပေးအပ်ခဲ့တဲ့ PUBG Mobile ပြိုင်ပွဲများ ကျင်းပခဲ့ကြပါတယ်။

ထို့အပြင် PUBG Mobile ၏ Game Developer ဖြစ်သူ Tencent မှလည်း ကိုယ်တိုင်ဦးစီးပြီး မကြာသေးမှီကမှ “Community Battlegrounds” online ပြိုင်ပွဲကို ကျင်းပခဲ့ပြီး စက်တင်ဘာ (၁) ရက်နေ့မှာလည်း မည်သူမဆို ပါဝင်နိုင်မယ့် “King of the Hill” tournament ကို Junction Square မှာထပ်မံ ကျင်းပဦးမှာ ဖြစ်ပါတယ်။