[Unicode]

ကာယအချိန်မှာ Mobile Legends လေ့လာသင်ယူကစားစေမယ့် ဖိလစ်ပိုင်တက္ကသိုလ်

 

Covid-19 ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေကြတဲ့ ယခုလိုအခြေအနေမှာ လူအများရဲ့ နေ့စဉ်ဘဝဟာ ယခင်ကလို မဟုတ်တော့ပဲ ပြောင်းလဲမှုများရှိလာကြပါတယ်။ ယင်းပြောင်းလဲမှုများ ထဲမှာတော့ နိုင်ငံတကာက ကျောင်းများနဲ့ တက္ကသိုလ်များရဲ့ သင်ကြားမှုပုံစံအချို့ပြောင်းလဲလာခြင်းကလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။

ယခုလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာရှိတဲ့ De La Salle တက္ကသိုလ် (DLSU) ဟာ ကာယအချိန်များမှာ ကျောင်းသားများကို Mobile Legends လေ့လာသင်ယူကစားစေဖို့ သတ်မှတ်လိုက်ပါတယ်။ ဒီလို Mobile Legends ကစားစေခြင်းအားဖြင့် ကျောင်းသားများဟာ အသင်းအဖွဲ့လိုက် စုပေါင်းလုပ်ဆောင်နိုင်စွမ်းကို ရရှိလာကြမှာဖြစ်ကြောင်း DLSU က ယုံကြည်နေပါတယ်။

De La Salle University (DLSU)

ဗီဒီယိုဂိမ်းကစားခြင်းဟာ Covid-19 ကူးစက်ခံရမှုကို ရှောင်ရှားနိုင်ရေးအတွက် ခပ်ခွာခွာနေနိုင်ကြဖို့လည်း အထောက်အကူဖြစ်လျက်ရှိပါတယ်။ ဒါကြောင့် လက်ရှိမှာ Mobile Legends ကို အွန်လိုင်းကနေ စုပေါင်းကစားခြင်းဟာ အခြားသော ကာယလေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခြင်းထက် သင့်လျှော်ကြောင်း DLSU က ယူဆခဲ့တာလည်းဖြစ်ပါတယ်။

DLSU ရဲ့ သင်ခန်းစာဖော်ပြချက်အတွင်းမှာတော့ “ဒီသင်ခန်းစာဟာ Multiplayer Online Battle Arena (MOBA) ဂိမ်းတစ်ခုကို အခြေခံပြီး ကာယလေ့ကျင့်ခန်းသဘောတရားများနဲ့ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ ကျောင်းသားများဟာ ကာယအချိန်များအတွင်းမှာ အချင်းချင်း ပေါင်းသင်းဆက်ဆံနိုင်စွမ်း၊ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်း၊ လိုက်လျောညီထွေဖြစ်နိုင်စွမ်း၊ အသင်းလိုက်ဆောင်ရွက်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း စ တာတွေရရှိအောင် ဒီသင်ခန်းစာကနေ လေ့လာသင်ယူကြရမှာဖြစ်ပါတယ်” အစရှိသဖြင့် ရေးသားထားပါတယ်။

ဖိလစ်နိုင်ငံဟာ ဒေသတွင်း Esports ထွန်းကားရေးအတွက် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပါတယ်။ မကြာသေးမီအချိန်များကလည်း အခြားဖိလစ်ပိုင်တက္ကသိုလ်တစ်ခုဟာ ယင်းတို့ဆီမှာ Esports ကို အဓိကဘာသာရပ်တစ်ခုအနေနဲ့ လေ့လာသင်ယူနိုင်တော့မှာဖြစ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။

DLSU ဟာ ယင်းတို့ရဲ့ ကာယအချိန် Mobile Legends သင်ခန်းစာအကြောင်း အသေးစိတ် အချက်အလက်များကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ မည်သို့ပင်ဖြစ်စေ ဗီဒီယိုဂိမ်းကစားခြင်းဟာ အကျိုးရှိတဲ့အရာတစ်ခုဖြစ်တာကို လူအများက တစ်ဖြည်းဖြည်း လက်ခံလာနေကြပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: wheninmanila


[ZawGyi]

ကာယအခ်ိန္မွာ Mobile Legends ေလ့လာသင္ယူကစားေစမယ့္ ဖိလစ္ပိုင္တကၠသိုလ္

 

Covid-19 ရဲ႕ ႐ိုက္ခတ္မႈဒဏ္ကို ခံစားခဲ့ရၿပီးေနာက္ ျပန္လည္ထူေထာင္ဖို႔ ႀကိဳးပမ္းေနၾကတဲ့ ယခုလိုအေျခအေနမွာ လူအမ်ားရဲ႕ ေန႔စဥ္ဘဝဟာ ယခင္ကလို မဟုတ္ေတာ့ပဲ ေျပာင္းလဲမႈမ်ားရွိလာၾကပါတယ္။ ယင္းေျပာင္းလဲမႈမ်ား ထဲမွာေတာ့ ႏိုင္ငံတကာက ေက်ာင္းမ်ားနဲ႔ တကၠသိုလ္မ်ားရဲ႕ သင္ၾကားမႈပုံစံအခ်ိဳ႕ေျပာင္းလဲလာျခင္းကလည္း တစ္ခုအပါအဝင္ပဲ ျဖစ္ပါတယ္။

ယခုလည္း ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕မွာရွိတဲ့ De La Salle တကၠသိုလ္ (DLSU) ဟာ ကာယအခ်ိန္မ်ားမွာ ေက်ာင္းသားမ်ားကို Mobile Legends ေလ့လာသင္ယူကစားေစဖို႔ သတ္မွတ္လိုက္ပါတယ္။ ဒီလို Mobile Legends ကစားေစျခင္းအားျဖင့္ ေက်ာင္းသားမ်ားဟာ အသင္းအဖြဲ႕လိုက္ စုေပါင္းလုပ္ေဆာင္ႏိုင္စြမ္းကို ရရွိလာၾကမွာျဖစ္ေၾကာင္း DLSU က ယုံၾကည္ေနပါတယ္။

De La Salle University (DLSU)

ဗီဒီယိုဂိမ္းကစားျခင္းဟာ Covid-19 ကူးစက္ခံရမႈကို ေရွာင္ရွားႏိုင္ေရးအတြက္ ခပ္ခြာခြာေနႏိုင္ၾကဖို႔လည္း အေထာက္အကူျဖစ္လ်က္ရွိပါတယ္။ ဒါေၾကာင့္ လက္ရွိမွာ Mobile Legends ကို အြန္လိုင္းကေန စုေပါင္းကစားျခင္းဟာ အျခားေသာ ကာယေလ့က်င့္ခန္းမ်ားကို စုေပါင္းျပဳလုပ္ျခင္းထက္ သင့္ေလွ်ာ္ေၾကာင္း DLSU က ယူဆခဲ့တာလည္းျဖစ္ပါတယ္။

DLSU ရဲ႕ သင္ခန္းစာေဖာ္ျပခ်က္အတြင္းမွာေတာ့ “ဒီသင္ခန္းစာဟာ Multiplayer Online Battle Arena (MOBA) ဂိမ္းတစ္ခုကို အေျခခံၿပီး ကာယေလ့က်င့္ခန္းသေဘာတရားမ်ားနဲ႔ ေပါင္းစပ္ထားျခင္း ျဖစ္ပါတယ္။ ေက်ာင္းသားမ်ားဟာ ကာယအခ်ိန္မ်ားအတြင္းမွာ အခ်င္းခ်င္း ေပါင္းသင္းဆက္ဆံႏိုင္စြမ္း၊ ပူးေပါင္း လုပ္ေဆာင္ႏိုင္စြမ္း၊ လိုက္ေလ်ာညီေထြျဖစ္ႏိုင္စြမ္း၊ အသင္းလိုက္ေဆာင္႐ြက္ႏိုင္စြမ္း၊ ဦးေဆာင္ႏိုင္စြမ္း၊ ျပႆနာေျဖရွင္းႏိုင္စြမ္း စ တာေတြရရွိေအာင္ ဒီသင္ခန္းစာကေန ေလ့လာသင္ယူၾကရမွာျဖစ္ပါတယ္” အစရွိသျဖင့္ ေရးသားထားပါတယ္။

ဖိလစ္ႏိုင္ငံဟာ ေဒသတြင္း Esports ထြန္းကားေရးအတြက္ အစြမ္းကုန္ႀကိဳးပမ္းလ်က္ရွိပါတယ္။ မၾကာေသးမီအခ်ိန္မ်ားကလည္း အျခားဖိလစ္ပိုင္တကၠသိုလ္တစ္ခုဟာ ယင္းတို႔ဆီမွာ Esports ကို အဓိကဘာသာရပ္တစ္ခုအေနနဲ႔ ေလ့လာသင္ယူႏိုင္ေတာ့မွာျဖစ္ေၾကာင္း ေၾကညာခဲ့ဖူးပါတယ္။

DLSU ဟာ ယင္းတို႔ရဲ႕ ကာယအခ်ိန္ Mobile Legends သင္ခန္းစာအေၾကာင္း အေသးစိတ္ အခ်က္အလက္မ်ားကိုေတာ့ ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးပါဘူး။ မည္သို႔ပင္ျဖစ္ေစ ဗီဒီယိုဂိမ္းကစားျခင္းဟာ အက်ိဳးရွိတဲ့အရာတစ္ခုျဖစ္တာကို လူအမ်ားက တစ္ျဖည္းျဖည္း လက္ခံလာေနၾကၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: wheninmanila