“အသင်းဟောင်းကို တရားပြန်စွဲခဲ့ကြတဲ့ Dota2 ကစားသမားများ”

[Unicode]

Dota 2 ပရော်ဖက်ရှင်နယ်ကစားသမားများဖြစ်ကြတဲ့ Tavo နဲ့ hFn တို့ဟာ ယင်းတို့ ဝင်ရောက်ကစားခဲ့ကြတဲ့ အသင်းဟောင်း paiN Gaming ကို ပြိုင်ပွဲဆုကြေးကိစ္စများနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားခဲ့ပါတယ်။ ဒီအကြောင်းများကို ဘရာဇီးဝက်ဘ်ပေါ်တယ်လ်တစ်ခုဖြစ်တဲ့ Universo Online မှာ မကြာသေးမီက ဖော်ပြခဲ့ပြီး စွဲဆိုချက်များအတွင်းမှာတော့ paiN Gaming ဟာ Tavo နဲ့ hFn တို့ ရရန်ရှိတဲ့ ပြိုင်ပွဲဆုကြေးငွေများကို မပေးပဲ အချိန်ဆွဲနေခဲ့သလို ကစားသမားစာချုပ်များမှာလည်း ဥပဒေနဲ့မညီညွှတ်တဲ့အချက်အလက်များ ပါဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

Tavo နဲ့ hFn တို့ဟာ ၂၀၁၈ ဒီဇင်ဘာလတည်းက paiN Gaming ကို တရားစွဲဖို့ တင်သွင်းထားခဲ့တာဖြစ်ပြီး ၂၀၁၉ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာခဲ့ပါတယ်။ စွဲဆိုချက်များအတွင်းမှာတော့ paiN Gaming ဟာ Tavo နဲ့ hFn တို့ ရရန်ရှိတဲ့ TI8 နဲ့ အခြားပြိုင်ပွဲများက ဆုကြေးငွေများကို မပေးပဲ လပေါင်းများစွာ အချိန်ဆွဲနေခဲ့သလို ယင်းတို့ကို ၂ နှစ်သက်တမ်းထက် ပိုတဲ့ ကစားသမားစာချုပ်များနဲ့ ခေါ်ယူပြီး ဘရာဇီးအလုပ်သမားဥပဒေကို ချိုးဖောက်ခဲ့ကြောင်းတို့ ပါဝင်ပါတယ်။

Universo Online ရဲ့ ဖော်ပြချက်အရတော့ paiN Gaming ဟာ အခြားအသင်းသားဟောင်းတစ်ဦးဖြစ်တဲ့ Kingrd ရဲ့ တရားစွဲဆိုမှုကိုလည်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Kingrd ဟာ paiN Gaming နဲ့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး အမှုကိုပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

paiN Gaming ရဲ့ တာဝန်ရှိသူများကတော့ ကစားသမားများကို ခေါ်ယူခဲ့ရာမှာ ရက်စွဲများမှားယွင်းနေခဲ့တဲ့အတွက် အချိန်သက်တမ်းပြဿနာများပေါ်ပေါက်လာခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါ့အပြင် Tavo နဲ့ hFn တို့ဟာ ၂၀၁၉ ဇန်နဝါရီလမှာ Digital Chaos အသင်းကို ပြောင်းရွှေ့သွားခဲ့ကြပေမယ့် အသင်းဟောင်း paiN Gaming အနေနဲ့ ကစားသမားပြောင်းရွှေ့ကြေး မရရှိခဲ့ကြောင်း၊ ဒီကိစ္စကို ဖုံးကွယ်ဖို့အတွက် ကစားသမားများဘက်က အကြောင်းရှာပြီး စတင်တရားစွဲခဲ့တာဖြစ်ကြောင်းတို့ကိုလည်း ချေပပြောဆိုခဲ့ကြပါတယ်။

paiN Gaming အနေနဲ့ အသင်းသားများ ရရန် ကျန်ရှိတဲ့ ပြိုင်ပွဲဆုကြေးများကို ထုတ်ပေးဖို့ နှောင့်နှေးနေရခြင်းဟာ ပြိုင်ပွဲကျင်းပသူများဘက်က paiN Gaming ဆီ ငွေထုတ်ပေးချိန်နောက်ကျလို့ဖြစ်ကြောင်းကိုလည်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်များအရတော့ paiN Gaming ရဲ့ စာချုပ်များဟာ ဘရာဇီးအလုပ်သမားဥပဒေကို ချိုးဖောက်နေခဲ့တာ ထင်ရှားတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် paiN Gaming ရဲ့ စာရွက်စာတမ်းများအရ ယင်းတို့ဟာ ပြိုင်ပွဲကျင်းပတဲ့အဖွဲ့အစည်း ၄ ခုဆီက ဆုကြေးငွေများကို တစ်ရက်အတွင်း ထုတ်ယူခဲ့ပြီးဖြစ်ပေမယ့် အသင်းသားများကိုတော့ ပြန်လည်ထုတ်ပေးခဲ့ခြင်းမရှိပဲ တမင်တကာ အချိန်ဆွဲနေခဲ့တာဖြစ်ကြောင်း၊ Tavo နဲ့ hFn တို့ကို Digital Chaos က ခေါ်ယူခဲ့ခြင်းဟာ ဒီကိစ္စများနဲ့ သက်ဆိုင်ခြင်း မရှိကြောင်းတို့ကိုလည်း ဆုံးဖြတ်ခဲ့ကြပါတယ်။

တရားရုံးရဲ့ အပြီးသတ်စီရင်ချက်များကတော့ မထွက်ပေါ်လာသေးပါဘူး။ hFn ဟာ paiN Gaming ကို တရားစွဲထားခဲ့ပေမယ့် ၂၀၁၉ ဇွန်လမှာ အသင်းထဲကို ပြန်လည်ဝင်ရောက်ပြီး ယခုနှစ် ဧပြီလအထိ paiN Gaming အသင်းသားအဖြစ် ကစားနေခဲ့ပါတယ်။ ဒီအတောအတွင်းမှာ hFn ရဲ့ အမှုကို တရားရုံးက ၂ ကြိမ်တိုင်တိုင် ကိုင်တွယ်စစ်ဆေးခဲ့ပြီးဖြစ်ပေမယ့် Tavo ကတော့ ဒုတိယမြောက်ရုံးချိန်းအတွက် စောင့်ဆိုင်းနေဆဲပဲ ဖြစ်ပါတယ်။

Universo Online ပေါ်က paiN Gaming ရဲ့ တရားဝင်ကြေညာချက်များထဲမှာတော့ ယင်းတို့ ရင်ဆိုင်နေရတဲ့အမှုများဟာ မပြီးပြတ်သေးကြောင်း၊ hFn ရဲ့အမှုအပေါ် စီရင်ချက်ကို စောင့်ဆိုင်းပြီး အယူခံဝင်သွားမှာဖြစ်ကြောင်း၊ Tavo ရဲ့အမှုအတွက် ဒုတိယမြောက်ရုံးချိန်းကိုစောင့်ဆိုင်းနေဆဲဖြစ်ကြောင်းတို့ ပါဝင်ခဲ့ပါတယ်။

paiN Gaming ဟာ အသင်းသားများကို ပြိုင်ပွဲဆုကြေးငွေထုတ်ပေးဖို့ နောက်ကျတာမဟုတ်ပဲ ပြိုင်ပွဲကျင်းပသူများဘက်က နောက်ကျနေခဲ့ခြင်းသာဖြစ်ကြောင်းကိုလည်း ကြေညာချက်အတွင်း ထပ်ဆောင်းရေးသားခဲ့ပါသေးတယ်။ Dota 2 လောကအတွင်းဖြစ်ပေါ်ခဲ့တဲ့ ဆုကြေးငွေနဲ့အသင်းအပြောင်းအရွှေ့အရှုပ်အထွေးပြဿနာများကို ဗဟုသုတအဖြစ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming, uol.com.br


“အသင္းေဟာင္းကို တရားျပန္စြဲခဲ့ၾကတဲ့ Dota2 ကစားသမားမ်ား”

[Zawgyi]

Dota 2 ပေရာ္ဖက္ရွင္နယ္ကစားသမားမ်ားျဖစ္ၾကတဲ့ Tavo နဲ႔ hFn တို႔ဟာ ယင္းတို႔ ဝင္ေရာက္ကစားခဲ့ၾကတဲ့ အသင္းေဟာင္း paiN Gaming ကို ျပိဳင္ပြဲဆုေၾကးကိစၥမ်ားနဲ႔ ပတ္သက္ျပီး တရားစြဲဆိုထားခဲ့ပါတယ္။ ဒီအေၾကာင္းမ်ားကို ဘရာဇီးဝက္ဘ္ေပၚတယ္လ္တစ္ခုျဖစ္တဲ့ Universo Online မွာ မၾကာေသးမီက ေဖာ္ျပခဲ့ျပီး စြဲဆိုခ်က္မ်ားအတြင္းမွာေတာ့ paiN Gaming ဟာ Tavo နဲ႕ hFn တို႔ ရရန္ရွိတဲ့ ျပိဳင္ပြဲဆုေၾကးေငြမ်ားကို မေပးပဲ အခ်ိန္ဆြဲေနခဲ့သလို ကစားသမားစာခ်ဳပ္မ်ားမွာလည္း ဥပေဒနဲ႔မညီညႊတ္တဲ့အခ်က္အလက္မ်ား ပါဝင္ေနခဲ့တယ္လို႔ ဆိုပါတယ္။

Tavo နဲ႔ hFn တို႔ဟာ ၂၀၁၈ ဒီဇင္ဘာလတည္းက paiN Gaming ကို တရားစြဲဖုိ႔ တင္သြင္းထားခဲ့တာျဖစ္ျပီး ၂၀၁၉ ဇန္နဝါရီလမွာ အသင္းကေန ထြက္ခြာခဲ့ပါတယ္။ စြဲဆိုခ်က္မ်ားအတြင္းမွာေတာ့ paiN Gaming ဟာ Tavo နဲ႔ hFn တို႔ ရရန္ရွိတဲ့ TI8 နဲ႔ အျခားျပိဳင္ပြဲမ်ားက ဆုေၾကးေငြမ်ားကို မေပးပဲ လေပါင္းမ်ားစြာ အခ်ိန္ဆြဲေနခဲ့သလို ယင္းတို့ကို ၂ ႏွစ္သက္တမ္းထက္ ပိုတဲ့ ကစားသမားစာခ်ဳပ္မ်ားနဲ႔ ေခၚယူျပီး ဘရာဇီးအလုပ္သမားဥပေဒကို ခ်ိဳးေဖာက္ခဲ့ေၾကာင္းတို့ ပါဝင္ပါတယ္။

Universo Online ရဲ႕ ေဖာ္ျပခ်က္အရေတာ့ paiN Gaming ဟာ အျခားအသင္းသားေဟာင္းတစ္ဦးျဖစ္တဲ့ Kingrd ရဲ႕ တရားစြဲဆိုမႈကိုလည္း ခံခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာေတာ့ Kingrd ဟာ paiN Gaming နဲ႔ ညိွႏိႈင္းမႈမ်ား ျပဳလုပ္ခဲ့ျပီး အမႈကိုျပန္လည္ရုပ္သိမ္းသြားခဲ့ပါတယ္။

paiN Gaming ရဲ႕ တာဝန္ရွိသူမ်ားကေတာ့ ကစားသမားမ်ားကို ေခၚယူခဲ့ရာမွာ ရက္စြဲမ်ားမွားယြင္းေနခဲ့တဲ့အတြက္ အခ်ိန္သက္တမ္းျပႆနာမ်ားေပၚေပါက္လာခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဒါ့အျပင္ Tavo နဲ႔ hFn တို႔ဟာ ၂၀၁၉ ဇန္နဝါရီလမွာ Digital Chaos အသင္းကို ေျပာင္းေရႊ႕သြားခဲ့ၾကေပမယ့္ အသင္းေဟာင္း paiN Gaming အေနနဲ႕ ကစားသမားေျပာင္းေရႊ႕ေၾကး မရရွိခဲ့ေၾကာင္း၊ ဒီကိစၥကို ဖုံးကြယ္ဖုိ႔အတြက္ ကစားသမားမ်ားဘက္က အေၾကာင္းရွာျပီး စတင္တရားစြဲခဲ့တာျဖစ္ေၾကာင္းတို့ကိုလည္း ေခ်ပေျပာဆိုခဲ့ၾကပါတယ္။

paiN Gaming အေနနဲ႔ အသင္းသားမ်ား ရရန္ က်န္ရွိတဲ့ ျပိဳင္ပြဲဆုေၾကးမ်ားကို ထုတ္ေပးဖုိ႔ ေႏွာင့္ေႏွးေနရျခင္းဟာ ျပိဳင္ပြဲက်င္းပသူမ်ားဘက္က paiN Gaming ဆီ ေငြထုတ္ေပးခ်ိန္ေနာက္က်လို႔ျဖစ္ေၾကာင္းကိုလည္း ေထာက္ျပေျပာဆိုခဲ့ၾကပါတယ္။

တရားရုံးရဲ႕ ဆုံးျဖတ္ခ်က္မ်ားအရေတာ့ paiN Gaming ရဲ႕ စာခ်ဳပ္မ်ားဟာ ဘရာဇီးအလုပ္သမားဥပေဒကို ခ်ိဳးေဖာက္ေနခဲ့တာ ထင္ရွားတယ္လို႔ ဆိုပါတယ္။ ဒ့ါအျပင္ paiN Gaming ရဲ႕ စာရြက္စာတမ္းမ်ားအရ ယင္းတို႔ဟာ ျပိဳင္ပြဲက်င္းပတဲ့အဖြဲ႕အစည္း ၄ ခုဆီက ဆုေၾကးေငြမ်ားကို တစ္ရက္အတြင္း ထုတ္ယူခဲ့ျပီးျဖစ္ေပမယ့္ အသင္းသားမ်ားကိုေတာ့ ျပန္လည္ထုတ္ေပးခဲ့ျခင္းမရွိပဲ တမင္တကာ အခ်ိန္ဆြဲေနခဲ့တာျဖစ္ေၾကာင္း၊ Tavo နဲ႔ hFn တို႔ကို Digital Chaos က ေခၚယူခဲ့ျခင္းဟာ ဒီကိစၥမ်ားနဲ႔ သက္ဆိုင္ျခင္း မရွိေၾကာင္းတို႔ကိုလည္း ဆုံးျဖတ္ခဲ့ၾကပါတယ္။

တရားရုံးရဲ႕ အျပီးသတ္စီရင္ခ်က္မ်ားကေတာ့ မထြက္ေပၚလာေသးပါဘူး။ hFn ဟာ paiN Gaming ကို တရားစြဲထားခဲ့ေပမယ့္ ၂၀၁၉ ဇြန္လမွာ အသင္းထဲကို ျပန္လည္ဝင္ေရာက္ျပီး ယခုႏွစ္ ဧျပီလအထိ paiN Gaming အသင္းသားအျဖစ္ ကစားေနခဲ့ပါတယ္။ ဒီအေတာအတြင္းမွာ hFn ရဲ႕ အမႈကို တရားရုံးက ၂ ၾကိမ္တိုင္တိုင္ ကိုင္တြယ္စစ္ေဆးခဲ့ျပီးျဖစ္ေပမယ့္ Tavo ကေတာ့ ဒုတိယေျမာက္ရုံးခ်ိန္းအတြက္ ေစာင့္ဆိုင္းေနဆဲပဲ ျဖစ္ပါတယ္။

Universo Online ေပၚက paiN Gaming ရဲ႕ တရားဝင္ေၾကညာခ်က္မ်ားထဲမွာေတာ့ ယင္းတို့ ရင္ဆိုင္ေနရတဲ့အမႈမ်ားဟာ မျပီးျပတ္ေသးေၾကာင္း၊ hFn ရဲ႕အမႈအေပၚ စီရင္ခ်က္ကို ေစာင့္ဆိုင္းျပီး အယူခံဝင္သြားမွာျဖစ္ေၾကာင္း၊ Tavo ရဲ႕အမႈအတြက္ ဒုတိယေျမာက္ရုံးခ်ိန္းကိုေစာင့္ဆိုင္းေနဆဲျဖစ္ေၾကာင္းတို့ ပါဝင္ခဲ့ပါတယ္။

paiN Gaming ဟာ အသင္းသားမ်ားကို ျပိဳင္ပြဲဆုေၾကးေငြထုတ္ေပးဖုိ႔ ေနာက္က်တာမဟုတ္ပဲ ျပိဳင္ပြဲက်င္းပသူမ်ားဘက္က ေနာက္က်ေနခဲ့ျခင္းသာျဖစ္ေၾကာင္းကိုလည္း ေၾကညာခ်က္အတြင္း ထပ္ေဆာင္းေရးသားခဲ့ပါေသးတယ္။ Dota 2 ေလာကအတြင္းျဖစ္ေပၚခဲ့တဲ့ ဆုေၾကးေငြနဲ႕အသင္းအေျပာင္းအေရႊ႕အရႈပ္အေထြးျပႆနာမ်ားကို ဗဟုသုတအျဖစ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming, uol.com.br