ONE ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံအပါအဝင် MMA ဖိုက်တာများ ပူးပေါင်းဖွဲ့စည်းထားတဲ့ MLBB အသင်း

 

ဖိလစ်ပိုင်နိုင်ငံသား ONE ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်သူ Brandon “The Truth” Vera ဟာ မကြာသေးမီက မိုဘိုင်းလ် Esports လောကနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ကိုယ်ပိုင် MLBB အသင်း Truth x Lakay Gaming ကို အခြားသော အခြား ဖိလစ်ပိုင်နိုင်ငံသား MMA ဖိုက်တာများနဲ့အတူ ပူးပေါင်းဖွဲ့စည်းလိုက်တာပဲဖြစ်ပါတယ်။

Vera ရဲ့ အသင်းထဲမှာတော့ သူကိုယ်တိုင်အပါအဝင် Eduard “Landslide” Folayang, Kevin “The Silencer” Belingon နဲ့ ONE စထရောဝိတ်ချန်ပီယံတစ်ဦးဖြစ်သူ Joshua “The Passion” Pacio တို့ ပါဝင်ပါတယ်။ အသင်းဟာ လက်ရှိမှာ Facebook Gaming နဲ့ ပူးပေါင်းထားပြီးဖြစ်သလို ပြိုင်ပွဲများအားလုံးကိုလည်း ယင်းပလက်ဖောင်းပေါ်မှာပဲ ထုတ်လွှင့်လျက်ရှိပါတယ်။

Brandon Vera with Aung La Nsang

ဒီအကြောင်းနဲ့ ပတ်သတ်လို့ Vera က “ကျွန်တော့်ကို အဖွားဖြစ်သူက Nintendo ဂိမ်းစက်ကို ပိတ်ဖို့ လှမ်းပြောခဲ့တဲ့ ငယ်ရွယ်စဉ်တည်းက ယခုလို ဂိမ်းအသင်းတစ်သင်း ထူထောင်ချင်တဲ့ စိတ်ကူး ဖြစ်ပေါ်နေခဲ့တာပါ။ ယခုအချိန်မှာ ကျွန်တော်တို့ဟာ Facebook Gaming ပေါ်မှာ ပရော်ဖက်ရှင်နယ် သမားများလိုပဲ ဆော့ကစားနိုင်ပြီဖြစ်ပြီး ရန်ပုံငွေပွဲများ၊ ကစားသမားများအတွက် အခွင့်အလမ်းများ၊ ပျော်ရွှင်စရာများကို ပြုလုပ်နိုင်ကြတော့မှာပါ။” လို့ ပြောသွားခဲ့ပါတယ်။

လက်ရှိမှာ Truth x Lakay Gaming ဟာ Facebook Gaming ပေါ်မှာ ပုံမှန် stream များ လွှင့်လျက်ရှိပါတယ်။ အသင်းအတွင်းမှာ Epic နဲ့ Legend ကစားသမားအများစုသာ ပါဝင်လို့ ယင်းတို့ရဲ့ rank များဟာ မြင့်မားတယ်လို့ မဆိုနိုင်ပေမယ့် stream ကြည့်ရှုသူများကိုတော့ ဖျော်ဖြေမှုများ ပေးစွမ်းနိုင်လျက်ရှိပါတယ်။

Vera ဟာ သူ့ရဲ့ MLBB Game ID ဖြစ်တဲ့ – 590917619 – ကို ရှာဖွေကာ သူ့နဲ့အတူ လာရောက် ဂိမ်းကစား နိုင်ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။ MMA ဖိုက်တာများနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Vera ရဲ့အသင်းဟာ MLBB လောကမှာ ထူးခြားနေတာမို့ ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg