[Unicode]

Peaky Blinders ဗီဒီယိုဂိမ်းထွက်ရှိမည်

 

နာမည်ကျော် ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Peaky Blinders ရဲ့ prequel ဗီဒီယိုဂိမ်း Peaky Blinders: Mastermind ထွက်ရှိလာမှာ ဖြစ်ကြောင်း ကြေညာချက်များ မကြာသေးမီကထွက်ပေါ်လာခဲ့ပါတယ်။ Puzzle-adventure အမျိုးအစားဖြစ်တဲ့ ဒီဂိမ်းဟာ ယခုနှစ်လယ်ပိုင်းလောက်မှာ ထွက်ရှိလာမှာဖြစ်ပြီး PC ပေါ်က Steam ပလက်ဖောင်းမှာသာမက Nintendo Switch, PlayStation 4 နဲ့ Xbox One များပေါ်မှာပါ ကစားနိုင်ကြမှာပါ။

Peaky Blinders စီးရီးအတွင်းမှာတော့ ပထမကမ္ဘာစစ်အပြီး ၁၉၁၉ ခုနှစ်အချိန်လောက်က ဘာမင်ဂန်မြို့ အတွင်းပေါ်ပေါက်လာခဲ့တဲ့ Peaky Blinders ရာဇဝတ်ဂိုဏ်းအကြောင်းကို စိတ်ကူးယဉ်ပုံဖော်ထားပါတယ်။ စတင်ထွက်ရှိစဉ်တည်းက လူကြိုက်များပြီး အောင်မြင်မှုများစွာ ရရှိခဲ့တဲ့ ဒီစီးရီးကို BBC ရုပ်သံချန်နယ်ပေါ်မှာ ၂၀၁၃ ခုနှစ်က စတင်ပြသခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ Netflix ပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

Peaky Blinders: Mastermind ဂိမ်းကိုတော့ FuturLab က ပြုလုပ်ပြီး Curve Digital က ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဒီဂိမ်းကို Peaky Blinders စီးရီးအတွင်းက အဓိကဇာတ်ကောင်တစ်ဦးဖြစ်တဲ့ Tommy Shelby ရဲ့ ဒိုင်ယာလော့များပေါ်မှာအခြေခံပြီး ပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။

ဂိမ်းရဲ့ဒါရိုက်တာဖြစ်သူ James Marsden က ဒီဂိမ်းအကြောင်းနဲ့ ပတ်သက်လို့ “Tommy Shelby ဆိုတဲ့ ဇာတ်ကောင်ဟာ အတိတ်ကဖြစ်ပြီးခဲ့တဲ့ကိစ္စတွေကိုရော အနာဂတ်မှာဖြစ်လာမယ့်ကိစ္စတွေကိုပါ အလေးမထားတတ်တဲ့စရိုက်ရှိသူပါ။ သူဟာ Soldier’s minute လို့ ခေါ်တဲ့ တိုက်ပွဲတစ်ခုအတွင်းမှာ အလှည့်အပြောင်းဖြစ်သွားစေနိုင်တဲ့ အရေးကြီးဆုံး ၁ မိနစ်လို အချိန်မျိုးကိုသာ အာရုံစိုက်လေ့ရှိပါတယ်။ ဂိမ်းတစ်ခုလုံးကို ဒီဒဿနနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ဂိမ်းအတွင်းမှာတော့ ကစားသူဟာ နာမည်ကျော် Peaky Blinder ဇာတ်ကောင်များကို ထိန်းချုပ် ကစားနိုင်မှာဖြစ်ပြီး တစ်ချိန်ကို ဇာတ်ကောင်တစ်ကောင်သာ ကိုင်တွယ်ခွင့်ရမှာပါ။ ဂိမ်း screen ရဲ့ အောက်ခြေနားမှာ timeline တစ်ခုပါရှိမှာဖြစ်ပြီး ရာဇဝတ်မှုများကို အချိန်ကိုက်ပြုလုပ်နိုင်အောင် ထိန်းညှိလို့ရမယ့် နာရီလည်း ပါရှိမှာပါ။

ဂိမ်းဇာတ်ကောင်များမှာ ကိုယ်ပိုင်လှုပ်ရှားမှုများရှိပြီး ကစားသူဟာ ဇာတ်ကောင်များကို ရာဇဝတ်မှုတစ်ခုအောင်မြင်စွာပြုလုပ်နိုင်အောင် အစီအစဉ်များပြုလုပ်ပေးရမှာပါ။ ဂိမ်းအတွင်းမှာ ထောင်ဖောက်ခြင်းနဲ့ ပတ်သက်တဲ့ mission များလည်း ပါဝင်ပါသေးတယ်။

ဂိမ်းရဲ့ နမူနာ Gameplay မှာလည်း ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ စရိုက်တွေကိုလည်း ထည့်သွင်း​ဖော်ပြပေထားပါတယ်။

Tommy Shelby – Threaten

Arthur Shelby – Brawl & Door Kick

Polly Gray – Bribe & Pick Lock
စတဲ့ (၃) ယောက်ကို မိတ်ဆက်ပေးထားပါတယ်။

ဒီဂိမ်းထွက်ပေါ်လာမယ့်အချိန်အတိအကျနဲ့ အသေးစိတ်အချက်အလက်များကိုတော့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။ Peaky Blinders ရုပ်သံစီးရီးဟာ ပရိသတ်များကြားမှာ အောင်မြင်မှုပေါင်းများစွာရရှိပြီး ရေပန်းစားနေခဲ့တာမို့ ယခုလိုဂိမ်းထွက်ပေါ်လာမယ့်သတင်းကို ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: polygon

 


[ZawGyi]


 








Tommy Shelby – Threaten





source: polygon