[ZawGyi]

Shroud သုိ့မဟုတ္ Esport ေလာကရဲ႕ ၾကယ္တစ္ပြင့္

 

 

“shroud” ကို ၁၉၉၄ ခုႏွစ္ ဇြန္လ ၂ ရက္ေန႔မွာ ေမြးဖြားခဲ့ျပီး အမည္ရင္းကေတာ့ Michael Grzesiek ျဖစ္ပါတယ္။ Polish-Canadian ႏြယ္ဖြားျဖစ္တဲ့ shroud ဟာ လက္ရွိမွာ ကယ္လီဖိုးနီးယားျပည္နယ္မွာ ေနထိုင္ျပီး Twitch Streamer တစ္ေယာက္အျဖစ္ ရပ္တည္လ်က္ရွိပါတယ္။

မူလက in game နာမည္ကို eclipse လုိ႔ မွည့္ခဲ့ေပမယ္ ေနာက္ပိုင္းမွာ shroud လုိ႔ ေျပာင္းလဲခဲ့တာပါ။ Human aimbot တစ္ဦးလုိ႔ေတာင္ တင္စားခံရတဲ့ FPS gamer shroud ဟာ ယခင္က Counter-Strike: Global Offensive (CS:GO) pro player တစ္ဦးျဖစ္ခဲ့ပါတယ္။ CS:GO ကေန အနားယူျပီးေနာက္ပိုင္းမွာေတာ့ PlayerUnknown’s Battlegrounds (PUBG), Fortnite, Rainbow Six Siege, Call of Duty Black Ops 4: Blackout, Battalion စတဲ့ဂိမ္းမ်ားကို ကစားေလ့ရွိျပီး လက္ရွိမွာ Apex Legends ကို ပိုမို အသားေပး ကစားလ်က္ရွိပါတယ္။ shroud ဟာ ဂိမ္းထဲမွာ မသမာတဲ့နည္းလမ္းေတြနဲ႔ ကစားၾကတဲ့ hacker ေတြကိုေတာင္ တရားသျဖင့္ကစားကာ အႏိုင္ရတယ္ဆိုျပီး နာမည္ၾကီးပါတယ္။

Shroud Vs Hacker
(From Shroud Youtube)

 

Shroud ဟာ CS:GO စတင္ထြက္ရွိခ်ိန္ထဲက ကစားခဲ့တာျဖစ္ျပီး professional တစ္ဦးအျဖစ္ ESEA (E-Sports Entertainment Association) team မ်ားမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ စတင္ခ်ိန္မွာ Slow Motion, Exertus, Manajuma တုိ႔မွာ ကစားခဲ့ျပီး ထူးျခားတဲ့ ပုန္းကြယ္ပစ္ခတ္မႈ၊ ပစ္ခတ္ရာမွာတိက်မႈ နဲ႔ ေျပာင္ေျမာက္တဲ့ clutching ေတြေၾကာင့္ နာမည္ေက်ာ္ လူသိမ်ားလာခဲ့ပါတယ္။

ထို႔ေနာက္ Manajuma အသင္းေဖာ္ dboorN မွ တဆင့္ compLexity gaming မွာ stand-in တစ္ဦးအေနနဲ႔ ကစားခဲ့ျပီး ၂၀၁၄ ၾသဂုတ္လမွာေတာ့ Cloud9 မွ အျမဲတမ္း အသင္းဝင္ကစားသမား အျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူခဲ့ပါတယ္။ Cloud9 မွာ ကာလအတန္ၾကာ Rifler (support) role အျဖစ္ ကစားခဲ့ပါတယ္။

Cloud9.Shroud

ၾသဂုတ္လ ၂၀၁၇ မွာေတာ့ shroud နဲ႔ သူ႔ရဲ႕တြဲဖက္ကစားသမား n0thing တုိ႔ေနရာမွာ အစားထိုး ဝင္ေရာက္ကစားမယ့္ ကစားသမားမ်ားေရာက္ရွိလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ shroud ဟာ Cloud9 ရဲ႕ အခ်ိန္ျပည့္ streamer အျဖစ္နဲ႔ ရပ္တည္ဦးမယ္လုိ႔ ေျပာၾကားခဲ့ေပမယ့္ ဧျပီလ ၂၀၁၈ မွာေတာ့ Cloud9 မွ ထြက္ခြာျပီး CS:GO professional ေလာက ကေနပါ အနားယူခဲ့ပါတယ္။ Old Guys Club နဲ႔ တစ္ခါတစ္ေလ CS:GO ကစားေလ့ရွိတဲ့ shroud ဟာ PUBG ကစားရတာလည္း ၾကိဳက္ႏွစ္သက္သူပါ။

Tournament ျပိဳင္ပြဲမ်ားစြာမွာ အႏိုင္ရရွိခဲ့တဲ့ Shroud ဟာ ၂၀၁၅ မွာ က်င္းပခဲ့တဲ့ ESL ESEA Pro League Season 1 – North America နဲ႔ iBUYPOWER Cup, ၂၀၁၆ မွာ ESL Pro League Season 4 – finals နဲ႔ ၂၀၁၇ မွာ Americas Minor Championship – Kraków 2017 တုိ႔မွာ ပထမေနရာကို ၄ ၾကိမ္တိုင္တိုင္ ရရွိခဲ့ပါတယ္္။ ၂၀၁၅ ရဲ႕ ESL ESEA Pro League Season 1- Finals, ၂၀၁၆ ရဲ႕ DreamHack Open Bucharest 2016 နဲ႔ ၂၀၁၇ Esports Championship Series Season 3 – Finals တုိ႔မွာ ဒုတိယဆုမ်ားရရွိခဲ့ျပီး အျခားဆုေပါင္းမ်ားစြာကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါေသးတယ္။

shroud ရဲ႕ networth ကို ေဒၚလာ ၃ သန္းေက်ာ္ ရွိတယ္လုိ႔ခန္႔မွန္းၾကပါတယ္။ မၾကာေသးမီကမွ Twitch Rivals tournament မွာ ဝင္ေရာက္ယွဥ္ျပိဳင္ခဲ့ျပီး သူ႔ရဲ႕ duo team ဟာ ဒုတိယေနရာ ရရွိခဲ့ပါေသးတယ္။

Shroud ရဲ႕twitch channel www.twitch.tv/shroud ဟာ လက္ရွိမွာ follower ၆သန္းခြဲေက်ာ္ ရရွိထားျပီး ဒုတိယ follower အမ်ားဆုံးနဲ႔ လူၾကည့္အမ်ားဆုံး Apex Legends channel ျဖစ္ပါတယ္။ တစ္ရက္ကို အနည္းဆုံး ၇ နာရီကေန ၁၂ ေလာက္အထိ ေန႔စဥ္နီးပါး stream တဲ့ shroud ကို peak viewer ၅ေသာင္းခြဲေက်ာ္တဲ့ အထိ အားေပးေစာင့္ၾကည့္ေလ့ရွိၾကပါတယ္္။

shroud ဟာ youtuber တစ္ေယာက္လည္း ျဖစ္ျပီး subscribe လုပ္သူ ငါးသန္းေက်ာ္ရရွိထားပါေသးတယ္။ PUBG ကို VR နဲ႔ ကစားျပခဲ့တဲ့ သူရဲ႕ video ဟာ လူၾကိဳက္မ်ားခဲ့ပါတယ္။ သူ႔ရဲ႕stream မ်ားကေန တစ္လကို ၀င္ေငြ ေဒၚလာတစ္သိန္္းေက်ာ္ရရွိတယ္လုိ႔ ခန္႔မွန္းထားၾကပါတယ္။ shroud ကို Amazon Associate, G2A, Loot Crate, HyperX စတဲ့ ကုမၸဏီမ်ားမွ မၾကာခဏ sponsor ေပးေလ့ရွိပါတယ္။

Shroud ဟာ ဂိမ္းကစားရာမွာ လွုပ္ရွားမႈေရာ မ်က္စိပါ အလြန္လ်င္ျမန္သြက္လက္လွသူ ျဖစ္ပါတယ္။ ရန္သူ ဘယ္လိုမွ မထင္ထားတဲ့ ေနရာေတြမကေန ပုန္းကြယ္ပစ္ခတ္တတ္ျပီး အေဝးေရာ အနီးပါ တိက်ျပတ္သားလွတဲ့ ပစ္ခတ္မႈမ်ားက stream ၾကည့္ရႈသူအမ်ားကို ဖမ္းစားခဲ့တာပါ။ PUBG ထဲမွာ Kar98k နဲ႔ M416 တို႔ဟာ သူအၾကိဳက္ဆုံး အေဝးပစ္နဲ႔ အနီးပစ္လက္နက္ႏွစ္ခုျဖစ္ပါတယ္။ ေပါ့ပါး သယ္ေဆာင္ရလြယ္ကူေၾကာင့္ ေျပးလႊားရာမွာ ျမန္ဆန္တဲ့ လက္နက္မ်ားဟာ အေကာင္းဆုံးပါဟု ယူဆသူျဖစ္ျပီး Apex Legends မွာေတာ့ Wingman revolver နဲ႔ R-99 submachine gun တို႔ကို ၾကိဳက္ႏွစ္သက္တယ္လုိ႔ ဆိုပါတယ္။

Shroud ရဲ႕ နာမည္ေက်ာ္ gameplay highlight video မ်ားကေတာ့ ၂၀၁၄ မွာ HLTV.org highlights shroud vs NetCodeGuides, HLTV.org highlights Exertus Esports, HLTV.org highlights shroud vs LDLC.com, HLTV.org highlights shroud vs AlienTech နဲ႔ TheDemoVault highlights shroud vs Titan တို႔ျဖစ္ျပီး ၂၀၁၆ မွာေတာ့ HLTV.org highlights shroud vs Dignitas, shroud vs Renegades နဲ႔ BEST of Shroud တုိ႔ ထပ္မံ ထြက္ရွိခဲ့ပါတယ္။ shroud ရဲ႕ highlight video မ်ားထဲမွာ သူရဲ႕ ထူးျခားတဲ့ FPS gameplay မ်ားကို ေတြ႔ရွိရမွာပါ။

၂၀၁၉ မတ္လထဲမွာ shroud ဟာ မေတာ္တဆမႈတစ္ခုကို ၾကံဳေတြ႔ခဲ့ရၿပီး ေသေစႏိုင္ေလာက္ေအာင္ ျပင္းထန္တဲ့ accident ေၾကာင့္ ဘယ္ဘက္တံေတာင္ဆစ္နဲ႔ လက္တစ္ေလွ်ာက္ ဒဏ္ရာရရွိခဲ့ျပီး ခြဲစိပ္မႈမ်ားျပဳလုပ္ခဲ့ရပါတယ္။ ကာလအတန္ၾကာ လက္တစ္ဖက္သာ အသုံးျပဳႏိုင္ခဲ့လုိ႔ ဂိမ္းမကစားႏိုင္ျဖစ္ခဲ့ပါတယ္။

ျပင္းထန္တဲ့ အရွိန္္နဲ႔ scooter ေပၚက ၁၀ ေပေက်ာ္ခန္႔ လြင့္စင္သြားျပီး ေျမေပၚ ျပန္မက်ခင္မွာ pc gamer တစ္ေယာက္အတြက္ အေရးၾကီးတဲ့ညာလက္နဲ႔ လုံးဝမက်ေစပဲ ဘယ္ဘက္နဲ႔သာ ျပဳတ္က်ေအာင္ ထိန္းခဲ့တယ္လုိ႔ဆုိပါတယ္။ shroud ရဲ႕ FPS gamer ပီသစြာ ျမန္ျမန္ဆန္ဆန္ စဥ္းစားမႈနဲ႔ လႈပ္ရွားခဲ့မႈကို live လႊင့္ခ်ိန္မွာ လူအမ်ားအံ့ၾသခဲ့ရသလို shroud အတြက္ ဆုေတာင္းေပးမႈမ်ားလည္း ျပဳလုပ္ခဲ့ၾကပါတယ္။ ကံေကာင္းစြာနဲ႔ shroud ဟာ ေနာက္ပိုင္းမွာ ျပန္လည္ေကာင္းမြန္လာခဲ့ျပီး streaming မ်ားလည္း ျပန္လႊင့္ႏိုင္ခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ Gemini ရာသီဖြား shroud ဟာ ဂိမ္းကို ၾကာျမင့္စြာကစားသလို ၾကာျမင့္စြာလည္း အိပ္စက္ေလ့ရွိပါတယ္။ ဂီတကိုလည္း ၾကိဳက္ႏွစ္သက္သူျဖစ္ကာ အသီးမ်ားကို fast food မ်ားထက္ ပိုမိုၾကိဳက္ႏွစ္သက္တယ္လုိ႔ ဆုိပါတယ္။ အရပ္ ၅ ေပ ၆ လက္မေက်ာ္ ရွိတဲ့ shroud ဟာ ပတ္ဝန္းက်င္နဲ႔ တစ္ကိုယ္ေရသန္႔ရွင္းေရးကို အျမဲအေလးထားေဆာင္ရြက္ေလ့ရွိပါတယ္။

Shroud gf Hannah Kennedy (bnans)

shroud မွာ လက္ရွိ ခ်စ္သူမိန္းကေလး တစ္ေယာက္ရွိျပီး သူမ နာမည္ကေတာ့ Hannah Kennedy ျဖစ္ပါတယ္။ Bnans လုိ႔လည္း လူသိမ်ားတဲ့ သူမ ဟာ twitch streamer တစ္ဦးလည္းျဖစ္ျပီး လက္ရွိမွာ follower တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ ရရွိထားပါေသးတယ္။ shroud ဟာ အရင္ရည္းစားေဟာင္းျဖစ္သူ Jessica Rago နဲ႔ ဒီႏွစ္ ၂၀၁၉ ဇန္နဝါရီလမွာ ျပတ္စဲျပီးထဲက bnans နဲ႔ လက္တြဲခဲ့တာပါ။

Shroud with his ex Jessica Rago

Video game မ်ားမွာ ထူးခြ်န္ရတဲ့ အေၾကာင္းအရင္းကို shroud ကို ေမးၾကည့္တဲ့အခါမွာေတာ့ ဂိမ္းကို မ်ားႏိုင္သမွ် မ်ားမ်ားကစားခဲ့သလို သူ ကစားခဲ့တာလည္း အလြန္ၾကာျမင့္ခဲ့ျပီျဖစ္ေၾကာင္း ေျဖၾကားခဲ့ပါတယ္္။ သူဟာ ဂိမ္းကစားဖုိ႔ အတြက္ပဲ အသက္ရွင္ ေနထိုင္တဲ့သူလုိ႔ေတာင္ တင္စားေျပာခဲ့ပါေသးတယ္္။ shroud ကို သူ႔ရဲ႕ streaming ေတြမွာ ေျပာင္ေျမာက္တဲ့ apex legend နဲ႔ အျခား FPS gameplay မ်ားကို ကစားေနသူတစ္ဦး အျဖစ္ ဆက္လက္ျမင္ေတြ႔ေနၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။

By ComBo (Htet Wai Yan)


[Unicode]

Shroud သို့မဟုတ် Esport လောကရဲ့ ကြယ်တစ်ပွင့်

 

 

“shroud” ကို ၁၉၉၄ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အမည်ရင်းကတော့ Michael Grzesiek ဖြစ်ပါတယ်။ Polish-Canadian နွယ်ဖွားဖြစ်တဲ့ shroud ဟာ လက်ရှိမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်ပြီး Twitch Streamer တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိပါတယ်။

မူလက in game နာမည်ကို eclipse လို့ မှည့်ခဲ့ပေမယ် နောက်ပိုင်းမှာ shroud လို့ ပြောင်းလဲခဲ့တာပါ။ Human aimbot တစ်ဦးလို့တောင် တင်စားခံရတဲ့ FPS gamer shroud ဟာ ယခင်က Counter-Strike: Global Offensive (CS:GO) pro player တစ်ဦးဖြစ်ခဲ့ပါတယ်။ CS:GO ကနေ အနားယူပြီးနောက်ပိုင်းမှာတော့ PlayerUnknown’s Battlegrounds (PUBG), Fortnite, Rainbow Six Siege, Call of Duty Black Ops 4: Blackout, Battalion စတဲ့ဂိမ်းများကို ကစားလေ့ရှိပြီး လက်ရှိမှာ Apex Legends ကို ပိုမို အသားပေး ကစားလျက်ရှိပါတယ်။ shroud ဟာ ဂိမ်းထဲမှာ မသမာတဲ့နည်းလမ်းတွေနဲ့ ကစားကြတဲ့ hacker တွေကိုတောင် တရားသဖြင့်ကစားကာ အနိုင်ရတယ်ဆိုပြီး နာမည်ကြီးပါတယ်။

Shroud Vs Hacker
(From Shroud Youtube)

 

Shroud ဟာ CS:GO စတင်ထွက်ရှိချိန်ထဲက ကစားခဲ့တာဖြစ်ပြီး professional တစ်ဦးအဖြစ် ESEA (E-Sports Entertainment Association) team များမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စတင်ချိန်မှာ Slow Motion, Exertus, Manajuma တို့မှာ ကစားခဲ့ပြီး ထူးခြားတဲ့ ပုန်းကွယ်ပစ်ခတ်မှု၊ ပစ်ခတ်ရာမှာတိကျမှု နဲ့ ပြောင်မြောက်တဲ့ clutching တွေကြောင့် နာမည်ကျော် လူသိများလာခဲ့ပါတယ်။

ထို့နောက် Manajuma အသင်းဖော် dboorN မှ တဆင့် compLexity gaming မှာ stand-in တစ်ဦးအနေနဲ့ ကစားခဲ့ပြီး ၂၀၁၄ သြဂုတ်လမှာတော့ Cloud9 မှ အမြဲတမ်း အသင်းဝင်ကစားသမား အဖြစ် စာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။ Cloud9 မှာ ကာလအတန်ကြာ Rifler (support) role အဖြစ် ကစားခဲ့ပါတယ်။

Cloud9.Shroud

သြဂုတ်လ ၂၀၁၇ မှာတော့ shroud နဲ့ သူ့ရဲ့တွဲဖက်ကစားသမား n0thing တို့နေရာမှာ အစားထိုး ဝင်ရောက်ကစားမယ့် ကစားသမားများရောက်ရှိလာခဲ့ပါတယ်။ နောက်ပိုင်းမှာ shroud ဟာ Cloud9 ရဲ့ အချိန်ပြည့် streamer အဖြစ်နဲ့ ရပ်တည်ဦးမယ်လို့ ပြောကြားခဲ့ပေမယ့် ဧပြီလ ၂၀၁၈ မှာတော့ Cloud9 မှ ထွက်ခွာပြီး CS:GO professional လောက ကနေပါ အနားယူခဲ့ပါတယ်။ Old Guys Club နဲ့ တစ်ခါတစ်လေ CS:GO ကစားလေ့ရှိတဲ့ shroud ဟာ PUBG ကစားရတာလည်း ကြိုက်နှစ်သက်သူပါ။

Tournament ပြိုင်ပွဲများစွာမှာ အနိုင်ရရှိခဲ့တဲ့ Shroud ဟာ ၂၀၁၅ မှာ ကျင်းပခဲ့တဲ့ ESL ESEA Pro League Season 1 – North America နဲ့ iBUYPOWER Cup, ၂၀၁၆ မှာ ESL Pro League Season 4 – finals နဲ့ ၂၀၁၇ မှာ Americas Minor Championship – Kraków 2017 တို့မှာ ပထမနေရာကို ၄ ကြိမ်တိုင်တိုင် ရရှိခဲ့ပါတယ်။ ၂၀၁၅ ရဲ့ ESL ESEA Pro League Season 1- Finals, ၂၀၁၆ ရဲ့ DreamHack Open Bucharest 2016 နဲ့ ၂၀၁၇ Esports Championship Series Season 3 – Finals တို့မှာ ဒုတိယဆုများရရှိခဲ့ပြီး အခြားဆုပေါင်းများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါသေးတယ်။

shroud ရဲ့ networth ကို ဒေါ်လာ ၃ သန်းကျော် ရှိတယ်လို့ခန့်မှန်းကြပါတယ်။ မကြာသေးမီကမှ Twitch Rivals tournament မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့ duo team ဟာ ဒုတိယနေရာ ရရှိခဲ့ပါသေးတယ်။

Shroud ရဲ့twitch channel www.twitch.tv/shroud ဟာ လက်ရှိမှာ follower ၆သန်းခွဲကျော် ရရှိထားပြီး ဒုတိယ follower အများဆုံးနဲ့ လူကြည့်အများဆုံး Apex Legends channel ဖြစ်ပါတယ်။ တစ်ရက်ကို အနည်းဆုံး ၇ နာရီကနေ ၁၂ လောက်အထိ နေ့စဉ်နီးပါး stream တဲ့ shroud ကို peak viewer ၅သောင်းခွဲကျော်တဲ့ အထိ အားပေးစောင့်ကြည့်လေ့ရှိကြပါတယ်။

shroud ဟာ youtuber တစ်ယောက်လည်း ဖြစ်ပြီး subscribe လုပ်သူ ငါးသန်းကျော်ရရှိထားပါသေးတယ်။ PUBG ကို VR နဲ့ ကစားပြခဲ့တဲ့ သူရဲ့ video ဟာ လူကြိုက်များခဲ့ပါတယ်။ သူ့ရဲ့stream များကနေ တစ်လကို ဝင်ငွေ ဒေါ်လာတစ်သိန်းကျော်ရရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ shroud ကို Amazon Associate, G2A, Loot Crate, HyperX စတဲ့ ကုမ္ပဏီများမှ မကြာခဏ sponsor ပေးလေ့ရှိပါတယ်။

Shroud ဟာ ဂိမ်းကစားရာမှာ လှုပ်ရှားမှုရော မျက်စိပါ အလွန်လျင်မြန်သွက်လက်လှသူ ဖြစ်ပါတယ်။ ရန်သူ ဘယ်လိုမှ မထင်ထားတဲ့ နေရာတွေမကနေ ပုန်းကွယ်ပစ်ခတ်တတ်ပြီး အဝေးရော အနီးပါ တိကျပြတ်သားလှတဲ့ ပစ်ခတ်မှုများက stream ကြည့်ရှုသူအများကို ဖမ်းစားခဲ့တာပါ။ PUBG ထဲမှာ Kar98k နဲ့ M416 တို့ဟာ သူအကြိုက်ဆုံး အဝေးပစ်နဲ့ အနီးပစ်လက်နက်နှစ်ခုဖြစ်ပါတယ်။ ပေါ့ပါး သယ်ဆောင်ရလွယ်ကူကြောင့် ပြေးလွှားရာမှာ မြန်ဆန်တဲ့ လက်နက်များဟာ အကောင်းဆုံးပါဟု ယူဆသူဖြစ်ပြီး Apex Legends မှာတော့ Wingman revolver နဲ့ R-99 submachine gun တို့ကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။

Shroud ရဲ့ နာမည်ကျော် gameplay highlight video များကတော့ ၂၀၁၄ မှာ HLTV.org highlights shroud vs NetCodeGuides, HLTV.org highlights Exertus Esports, HLTV.org highlights shroud vs LDLC.com, HLTV.org highlights shroud vs AlienTech နဲ့ TheDemoVault highlights shroud vs Titan တို့ဖြစ်ပြီး ၂၀၁၆ မှာတော့ HLTV.org highlights shroud vs Dignitas, shroud vs Renegades နဲ့ BEST of Shroud တို့ ထပ်မံ ထွက်ရှိခဲ့ပါတယ်။ shroud ရဲ့ highlight video များထဲမှာ သူရဲ့ ထူးခြားတဲ့ FPS gameplay များကို တွေ့ရှိရမှာပါ။

၂၀၁၉ မတ်လထဲမှာ shroud ဟာ မတော်တဆမှုတစ်ခုကို ကြုံတွေ့ခဲ့ရပြီး သေစေနိုင်လောက်အောင် ပြင်းထန်တဲ့ accident ကြောင့် ဘယ်ဘက်တံတောင်ဆစ်နဲ့ လက်တစ်လျှောက် ဒဏ်ရာရရှိခဲ့ပြီး ခွဲစိပ်မှုများပြုလုပ်ခဲ့ရပါတယ်။ ကာလအတန်ကြာ လက်တစ်ဖက်သာ အသုံးပြုနိုင်ခဲ့လို့ ဂိမ်းမကစားနိုင်ဖြစ်ခဲ့ပါတယ်။

ပြင်းထန်တဲ့ အရှိန်နဲ့ scooter ပေါ်က ၁၀ ပေကျော်ခန့် လွင့်စင်သွားပြီး မြေပေါ် ပြန်မကျခင်မှာ pc gamer တစ်ယောက်အတွက် အရေးကြီးတဲ့ညာလက်နဲ့ လုံးဝမကျစေပဲ ဘယ်ဘက်နဲ့သာ ပြုတ်ကျအောင် ထိန်းခဲ့တယ်လို့ဆိုပါတယ်။ shroud ရဲ့ FPS gamer ပီသစွာ မြန်မြန်ဆန်ဆန် စဉ်းစားမှုနဲ့ လှုပ်ရှားခဲ့မှုကို live လွှင့်ချိန်မှာ လူအများအံ့သြခဲ့ရသလို shroud အတွက် ဆုတောင်းပေးမှုများလည်း ပြုလုပ်ခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ shroud ဟာ နောက်ပိုင်းမှာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး streaming များလည်း ပြန်လွှင့်နိုင်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် Gemini ရာသီဖွား shroud ဟာ ဂိမ်းကို ကြာမြင့်စွာကစားသလို ကြာမြင့်စွာလည်း အိပ်စက်လေ့ရှိပါတယ်။ ဂီတကိုလည်း ကြိုက်နှစ်သက်သူဖြစ်ကာ အသီးများကို fast food များထက် ပိုမိုကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ အရပ် ၅ ပေ ၆ လက်မကျော် ရှိတဲ့ shroud ဟာ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို အမြဲအလေးထားဆောင်ရွက်လေ့ရှိပါတယ်။

Shroud gf Hannah Kennedy (bnans)

shroud မှာ လက်ရှိ ချစ်သူမိန်းကလေး တစ်ယောက်ရှိပြီး သူမ နာမည်ကတော့ Hannah Kennedy ဖြစ်ပါတယ်။ Bnans လို့လည်း လူသိများတဲ့ သူမ ဟာ twitch streamer တစ်ဦးလည်းဖြစ်ပြီး လက်ရှိမှာ follower တစ်သိန်းခုနှစ်သောင်းကျော် ရရှိထားပါသေးတယ်။ shroud ဟာ အရင်ရည်းစားဟောင်းဖြစ်သူ Jessica Rago နဲ့ ဒီနှစ် ၂၀၁၉ ဇန်နဝါရီလမှာ ပြတ်စဲပြီးထဲက bnans နဲ့ လက်တွဲခဲ့တာပါ။

Shroud with his ex Jessica Rago

Video game များမှာ ထူးချွန်ရတဲ့ အကြောင်းအရင်းကို shroud ကို မေးကြည့်တဲ့အခါမှာတော့ ဂိမ်းကို များနိုင်သမျှ များများကစားခဲ့သလို သူ ကစားခဲ့တာလည်း အလွန်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်။ သူဟာ ဂိမ်းကစားဖို့ အတွက်ပဲ အသက်ရှင် နေထိုင်တဲ့သူလို့တောင် တင်စားပြောခဲ့ပါသေးတယ်။ shroud ကို သူ့ရဲ့ streaming တွေမှာ ပြောင်မြောက်တဲ့ apex legend နဲ့ အခြား FPS gameplay များကို ကစားနေသူတစ်ဦး အဖြစ် ဆက်လက်မြင်တွေ့နေကြရဦးမှာပဲ ဖြစ်ပါတော့တယ်။

By ComBo (Htet Wai Yan)