[Unicode]

ပွဲကြီးပွဲကောင်းတစ်ခုဖြစ်လာဦးမယ့် OMEGA League: Europe Immortal Division

 

Epic Esports Events နဲ့ WePlay! တို့ ပူးတွဲကျင်းပတဲ့ OMEGA League ရဲ့ ဆုကြေးအများဆုံးနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်တဲ့ OMEGA League: Europe Immortal Division ကတော့ မကြာခင် အချိန်တိုအတွင်းမှာ စတင်တော့မှာဖြစ်ပါတယ်။ OMEGA League ကို Europe, America နဲ့ Asia Region ကြီး ၃ ခုမှာကျင်းပခဲ့ပြီး အဆိုပါလိဂ်ပြိုင်ပွဲရဲ့ အမြင့်ဆုံးအဆင့်လို့ဆိုရမယ့် Immortal Division ကိုတော့ အသင်းကောင်းတွေ အများဆုံးရှိတဲ့ Europe မှာပဲကျင်းပသွားမှာပါ။

OMEGA League: Europe Immortal Division ပြိုင်ပွဲမှာ ဆုကြေးအနေနဲ့ ဒေါ်လာ ၅ သိန်းတိတိ ချီးမြှင့်သွားမှာဖြစ်ပြီး တိုက်ရိုက်ဖိတ်ခေါ်ခြင်းခံရတဲ့ အသင်း ၁၀ သင်းနဲ့ လက်ရည်စစ်ပွဲက တစ်ဆင့် အောင်မြင်လာတဲ့ အသင်း ၂ သင်း၊ စုစုပေါင်း ၁၂ သင်းတို့က ယှဉ်ပြိုင်ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုအနေနဲ့ NA ရဲ့အင်အားအကြီးဆုံးအသင်းလို့ဆိုရမယ့် EG ကလည်း Europe Region အတွက် ကျင်းပပေးတဲ့ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဦးမှာပါ။

OMEGA League: Europe Immortal Division ပြိုင်ပွဲကို တိုက်ရိုက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ အသင်းတွေကတော့ Team Secret, Na’Vi, Team Liquid, Virtus.pro, Fly To Moon, Evil Geniuses, OG, Alliance, Team Nigma, Ninjas in Pyjamas တို့ဖြစ်ပြီး လက်ရည်စစ်ပွဲကတစ်ဆင့် တက်ရောက်လာတဲ့ အသင်းတွေကတော့ OG.Seed, Cloud9 အသင်းသားဟောင်းတွေပါဝင်တဲ့ 5men နဲ့ Vikin.gg အသင်းတို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ၁၂ သင်းကို အုပ်စု ၂ စုခွဲကာ ယှဉ်ပြိုင်စေမှာဖြစ်ပြီး အုပ်စုအနေအထားကိုတော့ အောက်ကဇယားမှာ ကြည့်ရှုနိုင်ပါတယ်။

Update – 5men in Group A & Vikin.gg in Group B

ဒီပြိုင်ပွဲကို Group Stage နဲ့ Playoffs ဆိုပြီး အဆင့် ၂ ဆင့်ခွဲကာကျင်းပသွားမှာပါ။ Group Stage မှာ အသင်းပြည့်ပတ်လည် BO3 ကစားရမှာဖြစ်ပြီး အုပ်စုထိပ်ဆုံး ၂ သင်းစီက Playoffs အဆင့်ရဲ့ Upper Bracket ကိုလည်းကောင်း၊တတိယနေရာကအသင်းတွေက Playoffs အဆင့်ရဲ့ Lower Bracket ကိုလည်းကောင်းတက်ရောက်သွားနိုင်မှာဖြစ်ပြီး အုပ်စုဇယားရဲ့အမှတ်အနည်းဆုံး ၁ သင်းစီကတော့ ပြိုင်ပွဲကနေထွက်ခွာသွားရမှာပဲဖြစ်ပါတယ်။

အုပ်စုဇယားမှာ အဆင့် ၄ နဲ့ ၅ နေရာရရှိခဲ့တဲ့အသင်းတွေကတော့ Play-in လို့ခေါ်တဲ့ကြားအဆင့်မှာဆော့ကစားရဦးမှာဖြစ်ပြီး အနိုင်ရရှိတဲ့ ၂ သင်းကတော့ Playoffs အဆင့်ရဲ့ Lower Bracket ကိုတက်ရောက်နိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ Playoffs အဆင့်မှာ ထုံးစံအတိုင်း Double Elimination ပုံစံကိုမှ BO3 ယှဉ်ပြိုင်ရမှာဖြစ်ကာ Grand Final တစ်ခုတည်းမှာပဲ BO5 ယှဉ်ပြိုင်ဆော့ကစားရမှာပါ။

လာမယ့် ဩဂုတ် ၁၄ ရက်နေ့မှာ OMEGA League: Europe Immortal Division ပြိုင်ပွဲရဲ့ Group Stage ပွဲစဉ်တွေစတင်မှာဖြစ်ပြီး Playoffs ပွဲစဉ်တွေကတော့ စက်တင်ဘာ ၂ ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ခေတ္တအနားယူထားတဲ့ Europe ပုလ္လင်နန်းပေါ်ကဘုရင်ကြီး Team Secret, OGA Dota Pit ဆုဖလားကို လောလောလတ်လတ်ဆွတ်ခူးထားတဲ့ Team Nigma, NA ကနေတကူးတကလှမ်းပြိုင်မယ့် Evil Geniuses, TI ကိုနှစ်ကြိမ်တိုင်တိုင်ရယူပြီး သမိုင်းသစ်ရေးထွင်းထားနိုင်တဲ့ OG တို့လိုအသင်းကြီးတွေအပြင် Alliance, Team Liquid, VP နဲ့ FTM လိုဖျက်မြင်းကောင်းအသင်းတွေပါဝင်တာကြောင့် စောင့်ကြည့်ရကျိုးနပ်မယ့် ပြိုင်ပွဲကောင်းတစ်ခုဖြစ်လာဖို့က သေချာသလောက်ပါပဲ။


[ZawGyi]

ပြဲႀကီးပြဲေကာင္းတစ္ခုျဖစ္လာဦးမယ့္ OMEGA League: Europe Immortal Division

 

Epic Esports Events နဲ႔ WePlay! တို႔ ပူးတြဲက်င္းပတဲ့ OMEGA League ရဲ႕ ဆုေၾကးအမ်ားဆုံးနဲ႔ ၿပိဳင္ဆိုင္မႈအျပင္းထန္ဆုံးျဖစ္တဲ့ OMEGA League: Europe Immortal Division ကေတာ့ မၾကာခင္ အခ်ိန္တိုအတြင္းမွာ စတင္ေတာ့မွာျဖစ္ပါတယ္။ OMEGA League ကို Europe, America နဲ႔ Asia Region ႀကီး ၃ ခုမွာက်င္းပခဲ့ၿပီး အဆိုပါလိဂ္ၿပိဳင္ပြဲရဲ႕ အျမင့္ဆုံးအဆင့္လို႔ဆိုရမယ့္ Immortal Division ကိုေတာ့ အသင္းေကာင္းေတြ အမ်ားဆုံးရွိတဲ့ Europe မွာပဲက်င္းပသြားမွာပါ။

OMEGA League: Europe Immortal Division ၿပိဳင္ပြဲမွာ ဆုေၾကးအေနနဲ႔ ေဒၚလာ ၅ သိန္းတိတိ ခ်ီးျမႇင့္သြားမွာျဖစ္ၿပီး တိုက္႐ိုက္ဖိတ္ေခၚျခင္းခံရတဲ့ အသင္း ၁၀ သင္းနဲ႔ လက္ရည္စစ္ပြဲက တစ္ဆင့္ ေအာင္ျမင္လာတဲ့ အသင္း ၂ သင္း၊ စုစုေပါင္း ၁၂ သင္းတို႔က ယွဥ္ၿပိဳင္ေဆာ့ကစားသြားမွာပဲျဖစ္ပါတယ္။ ထူးျခားခ်က္တစ္ခုအေနနဲ႔ NA ရဲ႕အင္အားအႀကီးဆုံးအသင္းလို႔ဆိုရမယ့္ EG ကလည္း Europe Region အတြက္ က်င္းပေပးတဲ့ ဒီၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္သြားဦးမွာပါ။

OMEGA League: Europe Immortal Division ၿပိဳင္ပြဲကို တိုက္႐ိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚခံခဲ့ရတဲ့ အသင္းေတြကေတာ့ Team Secret, Na’Vi, Team Liquid, Virtus.pro, Fly To Moon, Evil Geniuses, OG, Alliance, Team Nigma, Ninjas in Pyjamas တို႔ျဖစ္ၿပီး လက္ရည္စစ္ပြဲကတစ္ဆင့္ တက္ေရာက္လာတဲ့ အသင္းေတြကေတာ့ OG.Seed, Cloud9 အသင္းသားေဟာင္းေတြပါဝင္တဲ့ 5men နဲ႔ Vikin.gg အသင္းတို႔ပဲ ျဖစ္ပါတယ္။ အဆိုပါ ၁၂ သင္းကို အုပ္စု ၂ စုခြဲကာ ယွဥ္ၿပိဳင္ေစမွာျဖစ္ၿပီး အုပ္စုအေနအထားကိုေတာ့ ေအာက္ကဇယားမွာ ၾကည့္ရႈႏိုင္ပါတယ္။

Update – 5men in Group A & Vikin.gg in Group B

ဒီၿပိဳင္ပြဲကို Group Stage နဲ႔ Playoffs ဆိုၿပီး အဆင့္ ၂ ဆင့္ခြဲကာက်င္းပသြားမွာပါ။ Group Stage မွာ အသင္းျပည့္ပတ္လည္ BO3 ကစားရမွာျဖစ္ၿပီး အုပ္စုထိပ္ဆုံး ၂ သင္းစီက Playoffs အဆင့္ရဲ႕ Upper Bracket ကိုလည္းေကာင္း၊တတိယေနရာကအသင္းေတြက Playoffs အဆင့္ရဲ႕ Lower Bracket ကိုလည္းေကာင္းတက္ေရာက္သြားႏိုင္မွာျဖစ္ၿပီး အုပ္စုဇယားရဲ႕အမွတ္အနည္းဆုံး ၁ သင္းစီကေတာ့ ၿပိဳင္ပြဲကေနထြက္ခြာသြားရမွာပဲျဖစ္ပါတယ္။

အုပ္စုဇယားမွာ အဆင့္ ၄ နဲ႔ ၅ ေနရာရရွိခဲ့တဲ့အသင္းေတြကေတာ့ Play-in လို႔ေခၚတဲ့ၾကားအဆင့္မွာေဆာ့ကစားရဦးမွာျဖစ္ၿပီး အႏိုင္ရရွိတဲ့ ၂ သင္းကေတာ့ Playoffs အဆင့္ရဲ႕ Lower Bracket ကိုတက္ေရာက္ႏိုင္ခြင့္ရရွိမွာျဖစ္ပါတယ္။ Playoffs အဆင့္မွာ ထုံးစံအတိုင္း Double Elimination ပုံစံကိုမွ BO3 ယွဥ္ၿပိဳင္ရမွာျဖစ္ကာ Grand Final တစ္ခုတည္းမွာပဲ BO5 ယွဥ္ၿပိဳင္ေဆာ့ကစားရမွာပါ။

လာမယ့္ ဩဂုတ္ ၁၄ ရက္ေန႔မွာ OMEGA League: Europe Immortal Division ၿပိဳင္ပြဲရဲ႕ Group Stage ပြဲစဥ္ေတြစတင္မွာျဖစ္ၿပီး Playoffs ပြဲစဥ္ေတြကေတာ့ စက္တင္ဘာ ၂ ရက္ေန႔မွာစတင္မွာျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲမွာ ေခတၱအနားယူထားတဲ့ Europe ပုလႅင္နန္းေပၚကဘုရင္ႀကီး Team Secret, OGA Dota Pit ဆုဖလားကို ေလာေလာလတ္လတ္ဆြတ္ခူးထားတဲ့ Team Nigma, NA ကေနတကူးတကလွမ္းၿပိဳင္မယ့္ Evil Geniuses, TI ကိုႏွစ္ႀကိမ္တိုင္တိုင္ရယူၿပီး သမိုင္းသစ္ေရးထြင္းထားႏိုင္တဲ့ OG တို႔လိုအသင္းႀကီးေတြအျပင္ Alliance, Team Liquid, VP နဲ႔ FTM လိုဖ်က္ျမင္းေကာင္းအသင္းေတြပါဝင္တာေၾကာင့္ ေစာင့္ၾကည့္ရက်ိဳးနပ္မယ့္ ၿပိဳင္ပြဲေကာင္းတစ္ခုျဖစ္လာဖို႔က ေသခ်ာသေလာက္ပါပဲ။