[ZawGyi]

ဆုေၾကး က်ပ္ ၅၅သိန္းေက်ာ္ျဖင့္က်င္းပမည့္ PES Myanmar League (သို႔မဟုတ္) SEA Finals 2020 အတြက္ ျပင္ဆင္မႈ

 

PES Myanmar Society မွ ၾကီးမွဴးကာ PES Myanmar League (Pro) ကိုက်င္းပမည္ ျဖစ္သည္။ လက္ရွိတြင္ စုစုေပါင္း ဆုေၾကးေငြ က်ပ္ ၅၅ သိန္းေက်ာ္ ခ်ီးျမွင့္မည္ဟု ေၾကျငာထားျပီး ဆုေၾကးေငြကို ထပ္မံတိုးျမွင့္ဦးမည္ဟုလည္း သိရသည္။ Online ႏွင့္ Offline ႏွစ္ခုလုံးပါဝင္ျပီး ဂ်ဴလိုင္ ၇ ရက္ေန႔မွ ၂၈ ရက္ေန႔အထိ ျပိဳင္ပြဲအတြက္ registration form မ်ားကို PES Myanmar Society Page မွ လက္ခံေနျပီ ျဖစ္သည္။

ျပိဳင္ပြဲဝင္ရန္ အသင္းသားဦးေရကို တစ္သင္းလွ်င္ ၃ ဦးမွ ၅ ဦး အထိ ကန္႔သတ္ထားျပီး ျပိဳင္ပြဲဝင္အသင္းအေနျဖင့္ အသင္း logo ႏွင့္ နာမည္တင္ထားေသာ facebook စာမ်က္ႏွာတစ္ခုျပဳလုပ္ထားရန္ သတ္မွတ္ထားသည္။ အသင္းဝင္ဦးေရ မျပည့္သူမ်ားအတြက္ PMS Club Teams Official Group သုိ႔ ဝင္ေရာက္ကာ အသင္းဝင္ကစားသမား ေခၚယူျခင္းမ်ား ျပဳလုပ္ႏိုင္ပါသည္္။ အသင္းေခါင္းေဆာင္တစ္ေယာက္ သို႔မဟုတ္ အသင္းတာဝန္ရွိသူတစ္ေယာက္ထားရွိျပီး ျပိဳင္ပြဲဝင္ရာတြင္ လိုအပ္ေသာ ညိွႏိႈင္းမႈမ်ား ျပဳလုပ္ရပါမည္။

ျပိဳင္ပြဲကို ၾသဂုတ္လ ၃ ရက္ေန႔မွ စတင္ျပီး Season ၃ ခုျဖင့္ က်င္းပမည္ ျဖစ္ကာ Season (1) မွ ရလဒ္ အေကာင္းဆုံးအသင္းတစ္ဝက္သည္ Season (2) တြင္ PES Myanmar Premier League တြင္ ဆက္လက္ယွဥ္ျပိဳင္ရပါမည္။ က်န္အသင္းမ်ားမွာ PES Myanmar Championship သို႔ တန္းဆင္းကစားျပီး ထိပ္ဆုံး ၃ သင္း ေနရာကို ယွဥ္ျပိဳင္လုယူကာ ေနာက္လာမည့္ Season တြင္ Premier League သုိ႔ျပန္လည္ တန္းတက္ကစားႏိုင္ပါမည္။ Season တစ္ခု၏ Premier League ရလဒ္ ေအာက္ဆုံး ၃ သင္းမွာေတာ့ Season အကုန္တြင္ Championship သို႔ တန္းဆင္းရမည္ျဖစ္သည္။

Season (1) League ႏွင့္ Premier League မ်ားတြင္ ဆုရရွိေသာ အသင္းမ်ားမွာ ပထမဆု ၁၀ သိန္းက်ပ္၊ ဒုတိယဆု ၃ သိန္းက်ပ္ႏွင့္ တတိယဆု ၂ သိန္းက်ပ္ စီရရွိျပီး တန္းဆင္း Championship မ်ားမွ ထိပ္ဆုံး တန္းတက္ ၂ သင္းမွာ ပထမဆု ၃ သိန္းက်ပ္ႏွင့္ ဒုတိယဆု ၂ သိန္္းက်ပ္စီ ရရွိပါမည္။ Season (2) မွ ျဖစ္ေစ Season (3) မွ ျဖစ္ေစ စတင္ဝင္ေရာက္ကစားလုိေသာ အသင္းမ်ားႏွင့္ ထြက္ခြာျပီးမွ ျပန္လည္ကစားလုိေသာ အသင္းမ်ားသည္ Championship တြင္ ကစားၾကရပါမည္။ Season Champion အသင္းမ်ားသည္ International Champions League သုိ႔ ဆက္လက္ တက္ေရာက္ကစားႏိုင္မည္ ျဖစ္သည္။

အသင္းလိုက္ ျပိဳင္ပြဲျဖစ္ျပီး 2v2 တစ္ပြဲကစားကာ 1v1 ႏွစ္ပြဲကို တစ္ျပိဳင္တည္းကစားေစမည္ျဖစ္ျပီး 2v2 ကစားသမား ၂ ေယာက္ထဲမွ ၁ ေယာက္သာ 1v1 ကန္ခြင့္ရွိသည္ဟု သတ္မွတ္ထားသည္။ International PES ေလာကသုိ႔ ထိုးေဖာက္ဝင္ေရာက္ရန္ ဦးတည္ေသာပြဲျဖစ္သျဖင့္ သတ္မွတ္ထားေသာ စံခ်ိန္စံညႊန္းမ်ား၊ Setting မ်ားႏွင့္အညီ ကစားၾကရမည္ျဖစ္ျပီး esport စိတ္ဓာတ္အျပည့္ျဖင့္ ပါဝင္ယွဥ္ျပိဳင္ၾကရန္လည္း အၾကံျပဳေျပာၾကားထားပါသည္။

ျပည္တြင္း PES League ျပဳလုပ္ရျခင္း၏ ရည္ရြယ္ခ်က္ထဲတြင္ PES SEAFinals 2020 အတြက္ ႀကိဳတင္ျပင္ဆင္ျခင္းသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။ ပို၍ထူးျခားတာကေတာ့ ဒီႏွစ္ SEAFinal 2020 ကိုေတာ့ ရန္ကုန္ၿမိဳ႕မွာ က်င္းပမွာပဲ ျဖစ္ပါတယ္။ ယခုလို ျမန္မာႏိုင္ငံတြင္းရွိ PES ဂိမ္း ဖြံၿဖိဳးမႈကို အသိအမွတ္ျပဳၿပီး တရားဝင္ၿပိဳင္ပြဲအေနျဖင့္ လာေရာက္က်င္းပေပးျခင္းေၾကာင့္ ျပည္တြင္းကစားသမားမ်ားအေနႏွင့္လည္း ႀကိဳတင္ျပင္ဆင္မႈ အားေကာင္းေစရန္ လာမည့္ ျပည္တြင္း PES League က အေထာက္အပံေပးမွာ အေသအခ်ာပါပဲ။

၂၀၂၀ ခုႏွစ္ မတ္လတြင္ ရန္ကုန္ျမိဳ႕၌ က်င္းပမည့္ SEAFinals 2020 ကို ျမန္မာ အင္ဒိုနီးရွား မေလးရွား ထိုင္း စကၤာပူ ကေမ႓ာဒီးယား လာအို ႏွင့္ ဗီယက္နမ္ စုစုေပါင္း ရွစ္ႏိုင္ငံမွ ကစားသမားမ်ား ဝင္ေရာက္ယွဥ္ျပိဳင္ၾကမည္ျဖစ္ျပီး အႏိုင္ရရွိသူမ်ားမွာ Asia final သို႔ လည္းေကာင္း၊ Asia final တြင္ အႏိုင္ရရွိသူမ်ားမွာ World finals သုိ႔ လည္းေကာင္း တက္ေရာက္ယွဥ္ျပိဳင္ႏိုင္ၾကမည္ျဖစ္သည္။
ယခုႏွစ္ မတ္လက က်င္းပျပဳလုပ္ခဲ့ေသာ SEAFinals 2019 တြင္ ျမန္မာကစားသမား ထဲမွ အျမင့္ဆံုး ကြာတားဖိုင္နယ္အထိ ေရာက္
ရွိခဲ့သူ ကိုျမတ္ေကာင္းေဝမွ ၿပိဳင္ပြဲတြင္ ခ်န္ပီယံ ျဖစ္ခဲ့ေသာ အင္ဒိုနီးရွားကစားသမား Rizky ကို ၃-၂ ျဖင့္သာ အေရးနိမ့္ခဲ့ၿပီး အေရွ႕ေတာင္အာရွေဒသတြင္း အေကာင္းဆံုး ၈ ေယာက္အေနနဲ႔သာ ေက်နပ္ခဲ့ရသည္။

PES Myanmar League ျပိဳင္ပြဲစည္းကမ္းခ်က္မ်ား၊ အေၾကာင္းအရာအေသးစိတ္ႏွင့္ ယွဥ္ျပိဳင္ရမည့္ ေနရာတို႔ကို PES Myanmar Society ၏ Facebook စာမ်က္ႏွာတြင္ လည္းေကာင္း SEA Fianls 2020 ၿပိဳင္ပြဲ အေသးစိတ္ကို PES South East Asia Facebook စာမ်က္ႏွာတြင္လည္းေကာင္း ဆက္လက္ေၾကျငာသြားမည္ဟု သိရပါသည္။
PES ႏွင့္ အျခား esport သတင္းမ်ားကို Gaming Noodle တြင္ စုံစုံလင္လင္ ဖတ္ရႈႏိုင္ပါသည္္။


[Unicode]

ဆုကြေး ကျပ် ၅၅သိန်းကျော်ဖြင့်ကျင်းပမည့် PES Myanmar League (သို့မဟုတ်) SEA Finals 2020 အတွက် ပြင်ဆင်မှု

 

PES Myanmar Society မှ ကြီးမှူးကာ PES Myanmar League (Pro) ကိုကျင်းပမည် ဖြစ်သည်။ လက်ရှိတွင် စုစုပေါင်း ဆုကြေးငွေ ကျပ် ၅၅ သိန်းကျော် ချီးမြှင့်မည်ဟု ကြေငြာထားပြီး ဆုကြေးငွေကို ထပ်မံတိုးမြှင့်ဦးမည်ဟုလည်း သိရသည်။ Online နှင့် Offline နှစ်ခုလုံးပါဝင်ပြီး ဂျူလိုင် ၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြိုင်ပွဲအတွက် registration form များကို PES Myanmar Society Page မှ လက်ခံနေပြီ ဖြစ်သည်။

ပြိုင်ပွဲဝင်ရန် အသင်းသားဦးရေကို တစ်သင်းလျှင် ၃ ဦးမှ ၅ ဦး အထိ ကန့်သတ်ထားပြီး ပြိုင်ပွဲဝင်အသင်းအနေဖြင့် အသင်း logo နှင့် နာမည်တင်ထားသော facebook စာမျက်နှာတစ်ခုပြုလုပ်ထားရန် သတ်မှတ်ထားသည်။ အသင်းဝင်ဦးရေ မပြည့်သူများအတွက် PMS Club Teams Official Group သို့ ဝင်ရောက်ကာ အသင်းဝင်ကစားသမား ခေါ်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။ အသင်းခေါင်းဆောင်တစ်ယောက် သို့မဟုတ် အသင်းတာဝန်ရှိသူတစ်ယောက်ထားရှိပြီး ပြိုင်ပွဲဝင်ရာတွင် လိုအပ်သော ညှိနှိုင်းမှုများ ပြုလုပ်ရပါမည်။

ပြိုင်ပွဲကို သြဂုတ်လ ၃ ရက်နေ့မှ စတင်ပြီး Season ၃ ခုဖြင့် ကျင်းပမည် ဖြစ်ကာ Season (1) မှ ရလဒ် အကောင်းဆုံးအသင်းတစ်ဝက်သည် Season (2) တွင် PES Myanmar Premier League တွင် ဆက်လက်ယှဉ်ပြိုင်ရပါမည်။ ကျန်အသင်းများမှာ PES Myanmar Championship သို့ တန်းဆင်းကစားပြီး ထိပ်ဆုံး ၃ သင်း နေရာကို ယှဉ်ပြိုင်လုယူကာ နောက်လာမည့် Season တွင် Premier League သို့ပြန်လည် တန်းတက်ကစားနိုင်ပါမည်။ Season တစ်ခု၏ Premier League ရလဒ် အောက်ဆုံး ၃ သင်းမှာတော့ Season အကုန်တွင် Championship သို့ တန်းဆင်းရမည်ဖြစ်သည်။

Season (1) League နှင့် Premier League များတွင် ဆုရရှိသော အသင်းများမှာ ပထမဆု ၁၀ သိန်းကျပ်၊ ဒုတိယဆု ၃ သိန်းကျပ်နှင့် တတိယဆု ၂ သိန်းကျပ် စီရရှိပြီး တန်းဆင်း Championship များမှ ထိပ်ဆုံး တန်းတက် ၂ သင်းမှာ ပထမဆု ၃ သိန်းကျပ်နှင့် ဒုတိယဆု ၂ သိန်းကျပ်စီ ရရှိပါမည်။ Season (2) မှ ဖြစ်စေ Season (3) မှ ဖြစ်စေ စတင်ဝင်ရောက်ကစားလိုသော အသင်းများနှင့် ထွက်ခွာပြီးမှ ပြန်လည်ကစားလိုသော အသင်းများသည် Championship တွင် ကစားကြရပါမည်။ Season Champion အသင်းများသည် International Champions League သို့ ဆက်လက် တက်ရောက်ကစားနိုင်မည် ဖြစ်သည်။

အသင်းလိုက် ပြိုင်ပွဲဖြစ်ပြီး 2v2 တစ်ပွဲကစားကာ 1v1 နှစ်ပွဲကို တစ်ပြိုင်တည်းကစားစေမည်ဖြစ်ပြီး 2v2 ကစားသမား ၂ ယောက်ထဲမှ ၁ ယောက်သာ 1v1 ကန်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။ International PES လောကသို့ ထိုးဖောက်ဝင်ရောက်ရန် ဦးတည်သောပွဲဖြစ်သဖြင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများ၊ Setting များနှင့်အညီ ကစားကြရမည်ဖြစ်ပြီး esport စိတ်ဓာတ်အပြည့်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်လည်း အကြံပြုပြောကြားထားပါသည်။

ပြည်တွင်း PES League ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ထဲတွင် PES SEAFinals 2020 အတွက် ကြိုတင်ပြင်ဆင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပို၍ထူးခြားတာကတော့ ဒီနှစ် SEAFinal 2020 ကိုတော့ ရန်ကုန်မြို့မှာ ကျင်းပမှာပဲ ဖြစ်ပါတယ်။ ယခုလို မြန်မာနိုင်ငံတွင်းရှိ PES ဂိမ်း ဖွံဖြိုးမှုကို အသိအမှတ်ပြုပြီး တရားဝင်ပြိုင်ပွဲအနေဖြင့် လာရောက်ကျင်းပပေးခြင်းကြောင့် ပြည်တွင်းကစားသမားများအနေနှင့်လည်း ကြိုတင်ပြင်ဆင်မှု အားကောင်းစေရန် လာမည့် ပြည်တွင်း PES League က အထောက်အပံပေးမှာ အသေအချာပါပဲ။

၂၀၂၀ ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ ကျင်းပမည့် SEAFinals 2020 ကို မြန်မာ အင်ဒိုနီးရှား မလေးရှား ထိုင်း စင်္ကာပူ ကမ္ဘောဒီးယား လာအို နှင့် ဗီယက်နမ် စုစုပေါင်း ရှစ်နိုင်ငံမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အနိုင်ရရှိသူများမှာ Asia final သို့ လည်းကောင်း၊ Asia final တွင် အနိုင်ရရှိသူများမှာ World finals သို့ လည်းကောင်း တက်ရောက်ယှဉ်ပြိုင်နိုင်ကြမည်ဖြစ်သည်။
ယခုနှစ် မတ်လက ကျင်းပပြုလုပ်ခဲ့သော SEAFinals 2019 တွင် မြန်မာကစားသမား ထဲမှ အမြင့်ဆုံး ကွာတားဖိုင်နယ်အထိ ရောက်
ရှိခဲ့သူ ကိုမြတ်ကောင်းဝေမှ ပြိုင်ပွဲတွင် ချန်ပီယံ ဖြစ်ခဲ့သော အင်ဒိုနီးရှားကစားသမား Rizky ကို ၃-၂ ဖြင့်သာ အရေးနိမ့်ခဲ့ပြီး အရှေ့တောင်အာရှဒေသတွင်း အကောင်းဆုံး ၈ ယောက်အနေနဲ့သာ ကျေနပ်ခဲ့ရသည်။

PES Myanmar League ပြိုင်ပွဲစည်းကမ်းချက်များ၊ အကြောင်းအရာအသေးစိတ်နှင့် ယှဉ်ပြိုင်ရမည့် နေရာတို့ကို PES Myanmar Society ၏ Facebook စာမျက်နှာတွင် လည်းကောင်း SEA Fianls 2020 ပြိုင်ပွဲ အသေးစိတ်ကို PES South East Asia Facebook စာမျက်နှာတွင်လည်းကောင်း ဆက်လက်ကြေငြာသွားမည်ဟု သိရပါသည်။
PES နှင့် အခြား esport သတင်းများကို Gaming Noodle တွင် စုံစုံလင်လင် ဖတ်ရှုနိုင်ပါသည်။