[Unicode]

OG ရဲ့ ကိုယ်ပိုင် CS:GO အသင်း စတင်ဖွဲ့စည်းမည်

 

Dota 2 မှာ TI ၂ နှစ်ဆက်ချန်ပီယံအသင်းဖြစ်ခဲ့တဲ့ OG ဟာ ကိုယ်ပိုင် CS: GO အသင်းကို စတင်ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။ ယခင်က CS: GO အသင်းလုံးဝမရှိခဲ့တဲ့ OG ဟာ ယခုလို ပြင်ဆင်နေတဲ့အကြောင်းကို ပြင်သစ်ဝက်ဘ်စာမျက်နှာတစ်ခုဖြစ်တဲ့ 1pv မှာ ရေးသားဖော်ပြခဲ့ပါတယ်။

ယခုဖွဲ့စည်းမယ့်အသင်းထဲမှာ လက်ရှိ ENCE အသင်းရဲ့ ကစားသမား “Aleksib”, Vitality အသင်းရဲ့ “NBK-”, HellRaisers အသင်းရဲ့ “ISSAA”, North အသင်းရဲ့ “Valde” နဲ့ ပြင်သစ်အသင်းတစ်ခုဖြစ်တဲ့ team SJ မှ “Jamppi” တို့ ပါဝင်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမယ့် ယခုအချိန်ထိ Aleksib, NBK- နဲ့ ISSAA တို့ဟာ လက်ရှိအသင်းမှာ အရံကစားသမား အဖြစ်ရှိနေကြဆဲပါ။

နာမည်ကျော် esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ 100Thieves ဟာ CS: GO လောကထဲကို ပြန်လည်ဝင်ရောက်လိုတဲ့အတွက် Aleksib နဲ့ NBK- တို့ကို ခေါ်ယူဖို့ အစပိုင်းမှာကြိုးပမ်းခဲ့ပါတယ်။ 100Thieves ဟာ လက်ရှိမှာ League of Legends နဲ့ Fortnite အသင်းများ ပိုင်ဆိုင်ထားပါတယ်။

1pv ရဲ့ ရေးသားချက်ထဲမှာတော့ OG ဟာ လာမယ့် ၂၀၂၀ မှာ ကျင်းပမယ့် ESL Pro League season 11 နဲ့ BLAST Premier နှစ်ခုတို့ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်များ ရရှိထားပြီးပြီလို့ ဆိုပါတယ်။ ဒါကြောင့်လည်း ကစားသမားများဟာ အခြားအသင်းများရဲ့ ခေါ်ယူမှုများကို ငြင်းဆိုပြီး OG ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

Aleksib ဟာ Complexity က ခေါ်ယူဖို့ ကမ်းလှမ်းတဲ့ ဒေါ်လာတစ်သန်းကိုလည်း United States ကို မပြောင်းရွှေ့လိုကြောင်းပြောပြီး ငြင်းဆန်ခဲ့ပါသေးတယ်။ ယခုစာရင်းထဲမှာ ပါဝင်တဲ့ ကစားသမား ငါးယောက်လုံး ဥရောပမှာ နေထိုင်နေတယ်ဆိုတဲ့အချက်ကလည်း ဥရောပအသင်းတစ်သင်းဖြစ်တဲ့ OG ကို ဝင်ရောက်ဖို့ သင့်လျော်တဲ့ အကြောင်းပြချက်တစ်ခုဖြစ်လာစေပါတယ်။

Jamppi က လွဲလို့ ကျန်တဲ့ ကစားသမားလေးယောက်လုံးဟာ ဝါရင့်ထိပ်တန်းကစားသမားများပါ။ Aleksib ဟာ ENCE အသင်းကို အောင်မြင်မှုပေါင်းများစွာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယင်းတို့ထဲမှာ မေလအတွင်း ကျင်းပခဲ့တဲ့ BLAST Pro Series Madrid ကို အနိုင်ရရှိမှုလည်း ပါဝင်ပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ IEM Katowice Major မှာလည်း ဒုတိယနေရာရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

OG Dota2

 

တကယ်လို့သာ အထက်ပါ လူစာရင်းအတိုင်း ဖွဲသည်းဖြစ်ခဲ့မယ်ဆိုရင် OG ရဲ့ CSGO ကစားသမားတွေဟာ Dota2 ကစားသမားတွေနဲ့ နိုင်ငံတူနေမှာပဲ ဖြစ်ပါတယ်။

လက်ရှိ OG Dota2 Lineup

Topson 🇫🇮 ဖင်လန်
Jerax 🇫🇮 ဖင်လန်
Notail 🇩🇰 ဒိန်းမတ်
Ceb 🇫🇷 ပြင်သစ်
Ana 🇦🇺 အော်စီ (အာရှ)

သတင်းထွက်နေသော OG CSGO Lineup

Aleksib 🇫🇮 ဖင်လန်
Jamppi 🇫🇮 ဖင်လန်
Valde 🇩🇰 ဒိန်းမတ်
NBK- 🇫🇷 ပြင်သစ်
ISSAA 🇯🇴 ဂျော်ဒန် (အာရှ)

အထက်ပါ အချက်အလက်တွေအရ OG က တာဝန်ရှိသူတွေဟာ ဖင်လန် ၂ ယောက် ဒိန်းမတ်တစ်ယောက် ပြင်သစ်တစ်ယောက် ရယ်ကို အာရှသားတစ်ယောင်နဲ့ ပေါင်းပြီး အောင်မြင်ခြင်း ဖော်မြူလာကို ရှာတွေခဲ့ပြီလားလို့တောင် ဆိုနိုင်ပါတယ်။

OG သာ ယခုအသင်းကို အောင်အောင်မြင်မြင်ဖွဲ့စည်းနိုင်ခဲ့မယ်ဆိုရင် CS: GO လောကထဲကို ဒုတိယမြောက် ဝင်ရောက်လာတဲ့ အင်အားကြီး esports အဖွဲ့အစည်း ဖြစ်လာမှာပါ။ မကြာသေးမီက Evil Geniuses ဟာ NRG အသင်းသားများကို ခေါ်ယူပြီး ကိုယ်ပိုင် CS: GO အသင်းကို ထူထောင်ခဲ့ပါတယ်။ အခြားအဖွဲ့အစည်းများဖြစ်ကြတဲ့ 100Thieves နဲ့ Dignitas တို့ဟာလည်း တိုးတက်လာတဲ့ CS: GO လောကထဲကို ဝင်ရောက်ဖို့ ကြိုးစားနေခဲ့ကြပါတာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: Dot Esports


[ZawGyi]

OG ရဲ႕ ကိုယ္ပိုင္ CS:GO အသင္း စတင္ဖြဲ႕စည္းမည္

 

Dota 2 မွာ TI ၂ ႏွစ္ဆက္ခ်န္ပီယံအသင္းျဖစ္ခဲ့တဲ့ OG ဟာ ကိုယ္ပိုင္ CS: GO အသင္းကို စတင္ဖြဲ႕စည္းေတာ့မွာ ျဖစ္ပါတယ္။ ယခင္က CS: GO အသင္းလုံးဝမရွိခဲ့တဲ့ OG ဟာ ယခုလုိ ျပင္ဆင္ေနတဲ့အေၾကာင္းကို ျပင္သစ္ဝက္ဘ္စာမ်က္ႏွာတစ္ခုျဖစ္တဲ့ 1pv မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

ယခုဖြဲ႕စည္းမယ့္အသင္းထဲမွာ လက္ရွိ ENCE အသင္းရဲ႕ ကစားသမား “Aleksib”, Vitality အသင္းရဲ႕ “NBK-”, HellRaisers အသင္းရဲ႕ “ISSAA”, North အသင္းရဲ႕ “Valde” နဲ႔ ျပင္သစ္အသင္းတစ္ခုျဖစ္တဲ့ team SJ မွ “Jamppi” တို႔ ပါဝင္မယ္လို႔ ေၾကညာထားပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္ထိ Aleksib, NBK- နဲ႔ ISSAA တို႔ဟာ လက္ရွိအသင္းမွာ အရံကစားသမား အျဖစ္ရွိေနၾကဆဲပါ။

နာမည္ေက်ာ္ esports အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ 100Thieves ဟာ CS: GO ေလာကထဲကို ျပန္လည္ဝင္ေရာက္လိုတဲ့အတြက္ Aleksib နဲ႔ NBK- တို႔ကို ေခၚယူဖုိ႔ အစပိုင္းမွာၾကိဳးပမ္းခဲ့ပါတယ္။ 100Thieves ဟာ လက္ရွိမွာ League of Legends နဲ႔ Fortnite အသင္းမ်ား ပိုင္ဆိုင္ထားပါတယ္။

1pv ရဲ႕ ေရးသားခ်က္ထဲမွာေတာ့ OG ဟာ လာမယ့္ ၂၀၂၀ မွာ က်င္းပမယ့္ ESL Pro League season 11 နဲ႔ BLAST Premier ႏွစ္ခုတို႔ကို ဝင္ေရာက္ယွဥ္ျပိဳင္ခြင့္မ်ား ရရွိထားျပီးျပီလို႔ ဆိုပါတယ္။ ဒါေၾကာင့္လည္း ကစားသမားမ်ားဟာ အျခားအသင္းမ်ားရဲ႕ ေခၚယူမႈမ်ားကို ျငင္းဆိုျပီး OG ကို ဝင္ေရာက္ဖုိ႔ ဆုံးျဖတ္ခဲ့ၾကတာပါ။

Aleksib ဟာ Complexity က ေခၚယူဖုိ႔ ကမ္းလွမ္းတဲ့ ေဒၚလာတစ္သန္းကိုလည္း United States ကို မေျပာင္းေရႊ႕လိုေၾကာင္းေျပာျပီး ျငင္းဆန္ခဲ့ပါေသးတယ္။ ယခုစာရင္းထဲမွာ ပါဝင္တဲ့ ကစားသမား ငါးေယာက္လုံး ဥေရာပမွာ ေနထိုင္ေနတယ္ဆိုတဲ့အခ်က္ကလည္း ဥေရာပအသင္းတစ္သင္းျဖစ္တဲ့ OG ကို ဝင္ေရာက္ဖုိ႔ သင့္ေလ်ာ္တဲ့ အေၾကာင္းျပခ်က္တစ္ခုျဖစ္လာေစပါတယ္။

Jamppi က လြဲလို႔ က်န္တဲ့ ကစားသမားေလးေယာက္လုံးဟာ ဝါရင့္ထိပ္တန္းကစားသမားမ်ားပါ။ Aleksib ဟာ ENCE အသင္းကို ေအာင္ျမင္မႈေပါင္းမ်ားစြာရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ျပီး ယင္းတို့ထဲမွာ ေမလအတြင္း က်င္းပခဲ့တဲ့ BLAST Pro Series Madrid ကို အႏိုင္ရရွိမႈလည္း ပါဝင္ပါတယ္။ ေဖေဖာ္ဝါရီလမွာ က်င္းပခဲ့တဲ့ IEM Katowice Major မွာလည္း ဒုတိယေနရာရေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါေသးတယ္။

OG Dota2

တကယ္လို႔သာ အထက္ပါ လူစာရင္းအတိုင္း ဖြဲသည္းျဖစ္ခဲ့မယ္ဆိုရင္ OG ရဲ႕ CSGO ကစားသမားေတြဟာ Dota2 ကစားသမားေတြနဲ႔ ႏိုင္ငံတူေနမွာပဲ ျဖစ္ပါတယ္။

လက္ရွိ OG Dota2 Lineup

Topson 🇫🇮 ဖင္လန္
Jerax 🇫🇮 ဖင္လန္
Notail 🇩🇰 ဒိန္းမတ္
Ceb 🇫🇷 ျပင္သစ္
Ana 🇦🇺 ေအာ္စီ (အာရွ)

သတင္းထြက္ေနေသာ OG CSGO Lineup

Aleksib 🇫🇮 ဖင္လန္
Jamppi 🇫🇮 ဖင္လန္
Valde 🇩🇰 ဒိန္းမတ္
NBK- 🇫🇷 ျပင္သစ္
ISSAA 🇯🇴 ေဂ်ာ္ဒန္ (အာရွ)

အထက္ပါ အခ်က္အလက္ေတြအရ OG က တာဝန္ရွိသူေတြဟာ ဖင္လန္ ၂ ေယာက္ ဒိန္းမတ္တစ္ေယာက္ ျပင္သစ္တစ္ေယာက္ ရယ္ကို အာရွသားတစ္ေယာင္နဲ႔ ေပါင္းၿပီး ေအာင္ျမင္ျခင္း ေဖာ္ျမဴလာကို ရွာေတြခဲ့ၿပီလားလို႔ေတာင္ ဆိုႏိုင္ပါတယ္။

OG သာ ယခုအသင္းကို ေအာင္ေအာင္ျမင္ျမင္ဖြဲ႕စည္းႏိုင္ခဲ့မယ္ဆိုရင္ CS: GO ေလာကထဲကို ဒုတိယေျမာက္ ဝင္ေရာက္လာတဲ့ အင္အားၾကီး esports အဖြဲ႔အစည္း ျဖစ္လာမွာပါ။ မၾကာေသးမီက Evil Geniuses ဟာ NRG အသင္းသားမ်ားကုိ ေခၚယူျပီး ကိုယ္ပိုင္ CS: GO အသင္းကို ထူေထာင္ခဲ့ပါတယ္။ အျခားအဖြဲ႔အစည္းမ်ားျဖစ္ၾကတဲ့ 100Thieves နဲ႔ Dignitas တို႔ဟာလည္း တိုးတက္လာတဲ့ CS: GO ေလာကထဲကို ဝင္ေရာက္ဖုိ႔ ၾကိဳးစားေနခဲ့ၾကပါတာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: Dot Esports