[Unicode]

PUBG ရဲ့ “WINNER WINNER CHICKEN DINNER” ဆိုတာ ဘယ်ကစခဲ့တာလဲ

 

Multiplayer ဗီဒီယိုဂိမ်းတော်တော်များများမှာ အနိုင်ရသွားရင် You Win ဒါမှမဟုတ် Victory စသဖြင့် စာတန်းထိုးလေ့ရှိပေမယ့် PUBG မှာတော့ အများနဲ့မတူ တမူထူးခြားနေပါတယ်။ ဥပမာအားဖြင့် ပြိုင်ဘက် Battle Royale ဂိမ်းတွေဖြစ်တဲ့ Fortnite မှာ “#1 Victory Royale”, Apex Legends မှာ “YOU ARE THE CHAMPION” လို့သာ အနိုင်ရသူကို ရိုးရိုးရှင်းရှင်းဂုဏ်ပြုထားတာကြောင့် PUBG ရဲ့ “WINNER WINNER CHICKEN DINNER” ဆိုတဲ့စာသားက အခြားဂိမ်းတွေနဲ့ယှဉ်ရင် ထူးလည်းထူးခြားသလို စိတ်ဝင်စားဖို့လည်းကောင်းနေတာပါ။

အဲဒါကြောင့် ဒီတစ်ခါမှာ စိတ်ဝင်စားဖို့ကောင်းလှတဲ့ WINNER WINNER CHICKEN DINNER ရဲ့နောက်ကွယ်ကဇာတ်လမ်းကို ပြောပြပေးသွားချင်ပါတယ်။ တကယ်တော့ WINNER WINNER CHICKEN DINNER ဆိုတဲ့စာသားရဲ့ဇာစ်မြစ်က တစ်ခုထက်ပိုပြီး ယနေ့ထိတိုင်အငြင်းပွားဖွယ်ဖြစ်နေပေမယ့် သေချာတဲ့အချက်ကတော့ လောင်းကစားသမားတွေ ဆီကဆင်းသက်လာတယ်ဆိုတာပါပဲ။

ဒီစာသားနဲ့ပတ်သက်တဲ့ပထမဇာတ်လမ်းကတော့ လက်စ်ဗီးဂက်စ်မှာရှိတဲ့ လောင်းကစားရုံကြီးတွေကနေ စတင်ဖြစ်ပေါ်လာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီကာလတွေမှာ လက်စ်ဗီးဂက်စ် လောင်းကစားရုံကြီးတွေက ရောင်းချတဲ့ ကြက်သားဟင်းပွဲတစ်ပွဲစျေးနှုန်းဟာ ၂ ဒေါ်လာဖြစ်ပြီး အနည်းဆုံးထိုးကြေးဟာလည်း ၂ ဒေါ်လာဖြစ်တာကြောင့် ထိုးကြေးနိုင်ခဲ့ရင် ကြက်သားဟင်းပွဲ မှာစားနိုင်မယ်ဆိုတဲ့ အယူနဲ့ “WINNER WINNER CHICKEN DINNER” လို့သုံးနှုန်းခဲ့ကြတာပဲဖြစ်ပါတယ်။

Las Vegas

ဒါပေမယ့် A Guide to Craps Lingo from Snake Eyes to Muleteeth ဆိုတဲ့စာအုပ်ကို ပူးတွဲရေးသားခဲ့သူ ဖြစ်တဲ့ David Guzman ကတော့ အဲဒီစာသားဟာ လက်စ်ဗီးဂက်စ်လောင်းကစားရုံကြီးတွေကနေ ဆင်းသက်လာခဲ့တာမဟုတ်ဘဲ လမ်းဘေးလောင်းကစားဝိုင်းတွေကနေ ဆင်းသက်လာတာဖြစ်တယ်လို့ ဆိုပြန်ပါသေးတယ်။ စာရေးဆရာဖြစ်သူရဲ့ ပြောပုံအရ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး (The Great Depression) ဖြစ်ပွားခဲ့တဲ့ ၁၉၃၀-၄၀ ကာလတွေမှာ Craps လောင်းကစားနည်းကိုလမ်းဘေးမှာ ဝိုင်းဖွဲ့ကစားလေ့ရှိပြီး ညစာအတွက် ကြက်သားစားလိုတဲ့ထိုးသားတွေ လာရောက်ကစားရင်း ဒီစာသားကို ရွတ်ဆိုခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Street Craps Game

နောက်ပိုင်းမှာတော့ “WINNER WINNER CHICKEN DINNER” စာသားဟာ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပေမယ့် ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ 21 ရုပ်ရှင်နဲ့အတူ တစ်ဖန်ပြန်လည် ရေပန်းစားလာခဲ့ပါတယ်။ အဆိုပါ 21 ရုပ်ရှင်ဟာ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ လောင်းကစားအခြေပြု ရုပ်ရှင်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့တရားစွဲဆိုခြင်းခံခဲ့ရတဲ့ မင်းသားကြီး Kevin Spacey ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။

21 Movie

PUBG ရဲ့ပဲ့ကိုင်ရှင် PlayerUnknown ခေါ် Brendan Greene ကတော့ ဒီစာသားကို ARMA 2 DayZ Battle Royale Mod မှာကတည်းက ထည့်သွင်းခဲ့တာဖြစ်ပြီး PLAYERUNKNOWN’S BATTLEGROUND ဂိမ်းထွက်ရှိလာတဲ့အခါမှာလည်း ဆက်လက်အသုံးပြုခဲ့ပါတယ်။ PUBG ဟာ Battle Royale ဂိမ်းအမျိုးအစားကို တစ်ခေတ်ဆန်းစေခဲ့တဲ့ဗီဒီယိုဂိမ်းဖြစ်ပြီး လက်ရှိအချိန်မှာလည်း PC မှာရော Mobile မှာရောပါ အောင်မြင်လျက်ရှိတဲ့ဂိမ်းဖြစ်ပါတယ်။


[ZawGyi]

PUBG ရဲ႕ “WINNER WINNER CHICKEN DINNER” ဆိုတာ ဘယ္ကစခဲ့တာလဲ

 

Multiplayer ဗီဒီယိုဂိမ္းေတာ္ေတာ္မ်ားမ်ားမွာ အႏိုင္ရသြားရင္ You Win ဒါမွမဟုတ္ Victory စသျဖင့္ စာတန္းထိုးေလ့ရွိေပမယ့္ PUBG မွာေတာ့ အမ်ားနဲ႔မတူ တမူထူးျခားေနပါတယ္။ ဥပမာအားျဖင့္ ၿပိဳင္ဘက္ Battle Royale ဂိမ္းေတြျဖစ္တဲ့ Fortnite မွာ “#1 Victory Royale”, Apex Legends မွာ “YOU ARE THE CHAMPION” လို႔သာ အႏိုင္ရသူကို ႐ိုး႐ိုးရွင္းရွင္းဂုဏ္ျပဳထားတာေၾကာင့္ PUBG ရဲ႕ “WINNER WINNER CHICKEN DINNER” ဆိုတဲ့စာသားက အျခားဂိမ္းေတြနဲ႔ယွဥ္ရင္ ထူးလည္းထူးျခားသလို စိတ္ဝင္စားဖို႔လည္းေကာင္းေနတာပါ။

အဲဒါေၾကာင့္ ဒီတစ္ခါမွာ စိတ္ဝင္စားဖို႔ေကာင္းလွတဲ့ WINNER WINNER CHICKEN DINNER ရဲ႕ေနာက္ကြယ္ကဇာတ္လမ္းကို ေျပာျပေပးသြားခ်င္ပါတယ္။ တကယ္ေတာ့ WINNER WINNER CHICKEN DINNER ဆိုတဲ့စာသားရဲ႕ဇာစ္ျမစ္က တစ္ခုထက္ပိုၿပီး ယေန႔ထိတိုင္အျငင္းပြားဖြယ္ျဖစ္ေနေပမယ့္ ေသခ်ာတဲ့အခ်က္ကေတာ့ ေလာင္းကစားသမားေတြ ဆီကဆင္းသက္လာတယ္ဆိုတာပါပဲ။

ဒီစာသားနဲ႔ပတ္သက္တဲ့ပထမဇာတ္လမ္းကေတာ့ လက္စ္ဗီးဂက္စ္မွာရွိတဲ့ ေလာင္းကစား႐ုံႀကီးေတြကေန စတင္ျဖစ္ေပၚလာခဲ့တယ္လို႔ဆိုပါတယ္။ အဲဒီကာလေတြမွာ လက္စ္ဗီးဂက္စ္ ေလာင္းကစား႐ုံႀကီးေတြက ေရာင္းခ်တဲ့ ၾကက္သားဟင္းပြဲတစ္ပြဲေစ်းႏႈန္းဟာ ၂ ေဒၚလာျဖစ္ၿပီး အနည္းဆုံးထိုးေၾကးဟာလည္း ၂ ေဒၚလာျဖစ္တာေၾကာင့္ ထိုးေၾကးႏိုင္ခဲ့ရင္ ၾကက္သားဟင္းပြဲ မွာစားႏိုင္မယ္ဆိုတဲ့ အယူနဲ႔ “WINNER WINNER CHICKEN DINNER” လို႔သုံးႏႈန္းခဲ့ၾကတာပဲျဖစ္ပါတယ္။

Las Vegas

ဒါေပမယ့္ A Guide to Craps Lingo from Snake Eyes to Muleteeth ဆိုတဲ့စာအုပ္ကို ပူးတြဲေရးသားခဲ့သူ ျဖစ္တဲ့ David Guzman ကေတာ့ အဲဒီစာသားဟာ လက္စ္ဗီးဂက္စ္ေလာင္းကစား႐ုံႀကီးေတြကေန ဆင္းသက္လာခဲ့တာမဟုတ္ဘဲ လမ္းေဘးေလာင္းကစားဝိုင္းေတြကေန ဆင္းသက္လာတာျဖစ္တယ္လို႔ ဆိုျပန္ပါေသးတယ္။ စာေရးဆရာျဖစ္သူရဲ႕ ေျပာပုံအရ ကမာၻ႔စီးပြားပ်က္ကပ္ႀကီး (The Great Depression) ျဖစ္ပြားခဲ့တဲ့ ၁၉၃၀-၄၀ ကာလေတြမွာ Craps ေလာင္းကစားနည္းကိုလမ္းေဘးမွာ ဝိုင္းဖြဲ႕ကစားေလ့ရွိၿပီး ညစာအတြက္ ၾကက္သားစားလိုတဲ့ထိုးသားေတြ လာေရာက္ကစားရင္း ဒီစာသားကို ႐ြတ္ဆိုခဲ့ၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

Street Craps Game

ေနာက္ပိုင္းမွာေတာ့ “WINNER WINNER CHICKEN DINNER” စာသားဟာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ခဲ့ေပမယ့္ ၂၀၀၈ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ 21 ႐ုပ္ရွင္နဲ႔အတူ တစ္ဖန္ျပန္လည္ ေရပန္းစားလာခဲ့ပါတယ္။ အဆိုပါ 21 ႐ုပ္ရွင္ဟာ ၂၀၀၈ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ ေလာင္းကစားအေျချပဳ ႐ုပ္ရွင္ျဖစ္ၿပီး လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈနဲ႔တရားစြဲဆိုျခင္းခံခဲ့ရတဲ့ မင္းသားႀကီး Kevin Spacey ပါဝင္သ႐ုပ္ေဆာင္ထားတဲ့႐ုပ္ရွင္လည္းျဖစ္ပါတယ္။

21 Movie

PUBG ရဲ႕ပဲ့ကိုင္ရွင္ PlayerUnknown ေခၚ Brendan Greene ကေတာ့ ဒီစာသားကို ARMA 2 DayZ Battle Royale Mod မွာကတည္းက ထည့္သြင္းခဲ့တာျဖစ္ၿပီး PLAYERUNKNOWN’S BATTLEGROUND ဂိမ္းထြက္ရွိလာတဲ့အခါမွာလည္း ဆက္လက္အသုံးျပဳခဲ့ပါတယ္။ PUBG ဟာ Battle Royale ဂိမ္းအမ်ိဳးအစားကို တစ္ေခတ္ဆန္းေစခဲ့တဲ့ဗီဒီယိုဂိမ္းျဖစ္ၿပီး လက္ရွိအခ်ိန္မွာလည္း PC မွာေရာ Mobile မွာေရာပါ ေအာင္ျမင္လ်က္ရွိတဲ့ဂိမ္းျဖစ္ပါတယ္။