OGA Dota PIT Season 4 : Eu/CIS ရဲ့ ဒုတိယနေ့မှာတော့ Team Nigma နဲ့ OG အသင်းတို့ဟာ Upper Bracket Round 2 မှာပဲ တွေ့ဆုံခဲ့ကြပါတယ်။

OG အသင်းဟာ ဒီ tournament တစ်ခုလုံးမှာ Midone အစား ILTW ကို standin အဖြစ် ဆော့ကစားသွားမယ်လို့ ကြေညာခဲ့ပါတယ်။ OG အသင်းက ၂၀၁၉ ဇန်ဝါရီလမှာ ILTW ကို Espada အသင်းကနေ ငှားရမ်း ခေါ်ယူခဲ့ပေမယ့်လည်း မတ်လမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ သူထွက်သွားပြီး နောက်တစ်ရက်မှာပဲ Ana ဟာ OG အသင်းရဲ့ active roster စာရင်းထဲ ပြန်ပါဝင်ခဲ့ပါတယ်။ ILTW နဲ့ OG ဟာ အရင်ကတည်းက ဆော့ခဲ့ဖူးတော့ teamwork ပိုင်းတွေမှာ ထွေထွေထူးထူးပြောစရာတော့ မလိုခဲ့ပါဘူး။

Team Nigma အသင်းကလည်း အခုတလောမှာ Laning အရွေ့အပြောင်းတွေနဲ့ အတော်လေး အဆင်ပြေနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ နှစ်သင်းလုံးဟာ non-stop battles တွေနဲ့ ပွဲဟာ အတော်လေးကြည့်လို့ကောင်းခဲ့ပါတယ်။

Game 1 – Team Nigma အသင်းအနေနဲ့ Topson ရဲ့ heroes တွေ ဖြစ်တဲ့ Morphling, Snapfire တို့ကို ban ခဲ့ပါတယ်။ OG အသင်းကတော့ Vengeful Spirit, IO တို့ကို ban ခဲ့ပြီး Phoenix, Magnus, Shadow Demon, Troll Warlord, Gyro တို့ကို ရွေးချယ်ခဲ့ပါတယ်။ Team Nigma  အသင်းက Mirana, Faceless Void, Witch Doctor, Slardar, Zeus တို့ကို ရွေးချယ်ခဲ့ပါတယ်။ Zeus last pick ဟာ Team Nigma  အသင်းအတွက်တော့ အရမ်းအသုံးဝင်ခဲ့ပါတယ်။

Mind Control ရဲ့ Slardar ဟာ rune ထွက်ပြီးပြီးချင်းမှာပဲ Mirana နဲ့ ပေါင်းပြီး Phoenix ကို first blood ရရှိခဲ့ပါတယ်။ First Blood gold 293 နဲ့ အတူ Slardar ဟာ တော်တော်လေး အဆင်ပြေခဲ့ပြီး ၃ မိနစ် မရောက်ခင်မှာပဲ Troll Warlord ကိုပါ ထပ်ရခဲ့ပါတယ်။

Mid မှာလည်း Zeus ဟာ haste rune နဲ့ Gyro ကို သတ်ခဲ့ပါသေးတယ်။ ၁၀ မိနစ်အကျော်မှာပဲ Team Nigma အသင်းဟာ 11-3 ဆိုတဲ့ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီး team networth ဟာလည်း 4k ထိ ပြတ်နေခဲ့ပါတယ်။ Troll Warlord တစ်ယောက်ပဲ empower နဲ့ farm နေခဲ့ပြီး ၁၇ မိနစ်အကျော်မှာပဲ yasha, bkb ကို ရရှိခဲ့ပါတယ်။ ILTW ရဲ့ Troll အနေနဲ့ နိမ့်နေတဲ့ battle တွေမှာ ပါဝင်အားဖြည့်ခဲ့ပါတယ်။

Troll Warlord ပါဝင်တဲ့ ပထမဆုံး battle မှာပဲ Team Nigma အသင်းဟာ team wipe တစ်ခါ ပေးခဲ့ရပြီး OG အသင်းကတော့ Troll နဲ့ Shadow Demon ပြန်ပေးခဲ့ရပါတယ်။ Void ရဲ့ Chrono တွေဟာ 3 men တွေချည်းဖြစ်ခဲ့ပေမယ့်လည်း Gyro ရဲ့ magic type တွေနဲ့ back line နှောင့်ယှက်မှုတွေကြောင့် Team Nigma အသင်းဟာ နောက်ပိုင်း battle တွေမှာ အရေးနိမ့်လာပြီး ပွဲဟာလည်း ညီမျှလာခဲ့ပါတယ်။

၃၇ မိနစ်မှာ OG အသင်း roshan ယူဖို့ စတင်ကြိုးစားခဲ့ပါတယ်။ roshan သေခါနီးမှာပဲ Miralce ရဲ့ Void ဟာ Chrono နဲ့ roshan ယူခဲ့ပြီး roshan က ရတဲ့ refresher shard နဲ့ပဲ နောက်ထပ် chrono ကို ထပ်သုံးခဲ့ပြီး Troll Warlord ကို သတ်နိုင်ခဲ့ပါတယ်။ Troll သေပြီးတော့ OG လည်း ဘယ်လိုမှ မနိုင်တော့ဘဲ Magnus, Gyro တို့ပါ ထပ်ပေးခဲ့ရပါတယ်။

အဲဒီ advantages နဲ့ပဲ Team Nigma ဟာ mega 2 လမ်းကို ရရှိခဲ့ပါတယ်။ OG အသင်းလည်း နောက်ပိုင်း battle တွေမှာ comeback နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အကျအရှုံးတွေများခဲ့ပြီး ၄၉ မိနစ်မှာတော့ GG ခေါ်ခဲ့ပြီး game 1 ကို အရှုံးပေးခဲ့ရပါတယ်။

Game 2 – နှစ်သင်းလုံးဟာ Game 1 ကလိုပဲ Morphling, Snapfire, IO, Vengeful Spirit တို့ကို ban ခဲ့ပါတယ်။ Team Nigma အသင်းအနေနဲ့ Phoenix, Sven, Storm Spirit, Dark Seeker, Spirit Breaker တို့ကို ရွေးချယ်ခဲ့ပြီး OG အသင်းကတော့ Omniknight, Troll Warlord, Earth Spirit, Puck, Blood Seeker တို့ကိုရွေးချယ်ခဲ့ပါတယ်။

Troll Warlord ဟာ Sven ရှိတဲ့ အပေါ်လမ်းကို သွားထိန်းခဲ့တာက OG အသင်းအတွက် မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်ခဲ့ပါတယ်။ Miracle ရဲ့ Sven အနေနဲ့ lane မှာ ဘယ်လိုမှ အဆင်မပြေတော့ဘဲ ၄ မိနစ်မှာတင် jungle ထဲဝင်ပြီး farm ခဲ့ရပါတယ်။ Mid မှာလည်း Puck ဟာ Earth Spirit နဲ့ ပူးပေါင်းပြီး Storm ကို သတ်နိုင်ခဲ့ပါတယ်။

Game 2 မှာတော့ OG အသင်းဟာ Team Nigma အသင်းကို တော်တော်လေး ဖိအားပေးနိုင်ခဲ့ပြီး sven ကိုလည်း အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ Blood Seeker ရဲ့ rupture တွေဟာ Sven အတွက်ပဲဖြစ်ခဲ့ပြီး Sven အနေနဲ့တော့ အတော်လေး အခက်တွေ့ခဲ့ရပါတယ်။

၂၂ မိနစ် Sven bkb ရတဲ့အချိန်မှာတော့ Team Nigma အသင်းဟာ battle ဆိုင်ဖို့ ကြိုးစားခဲ့ပေမယ့် Puck နဲ့ Earth Spirit တို့ကိုသာ ရရှိခဲ့ပြီး Troll Warlord ရဲ့ ခုတ်ချက်နဲ့ပဲ Sven ပြန်သေခဲ့ရပါတယ်။ Team Nigma အနေနဲ့ ဘယ်လိုမှ ယှဉ်မချနိုင်တော့ဘဲ ၂၄ မိနစ်မှာတော့ GG ခေါ်ခဲ့ပြီး Game 2 ကို အရှုံးပေးခဲ့ပါတယ်။

Game 3 – Team Nigma အသင်းဟာ Earth Spirit, Death Prophet, Keeper of the Light, Tidehunter, Phantom Assassin တို့ကိုရွေးချယ်ခဲ့ပြီး OG အသင်းကတော့ Omniknight, Sven, Mirana, Oracle, Slark တို့ကိုရွေးချယ်ခဲ့ပါတယ်။

Game 3 မှာတော့ OG အသင်းဟာ Draft မှာ အလှည့်အပြောင်းတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ Oracle အနေနဲ့ mid hero ဖြစ်ခဲ့ပြီး Sven ဟာလည်း offlane ဖြစ်ခဲ့ပါတယ်။ Last pick Slark နဲ့အတူ တစ်ဖက်အသင်းရဲ့ Tidehunter ကို zoning လုပ်နိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ Team Nigma အသင်းကလည်း laning တွေ ပြောင်းလဲခဲ့ပြီး Tide ကို safelane လွှတ်ခဲ့ပြီး PA ကို mid လွှတ်ခဲ့ပါတယ်။

နှစ်သင်းလုံးရဲ့ Laning တွေဟာ အဆင်ပြေခဲ့တယ် ဆိုပေမယ့်လည်း Slark ဟာ ၆ မိနစ်မှာပဲ permanent agility 5 ခုကို ရရှိခဲ့ပါတယ်။ Game 3 မှာ နှစ်သင်းလုံးဟာ အမှားမခံတော့ဘဲ တစ်သင်းရဲ့ အမှားကို တစ်သင်းက စောင့်နေခဲ့ပြီး battle တွေ ဆိုင်ခဲ့ကြပါတယ်။ bkb မပါသေးတဲ့ slark ဟာ ၂၅ မိနစ်မှာပဲ Death Prophet ရဲ့ Silence နဲ့အတူ gank ခံရလိုက်ပြီး သေသွားခဲ့ပါတယ်။ Slark သေနေတုန်းမှာပဲ Team Nigma အသင်းဟာ အပေါ်လမ်း mega တစ်ခုကို ရရှိခဲ့ပါတယ်။

Mid tower ကို ဆက် push ဖို့ ကြိုးစားနေတဲ့ Team Nigma အသင်းဟာ Sven, Oracle, Omniknight, Mirana တို့ကို ရရှိခဲ့ပြီး buyback လုပ်လာခဲ့တဲ့ Oracle, Omniknight တို့ဟာ die back ပြန်ဖြစ်သွားခဲ့ပါတယ်။ Team Nigma အသင်းအနေနဲ့ objective မယူခဲ့ဘဲ Slark ကို လိုက်သတ်ခဲ့တာဟာ မဟာအမှားကြီး ဖြစ်ခဲ့ပါတယ်။ Slark ဟာ မသေခဲ့ဘဲ ပြန်ထွက်လာတဲ့ Sven နဲ့အတူ PA, Tidehunter တို့ကို ရရှိခဲ့ပါတယ်။ အဲဒီ comeback point ကနေပြီးပဲ OG အသင်းဟာ အကောင်းဆုံးပုံစံတွေနဲ့ ပြန်လည် ဆော့ပြခဲ့ပြီး ပွဲဟာ အတော်လေး ကြည့်လို့ကောင်းခဲ့ပါတယ်။

၄၃ မိနစ်မှာတော့ Slark ဟာ divine rapier ကို ဝယ်ခဲ့ပြီး Miracle ရဲ့ PA ဟာလည်း 46 မိနစ်မှာ divine rapier ကိုဝယ်ခဲ့ပါတယ်။ နှစ်သင်းလုံးအတွက်တော့ နောက်ဆုံး battle ဆိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ Team Nigma ရဲ့ smk gank ကို OG အသင်းအနေနဲ့ စောင့်နေခဲ့ပြီး အကောင်းဆုံး ပြန်လည်ဆိုင်ခဲ့ပါတယ်။ အဲဒီ battle မှာလည်း Team Nigma အသင်းဟာ team wipe ဖြစ်ခဲ့ပြီး Slark ဟာ divine rapier နှစ်ချောင်းနဲ့ ၄၈ မိနစ်မှာတော့ ပွဲကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ Slark ရဲ့ permanent agility ဟာ ပွဲပြီးချိန်မှာတော့ ၂၆ အထိရှိခဲ့ပါတယ်။ Team Nigma vs OG ပွဲစဉ် ၃ ပွဲလုံးရဲ့ total hero kills ဟာ 222 အထိ ရှိခဲ့ပါတယ်။

OGA Dota PIT S4: Eu/CIS မှာတော့ OG အသင်းဟာ Upper Bracket Final ကို တက်ရောက်နိုင်ခဲ့ပြီး Navi အသင်းနဲ့ ကစားရမှာပဲဖြစ်ပါတယ်။ Team Nigma အသင်းကတော့ Lower Bracket Round 2 ကို ရောက်ရှိခဲ့ပြီး Mudgolems နဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။