[Unicode]

တရုတ်နိုင်ငံမှာ သံသယဖြစ်ဖွယ် တားမြစ်ခံလိုက်ရတဲ့ Plague.Inc ဂိမ်း

 

Plague Inc. ဗီဒီယိုဂိမ်းဟာ ဗြိတိန်အခြေစိုက် Ndemic Creations ကုမ္ပဏီက ထုတ်လုပ်တဲ့ဂိမ်းတစ်ခုဖြစ်ပြီး ယင်းကို Android, iOS, Windows စတဲ့ ပလက်ဖောင်းမျိုးစုံပေါ်မှာ ကစားနိုင်ပါတယ်။ ဒီဂိမ်းအတွင်းမှာ ကစားသူဟာ ကူးစက်ရောဂါဖြစ်ပွားစေနိုင်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို တစ်ကမ္ဘာလုံးပြန့်နှံ့သွားအောင် ပြုလုပ်ကစားရမယ့်ပုံစံ ဖန်တီးထားပါတယ်။ Plague Inc. ဟာ ထွက်ရှိတာ ၈ နှစ်ခန့်ကြာပြီဖြစ်ပေမယ့် အပြင်လောကမှာ ကူးစက်ရောဂါသစ်များဖြစ်ပေါ်လာတိုင်း တစ်ဖန်ပြန်လည် ခေတ်စားလာလေ့ရှိတဲ့ ဂိမ်းတစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပြဿနာကြောင့် ဒီဂိမ်းဟာ တစ်ကမ္ဘာလုံးမှာ ခေတ်စားနေခဲ့သလို တရုတ် App Store များမှာလည်း လူကြိုက်အများဆုံးဂိမ်းအဖြစ် ရပ်တည်နေခဲ့ပါတယ်။ ယခုအချိန်မှာတော့ ယင်းဂိမ်းဟာ တရုတ်နိုင်ငံရဲ့ဥပဒေနဲ့ငြိစွန်းတဲ့အချက်အလက်များပါဝင်ကြောင်း သတ်မှတ်ခံရပြီး တရုတ် App stores များကနေ ဖယ်ရှားခံလိုက်ပြီဖြစ်ကြောင်း Ndemic Creations ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ndemic Creations ရဲ့ ပြောကြားချက်များထဲမှာတော့ “ကျွန်တော်တို့ကို အားပေးနေကြတဲ့ တရုတ်ပရိသတ်များအတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့အကြောင်းအရာတစ်ခုကို ကြေညာချင်ပါတယ်။ အဲဒါကတော့ Plague Inc. ဂိမ်းကို ဥပဒေနဲ့ငြိစွန်းတဲ့အချက်အလက်များပါဝင်ကြောင်း တရုတ်အာဏာပိုင်များကသတ်မှတ်ပြီး တရုတ် App Store များကနေ ဖယ်ရှားလိုက်တာပါ။ ဒါကိုပြန်လည်ဖြေရှင်းဖို့ကိစ္စက ကျွန်တော်တို့နဲ့ အလှမ်းဝေးလွန်းလှပါတယ်။

“ဒီဂိမ်းကိုဖယ်ရှားလိုက်ခြင်းဟာ လက်ရှိတရုတ်မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ ဆက်စပ်မှုရှိသလားဆိုတာကိုလည်း ကျွန်တော်တို့ သေချာမသိရပါဘူး။ Plague Inc. ဂိမ်းရဲ့ လေ့လာရေးဆိုင်ရာအသုံးဝင်မှုကို CDC (Centre of Disease Control and Prevention) တို့လို ကျန်းမာရေးအဖွဲ့အစည်းကြီးများက မကြာခဏအသိအမှတ်ပြုခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာလည်း ကျွန်တော်တို့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒီလိုအဖွဲ့အစည်းကြီးတွေနဲ့ ပူးပေါင်းပြီး COVID-19 ပြဿနာကို ဖြေရှင်းနိုင်စေဖို့ အစွမ်းကုန်ကူညီလျက်ရှိပါတယ်” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

ယခုအချိန် Plague Inc. ဟာ တစ်ကမ္ဘာလုံးမှာ ကစားသူပေါင်း သန်း ၁၃၀ ကျော် ရရှိထားသလို ယခုနှစ် ဇန်နဝါရီလမှာ တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဂိမ်းအဖြစ်လည်း စံချိန်တင်ခဲ့ပါတယ်။ ထိုစဉ်က Plague Inc. ကစားသူအရေအတွက်ဟာ တစ်ဟုန်ထိုးမြင့်တက်လာတဲ့အတွက် ကစားသူများဟာ ဒီဂိမ်းကို သိပ္ပံနည်းကျပြုလုပ်ထားတဲ့ စံနမူနာတစ်ခုအဖြစ် မယူဆကြပဲ လိုအပ်တဲ့သတင်းအချက်အလက်များကို နီးစပ်ရာ ကျန်းမာရေးဌာနများကနေရယူကြဖို့ လိုအပ်ကြောင်း Ndemic Creations က ကြေညာခဲ့ရပါသေးတယ်။

တရုတ်နိုင်ငံကတော့ လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကို ရင်ဆိုင်ဖြေရှင်းနေရဆဲပဲဖြစ်ပါတယ်။ Plague Inc. ကို တရုတ် App store များက ဖယ်ရှားခဲ့ခြင်းဟာ ရောဂါနဲ့ပတ်သက်ပြီး နိုင်ငံသားများ အကြောက်မလွန်နေစေဖို့ ပြုလုပ်ခဲ့တာဖြစ်ကြောင်း လေ့လာသူအချို့က သုံးသပ်ကြပါတယ်။ ဂိမ်းအကြောင်းအရာများနဲ့ Esports သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: bbc news, 9gag


[ZawGyi]

တ႐ုတ္ႏိုင္ငံမွာ သံသယျဖစ္ဖြယ္ တားျမစ္ခံလိုက္ရတဲ့ Plague.Inc ဂိမ္း

 

Plague Inc. ဗီဒီယိုဂိမ္းဟာ ၿဗိတိန္အေျခစိုက္ Ndemic Creations ကုမၸဏီက ထုတ္လုပ္တဲ့ဂိမ္းတစ္ခုျဖစ္ၿပီး ယင္းကို Android, iOS, Windows စတဲ့ ပလက္ေဖာင္းမ်ိဳးစုံေပၚမွာ ကစားႏိုင္ပါတယ္။ ဒီဂိမ္းအတြင္းမွာ ကစားသူဟာ ကူးစက္ေရာဂါျဖစ္ပြားေစႏိုင္တဲ့ဗိုင္းရပ္စ္တစ္မ်ိဳးကို တစ္ကမာၻလုံးျပန႔္ႏွံ႔သြားေအာင္ ျပဳလုပ္ကစားရမယ့္ပုံစံ ဖန္တီးထားပါတယ္။ Plague Inc. ဟာ ထြက္ရွိတာ ၈ ႏွစ္ခန႔္ၾကာၿပီျဖစ္ေပမယ့္ အျပင္ေလာကမွာ ကူးစက္ေရာဂါသစ္မ်ားျဖစ္ေပၚလာတိုင္း တစ္ဖန္ျပန္လည္ ေခတ္စားလာေလ့ရွိတဲ့ ဂိမ္းတစ္ခုလည္းျဖစ္ပါတယ္။

လက္ရွိျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ျပႆနာေၾကာင့္ ဒီဂိမ္းဟာ တစ္ကမာၻလုံးမွာ ေခတ္စားေနခဲ့သလို တ႐ုတ္ App Store မ်ားမွာလည္း လူႀကိဳက္အမ်ားဆုံးဂိမ္းအျဖစ္ ရပ္တည္ေနခဲ့ပါတယ္။ ယခုအခ်ိန္မွာေတာ့ ယင္းဂိမ္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ဥပေဒနဲ႔ၿငိစြန္းတဲ့အခ်က္အလက္မ်ားပါဝင္ေၾကာင္း သတ္မွတ္ခံရၿပီး တ႐ုတ္ App stores မ်ားကေန ဖယ္ရွားခံလိုက္ၿပီျဖစ္ေၾကာင္း Ndemic Creations ကုမၸဏီက ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Ndemic Creations ရဲ႕ ေျပာၾကားခ်က္မ်ားထဲမွာေတာ့ “ကြၽန္ေတာ္တို႔ကို အားေပးေနၾကတဲ့ တ႐ုတ္ပရိသတ္မ်ားအတြက္ အလြန္ဝမ္းနည္းစရာေကာင္းတဲ့အေၾကာင္းအရာတစ္ခုကို ေၾကညာခ်င္ပါတယ္။ အဲဒါကေတာ့ Plague Inc. ဂိမ္းကို ဥပေဒနဲ႔ၿငိစြန္းတဲ့အခ်က္အလက္မ်ားပါဝင္ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားကသတ္မွတ္ၿပီး တ႐ုတ္ App Store မ်ားကေန ဖယ္ရွားလိုက္တာပါ။ ဒါကိုျပန္လည္ေျဖရွင္းဖို႔ကိစၥက ကြၽန္ေတာ္တို႔နဲ႔ အလွမ္းေဝးလြန္းလွပါတယ္။

“ဒီဂိမ္းကိုဖယ္ရွားလိုက္ျခင္းဟာ လက္ရွိတ႐ုတ္မွာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာနဲ႔ ဆက္စပ္မႈရွိသလားဆိုတာကိုလည္း ကြၽန္ေတာ္တို႔ ေသခ်ာမသိရပါဘူး။ Plague Inc. ဂိမ္းရဲ႕ ေလ့လာေရးဆိုင္ရာအသုံးဝင္မႈကို CDC (Centre of Disease Control and Prevention) တို႔လို က်န္းမာေရးအဖြဲ႕အစည္းႀကီးမ်ားက မၾကာခဏအသိအမွတ္ျပဳခဲ့ၿပီးျဖစ္ပါတယ္။ လက္ရွိမွာလည္း ကြၽန္ေတာ္တို႔ဟာ တစ္ကမာၻလုံးမွာရွိတဲ့ ဒီလိုအဖြဲ႕အစည္းႀကီးေတြနဲ႔ ပူးေပါင္းၿပီး COVID-19 ျပႆနာကို ေျဖရွင္းႏိုင္ေစဖို႔ အစြမ္းကုန္ကူညီလ်က္ရွိပါတယ္” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

ယခုအခ်ိန္ Plague Inc. ဟာ တစ္ကမာၻလုံးမွာ ကစားသူေပါင္း သန္း ၁၃၀ ေက်ာ္ ရရွိထားသလို ယခုႏွစ္ ဇန္နဝါရီလမွာ တ႐ုတ္ႏိုင္ငံအတြင္းေရာင္းအားအေကာင္းဆုံးဂိမ္းအျဖစ္လည္း စံခ်ိန္တင္ခဲ့ပါတယ္။ ထိုစဥ္က Plague Inc. ကစားသူအေရအတြက္ဟာ တစ္ဟုန္ထိုးျမင့္တက္လာတဲ့အတြက္ ကစားသူမ်ားဟာ ဒီဂိမ္းကို သိပၸံနည္းက်ျပဳလုပ္ထားတဲ့ စံနမူနာတစ္ခုအျဖစ္ မယူဆၾကပဲ လိုအပ္တဲ့သတင္းအခ်က္အလက္မ်ားကို နီးစပ္ရာ က်န္းမာေရးဌာနမ်ားကေနရယူၾကဖို႔ လိုအပ္ေၾကာင္း Ndemic Creations က ေၾကညာခဲ့ရပါေသးတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ လက္ရွိအခ်ိန္အထိ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာကို ရင္ဆိုင္ေျဖရွင္းေနရဆဲပဲျဖစ္ပါတယ္။ Plague Inc. ကို တ႐ုတ္ App store မ်ားက ဖယ္ရွားခဲ့ျခင္းဟာ ေရာဂါနဲ႔ပတ္သက္ၿပီး ႏိုင္ငံသားမ်ား အေၾကာက္မလြန္ေနေစဖို႔ ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း ေလ့လာသူအခ်ိဳ႕က သုံးသပ္ၾကပါတယ္။ ဂိမ္းအေၾကာင္းအရာမ်ားနဲ႔ Esports သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: bbc news, 9gag