(English Version Below)

[Zawgyi]


 



TNT Dota2



OGN Gaming



[Unicode]

မြန်မာ CSGO အသင်း OGN Gaming နဲ့ လက်တွဲခဲ့တဲ့ Fantech Myanmar

 

အင်ဒိုနီးရှား အမှတ်တံဆိပ်ဖြစ်တဲ့ Fantech Gear ဟာ မြန်မာ CSGO အသင်းတစ်သင်းဖြစ်တဲ့ OGN Gaming ကို တစ်နှစ်စာ စာချုပ်နဲ့ Sponsor ပေးဖို့ သဘောတူညီမှု ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
ထိုသဘောတူညီမှု မှာတော့ OGN အသင်းဟာ Fantech အမှတ်တံဆိပ်နဲ့ ဂျာစီတွေ ဝတ်ဆင်ကစားရမှာဖြစ်ပြီး OGN အတွက် Fantech Gaming Gear များကိုပါ ထောက်ပံမယ်လို့ သိရှိရပါတယ်။

Fantech Gear များကို ၂၀၁၈ သြဂုတ်လ ကတည်းက မြန်မာနိုင်ငံမှာ တရားဝင် တင်သွင်းရောင်းချနေတာဖြစ်ပြီး Gamer များကြား ရေပန်းစားနေတဲ့ Gaming Gear အမှတ်တံဆိပ်တစ်ခုပဲ ဖြစ်ပါတယ်။ Fantech Myanmar အနေနဲ့ မြန်မာ Esports Community နဲ့ မစိမ်းတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး TNT Dota2, Team Fairies အစရှိသည်တို့ကိုလည်း စပွန်ဆာပေးခဲ့ဖူးပါတယ်။

TNT Dota2

အဆိုပါ သဘောတူညီမှုကိုတော့ Fantech Myanmar ရဲ့ Founder ဖြစ်သူ ကိုကျော်သူဟိန်းမှ “မြန်မာ Esport လောက အတွက် ၊ မြန်မာ အသင်းတွေ ကစားသမားတွေ ပိုမို တိုးတက်လာစေဖို့ အတွက် ခုလို တစ်ဖက်တစ်လမ်းက ကူညီ ပံ့ပိုးခွင့်ရတာကို ဝမ်းမြောက်မိကြောင်း ၊ နောင်ကိုလည်း CSGO မှ မက အခြား platform၊ အခြား အသင်း တွေကိုလည်း တတ်အား သရွေ့ ကူညီ ပံ့ပိုးသွားမှာ ဖြစ်တဲ့ အကြောင်း” Gaming Noodle ကို ဖြေကြားခဲ့ပါတယ်။

OGN Gaming ဟာ ၂၀၁၈ မေလ မှာစတင်တည်ထောင်ခဲ့တဲ့ CSGO အသင်းတစ်ခုဖြစ်ပြီး လက်ရှိ Yangon CSGO Network ရဲ့ Premium အဆင့်မှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ OGN Gaming ရဲ့ Roster တွေကတော့ m3rcy, Dagger, Damage, BuSker နဲ့ Kreaz တို့ပဲ ဖြစ်ပါတယ်။

OGN Gaming

Fantech Myanmar ကိုရွေးချယ်ခဲ့ခြင်းအပေါ်ကို OGN Gaming ရဲ့ Captain ဖြစ်သူ Htet Myat Minn (Dagger) က “Fantech Myanmar အနေနဲ့အသင်းအတွက် jersey နဲ့ အသင်းသားများလိုအပ်သည့် Gaming gears များကို ကူညီထောက်ပံ့သွားမှာဖြစ်ပါတယ်။ Fantech နှင့်အတူလက်တွဲခွင့်ရသည့်အတွက် ကျွန်တော် တို့အသင်းကို ဒီ့ထက်ပိုပြီးကောင်းတဲ့ Performance တွေနဲ့အတူ အဆင့်တခုထိထပ်ရောက်အောင် ကြိုးစားသွားမှာပါ။ အခုလိုကူညီထောက်ပံ့ပေးသည့် အတွက်လဲ အသင်းသားများကိုယ်စား Fantech Myanmarကို ကျေးဇူးတင်ပါတယ်” ဟု Gaming Noodle ကို ပြောကြားခဲ့ပါတယ်။

 


[English]

Myanmar CSGO Team OGN Gaming partners with Fantech

Indonesian Gaming Gear Brand “FANTECH” partners with Myanmar CSGO team”OGN Gaming” with 12 months contract. In this agreement, OGN Gaming players will wear Fantech chest logo in their jersey and Fantech Myanmar will support gaming gears for the players.

Fantech entered Myanmar market in 2018 August and it becomes one of local famous brands eventually. Fantech brand is already familiar to Myanmar Esports community because they have been partnered with TNT Dota2 and Team Fairies before.

TNT Dota2

Fantech Myanmar founder Mr.Kevin Hein told to Gaming Noodle “We are honored to support local talents and Myanmar esports community and we will also keep eyes on others platforms and other teams to partner in future.”

OGN Gaming, which is founded in 2018 May, is formed by five talented local CSGO players. They are currently competing in Yangon CSGO Network Premium level and their roster includes m3rcy, Dagger, Damage, BuSker and Kreaz.

OGN Gaming

OGN’s Captain Dagger “Htet Myat Minn” told to Gaming Noodle that “Fantech Myanmar will support jersey and gaming gears for the players. We believe this partnership will improve our performance to next level and I would like to thank Fantech Myanmar on behalf of OGN Gaming”.