[Unicode]

စျေးနှုန်းသက်သာပြီး Season Update သာပါရှိမယ့် PES 2021

 

ဘောလုံးဂိမ်းချစ်သူပရိသတ်များ စောင့်မျှော်နေခဲ့ကြတဲ့ PES 2021 ဟာ ယခင်နှစ်များအတိုင်း သီးခြားဂိမ်းတစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ပေမယ့် ချိုသာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာဖြစ်ကြောင်း KONAMI က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် PES 2021 ဟာ season update ငယ်တစ်ခုအဖြစ်သာ ထွက်ပေါ်လာမှာဖြစ်လို့ ဈေးနှုန်းချိုသာစွာရောင်းချပေးရခြင်းဖြစ်ကြောင်းကိုလည်း KONAMI က ပြောသွားခဲ့ပါတယ်။

PES 2021 မှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာမယ်ဆိုတာကိုတော့ အတိအကျထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် season update လို့ ကြေညာထားပုံအရတော့ လက်ရှိ PES 2020 အတွင်းမှာ ပါဝင်တဲ့ အသင်းသားစာရင်းများနဲ့ အချက်အလက်များကိုသာ အနည်းငယ်ပြောင်းလဲပြီး ဂိမ်းသစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာမှာဖြစ်ကြောင်း ယူဆရပါတယ်။

KONAMI ဟာ PES 2022 ပြုလုပ်ရေးမှာ အာရုံစိုက်နေတဲ့အတွက် PES 2021 ကို ယခုလိုအနေအထားနဲ့ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ Next-gen ဂိမ်းတစ်ခုဖြစ်တဲ့ PES 2022 ကတော့ Unreal Engine ကို အသုံးပြုမှာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းများအပါအဝင် ပြောင်းလဲတိုးတက်မှုပေါင်းများစွာ ပါဝင်လာမှာဖြစ်ပါတယ်။

ဒီအကြောင်းကို KONAMI ရဲ့ blog post တစ်ခုအတွင်းမှာ ရှင်းလင်းရေးသားထားခဲ့ပါတယ်။ ရေးသားချက်အတွင်းမှာတော့ “Next-gen ကို စတင်မိတ်ဆက်ပြသချိန်မှာ မျှော်မှန်းထားတဲ့ ရလဒ်ကောင်းများအားလုံး ရရှိနိုင်ရေးအတွက် ကျွန်တော်တို့ အစွမ်းကုန်ကြိုးပမ်းနေပါတယ်။ ဒါကြောင့် အခြားထုတ်လုပ်ရေးများမှာ ကျွန်တော်တို့ သိပ်အားမစိုက်နိုင်တော့တာဖြစ်ပါတယ်” အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။

PES 2022 Graphic

Season update တစ်ခုအဖြစ်ထွက်ပေါ်လာမယ့် PES 2021 အတွင်းမှာ bonus ပေါင်းများစွာ ပါဝင်မယ်လို့တော့ ဆိုပါတယ်။ PES 2021 ဟာ PES 2020 အတွက် ဝယ်ယူနိုင်မယ့် DLC တစ်ခုမဟုတ်ပဲ သီးခြားဂိမ်းတစ်ခုသာ ထွက်လာမှာဖြစ်ကြောင်းကိုလည်း KONAMI က အတိအလင်းပြောသွားခဲ့ပါတယ်။

PES 2022 အတွက် စမ်းသပ်မှုများကတော့ ၂၀၂၁ နှစ်လယ်လောက်မှာ စတင်လာနိုင်ပြီး KONAMI ဟာ ယင်းကိုပြုလုပ်ဖို့အတွက် FOX Engine ကို အသုံးမပြုတော့ပဲ Unreal Engine ကို အသုံးပြုမှာပါ။ ဒါကြောင့် Unreal Engine ဂိမ်းများရဲ့ ထုံးစံအတိုင်း PES 2022 အတွင်းမှာ လူအစစ်နဲ့ခွဲမရအောင်တူညီလှတဲ့ ကစားသမားပုံသဏ္ဍာန်များ၊ သွက်လက်တဲ့ လှုပ်ရှားမှုများ၊ ကောင်းမွန်လှတဲ့ ဂရပ်ဖစ်များ စ တာတွေပါဝင်လာမှာလည်း ဖြစ်ပါတယ်။

PES 2022 မှာ မကြာသေးမီကမှ ကြေညာထားခဲ့တဲ့ Unreal Engine 5 ကို အသုံးပြုမယ်လို့လည်း ယူဆရပါတယ်။ မည်သို့ပင်ဖြစ်စေ season update တစ်ခုအဖြစ်သာ ထွက်ပေါ်လာမယ့် PES 2021 အတွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေပါဝင်လာဦးမယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလျက်ရှိပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: ign


[ZawGyi]

ေစ်းႏႈန္းသက္သာၿပီး Season Update သာပါရွိမယ့္ PES 2021

 

ေဘာလုံးဂိမ္းခ်စ္သူပရိသတ္မ်ား ေစာင့္ေမွ်ာ္ေနခဲ့ၾကတဲ့ PES 2021 ဟာ ယခင္ႏွစ္မ်ားအတိုင္း သီးျခားဂိမ္းတစ္ခုအေနနဲ႔ ထြက္ေပၚလာမွာျဖစ္ေပမယ့္ ခ်ိဳသာတဲ့ေဈးႏႈန္းနဲ႔ ေရာင္းခ်ေပးသြားမွာျဖစ္ေၾကာင္း KONAMI က ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။ ဒါ့အျပင္ PES 2021 ဟာ season update ငယ္တစ္ခုအျဖစ္သာ ထြက္ေပၚလာမွာျဖစ္လို႔ ေဈးႏႈန္းခ်ိဳသာစြာေရာင္းခ်ေပးရျခင္းျဖစ္ေၾကာင္းကိုလည္း KONAMI က ေျပာသြားခဲ့ပါတယ္။

PES 2021 မွာ ဘယ္လိုေျပာင္းလဲမႈေတြပါဝင္လာမယ္ဆိုတာကိုေတာ့ အတိအက်ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ season update လို႔ ေၾကညာထားပုံအရေတာ့ လက္ရွိ PES 2020 အတြင္းမွာ ပါဝင္တဲ့ အသင္းသားစာရင္းမ်ားနဲ႔ အခ်က္အလက္မ်ားကိုသာ အနည္းငယ္ေျပာင္းလဲၿပီး ဂိမ္းသစ္တစ္ခုအေနနဲ႔ ထြက္ေပၚလာမွာျဖစ္ေၾကာင္း ယူဆရပါတယ္။

KONAMI ဟာ PES 2022 ျပဳလုပ္ေရးမွာ အာ႐ုံစိုက္ေနတဲ့အတြက္ PES 2021 ကို ယခုလိုအေနအထားနဲ႔ ထုတ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္းကိုလည္း ေျပာသြားခဲ့ပါတယ္။ Next-gen ဂိမ္းတစ္ခုျဖစ္တဲ့ PES 2022 ကေတာ့ Unreal Engine ကို အသုံးျပဳမွာျဖစ္ၿပီး ဂရပ္ဖစ္ပိုင္းမ်ားအပါအဝင္ ေျပာင္းလဲတိုးတက္မႈေပါင္းမ်ားစြာ ပါဝင္လာမွာျဖစ္ပါတယ္။

ဒီအေၾကာင္းကို KONAMI ရဲ႕ blog post တစ္ခုအတြင္းမွာ ရွင္းလင္းေရးသားထားခဲ့ပါတယ္။ ေရးသားခ်က္အတြင္းမွာေတာ့ “Next-gen ကို စတင္မိတ္ဆက္ျပသခ်ိန္မွာ ေမွ်ာ္မွန္းထားတဲ့ ရလဒ္ေကာင္းမ်ားအားလုံး ရရွိႏိုင္ေရးအတြက္ ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးပမ္းေနပါတယ္။ ဒါေၾကာင့္ အျခားထုတ္လုပ္ေရးမ်ားမွာ ကြၽန္ေတာ္တို႔ သိပ္အားမစိုက္ႏိုင္ေတာ့တာျဖစ္ပါတယ္” အစရွိသျဖင့္ ပါဝင္ခဲ့ပါတယ္။

PES 2022 Graphic

Season update တစ္ခုအျဖစ္ထြက္ေပၚလာမယ့္ PES 2021 အတြင္းမွာ bonus ေပါင္းမ်ားစြာ ပါဝင္မယ္လို႔ေတာ့ ဆိုပါတယ္။ PES 2021 ဟာ PES 2020 အတြက္ ဝယ္ယူႏိုင္မယ့္ DLC တစ္ခုမဟုတ္ပဲ သီးျခားဂိမ္းတစ္ခုသာ ထြက္လာမွာျဖစ္ေၾကာင္းကိုလည္း KONAMI က အတိအလင္းေျပာသြားခဲ့ပါတယ္။

PES 2022 အတြက္ စမ္းသပ္မႈမ်ားကေတာ့ ၂၀၂၁ ႏွစ္လယ္ေလာက္မွာ စတင္လာႏိုင္ၿပီး KONAMI ဟာ ယင္းကိုျပဳလုပ္ဖို႔အတြက္ FOX Engine ကို အသုံးမျပဳေတာ့ပဲ Unreal Engine ကို အသုံးျပဳမွာပါ။ ဒါေၾကာင့္ Unreal Engine ဂိမ္းမ်ားရဲ႕ ထုံးစံအတိုင္း PES 2022 အတြင္းမွာ လူအစစ္နဲ႔ခြဲမရေအာင္တူညီလွတဲ့ ကစားသမားပုံသ႑ာန္မ်ား၊ သြက္လက္တဲ့ လႈပ္ရွားမႈမ်ား၊ ေကာင္းမြန္လွတဲ့ ဂရပ္ဖစ္မ်ား စ တာေတြပါဝင္လာမွာလည္း ျဖစ္ပါတယ္။

PES 2022 မွာ မၾကာေသးမီကမွ ေၾကညာထားခဲ့တဲ့ Unreal Engine 5 ကို အသုံးျပဳမယ္လို႔လည္း ယူဆရပါတယ္။ မည္သို႔ပင္ျဖစ္ေစ season update တစ္ခုအျဖစ္သာ ထြက္ေပၚလာမယ့္ PES 2021 အတြင္းမွာ ဘယ္လိုေျပာင္းလဲမႈေတြပါဝင္လာဦးမယ္ဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းလ်က္ရွိပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: ign