[Unicode]

Final bosses တွေကိုဘယ်လိုမှ အနိုင်ယူနိုင်ခဲ့ခြင်းမရှိခဲ့တဲ့ (၂) နှစ်ဆက်ကမ္ဘာ့ချန်ပီယံ (OMEGA League Grand Final Analysis)

 

ပွဲကို ပြန်ပြီးသုံးသပ်ရမှာက Secret ဘယ်လောက်ထိကောင်းကြောင်း၊ ဘယ်သူမှ ဘယ်လိုမှ ယှဥ်မဆော့နိုင်လောက်တဲ့ အထိ အကွက်စေ့ကြောင်း၊ Puppeyဟာ DOTA သမိုင်းတစ်လျောက် ချွင်းချက်မရှိ အကောင်းဆုံး Drafter တစ်ယောက်သာမက Captainကောင်း Leaderကောင်းဖြစ်ကြောင်း ဒါတွေပဲ ထပ်နေပါလိမ့်မယ်။ အဲ့တော့ပျင်းစရာကောင်းနေပါလိမ့်မယ်။

နောက်ပြီး ဒီနှစ်ရဲ့ မရိုးတဲ့ ပုံပြင်ဟောင်းလေးအတိုင်း Team Secret အတွက် 3:0 ဇာတ်လမ်းလေး နောက်တစ်ပုဒ်ပါပဲ။ အဲ့တော့ ဒီနှစ်သင်းနဲ့ ပတ်သက်တဲ့ တစ်ခြား ထွေရာလေးပါးတွေကို နည်းနည်းပိုပြီး အသားပေးပြောချင်ပါတယ်။

Secret နဲ့ ပတ်သက်ပြီး အချက်အလက်တွေပါ ပြောမှာဖြစ်တော့ အရင်ဆုံး OG တွေ မလုံလောက်သေးတဲ့အကြောင်း OGတွေ OG မပီသတဲ့ အကြောင်းကနေ စလိုက်ရအောင်။

ဒါပေမယ့် OGတွေ မလုံလောက်သေးဘူး ဆိုတာက မကောင်းတာလား ဆိုတော့လည်း မဟုတ်ပြန်ဘူးရယ်။ OGရဲ့ map movement နဲ့ map control တွေက Secret ထက် နည်းနည်းလေးမှကို မနိမ့်ပါဘူး။ တစ်ခြားအသင်းက ကစားသမားတွေလို (ဝှီးလို :3) ရည်ရွယ်ချက်မရှိတဲ့ သေခြင်းတွေ map awareness မရှိတဲ့ လှုပ်ရှားမှုတွေ တော်တော်လေးမြင်ရခဲပါတယ်။ အခုချိန်ထိလည်း ကြိုက်တဲ့အသင်းလာ OG ကရယ်ဒီပါပဲ။ (Team Secret ကလွဲလို့ :v)

အရင်ဆုံး TI 8, TI 9 OG အပြီး နောက်ဆုံး Sumail အလွန်ကာလကို တစ်ချက်လောက်ကြည့်ရင် Midone မှာ carry စိတ်ခံ မရှိသေး ready မဖြစ်သေးပါဘူး။ Sven ရော Faceless Void ရော Troll Warlord ရောကို ဘာ Basic items တစ်ကွက်မှ မပါဘဲ ဆော့တာကို ကြည့်ရတာ ဘယ်လိုမှ အဆင်ပြေမနေပါဘူး။ ဒါပေမဲ့ သင်ယူရင် လေ့လာရင် အချိန်ယူရင် ပိုကောင်း ပို carry နိုင်မယ့် Midone ကို တွေ့ရမှာပါ။ လောလောဆယ် ဒါက ပြသနာမဟုတ်ဘူးလို့ပဲ မြင်ပါသေးတယ်။ Midoneဟာ ကမ္ဘာ့ အကောင်းဆုံးတွေထဲက တစ်ယောက်ပါ။

OG မှာလိုနေတဲ့ တကယ့်နေရာအမှန်က Position 4 ပါ။ Jerax အနားယူပြီးနောက် ကမ္ဘာ့အဆင့် Pos 4 တွေကို စီလိုက်ရင် Gh, Cr1t, Yapzor, fy တို့ပါ။ အကုန်လုံးက playermaker role ကို အကောင်းဆုံး ဆော့နိုင်ကြပြီး Cr1tကတော့ defensive စိတ်အခံနဲ့ အချိန်ကောင်း အရမ်းစောင့်ကာ ဆော့တာ နည်းနည်းလေးပါတယ်။

အခုပြောချင်တဲ့အကြောင်းအရာက Saksa ပါပဲ။ ဆော့ပုံလေးတာက Cr1t အဖေခေါ်ရလောက်အောင် လေးပါတယ်။ Playmaker ကောင်း တစ်ယောက်လား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။ Heroes Pool ကျယ်လား ဆိုတော့လည်း မကျယ်ပါဘူး။ Signature Heroes တွေ ကောင်းကောင်းရှိလား ဆိုတော့လည်း မယ်မယ်ရရ ချပြစရာ မရှိပါဘူး။ OG fans စစ်စစ်တွေဆို တော်တော် အသည်းပေါက်လောက်စရာက OG က Tiny pick ရင် သေချာတာက Topson ဆော့မယ်ဆိုတာပါပဲ။ Jerax ကို လွမ်းဖို့ အကောင်းဆုံးအချိန် ဖြစ်နေပါလိမ့်မယ်။

ဒါပေမဲ့ OG လည်းမရ ရတဲ့ထဲက အကောင်းဆုံးကိုခေါ်ထားတာပါ။ စျေးကွက်ထဲမှာလည်း တကယ်ကောင်းသေးတဲ့ pos 4 ဆိုလို့ Europe မှာ Taiga, Zayac တို့လောက်ပဲ ရှိပါတော့တယ်(အကုန်လုံးက အသင်းကိုယ်စီနဲ့) OG ဟာ TI မှာ အသစ်ဆုံးသော အဆန်းဆုံးသော အလှဆုံးသောအရာကို တီထွင်ချပြခဲ့တာပါ။

အခု OG ရဲ့ Secret ကို draft နိမ့်ခြင်း၊ heroes တွေကို role flexibility လုပ်ရခက်နေခြင်း၊ Topson အတော်လေး ဆော့ရခက်နေခြင်းဟာ Saksaနဲ့ ရာခိုင်နှုန်း တော်တော်များများ ဆိုင်ပါတယ်။ အခုဒီ အခြေအနေနဲ့ Team Secret ကို တစ်ကမ္ဘာလုံးမှာ နိုင်အောင်ဆော့နိုင်တဲ့အသင်း လက်ငါးချောင်း မပြည့်ပါဘူး။ အဲ့ထဲမှာ OG နဲ့ Nigma က ထိပ်ဆုံးက ပါနေမှာပါ။ OG ကလည်း Saksa နေရာ ၊ Nigma ကလည်း W33 နေရာ အဖြေရှာတွေ့ရင်ပေါ့လေ။ (လူလဲချင်းမဟုတ်တဲ့ အဖြေထုတ်နိုင်ကြမလား???) သေချာတာတော့ Notail တစ်ယောက် Ana လေးနဲ့ Jerax ကြီးကို လွမ်းနေမယ်ဆိုတာ သူ့မျက်နှာမြင်လိုက်တဲ့သူတွေ သိကြမှာပါ။

OMEGA League Champion Team Secret

ကဲ Team Secret…

နည်းနည်းလောက် အသက်၀၀ရှူလိုက်ပြီးမှ ဆက်ဖတ်လိုက်ပါ မိတ်ဆွေ၊ အခု သမိုင်းတစ်လျောက် အကောင်းဆုံးရလဒ် တွေနဲ့ လွှမ်းမိုးထားတဲ့ အသင်း အကြောင်း ဖတ်ရမှာပါ။

Covid သာ မနှောက်ခဲ့ရင်လို့ တွေးကြည့်လိုက်ကြရအောင်။ Secretဟာ ဘာလဲ ဘယ်လဲပေါ့။ Puppeyကြီး လေးကြိမ်မြောက် TI Grand Finals ကိုသာ ဆော့ရရင် ရှုံးရှုံး နိုင်နိုင်ဗျာ အနည်းဆုံးတော့ Godfather ကြီးရဲ့ insight အကျဆုံး အတွေးအခေါ်တွေ၊ တစ်သင်းလုံးကို ဦးဆောင်ပုံတွေ သက်ရှိထင်ရှားရှိတုန်းလေး မြင်နိုင်တာပေါ့။

ဘော်ဒါအစ်ကိုတစ်ယောက်ကပြောလာတော့မှ ကျွန်တော်လည်း True Sightမှာ Puppey ကြီးကို အမြင်ချင်ဆုံးပဲ ဆိုတာ သတိ၀င်လာတယ်။ ဒါပေမဲ့ Team Secretဆိုတာဘယ်တုန်းက TIနဲ့ လမိုင်းကပ်ခဲ့လို့လဲ။ ဘယ်လောက်ကောင်းကောင်း အမြဲတမ်း အခင်ဆုံးဆိုတဲ့ သူငယ်ချင်းကြီးနဲ့တွေ့ရင် ပြုတ်နေကြပဲ မဟုတ်လား။ ထားလိုက်ပါတော့ ဒါတွေကို။

ပစ္စုပန်ကိုပြန်သွားလိုက်ကြရအောင်။ Ceb ရဲ့ Grand finals မတိုင်ခင် tweet က time to play final boss again ပါ။ Secret ဟာ နောက်ဆုံးဆရာကြီးတွေပါ။ ဒီ grand finals ရဲ့ 3:0 မတိုင်ခင် ၆ ပွဲဆက်တိုက် ဖိုင်နယ်တွေမှာ 3:0 ယူလာတဲ့ အသင်းပါ။ သမိုင်းတစ်လျောက် ဘယ်သူမှမရှိသေးပါဘူး။ OG ကတော့ Sumail ရှိတုန်းက ping များနေတဲ့ Midone နဲ့တစ်ခါ၊ အခု Ceb ပြန်လာတဲ့တစ်ခါ နှစ်ခါလုံး အရေးနိမ့်ခဲ့ပါတယ်။

OMEGA League ရဲ့ upper bracket final ပွဲအပြီး Panel မှာ BSJ က Secret ဟာ ပျင်းဖို့ကောင်းလောက်အောင် ကောင်းလွန်းနေပါတယ်လို့ ပြောခဲ့ပါတယ်။ အဓိကကတော့ laning stage အပြီးလောက်ဆိုရင်ကို ပွဲက အဖြေထွက် နေလို့ပါပဲ။ Puppey draft တွေကလည်း နည်းနည်းမှကို မနိမ့်ခဲ့ဘူးလေ။ ဘယ်သူမှ ယှဥ်လို့မရတဲ့ ပြုပြင်ပြောင်းလဲရလွယ်ပြီး အကောင်ပေါင်းစုံ ဆော့နေနိုင်တဲ့ အခု အသင်းသားတွေကို ရထားတာလည်း တစ်ကြောင်းပေါ့။

နောက်ပြီးဆော့တာကလည်း တကယ်ကောင်းတဲ့ discipline တွေနဲ့ အပိုအလိုမရှိ ဆော့နိုင်နေတာပါ။ Matu ဟာ hard carry ကောင်းကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာ big game player ဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ် သက်သေ ပြနေပါတယ်။ တစ်ခြားသူတွေ ဘယ်လောက်ကောင်းကြောင်း Team Secret ဘယ်လိုလုပ်ကြောင်းကတော့ ဆက်မပြောတော့ပါဘူး။ ဟိုးအပေါ်မှာ ပြောခဲ့သလိုပဲ ဖတ်ရတာ ပျင်းတယ်ကွာပဲ ဖြစ်နေပါလိမ့်မယ်။ Grand finals အပြီး Yapzor + Zai interview မှာလည်း Zai က finals တွေတိုင်းက 3:0 တွေဆိုပေမယ့် အတတ်နိုင်ဆုံး စိတ်၀င်စရာကောင်းအောင် ဆော့နေပါတယ်တဲ့။

ဘယ်လောက်ပျင်းဖို့ကောင်းတဲ့စကားမျိုးလဲ။ ဪ … ဒါနဲ့ Team Secret ရဲ့ 2020 တစ်လျောက် ဆော့ကစားထားပြီး အနိုင်ရတဲ့ Winrate က 81.97% တဲ့ဗျို့။

ကဲ 3-0 နဲ့ Game ပွဲသုံးပွဲဘက်လှည့်လိုက်ရအောင်။

Coin toss တိုင်းဟာ OG နိုင်ပြီး first pick ယူပါတယ်။ သုံးပွဲလုံး first pick, dire ပါ။

Game 1

Game1 Draft

Draft ကနေ စရရင် OG ဟာ အနည်းဆုံးတော့ အိမ်စာလုပ်လာတယ် ပြင်ဆင်လာတယ်ဆို တာကို တွေ့ရမှာပါ။
Magnus, Tiny, Phoenix, Clockwerk တို့ကို ban list တင်အပြီးမှာ IO first pick နဲ့ စထွက်လာတဲ့ OG ကို အများကြီး စဥ်းစား မနေတော့ဘဲ Ancient Apparition ကြီး Puppey ထုတ်လိုက်ပါတယ်။ Dark Willow ကတော့ ထင်မှတ်မထားတဲ့ တစ်ပွဲတိုးအကွက်နဲ့ Saksa အတွက် အဆင်ပြေတဲ့ကောင်ပါ။ ဒါပေမဲ့ Team Secret ရဲ့ second pick ဟာ Faceless Void ပါ။

ဒါနဲ့ မသိသေးတဲ့သူတွေ အတွက် ရယ်စရာလေး ပြောပြပေးချင်ပါတယ်။ Nigma ကို 2:0 နဲ့ နိုင်အပြီးမှာ Midone နဲ့ အင်တာဗျူးပါတယ်။ အဲ့အချိန်မှာ Lacoste က panel ကနေ ဟေး, Midone မင်းက တွစ်တာမှာ IceFrog ဟိုဟာက broken ဖြစ်တယ်၊ ဒီဟာက broken ဖြစ်တယ်နဲ့ အမြဲ tweet တာ ငါအရမ်းကြိုက်တယ်။ အခုနေ tweet ရမယ်ဆို မင်း ဘာ tweet မလဲ မေးတော့ Midone က IceFrog ဆိုပြီး ငါ tweet မယ် “မင်းရဲ့ f**king Faceless Void က ဆိုပြီး အရင်ဆုံးစမယ်၊ ဘာလို့လဲ ဆိုတော့ အဲ့ကောင်က အဆင်ပြေမနေဘူး၊ အရှင်းဆုံး ပြောရရင် သူ့ရဲ့ ပထမ spell က အခြေခံအားဖြင့်တော့ အဲ့တာ Weaver ရဲ့ ultimate ကြီး၊ သူ အဲ့တာကိုသုံးတဲ့ အကြိမ်တိုင်း ငါဒေါသထွက်ရတယ်၊ ပြီးတော့ bash (time lock), ငါထင်တယ် အဲ့တာကလည်း တကယ်အဆင်မပြေဘူး။

အဲ့တာက bash ၀င်သွားတဲ့ အကြိမ်တိုင်းက double damage လိုပဲ၊ ငါကတော့ IceFrog ဘာတွေ တွေးနေလဲ မသိဘူး၊ ငါပြောနိုင်တာကတော့ သူရဲ့ ဦးနှောက်က ပြသနာတစ်ခု ဆိုတာပဲ ၊ Time Dilation ကလည်း နောက်ထပ် အဆင်ပြေတဲ့ spell တစ်ခုမဟုတ်ပြန်ဘူး။” ဆိုပြီး ဒေါနဲ့မောနဲ့ ပြန်ဖြေခဲ့ပါတယ်။ အခုတော့ Midone တစ်ယောက် သူမုန်းနေတဲ့ကောင်နဲ့ နဖူးတွေ့၊ ဒူးတွေ့ စတွေ့ပါပြီ။

Second pick phase မှာ Team Secret က Sand King ထွက်လာပြီးနောက် SK, AA ဆိုတဲ့ backline ကို ဝင်ရှင်းဖို့ Vision အားသာချက်ကို AOE silence ရောပါတဲ့ NS ကို ထပ်ထုတ်လာတာ reasonal pick ဆိုပေမယ့် ထုံးစံအတိုင်း Playmaker ပျောက်နေသေးပြီး hero တွေ အကုန် pick အပြီးမှာတော့ pugna ဟာ Topson ရဲ့ mid ဖြစ်နေတဲ့အတွက် ပြောရရင် ထုံးစံအတိုင်း Team Secret ရဲ့ pick power ဟာ mid game နဲ့ late game တော်တော်လေး အားကောင်းနေပြီး အစောပိုင်း objectives တွေ အတွက်သာ စိုးရိမ်စရာ ရှိတာပါ။

ပွဲထဲ ရောက်တော့လည်း laning phase အစမှာတည်းက Secret တွေ ရှယ်လုပ်ပါတယ်။ ဘယ်လမ်းမှ pressure မရှိပါဘူး။ lane တွေ ဆော့တာကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု အပြည့်နဲ့ heroes kills တွေပါ အရယူနိုင်တာပါ။ ဒါပေမဲ့ OG လည်း laning မှာ ဘာ pressure မှ အဲ့လောက်မရှိခဲ့ပါဘူး။ Laning အပြီးမှာတော့ Great Cleave နဲ့ free farm ရနေတဲ့ Sven က OG ရဲ့ networth တွေ တော်တော်လေး ခေါင်းထောင်နေရခြင်း အကြောင်းအရင်းပါပဲ။

Midone ရဲ့ itemization တွေကလည်း တော်တော်လေး ပေပါတယ်။ အထက်မှာ ပြောတဲ့အတိုင်း သုံးပွဲလုံး Bracer၊ Wraith band တစ်ခုမှ ထည့်မသွားပါဘူး။ Sven ကိုလည်း Phase Boots, Magic Wands, Mask of Madness, Echo Sabre နဲ့ Black King Bar ရယ်ပါ။ over farm ဖြစ်နေပြီး 20 minutes over 13000 ဆိုတဲ့ networth ကြောင့်ရယ် IO ကြောင့်ရယ် အသက်ရှူချောင်နေတာပါ။ တစ်ဖက်က crowd control တွေ တအားများတော့ BKB နဲ့ God’s strength မရှိတဲ့ အချိန်တိုင်းက ငရဲပါပဲ။ BKB 5sec လောက် အရောက်ဆို တော်တော်လေး ဒုက္ခရောက်နေခဲ့တာပါ။

တစ်ဖက်မှာလည်း Matu က ဒီ့ထက်ဆိုးတဲ့ အခြေအနေနဲ့ပါ။ Mid Game လောက်ထိ Midone ထက် အမှားပိုများပြီး farm ရတာလည်း ပိုကြာပါတယ်။ Mask of Madness အပြီးမှာလည်း နောက်ထပ် farm တာ Black King Bar ပါ။ အသင်းက battle heroes တွေ များတော့ သူကိုယ်လည်း space ပြန်ချုံ့ပြီး တော်တော်လေး Battle တွေကို follow လုပ်ပါတယ်။ OG တွေ ကလည်း Roshan battles တွေကို အကောင်းဆုံးဆိုင်ပြီး Map ကို အကောင်းဆုံး control လုပ်ထားတာပါ။

ပွဲရဲ့ Draft ကတော့ ကြာကြာဆော့လေလေ Secret က ကြိုက်လေလေဆိုတော့ points တွေပဲ ဆွဲထုတ်ပြပါတော့မယ်။ OG ရဲ့ မဟာအမှားကြီး ကတော့ Sven ကို save ပြီးတော့မှ သတ်ကွင်းထဲ ပြန်ခေါ်သွားတဲ့ Notail ရဲ့ လုပ်ရပ်ပါ ( Agent-N is real :v )။ 23:20 က ဖြစ်ရပ်မှာ Wicked sick Sven သေခဲ့ပြီး Kunkka 600 ကျော် gold ရလိုက်ပါတယ်။ OG ရဲ့ game tempo တော်တော်လေး ပြန်ကျသွားပြီး FV ကို အချိန်ပို ပေးလိုက်တာ ပါပဲ။

33:30 မှာ Kunnka (67sec), FV (57sec) no buyback နှစ်ကောင် ဂဏန်းငြိမ်နေပြီး 3 vs 5 (ageis ပါအပါ) ရေမီးအစုံနဲ့ လေထီးခုန်မယ့် OG တွေကို suprise နဲ့အတူ Epicenter, Burrowstrike, Sand Strom နဲ့ ၀င်ပြီး Pugna, Dark Willow ကို အရသတ်ပေးလိုက်တာကတော့ YapzOr ပါ။ အဲ့ Batttle မှာ Ancient ရဲ့ Ice Blast ကို Puppey ကိုယ့်ရင်ခွင်ထဲကို ထည့်လိုက်တာပါ၊ တစ်ယောက်မှကို မထိပါဘူး။ Big game changing တစ်ကွက်ကတော့ YapzOr တစ်ယောက်တည်းနဲ့ တစ်လောကလုံးကို ပြောင်းလဲလိုက်ပြီး ရေမီးအစုံနဲ့ လေထီးခုန်မယ့် ကောင်လေးတွေ God’s Strength, BKB မရှိလို့ နောက်ပြန်ဆုတ်ပေးလိုက်ရတာပါပဲ။

အဲ့ဒါအပြီးမှာတော့ Lotus gaming နဲ့အတူ BKB မရှိတဲ့ အချိန်တိုင်း Sven လုံးဝရူးသွပ်နေပြီး Matu ရဲ့ BKB အပြီး နောက်ပိုင်းသွားတဲ့ itemization တွေရယ် Mid game အလွန်က play တွေရယ်ကို OG တွေ ထိန်းချုပ်လို့ မရတော့ပါဘူး။ Secret က roshan နှစ်ခုပေးခဲ့သမျှ နောက်ဆုံး roshan ကိုတော့ battle အနိုင်နဲ့ပါ အရယူနိုင်ခဲ့ပြီး တစ်လမ်း Mega အရ ယူခဲ့ပါတယ်။ နောက်ဆုံး Battle ကတော့ လက်ဖျားခါလောက်အောင် Nisha+Matu ကောင်းလွန်းခဲ့ပြီး 2 vs 5 ပြန်ယှဥ်ချခဲ့တာပါ။ ( Underlord, AA no buyback )

SK buy back လုပ်ပြီး ပြန် join တဲ့ ထို Battle က နှစ်မိနစ်စွန်းစွန်း ကြာခဲ့ပြီး 51:08 မှာ cool down ဖြစ်နေတဲ့ BKB ရယ် power treads ရယ်ကို အောက်ချပြီး ရှိတဲ့ refresher shard အပေါ်တင်၊ Nisha က Cheese လာပေးတဲ့ movement လေးက တော်တော်လေး လှပကောင်းမွန်ပြီး Midone မုန်းတဲ့ Time walk တွေကတော့ တော်တော်လေး လုပ်ပြနေခဲ့ပါတယ်။

အဆုံးသတ် တိုက်ကွက် ကိုတော့ ထုံးစံအတိုင်း YapzOr က Epicenter နဲ့အတူ no buy back Sven ကို သတ်လိုက်တာပါ။ OG ရဲ့ အကောင်းဆုံး ဦးဆောင်မှုနဲ့ အသာစီး ယူနိုင်မှုတွေ အားလုံးကို YapzOr အကြီးအကျယ် နှောက်ယှက် ဖျက်ဆီးခဲ့ပြီး Game 1 ကို 53:19 မှာTeam Secret က Throne ကို ချိုးကာ အရယူ နိုင်ခဲ့ပါတယ်။

Game 2

Game 2 Draft

Game 2 မှာတော့ Puppey က IO ကို ban ကာ Tiny ကို လွှတ်ပေးလိုက်ပါတယ်။ OG ကလည်း pick ပါတယ်။ ဒါပေမယ့် ပေးလိုက်ရမှာဆိုးလို့ pick တဲ့ ပုံစံသာ ဖြစ်နေပြီး Saksa Tiny ဆော့တာ မြင်တောင် မမြင်ဖူးပါဘူး။ သေချာတာက Topson ဆော့မယ် ဆိုတာပါပဲ။

နောက်တစ်ခုက Puppey ရဲ့ out-drafting တွေပါ။ pick တိုင်းက cover ပြီးသား counter ပြီးသားတွေကြီးပါ။ ပုံပါ ban list တွေကို ကြည့်ရင် second draft phase မှာ FV, MK, PA စတဲ့ carry hero တွေချည်း ban ပြီး OG ဆော့တဲ့ Beastmaster လိုကောင် pick မှာ စိုးတဲ့အတွက် Chen ban အပြီးမှာ Enchantress ကို အရ pick ပါတယ်။ OG draft တွေက Beastmaster မ pick ရဲတော့ဘဲ Tusk ထွက်လာကာ ပိုပိုလိမ်သွားပြီး ဒုက္ခရောက်ရပါတယ်။

OG က သေချာသာ Beastmaster လိုကောင်မျိုးနဲ့ map control ချင်ရင် 11 (ban) မှာတည်းက Ench ကို ban သင့်တာပါ။ နောက်ပွဲမှာတော့ 11(ban) မှာ Ench နဲ့ 13(ban) မှာ Chen ကို ban ပါတယ်။ Puppey က ရိုးရိုးလေးပဲ 14(ban)ကို Beastmaster ကို ban လိုက်ပါတယ်။ ဒါမြင်သာတဲ့ ဥပမာလေးနဲ့ အရိုးရှင်းဆုံးလေးကို ပြောပြတာပါ။ ကျွန်တော်လိုလူ လိုက်မမီနိုင်တဲ့ လှည့်ကွက်၊ အတွေးအခေါ်နဲ့ အမြင်တွေ အများကြီး Puppey ဆီမှာ ရှိပါတယ်။ back to back TI champion တွေတောင် outdrafting ဒဏ် ခံနေရတာပါ။ ပွဲကတော့ ပြောစရာ အများကြီး မရှိတော့ interview က ဟာလေးတွေပဲ ထပ်ကောက်နုတ်ချင်ပါတယ်။ Grand finals အပြီး Yapzor+Zai interview မှာ Sheever စဖွင့်တဲ့ မေးခွန်းလေးက သိပ်ကောင်းပါတယ်။ အတိုချုံးနဲ့ အထိရောက်ဆုံး လောက်ပဲ ပြောပါမယ်။

မေး။ ။ Zai ရေ မင်းတို့ finals တွေ အများကြီး လျောက်လှမ်းလာတာ အဲ့လိုတွေအတွက် မင်းတို့ draft တွေကို ဘယ်လို ပြင်ဆင်လဲ။

ဖြေ။ ။ ငါတို့က Ceb ရဲ့ dotabuff ကို ကြည့်ခြင်းနဲ့ အစပြုပါတယ် (ရယ်လျက်)၊ စတာပါ၊ ငါ ထင်တာကတော့ တော်တော်များများ draft ပြင်ဆင်မှုတွေက မင်း ဘယ်လို ဆော့ရတာ သဘောကျ နှစ်သက်လဲ ဆိုတာ အဖြေရှာတာပါ။ ပြီးတော့ မင်းနဲ့ အံ၀င်ဂွင်ကျ ဖြစ်နေမယ့် heroes တွေကို ဦးစားပေး သတ်မှတ်ပြီး ဘယ်လို match-ups တွေက မင်းနဲ့ သက်တောင့်သက်သာ အရှိဆုံးလဲ ဆိုတာ ရှာဖွေရပါတယ်။

မေး။ ။ ဥပမာ – OD ဆိုရင်ရော အဲ့တာက မင်းတို့ ပြင်ဆင်ထားမှုရဲ့ အစိတ်အပိုင်းထဲမှာ ပါတာပဲလား၊ ဒါမှမဟုတ် OD က game 2 အတွက် အပြီးပြည်စုံဆုံး ဖြစ်နေတာ သိသာထင်ရှားနေလို့လား။

ဖြေ။ ။ အဲ့ဒါ ငါ့ မဟာဦးနှောက်ကြီးက လာတဲ့ အကြံဉာဏ်ပဲ၊ ဘာလို့လဲ ဆိုတော့ ငါက အရမ်းကောင်းတဲ့ OD Player မို့လို့၊ ပြီးတော့ OD က အဲ့ပွဲနဲ့ draft မှာ တကယ့် တကယ်ကို ကောင်းမွန်တယ်၊ ပြီးတော့ အဲ့ဒါ တကယ်ကို အလုပ်ဖြစ်ခဲ့တယ်လေ။

ပြောချင်တာက Team Secret က second pick အားသာချက်တိုင်းကို အသုံးချပြီး ဘယ်သူမှ မသုံးပေမယ့် အဲ့ပွဲအတွက် တကယ့် အကောင်းဆုံးဖြစ်တဲ့ OD pick ကို zai က suggest ပေးခဲ့တာပါ။ ပွဲထဲမှာကတော့ ရင်ခုန်စရာ ဆိုလို့ Nisha က Haste rune ရှိတဲ့ 14:54 မှာ အယွလွန်ပြီး Secret သုံးကောင် သေတဲ့ဟာပဲ ရှိတာပါ။ ကျန်တဲ့ အချိန် တော်တော်များများက Secret လုပ်နေတာ Secret သမနေတာတွေပါပဲ။

တစ်ပွဲနဲ့ တစ်ပွဲက ပိုပိုပြတ်သွားပြီး Secret ကောင်းကြောင်း ထပ်ကို မပြောချင်ပေမယ့် ခုဒီ game နဲ့ ပတ်သက်တာ ထပ်ပြောချင်တာလေးက Matu ပါ။ Itemization တွေ အသင်းနဲ့အတူ တွဲဆော့မှုတွေက ဘယ် carry player မဆို လေ့လာအတုယူသင့်ပါတယ်။ Armlet, Desolater, Nullifier နဲ့ Guardian Angel လည်း လာထား အေးဆေးလေးပါပဲ။

Arteezy လို လူမျိုးကတောင် တလေးတစားနဲ့ သူကြည့်ပြီး လေ့လာသင်ယူနေတဲ့သူက Matu ပါတဲ့။ Miracle ဟာ တစ်ခေတ်မှာ တစ်ယောက် ဆိုတဲ့ လူစားမျိုး ဖြစ်ပြီး အဖက်ဖက်က ပြည့်စုံတဲ့ ပါရမီရှင်ပါ။ သူတွေးသလို၊ သူဆော့သလိုနဲ့ သူ map ရွေ့သလို ရွေ့ဖို့က အရမ်း ခက်ခဲနက်နဲလွန်းပါတယ်။ လူငယ် carry တွေကို အကြံပေးချင်တာက Matu တို့ Nikobaby တို့ကို များများကြည့် များများ လေ့လာသင့်ပါတယ်။

ဂိမ်းနံပါတ် ၂ ကတော့ 25:25 က Matu ရဲ့ Lifestealer Rampage ရပြီးတော့ Nisha ရဲ့ ပွဲသိမ်း Ultra kills နဲ့ အတူပဲ နောက်ဖေးပေါက်ကနေ ချောင်းကြည့်ရုံ သက်သက်လုပ်လာတဲ့ Buy back တွေနဲ့ OG တွေ 29 မိနစ်မှာ GG ခေါ်လိုက်ပါတော့တယ်။

Game 3

Game 3 Draft

အပေါ်မှာ ပြောထားတာတွေ တော်တော်များများနဲ့တောင် လုံလောက်နေပြီး Game 3 အတွက်က ပြောစရာ ဘာမှ မရှိသလောက်ပါပဲ။ တစ်ပွဲနဲ့တစ်ပွဲ ပိုပိုချိနဲ့သွားတဲ့ OG တွေကို ကြည့်ရတာ တော်တော် အားမရစရာပါ။ Draft, Laning မှာတည်းက Team Secret နဲ့ ကမ္ဘာတွေ ခြားနေခဲ့ပါပြီ။

ဒီ Game က TI 9 Grand Finals က Game 3 ကို ပြန်ပြောင်းအမှတ်ရစေပါတယ်။ အဖက်ဖက်က ဘယ်လိုမှ နာလန်မထူ နိုင်တဲ့နောက်တော့ OG တွေဟာ Gambling လုပ်တဲ့ Do or Die Battle တွေ ဆက်တိုက်လုပ်ပြီး တောင့်ခံဖို့ ဘယ်လိုမှ မဖြစ်တော့တဲ့ အဆုံး 22:22 မှာ GG ခေါ်လိုက်တဲ့နောက် Finals ၇ ပွဲဆက် 3:0 နဲ့အတူ ယခုလက်ရှိ Team Secret ဟာ သမိုင်းတစ်လျောက် အကြီးအကျယ်ဆုံးနဲ့ အလွှမ်းမိုးဆုံး DOTA 2 အသင်း ဖြစ်လာခဲ့ပါတယ်။

Khant Ko Pyae Thu (Hypnos)

=======================================================

[ZawGyi]

Final bosses ေတြကိုဘယ္လိုမွ အႏိုင္ယူႏိုင္ခဲ့ျခင္းမရွိခဲ့တဲ့ (၂) ႏွစ္ဆက္ကမာၻ႔ခ်န္ပီယံ (Omega League Grand Final Analysis)

 

ပြဲကို ျပန္ၿပီးသုံးသပ္ရမွာက Secret ဘယ္ေလာက္ထိေကာင္းေၾကာင္း၊ ဘယ္သူမွ ဘယ္လိုမွ ယွဥ္မေဆာ့ႏိုင္ေလာက္တဲ့ အထိ အကြက္ေစ့ေၾကာင္း၊ Puppeyဟာ DOTA သမိုင္းတစ္ေလ်ာက္ ခြၽင္းခ်က္မရွိ အေကာင္းဆုံး Drafter တစ္ေယာက္သာမက Captainေကာင္း Leaderေကာင္းျဖစ္ေၾကာင္း ဒါေတြပဲ ထပ္ေနပါလိမ့္မယ္။ အဲ့ေတာ့ပ်င္းစရာေကာင္းေနပါလိမ့္မယ္။

ေနာက္ၿပီး ဒီႏွစ္ရဲ႕ မ႐ိုးတဲ့ ပုံျပင္ေဟာင္းေလးအတိုင္း Team Secret အတြက္ 3:0 ဇာတ္လမ္းေလး ေနာက္တစ္ပုဒ္ပါပဲ။ အဲ့ေတာ့ ဒီႏွစ္သင္းနဲ႔ ပတ္သက္တဲ့ တစ္ျခား ေထြရာေလးပါးေတြကို နည္းနည္းပိုၿပီး အသားေပးေျပာခ်င္ပါတယ္။

Secret နဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြပါ ေျပာမွာျဖစ္ေတာ့ အရင္ဆုံး OG ေတြ မလုံေလာက္ေသးတဲ့အေၾကာင္း OGေတြ OG မပီသတဲ့ အေၾကာင္းကေန စလိုက္ရေအာင္။

ဒါေပမယ့္ OGေတြ မလုံေလာက္ေသးဘူး ဆိုတာက မေကာင္းတာလား ဆိုေတာ့လည္း မဟုတ္ျပန္ဘူးရယ္။ OGရဲ႕ map movement နဲ႔ map control ေတြက Secret ထက္ နည္းနည္းေလးမွကို မနိမ့္ပါဘူး။ တစ္ျခားအသင္းက ကစားသမားေတြလို (ဝွီးလို :3) ရည္႐ြယ္ခ်က္မရွိတဲ့ ေသျခင္းေတြ map awareness မရွိတဲ့ လႈပ္ရွားမႈေတြ ေတာ္ေတာ္ေလးျမင္ရခဲပါတယ္။ အခုခ်ိန္ထိလည္း ႀကိဳက္တဲ့အသင္းလာ OG ကရယ္ဒီပါပဲ။ (Team Secret ကလြဲလို႔ :v)

အရင္ဆုံး TI 8, TI 9 OG အၿပီး ေနာက္ဆုံး Sumail အလြန္ကာလကို တစ္ခ်က္ေလာက္ၾကည့္ရင္ Midone မွာ carry စိတ္ခံ မရွိေသး ready မျဖစ္ေသးပါဘူး။ Sven ေရာ Faceless Void ေရာ Troll Warlord ေရာကို ဘာ Basic items တစ္ကြက္မွ မပါဘဲ ေဆာ့တာကို ၾကည့္ရတာ ဘယ္လိုမွ အဆင္ေျပမေနပါဘူး။ ဒါေပမဲ့ သင္ယူရင္ ေလ့လာရင္ အခ်ိန္ယူရင္ ပိုေကာင္း ပို carry ႏိုင္မယ့္ Midone ကို ေတြ႕ရမွာပါ။ ေလာေလာဆယ္ ဒါက ျပသနာမဟုတ္ဘူးလို႔ပဲ ျမင္ပါေသးတယ္။ Midoneဟာ ကမာၻ႔ အေကာင္းဆုံးေတြထဲက တစ္ေယာက္ပါ။

OG မွာလိုေနတဲ့ တကယ့္ေနရာအမွန္က Position 4 ပါ။ Jerax အနားယူၿပီးေနာက္ ကမာၻ႔အဆင့္ Pos 4 ေတြကို စီလိုက္ရင္ Gh, Cr1t, Yapzor, fy တို႔ပါ။ အကုန္လုံးက playermaker role ကို အေကာင္းဆုံး ေဆာ့ႏိုင္ၾကၿပီး Cr1tကေတာ့ defensive စိတ္အခံနဲ႔ အခ်ိန္ေကာင္း အရမ္းေစာင့္ကာ ေဆာ့တာ နည္းနည္းေလးပါတယ္။

အခုေျပာခ်င္တဲ့အေၾကာင္းအရာက Saksa ပါပဲ။ ေဆာ့ပုံေလးတာက Cr1t အေဖေခၚရေလာက္ေအာင္ ေလးပါတယ္။ Playmaker ေကာင္း တစ္ေယာက္လား ဆိုေတာ့လည္း မဟုတ္ျပန္ပါဘူး။ Heroes Pool က်ယ္လား ဆိုေတာ့လည္း မက်ယ္ပါဘူး။ Signature Heroes ေတြ ေကာင္းေကာင္းရွိလား ဆိုေတာ့လည္း မယ္မယ္ရရ ခ်ျပစရာ မရွိပါဘူး။ OG fans စစ္စစ္ေတြဆို ေတာ္ေတာ္ အသည္းေပါက္ေလာက္စရာက OG က Tiny pick ရင္ ေသခ်ာတာက Topson ေဆာ့မယ္ဆိုတာပါပဲ။ Jerax ကို လြမ္းဖို႔ အေကာင္းဆုံးအခ်ိန္ ျဖစ္ေနပါလိမ့္မယ္။

ဒါေပမဲ့ OG လည္းမရ ရတဲ့ထဲက အေကာင္းဆုံးကိုေခၚထားတာပါ။ ေစ်းကြက္ထဲမွာလည္း တကယ္ေကာင္းေသးတဲ့ pos 4 ဆိုလို႔ Europe မွာ Taiga, Zayac တို႔ေလာက္ပဲ ရွိပါေတာ့တယ္(အကုန္လုံးက အသင္းကိုယ္စီနဲ႔) OG ဟာ TI မွာ အသစ္ဆုံးေသာ အဆန္းဆုံးေသာ အလွဆုံးေသာအရာကို တီထြင္ခ်ျပခဲ့တာပါ။

အခု OG ရဲ႕ Secret ကို draft နိမ့္ျခင္း၊ heroes ေတြကို role flexibility လုပ္ရခက္ေနျခင္း၊ Topson အေတာ္ေလး ေဆာ့ရခက္ေနျခင္းဟာ Saksaနဲ႔ ရာခိုင္ႏႈန္း ေတာ္ေတာ္မ်ားမ်ား ဆိုင္ပါတယ္။ အခုဒီ အေျခအေနနဲ႔ Team Secret ကို တစ္ကမာၻလုံးမွာ ႏိုင္ေအာင္ေဆာ့ႏိုင္တဲ့အသင္း လက္ငါးေခ်ာင္း မျပည့္ပါဘူး။ အဲ့ထဲမွာ OG နဲ႔ Nigma က ထိပ္ဆုံးက ပါေနမွာပါ။ OG ကလည္း Saksa ေနရာ ၊ Nigma ကလည္း W33 ေနရာ အေျဖရွာေတြ႕ရင္ေပါ့ေလ။ (လူလဲခ်င္းမဟုတ္တဲ့ အေျဖထုတ္ႏိုင္ၾကမလား???) ေသခ်ာတာေတာ့ Notail တစ္ေယာက္ Ana ေလးနဲ႔ Jerax ႀကီးကို လြမ္းေနမယ္ဆိုတာ သူ႔မ်က္ႏွာျမင္လိုက္တဲ့သူေတြ သိၾကမွာပါ။

OMEGA League Champion Team Secret

ကဲ Team Secret…

နည္းနည္းေလာက္ အသက္၀၀ရႉလိုက္ၿပီးမွ ဆက္ဖတ္လိုက္ပါ မိတ္ေဆြ၊ အခု သမိုင္းတစ္ေလ်ာက္ အေကာင္းဆုံးရလဒ္ ေတြနဲ႔ လႊမ္းမိုးထားတဲ့ အသင္း အေၾကာင္း ဖတ္ရမွာပါ။

Covid သာ မေႏွာက္ခဲ့ရင္လို႔ ေတြးၾကည့္လိုက္ၾကရေအာင္။ Secretဟာ ဘာလဲ ဘယ္လဲေပါ့။ Puppeyႀကီး ေလးႀကိမ္ေျမာက္ TI Grand Finals ကိုသာ ေဆာ့ရရင္ ရႈံးရႈံး ႏိုင္ႏိုင္ဗ်ာ အနည္းဆုံးေတာ့ Godfather ႀကီးရဲ႕ insight အက်ဆုံး အေတြးအေခၚေတြ၊ တစ္သင္းလုံးကို ဦးေဆာင္ပုံေတြ သက္ရွိထင္ရွားရွိတုန္းေလး ျမင္ႏိုင္တာေပါ့။

ေဘာ္ဒါအစ္ကိုတစ္ေယာက္ကေျပာလာေတာ့မွ ကြၽန္ေတာ္လည္း True Sightမွာ Puppey ႀကီးကို အျမင္ခ်င္ဆုံးပဲ ဆိုတာ သတိ၀င္လာတယ္။ ဒါေပမဲ့ Team Secretဆိုတာဘယ္တုန္းက TIနဲ႔ လမိုင္းကပ္ခဲ့လို႔လဲ။ ဘယ္ေလာက္ေကာင္းေကာင္း အၿမဲတမ္း အခင္ဆုံးဆိုတဲ့ သူငယ္ခ်င္းႀကီးနဲ႔ေတြ႕ရင္ ျပဳတ္ေနၾကပဲ မဟုတ္လား။ ထားလိုက္ပါေတာ့ ဒါေတြကို။

ပစၥဳပန္ကိုျပန္သြားလိုက္ၾကရေအာင္။ Ceb ရဲ႕ Grand finals မတိုင္ခင္ tweet က time to play final boss again ပါ။ Secret ဟာ ေနာက္ဆုံးဆရာႀကီးေတြပါ။ ဒီ grand finals ရဲ႕ 3:0 မတိုင္ခင္ ၆ ပြဲဆက္တိုက္ ဖိုင္နယ္ေတြမွာ 3:0 ယူလာတဲ့ အသင္းပါ။ သမိုင္းတစ္ေလ်ာက္ ဘယ္သူမွမရွိေသးပါဘူး။ OG ကေတာ့ Sumail ရွိတုန္းက ping မ်ားေနတဲ့ Midone နဲ႔တစ္ခါ၊ အခု Ceb ျပန္လာတဲ့တစ္ခါ ႏွစ္ခါလုံး အေရးနိမ့္ခဲ့ပါတယ္။

OMEGA League ရဲ႕ upper bracket final ပြဲအၿပီး Panel မွာ BSJ က Secret ဟာ ပ်င္းဖို႔ေကာင္းေလာက္ေအာင္ ေကာင္းလြန္းေနပါတယ္လို႔ ေျပာခဲ့ပါတယ္။ အဓိကကေတာ့ laning stage အၿပီးေလာက္ဆိုရင္ကို ပြဲက အေျဖထြက္ ေနလို႔ပါပဲ။ Puppey draft ေတြကလည္း နည္းနည္းမွကို မနိမ့္ခဲ့ဘူးေလ။ ဘယ္သူမွ ယွဥ္လို႔မရတဲ့ ျပဳျပင္ေျပာင္းလဲရလြယ္ၿပီး အေကာင္ေပါင္းစုံ ေဆာ့ေနႏိုင္တဲ့ အခု အသင္းသားေတြကို ရထားတာလည္း တစ္ေၾကာင္းေပါ့။

ေနာက္ၿပီးေဆာ့တာကလည္း တကယ္ေကာင္းတဲ့ discipline ေတြနဲ႔ အပိုအလိုမရွိ ေဆာ့ႏိုင္ေနတာပါ။ Matu ဟာ hard carry ေကာင္းေကာင္း တစ္ေယာက္ ျဖစ္တယ္ဆိုတာ big game player ျဖစ္တယ္ဆိုတာကို အႀကိမ္ႀကိမ္ သက္ေသ ျပေနပါတယ္။ တစ္ျခားသူေတြ ဘယ္ေလာက္ေကာင္းေၾကာင္း Team Secret ဘယ္လိုလုပ္ေၾကာင္းကေတာ့ ဆက္မေျပာေတာ့ပါဘူး။ ဟိုးအေပၚမွာ ေျပာခဲ့သလိုပဲ ဖတ္ရတာ ပ်င္းတယ္ကြာပဲ ျဖစ္ေနပါလိမ့္မယ္။ Grand finals အၿပီး Yapzor + Zai interview မွာလည္း Zai က finals ေတြတိုင္းက 3:0 ေတြဆိုေပမယ့္ အတတ္ႏိုင္ဆုံး စိတ္၀င္စရာေကာင္းေအာင္ ေဆာ့ေနပါတယ္တဲ့။

ဘယ္ေလာက္ပ်င္းဖို႔ေကာင္းတဲ့စကားမ်ိဳးလဲ။ ဪ … ဒါနဲ႔ Team Secret ရဲ႕ 2020 တစ္ေလ်ာက္ ေဆာ့ကစားထားၿပီး အႏိုင္ရတဲ့ Winrate က 81.97% တဲ့ဗ်ိဳ႕။

ကဲ 3-0 နဲ႔ Game ပြဲသုံးပြဲဘက္လွည့္လိုက္ရေအာင္။ Coin toss တိုင္းဟာ OG ႏိုင္ၿပီး first pick ယူပါတယ္။ သုံးပြဲလုံး first pick, dire ပါ။

Game 1

Game1 Draft

Draft ကေန စရရင္ OG ဟာ အနည္းဆုံးေတာ့ အိမ္စာလုပ္လာတယ္ ျပင္ဆင္လာတယ္ဆို တာကို ေတြ႕ရမွာပါ။
Magnus, Tiny, Phoenix, Clockwerk တို႔ကို ban list တင္အၿပီးမွာ IO first pick နဲ႔ စထြက္လာတဲ့ OG ကို အမ်ားႀကီး စဥ္းစား မေနေတာ့ဘဲ Ancient Apparition ႀကီး Puppey ထုတ္လိုက္ပါတယ္။ Dark Willow ကေတာ့ ထင္မွတ္မထားတဲ့ တစ္ပြဲတိုးအကြက္နဲ႔ Saksa အတြက္ အဆင္ေျပတဲ့ေကာင္ပါ။ ဒါေပမဲ့ Team Secret ရဲ႕ second pick ဟာ Faceless Void ပါ။

ဒါနဲ႔ မသိေသးတဲ့သူေတြ အတြက္ ရယ္စရာေလး ေျပာျပေပးခ်င္ပါတယ္။ Nigma ကို 2:0 နဲ႔ ႏိုင္အၿပီးမွာ Midone နဲ႔ အင္တာဗ်ဴးပါတယ္။ အဲ့အခ်ိန္မွာ Lacoste က panel ကေန ေဟး, Midone မင္းက တြစ္တာမွာ IceFrog ဟိုဟာက broken ျဖစ္တယ္၊ ဒီဟာက broken ျဖစ္တယ္နဲ႔ အၿမဲ tweet တာ ငါအရမ္းႀကိဳက္တယ္။ အခုေန tweet ရမယ္ဆို မင္း ဘာ tweet မလဲ ေမးေတာ့ Midone က IceFrog ဆိုၿပီး ငါ tweet မယ္ “မင္းရဲ႕ f**king Faceless Void က ဆိုၿပီး အရင္ဆုံးစမယ္၊ ဘာလို႔လဲ ဆိုေတာ့ အဲ့ေကာင္က အဆင္ေျပမေနဘူး၊ အရွင္းဆုံး ေျပာရရင္ သူ႔ရဲ႕ ပထမ spell က အေျခခံအားျဖင့္ေတာ့ အဲ့တာ Weaver ရဲ႕ ultimate ႀကီး၊ သူ အဲ့တာကိုသုံးတဲ့ အႀကိမ္တိုင္း ငါေဒါသထြက္ရတယ္၊ ၿပီးေတာ့ bash (time lock), ငါထင္တယ္ အဲ့တာကလည္း တကယ္အဆင္မေျပဘူး။

အဲ့တာက bash ၀င္သြားတဲ့ အႀကိမ္တိုင္းက double damage လိုပဲ၊ ငါကေတာ့ IceFrog ဘာေတြ ေတြးေနလဲ မသိဘူး၊ ငါေျပာႏိုင္တာကေတာ့ သူရဲ႕ ဦးေႏွာက္က ျပသနာတစ္ခု ဆိုတာပဲ ၊ Time Dilation ကလည္း ေနာက္ထပ္ အဆင္ေျပတဲ့ spell တစ္ခုမဟုတ္ျပန္ဘူး။” ဆိုၿပီး ေဒါနဲ႔ေမာနဲ႔ ျပန္ေျဖခဲ့ပါတယ္။ အခုေတာ့ Midone တစ္ေယာက္ သူမုန္းေနတဲ့ေကာင္နဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ စေတြ႕ပါၿပီ။

Second pick phase မွာ Team Secret က Sand King ထြက္လာၿပီးေနာက္ SK, AA ဆိုတဲ့ backline ကို ဝင္ရွင္းဖို႔ Vision အားသာခ်က္ကို AOE silence ေရာပါတဲ့ NS ကို ထပ္ထုတ္လာတာ reasonal pick ဆိုေပမယ့္ ထုံးစံအတိုင္း Playmaker ေပ်ာက္ေနေသးၿပီး hero ေတြ အကုန္ pick အၿပီးမွာေတာ့ pugna ဟာ Topson ရဲ႕ mid ျဖစ္ေနတဲ့အတြက္ ေျပာရရင္ ထုံးစံအတိုင္း Team Secret ရဲ႕ pick power ဟာ mid game နဲ႔ late game ေတာ္ေတာ္ေလး အားေကာင္းေနၿပီး အေစာပိုင္း objectives ေတြ အတြက္သာ စိုးရိမ္စရာ ရွိတာပါ။

ပြဲထဲ ေရာက္ေတာ့လည္း laning phase အစမွာတည္းက Secret ေတြ ရွယ္လုပ္ပါတယ္။ ဘယ္လမ္းမွ pressure မရွိပါဘူး။ lane ေတြ ေဆာ့တာကလည္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ အျပည့္နဲ႔ heroes kills ေတြပါ အရယူႏိုင္တာပါ။ ဒါေပမဲ့ OG လည္း laning မွာ ဘာ pressure မွ အဲ့ေလာက္မရွိခဲ့ပါဘူး။ Laning အၿပီးမွာေတာ့ Great Cleave နဲ႔ free farm ရေနတဲ့ Sven က OG ရဲ႕ networth ေတြ ေတာ္ေတာ္ေလး ေခါင္းေထာင္ေနရျခင္း အေၾကာင္းအရင္းပါပဲ။

Midone ရဲ႕ itemization ေတြကလည္း ေတာ္ေတာ္ေလး ေပပါတယ္။ အထက္မွာ ေျပာတဲ့အတိုင္း သုံးပြဲလုံး Bracer၊ Wraith band တစ္ခုမွ ထည့္မသြားပါဘူး။ Sven ကိုလည္း Phase Boots, Magic Wands, Mask of Madness, Echo Sabre နဲ႔ Black King Bar ရယ္ပါ။ over farm ျဖစ္ေနၿပီး 20 minutes over 13000 ဆိုတဲ့ networth ေၾကာင့္ရယ္ IO ေၾကာင့္ရယ္ အသက္ရႉေခ်ာင္ေနတာပါ။ တစ္ဖက္က crowd control ေတြ တအားမ်ားေတာ့ BKB နဲ႔ God’s strength မရွိတဲ့ အခ်ိန္တိုင္းက ငရဲပါပဲ။ BKB 5sec ေလာက္ အေရာက္ဆို ေတာ္ေတာ္ေလး ဒုကၡေရာက္ေနခဲ့တာပါ။

တစ္ဖက္မွာလည္း Matu က ဒီ့ထက္ဆိုးတဲ့ အေျခအေနနဲ႔ပါ။ Mid Game ေလာက္ထိ Midone ထက္ အမွားပိုမ်ားၿပီး farm ရတာလည္း ပိုၾကာပါတယ္။ Mask of Madness အၿပီးမွာလည္း ေနာက္ထပ္ farm တာ Black King Bar ပါ။ အသင္းက battle heroes ေတြ မ်ားေတာ့ သူကိုယ္လည္း space ျပန္ခ်ဳံ႕ၿပီး ေတာ္ေတာ္ေလး Battle ေတြကို follow လုပ္ပါတယ္။ OG ေတြ ကလည္း Roshan battles ေတြကို အေကာင္းဆုံးဆိုင္ၿပီး Map ကို အေကာင္းဆုံး control လုပ္ထားတာပါ။

ပြဲရဲ႕ Draft ကေတာ့ ၾကာၾကာေဆာ့ေလေလ Secret က ႀကိဳက္ေလေလဆိုေတာ့ points ေတြပဲ ဆြဲထုတ္ျပပါေတာ့မယ္။ OG ရဲ႕ မဟာအမွားႀကီး ကေတာ့ Sven ကို save ၿပီးေတာ့မွ သတ္ကြင္းထဲ ျပန္ေခၚသြားတဲ့ Notail ရဲ႕ လုပ္ရပ္ပါ ( Agent-N is real :v )။ 23:20 က ျဖစ္ရပ္မွာ Wicked sick Sven ေသခဲ့ၿပီး Kunkka 600 ေက်ာ္ gold ရလိုက္ပါတယ္။ OG ရဲ႕ game tempo ေတာ္ေတာ္ေလး ျပန္က်သြားၿပီး FV ကို အခ်ိန္ပို ေပးလိုက္တာ ပါပဲ။

33:30 မွာ Kunnka (67sec), FV (57sec) no buyback ႏွစ္ေကာင္ ဂဏန္းၿငိမ္ေနၿပီး 3 vs 5 (ageis ပါအပါ) ေရမီးအစုံနဲ႔ ေလထီးခုန္မယ့္ OG ေတြကို suprise နဲ႔အတူ Epicenter, Burrowstrike, Sand Strom နဲ႔ ၀င္ၿပီး Pugna, Dark Willow ကို အရသတ္ေပးလိုက္တာကေတာ့ YapzOr ပါ။ အဲ့ Batttle မွာ Ancient ရဲ႕ Ice Blast ကို Puppey ကိုယ့္ရင္ခြင္ထဲကို ထည့္လိုက္တာပါ၊ တစ္ေယာက္မွကို မထိပါဘူး။ Big game changing တစ္ကြက္ကေတာ့ YapzOr တစ္ေယာက္တည္းနဲ႔ တစ္ေလာကလုံးကို ေျပာင္းလဲလိုက္ၿပီး ေရမီးအစုံနဲ႔ ေလထီးခုန္မယ့္ ေကာင္ေလးေတြ God’s Strength, BKB မရွိလို႔ ေနာက္ျပန္ဆုတ္ေပးလိုက္ရတာပါပဲ။

အဲ့ဒါအၿပီးမွာေတာ့ Lotus gaming နဲ႔အတူ BKB မရွိတဲ့ အခ်ိန္တိုင္း Sven လုံးဝ႐ူးသြပ္ေနၿပီး Matu ရဲ႕ BKB အၿပီး ေနာက္ပိုင္းသြားတဲ့ itemization ေတြရယ္ Mid game အလြန္က play ေတြရယ္ကို OG ေတြ ထိန္းခ်ဳပ္လို႔ မရေတာ့ပါဘူး။ Secret က roshan ႏွစ္ခုေပးခဲ့သမွ် ေနာက္ဆုံး roshan ကိုေတာ့ battle အႏိုင္နဲ႔ပါ အရယူႏိုင္ခဲ့ၿပီး တစ္လမ္း Mega အရ ယူခဲ့ပါတယ္။ ေနာက္ဆုံး Battle ကေတာ့ လက္ဖ်ားခါေလာက္ေအာင္ Nisha+Matu ေကာင္းလြန္းခဲ့ၿပီး 2 vs 5 ျပန္ယွဥ္ခ်ခဲ့တာပါ။ ( Underlord, AA no buyback )

SK buy back လုပ္ၿပီး ျပန္ join တဲ့ ထို Battle က ႏွစ္မိနစ္စြန္းစြန္း ၾကာခဲ့ၿပီး 51:08 မွာ cool down ျဖစ္ေနတဲ့ BKB ရယ္ power treads ရယ္ကို ေအာက္ခ်ၿပီး ရွိတဲ့ refresher shard အေပၚတင္၊ Nisha က Cheese လာေပးတဲ့ movement ေလးက ေတာ္ေတာ္ေလး လွပေကာင္းမြန္ၿပီး Midone မုန္းတဲ့ Time walk ေတြကေတာ့ ေတာ္ေတာ္ေလး လုပ္ျပေနခဲ့ပါတယ္။

အဆုံးသတ္ တိုက္ကြက္ ကိုေတာ့ ထုံးစံအတိုင္း YapzOr က Epicenter နဲ႔အတူ no buy back Sven ကို သတ္လိုက္တာပါ။ OG ရဲ႕ အေကာင္းဆုံး ဦးေဆာင္မႈနဲ႔ အသာစီး ယူႏိုင္မႈေတြ အားလုံးကို YapzOr အႀကီးအက်ယ္ ေႏွာက္ယွက္ ဖ်က္ဆီးခဲ့ၿပီး Game 1 ကို 53:19 မွာTeam Secret က Throne ကို ခ်ိဳးကာ အရယူ ႏိုင္ခဲ့ပါတယ္။

Game 2

Game 2 Draft

Game 2 မွာေတာ့ Puppey က IO ကို ban ကာ Tiny ကို လႊတ္ေပးလိုက္ပါတယ္။ OG ကလည္း pick ပါတယ္။ ဒါေပမယ့္ ေပးလိုက္ရမွာဆိုးလို႔ pick တဲ့ ပုံစံသာ ျဖစ္ေနၿပီး Saksa Tiny ေဆာ့တာ ျမင္ေတာင္ မျမင္ဖူးပါဘူး။ ေသခ်ာတာက Topson ေဆာ့မယ္ ဆိုတာပါပဲ။

ေနာက္တစ္ခုက Puppey ရဲ႕ out-drafting ေတြပါ။ pick တိုင္းက cover ၿပီးသား counter ၿပီးသားေတြႀကီးပါ။ ပုံပါ ban list ေတြကို ၾကည့္ရင္ second draft phase မွာ FV, MK, PA စတဲ့ carry hero ေတြခ်ည္း ban ၿပီး OG ေဆာ့တဲ့ Beastmaster လိုေကာင္ pick မွာ စိုးတဲ့အတြက္ Chen ban အၿပီးမွာ Enchantress ကို အရ pick ပါတယ္။ OG draft ေတြက Beastmaster မ pick ရဲေတာ့ဘဲ Tusk ထြက္လာကာ ပိုပိုလိမ္သြားၿပီး ဒုကၡေရာက္ရပါတယ္။

OG က ေသခ်ာသာ Beastmaster လိုေကာင္မ်ိဳးနဲ႔ map control ခ်င္ရင္ 11 (ban) မွာတည္းက Ench ကို ban သင့္တာပါ။ ေနာက္ပြဲမွာေတာ့ 11(ban) မွာ Ench နဲ႔ 13(ban) မွာ Chen ကို ban ပါတယ္။ Puppey က ႐ိုး႐ိုးေလးပဲ 14(ban)ကို Beastmaster ကို ban လိုက္ပါတယ္။ ဒါျမင္သာတဲ့ ဥပမာေလးနဲ႔ အ႐ိုးရွင္းဆုံးေလးကို ေျပာျပတာပါ။ ကြၽန္ေတာ္လိုလူ လိုက္မမီႏိုင္တဲ့ လွည့္ကြက္၊ အေတြးအေခၚနဲ႔ အျမင္ေတြ အမ်ားႀကီး Puppey ဆီမွာ ရွိပါတယ္။ back to back TI champion ေတြေတာင္ outdrafting ဒဏ္ ခံေနရတာပါ။ ပြဲကေတာ့ ေျပာစရာ အမ်ားႀကီး မရွိေတာ့ interview က ဟာေလးေတြပဲ ထပ္ေကာက္ႏုတ္ခ်င္ပါတယ္။ Grand finals အၿပီး Yapzor+Zai interview မွာ Sheever စဖြင့္တဲ့ ေမးခြန္းေလးက သိပ္ေကာင္းပါတယ္။ အတိုခ်ဳံးနဲ႔ အထိေရာက္ဆုံး ေလာက္ပဲ ေျပာပါမယ္။

ေမး။ ။ Zai ေရ မင္းတို႔ finals ေတြ အမ်ားႀကီး ေလ်ာက္လွမ္းလာတာ အဲ့လိုေတြအတြက္ မင္းတို႔ draft ေတြကို ဘယ္လို ျပင္ဆင္လဲ။

ေျဖ။ ။ ငါတို႔က Ceb ရဲ႕ dotabuff ကို ၾကည့္ျခင္းနဲ႔ အစျပဳပါတယ္ (ရယ္လ်က္)၊ စတာပါ၊ ငါ ထင္တာကေတာ့ ေတာ္ေတာ္မ်ားမ်ား draft ျပင္ဆင္မႈေတြက မင္း ဘယ္လို ေဆာ့ရတာ သေဘာက် ႏွစ္သက္လဲ ဆိုတာ အေျဖရွာတာပါ။ ၿပီးေတာ့ မင္းနဲ႔ အံ၀င္ဂြင္က် ျဖစ္ေနမယ့္ heroes ေတြကို ဦးစားေပး သတ္မွတ္ၿပီး ဘယ္လို match-ups ေတြက မင္းနဲ႔ သက္ေတာင့္သက္သာ အရွိဆုံးလဲ ဆိုတာ ရွာေဖြရပါတယ္။

ေမး။ ။ ဥပမာ – OD ဆိုရင္ေရာ အဲ့တာက မင္းတို႔ ျပင္ဆင္ထားမႈရဲ႕ အစိတ္အပိုင္းထဲမွာ ပါတာပဲလား၊ ဒါမွမဟုတ္ OD က game 2 အတြက္ အၿပီးျပည္စုံဆုံး ျဖစ္ေနတာ သိသာထင္ရွားေနလို႔လား။

ေျဖ။ ။ အဲ့ဒါ ငါ့ မဟာဦးေႏွာက္ႀကီးက လာတဲ့ အႀကံဉာဏ္ပဲ၊ ဘာလို႔လဲ ဆိုေတာ့ ငါက အရမ္းေကာင္းတဲ့ OD Player မို႔လို႔၊ ၿပီးေတာ့ OD က အဲ့ပြဲနဲ႔ draft မွာ တကယ့္ တကယ္ကို ေကာင္းမြန္တယ္၊ ၿပီးေတာ့ အဲ့ဒါ တကယ္ကို အလုပ္ျဖစ္ခဲ့တယ္ေလ။

ေျပာခ်င္တာက Team Secret က second pick အားသာခ်က္တိုင္းကို အသုံးခ်ၿပီး ဘယ္သူမွ မသုံးေပမယ့္ အဲ့ပြဲအတြက္ တကယ့္ အေကာင္းဆုံးျဖစ္တဲ့ OD pick ကို zai က suggest ေပးခဲ့တာပါ။ ပြဲထဲမွာကေတာ့ ရင္ခုန္စရာ ဆိုလို႔ Nisha က Haste rune ရွိတဲ့ 14:54 မွာ အယြလြန္ၿပီး Secret သုံးေကာင္ ေသတဲ့ဟာပဲ ရွိတာပါ။ က်န္တဲ့ အခ်ိန္ ေတာ္ေတာ္မ်ားမ်ားက Secret လုပ္ေနတာ Secret သမေနတာေတြပါပဲ။

တစ္ပြဲနဲ႔ တစ္ပြဲက ပိုပိုျပတ္သြားၿပီး Secret ေကာင္းေၾကာင္း ထပ္ကို မေျပာခ်င္ေပမယ့္ ခုဒီ game နဲ႔ ပတ္သက္တာ ထပ္ေျပာခ်င္တာေလးက Matu ပါ။ Itemization ေတြ အသင္းနဲ႔အတူ တြဲေဆာ့မႈေတြက ဘယ္ carry player မဆို ေလ့လာအတုယူသင့္ပါတယ္။ Armlet, Desolater, Nullifier နဲ႔ Guardian Angel လည္း လာထား ေအးေဆးေလးပါပဲ။

Arteezy လို လူမ်ိဳးကေတာင္ တေလးတစားနဲ႔ သူၾကည့္ၿပီး ေလ့လာသင္ယူေနတဲ့သူက Matu ပါတဲ့။ Miracle ဟာ တစ္ေခတ္မွာ တစ္ေယာက္ ဆိုတဲ့ လူစားမ်ိဳး ျဖစ္ၿပီး အဖက္ဖက္က ျပည့္စုံတဲ့ ပါရမီရွင္ပါ။ သူေတြးသလို၊ သူေဆာ့သလိုနဲ႔ သူ map ေ႐ြ႕သလို ေ႐ြ႕ဖို႔က အရမ္း ခက္ခဲနက္နဲလြန္းပါတယ္။ လူငယ္ carry ေတြကို အႀကံေပးခ်င္တာက Matu တို႔ Nikobaby တို႔ကို မ်ားမ်ားၾကည့္ မ်ားမ်ား ေလ့လာသင့္ပါတယ္။

ဂိမ္းနံပါတ္ ၂ ကေတာ့ 25:25 က Matu ရဲ႕ Lifestealer Rampage ရၿပီးေတာ့ Nisha ရဲ႕ ပြဲသိမ္း Ultra kills နဲ႔ အတူပဲ ေနာက္ေဖးေပါက္ကေန ေခ်ာင္းၾကည့္႐ုံ သက္သက္လုပ္လာတဲ့ Buy back ေတြနဲ႔ OG ေတြ 29 မိနစ္မွာ GG ေခၚလိုက္ပါေတာ့တယ္။

Game 3

Game 3 Draft

အေပၚမွာ ေျပာထားတာေတြ ေတာ္ေတာ္မ်ားမ်ားနဲ႔ေတာင္ လုံေလာက္ေနၿပီး Game 3 အတြက္က ေျပာစရာ ဘာမွ မရွိသေလာက္ပါပဲ။ တစ္ပြဲနဲ႔တစ္ပြဲ ပိုပိုခ်ိနဲ႔သြားတဲ့ OG ေတြကို ၾကည့္ရတာ ေတာ္ေတာ္ အားမရစရာပါ။ Draft, Laning မွာတည္းက Team Secret နဲ႔ ကမာၻေတြ ျခားေနခဲ့ပါၿပီ။

ဒီ Game က TI 9 Grand Finals က Game 3 ကို ျပန္ေျပာင္းအမွတ္ရေစပါတယ္။ အဖက္ဖက္က ဘယ္လိုမွ နာလန္မထူ ႏိုင္တဲ့ေနာက္ေတာ့ OG ေတြဟာ Gambling လုပ္တဲ့ Do or Die Battle ေတြ ဆက္တိုက္လုပ္ၿပီး ေတာင့္ခံဖို႔ ဘယ္လိုမွ မျဖစ္ေတာ့တဲ့ အဆုံး 22:22 မွာ GG ေခၚလိုက္တဲ့ေနာက္ Finals ၇ ပြဲဆက္ 3:0 နဲ႔အတူ ယခုလက္ရွိ Team Secret ဟာ သမိုင္းတစ္ေလ်ာက္ အႀကီးအက်ယ္ဆုံးနဲ႔ အလႊမ္းမိုးဆုံး DOTA 2 အသင္း ျဖစ္လာခဲ့ပါတယ္။

Khant Ko Pyae Thu (Hypnos)