[ZawGyi]

“ငါတို႔ ကစားၾကမယ္၊ ရႈံးတာႏိုင္တာ ငါတို႔ ဂရုမစိုက္ဘူး။” TI8 ခ်န္ပီယံ OG

 

အထင္ေသး အျမင္ေသးခံ အႏွိမ္ခံဘဝကေန TI ခ်န္ပီယံ ျဖစ္လာခဲ့တဲ့ အသင္းကို ျပပါဆိုရင္ေတာ့ ျပီးခဲ့တဲ့ႏွစ္က TI8 ခ်န္ပီယံၾကီး OG ကို ေရွ႕ဆုံးထားျပရမွာပါ။ လက္ရွိမွာ N0tail, Topson, Ana, Ceb နဲ႔ JerAx တို႔ ပူးေပါင္းဖြဲ႔စည္းထားျပီး TI8 ခ်န္ပီယံေဟာင္းမ်ားအျဖစ္ လာမယ့္ TI9 မွာ ျပန္လည္ ဝင္ေရာက္ကစားၾကမွာပါ။ TI8 ရရွိစဥ္က နည္းျပကေတာ့ Ppasarel ျဖစ္ျပီး ယခုလက္ရွိနည္းျပကေတာ့ Sockshka ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွာ OG ကို စတင္ထူေထာင္ခဲ့ျပီး အရင္ monkey business အသင္းသားမ်ားျဖစ္တဲ့ N0tail, Fly, Miracle-, Cr1t- နဲ႔ MoonMeander တို႔ ပါဝင္ခဲ့ပါတယ္။ OG ရဲ႕ အသင္းနာမည္အရွည္ကိုေတာ့ အသင္းရဲ႕ထူေထာင္သူ N0tail က အင္တာဗ်ဴးတစ္ခုမွာ “မသိပါဘူး၊ တခ်ိဳ႕ကေတာ့ Orangutan Ganja လုိ႔ေျပာၾကတယ္”လုိ႔ ေျဖၾကားသြားခဲ့သလို “Olympic Gays ပါ” လို႔လည္း အရႊန္းေဖာက္ေျဖၾကားသြားဖူးတဲ့အတြက္ OG အသင္းဟာ တရားဝင္ နာမည္အရွည္မရွိဘူးလုိ႔ပဲ ဆိုရမွာပါ။

OG Roster in 2015

အသင္း စေထာင္စဥ္ထဲက OG ဟာ Dota ရဲ႕ major ၄ ခု ႏိုင္တဲ့ ပထမဆုံး အသင္းအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့ေပမယ့္ TI8 မစတင္မီအထိ မတည္ျငိမ္တဲ့ အသင္းသား အေရႊ႕အေျပာင္းေတြ၊ ၂၀၁၈ တစ္ႏွစ္လုံး ဆိုးရြားတဲ့ ျပိဳင္ပြဲ ရလာဒ္ေတြနဲ႔ အေျခအေနမေကာင္းျဖစ္ေနခဲ့ပါတယ္။ ပြဲစဥ္ရွည္ၾကီးကို ျဖတ္ေက်ာ္လုိ႔ open qualifier ကေန ပထမဆုံး TI ခ်ိန္ပီယံ ျဖစ္ခဲ့တဲ့ အသင္းအျဖစ္ေရာ အေနာက္တိုင္းအသင္းမ်ား တစ္လွည့္ တရုတ္အသင္းမ်ား တစ္လွည့္ TI ရယူေနၾကတဲ့ East-West cycle ၾကီးကို ရိုက္ခ်ိဳးႏိုင္ခဲ့တဲ့ အသင္းအျဖစ္ပါ OG ဟာ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

ထူေထာင္ျပီး တစ္လခန္႔ အၾကာမွာပဲ The frankfurt Major 2015 ရဲ႕ Grand final မွာ ဥေရာပအသင္းၾကီး Team Secret ကို အႏိုင္ရရွိခဲ့ျပီး ပထမ ရရွိခဲ့ကာ အသင္းရဲ႕ေအာင္ျမင္မႈနဲ႕ နာမည္ေက်ာ္ေစာမႈမ်ား စတင္ခဲ့ပါတယ္။ ထူေထာင္ခဲ့တဲ့ ႏွစ္လေလာက္ အတြင္း The Summit 4 မွ နံပါတ္ေလး ေနရာသာ ခ်ိတ္ခဲ့မႈ၊ ၂၀၁၆ ႏွစ္ဆန္းပိုင္း The Shanghai Moajor မွာ ၇ နဲ႔ ၈ ေနရာ ပူးတြဲရရွိမႈတို႔ကို ၾကံဳေတြ႕ခဲ့ရေပမယ့္ Epicenter 2016 မွာ တတိယေနရာထိ ျပန္လည္ရရွိခဲ့ျပီး The Manila Major 2016 မွာ major ခ်န္ပီယံ ထပ္မံျဖစ္လာခဲ့ပါတယ္။ ESL One Frankfurt 2016 မွာ Natus Vincere ကိုအႏိုင္ရကာ ပထမရယူႏိုင္ခဲ့အတြက္ TI6 ကို တိုက္ရိုက္တက္ေရာက္ခြင့္ရရွိခဲ့ပါတယ္။

TI6 မွာ ေစာေစာစီးစီးထြက္ခြာခဲ့ရတဲ့အေၾကာင္းရင္းကေတာ့ Manila Major မွာ သူတို႔ အျပတ္အသတ္အႏိုင္ရရွိခဲ့တဲ့ MVP Pheonix နဲ႔ယွဥ္ျပိဳင္ကစားဖုိ႔ ေရြးခ်ယ္ခဲ့တာပါ။ ထိုေရြးခ်ယ္မႈကို အသင္းရဲ႕နည္းျပျဖစ္ခဲ့ျပီး ေနာက္ပိုင္းမွာ အသင္းသားအျဖစ္ ကိုယ္တိုင္ဝင္ေရာက္ကစားခဲ့တဲ့ Ceb (7ckingmad) က ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ယင္းဟာ အမွားတစ္ခုျဖစ္သြားခဲ့ကာ MVP Pheonix ကို ရႈံးနိမ့္လုိ႔ lower bracket ကို အေရာက္မွာေတာ့ DeMoN ပါဝင္ေနတဲ့ TnC ကို ႏွစ္ပြဲဆက္ရႈံးနိမ့္ျပီး TI6 ကေန ႏႈတ္ဆက္အိမ္ျပန္သြားရပါေတာ့တယ္။

OG vs TNC at TI6 Main Stage

TI6 အျပီးမွာ Miracle- နဲ႔ Cr1t- ဟာ အသင္းကို စြန္႔ခြာခဲ့ျပီး MoonMeander ဟာလည္း inactive ျဖစ္လာခဲ့ပါတယ္။ ဒါေၾကာင့္ အသင္းသားမ်ားျဖစ္တဲ့ Ana, Jerax နဲ႔ TI ခ်န္ပီယံေဟာင္းအသင္း Alliance က S4 တို႔ကို ေခၚယူခဲ့ပါတယ္။ မူလ mid lane ကစားသမား S4 ဟာ offlane သမားအျဖစ္ OG မွာ စတင္ေျပာင္းလဲ ကစားခဲ့တာျဖစ္ျပီး Puck, Bat Rider နဲ႔ Magnus တို႔လို signature hero ေတြပဲ ကစားခဲ့ရတဲ့အတြက္ သိပ္အခက္အခဲ မရွိခဲ့ပါဘူး။ အသင္းသားသစ္မ်ားနဲ႕ OG ဟာ The Autumn Major 2016 ကို အႏိုင္ရရွိခဲ့ျပီး The Kiev Major 2017 မွာ ယွဥ္ျပိဳင္ဖုိ႔ ဖိတ္ေခၚခံခဲ့ရပါတယ္။ The Kiev Major 2017 မွာ နာမည္ၾကီးအသင္းမ်ားကို ေအာင္ႏိုင္ျပီး ပထမ ထပ္ရရွိခဲ့ခ်ိန္မွာေတာ့ major ၄ ခု ပထမဆုံးခ်န္ပီယံ title ကို ရရွိခဲ့တာပါ။

Valve က ကိုယ္တိုင္ၾကီးၾကပ္ျပဳလုပ္တဲ့ major မ်ား ေခတ္မွာ OG က ထြန္းေတာက္ခဲ့ပါတယ္။ ဒါေပမယ့္ The Kiev Major 2017 အျပီးမွာ TI8 အထိ တစ္ႏွစ္ေက်ာ္ေက်ာ္ MDL Macau ျပိဳင္ပြဲတစ္ခုမွာ ပထမ ရခဲ့တာကလြဲရင္ ဘာမွကို ထပ္မရခဲ့တဲ့ ယိုင္နဲ႔နဲ႔ အေနအထားျဖစ္ေနခဲ့တာပါ။ TI7 မွာ ၇ နဲ႔ ၈ ေနရာပဲ ပူးတြဲရရွိျပီးေနာက္ Ana အနားယူခဲ့ခ်ိန္ Resolut1on ကို ေခတၱေခၚယူခဲ့ပါတယ္။ ESL One Birmingham 2018 ကေန ေစာေစာစီးစီး ထြက္ခြာရျပီးေနာက္ပိုင္း TI8 စတင္ဖုိ႔ တစ္လေတာင္မလိုေတာ့တဲ့ အခ်ိန္မွာ အသင္းကို ထူေထာင္ခဲ့စဥ္ထဲက ရွိေနခဲ့တဲ့ Fly ဟာ S4 နဲ႔ အတူ Evil Geniuses (EG) ကို ဝင္ေရာက္ဖုိ႔ ေျပာင္ေျပာင္တင္းတင္းပဲထြက္ခြာသြားခဲ့ပါတယ္။

S4 and Fly left OG

Resolut1on လည္း မရွိေတာ့တဲ့ OG အတြက္ေတာ့ ဒုကၡပင္လယ္ေဝခဲ့ရခ်ိန္ျဖစ္ျပီး season ရဲ႕ေနာက္ဆုံး major ျဖစ္တဲ့ China Dota 2 Supermajor ကို ဝင္ေရာက္ဖုိ႔ဖိတ္ေခၚမႈကိုေတာင္ ဂရုမစိုက္ႏိုင္ေတာ့ပဲ အသင္းသားမ်ားရွာေဖြရပါေတာ့တယ္။ လူရွာေတာ္တဲ့ N0tail ဟာ ဖင္လန္ pubstar ျဖစ္သူ Topson ကို ေခၚယူႏိုင္ခဲ့ျပီး Ana လည္း အနားယူရာမွ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။ ဒါေၾကာင့္ Core role ႏွစ္ေပါင္းမ်ားစြာ ေဆာ့လာခဲ့တဲ့ N0tail ဟာ hard support, position 5 ေနရာကို ေျပာင္းလဲတာဝန္ယူခဲ့ရသလို နည္းျပအျဖစ္ကေန လူမရွိလို႔ ကိုယ္တိုင္ဝင္ကစားေနရတာ ၃ လပဲရွိေသးတဲ့ Ceb ဟာလည္း offlane ကစားသမားျဖစ္ခဲ့ရပါတယ္။

ေလ့က်င့္ခ်ိန္ ဆိုးဆိုးဝါးဝါးနည္းပါးမႈ၊ ရက္ရွည္ပင္ပန္းမႈ၊ ဖိအားမ်ားျပားမႈတို႔ကို ၾကံ့ၾကံ့ခံရင္ဆိုင္ရင္း TI8 ျပိဳင္ပြဲၾကီးကို OG ဟာ စတင္ဝင္ေရာက္လာခဲ့ပါတယ္။ တစ္ပြဲရႈံးတာနဲ႔ ထြက္ရမယ့္ ၾကမ္းတမ္းလွတဲ့ open qualifier မ်ားမွ တဆင့္ regional qualifier မ်ားဆီကို တက္ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ သူတို႔ဟာ ပြဲစဥ္တစ္ေလွ်ာက္ အႏိုင္ရျဖတ္ေက်ာ္လာခဲ့ျပီး European qualifier ကေန TI8 ကို တက္လာတဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။

အသင္းသားအသစ္မ်ားနဲ႔ ဘယ္လုိပဲ qualifier ေတြ ေအာင္ျပီး တက္လာခဲ့ေပမယ့္ ဆက္တိုက္အထင္ေသးခံေနရဆဲ OG ကို Upper Bracket ပထမအခ်ီမွာ VGJ.Storm က ယွဥ္ျပိဳင္ဖုိ႔ ေရြးခ်ယ္ခဲ့တာပါ။ VGJ.Storm ရဲ႕ မဟာအမွားျဖစ္သြားခဲ့ရျပီး OG က ႏွစ္ပြဲျပတ္အႏိုင္ရရွိခဲ့ပါတယ္။ ထုိ႔ေနာက္ ထြက္ခြာသြားေသာ အသင္းသားႏွစ္ေယာက္ ပါဝင္တဲ့ အသင္းၾကီး EG ကို ဆက္လက္အႏိုင္ရရွိခဲ့သလို ျပိဳင္ပြဲအျပီး EG.Fly နဲ႔ N0tail လက္တြဲႏႈတ္ဆက္ခဲ့ခ်ိန္ေလးဟာ ပရိတ္သတ္မ်ားၾကား ေရပန္းစားခဲ့ပါတယ္။ ဆက္လက္ျပီး upper bracket မွာပဲ PSG.LGD ကို အႏိုင္ရရွိခဲ့ျပီး grand final ယွဥ္ျပိဳင္ဖုိ႔ အဆင္သင့္ ေစာင့္ေနႏိုင္ခဲ့ပါတယ္။

OG vs LGD.PSG TI8 Grand Final

Lower bracket ကို ခဏေလးပဲ ဆင္းသြားတဲ့ PSG.LGD ဟာ EG ကို ႏွစ္ပြဲျပတ္ႏိုင္ျပီး OG နဲ႔ မေက်ပြဲအျဖစ္ TI8 grand final ကို တက္လာခဲ့ပါတယ္။ TI သက္တမ္း တစ္ေလွ်ာက္ Bo5 ငါးပြဲ အျပည့္ေဆာ့ခဲ့ရတဲ့ ပြဲၾကီးပြဲေကာင္းမ်ား ျဖစ္ခဲ့ပါတယ္။ OG ဟာ Topson နဲ႔ Ana တို႔ရဲ႕ signature hero မ်ားျဖစ္တဲ့ Monkey King နဲ႔ Spectre တို႔ကို ထုတ္ခ်ကစားခဲ့ျပီး ပထမဂိမ္းကို အျပတ္အသတ္ ႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ ျပိဳင္ဘက္ PSG.LGD ဟာ Spectre ကို လုံးဝ ေပးမထုတ္ေတာ့ပဲ အသည္းအသန္ဖိအားေပး ကစားခဲ့တဲ့အတြက္ ၂ ပြဲဆက္ျပန္လည္ ရႈံးနိမ့္ခဲ့ရပါတယ္။ တစ္ပြဲထပ္ရႈံးတာနဲ႔ ထြက္ရေတာ့မယ္ စတုတၳေျမာက္ဂိမ္းဟာ တစ္နာရီေက်ာ္ၾကာ ဂိမ္းပြဲၾကီးျဖစ္ခဲ့သလို Ana ရဲ႕ Phantom Lancer, Topson ရဲ႕ Invoker, Jerax ရဲ႕ IO နဲ႔ N0tail ရဲ႕ Chen တုိ႔ အလြန္ teamwork ညီ ၾကည့္ေကာင္းခဲ့ပါတယ္။ Ceb ရဲ႕ signature ဟီးရိုး Axe ဟာ တစ္ဘက္အသင္းက Counter, Tuskar ပါဝင္ေနတဲ့ၾကားကေန လက္စြမ္းမ်ား ျပႏိုင္ခဲ့သလို Ceeeeeeeeeb ဆိုတဲ့ chat wheel အသံရွည္ၾကီးကလည္း ဒီပြဲကေနပဲ ထြက္ေပၚလာခဲ့တာပါ။

Ceeeeeeeeb Chat Wheel

 

TI 8 grand final ေနာက္ဆုံးပြဲဟာ TI တစ္ေလွ်ာက္ အထူးျခားဆုံးပြဲမ်ားထဲက တစ္ခုပါ။ Bat Rider, Kunkka နဲ႔ Silencer တို႔ တဖက္အသင္းက ပါဝင္ေနခ်ိန္မွာ Topson ဟာ ၁၀ ေယာက္ေျမာက္ pick အျဖစ္ Zeus ကိုေတာင္းဆိုခဲ့ပါတယ္။ OG ရဲ႕ draft ကို ျပိဳင္ဘက္အသင္းက အထင္ေသးေနခဲ့သလို ပထမပိုင္း ၁၇ မိနစ္အထိ kill 18-4 နဲ႔ PSG.LGD ကသာ အသာစီးရေနခဲ့တာပါ။ ယင္းေနာက္မွာ အျပန္အလွန္ kill မ်ား OG ဘက္က ျပန္လည္ရရွိခဲ့ေပမယ့္ roshan’s pit battle အထိကို kill 28-10 နဲ႔ အထိနာေနဆဲပါ။ Roshan’s pit battle မွာေတာ့ Ana ရဲ႕ Ember Spirit ဟာ buyback နဲ႔ အတူ ထူးျခားတဲ့ skill မ်ားျပႏိုင္ခဲ့ျပီး တစ္သင္းလုံး အသာစီးဆက္လက္ရရွိသြားကာ TI8 ခ်န္ပီယံအျဖစ္ ထိုက္ထိုက္တန္တန္ၾကီး ရရွိသြားပါေတာ့တယ္။

တရုတ္ပရိတ္သတ္မ်ားေရာ တစ္ကမၻာလုံးကပါ တရုတ္ TI ရမယ့္ႏွစ္လုိ႔ ယုံၾကည္ေနခဲ့တဲ့ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ ဒိန္းမတ္ႏိုင္ငံသား N0tail ရဲ႕ Manila Major 2016 မွာတည္းက ေျပာခဲ့တဲ့ မွတ္သားစရာစကားေလး တစ္ခြန္းရွိပါတယ္။ “ေန႔တစ္ေန႔ရဲ႕ မနက္ခင္း ႏိုးထလာတဲ့ အဲဒီအခ်ိန္ဟာ TI ရဲ႕ final ပြဲမွာ ဝင္ေရာက္ကစားခြင့္ရခ်ိန္ျဖစ္ေနခဲ့ရင္ ငါ့ဘဝရဲ႕အေကာင္းဆုံး Dota ပြဲေတြကို ငါကစားမယ္။ အေကာင္းဆုံးကစားဖုိ႔က လြဲလို႔ က်န္တာ (ရႈံးရံႈးႏိုင္ႏိုင္) ဘာမွ အေရးမၾကီးဘူး” ဆိုတာေလးပါပဲ။ “ငါတို႔ ကစားၾကမယ္၊ ရႈံးရႈံးႏိုင္ႏိုင္ ငါတို႔ ဂရုမစိုက္ဘူး” အပါအဝင္ မ်ားစြာေသာ မွတ္သားစရာစကားေတြနဲ႔ ပြဲစဥ္တစ္ေလွ်ာက္လုံး အသင္းကို အားေပးခဲ့တဲ့ Ceb ကိုလည္း TI8 True Sight မွာ ျမင္ေတြ႔ခဲ့ရပါတယ္။ Ana က သူ႔ရဲ႕ Phantom Lancer နဲ႔ ပတ္သတ္လို႔ “ဘာေတြျဖစ္ေနမွန္းေတာင္ မသိပါဘူး၊ ကိုယ့္ hero ေတာင္ ကိုယ္ (battle ထဲမွာ) မျမင္ရဘူး” လုိ႔ ေျပာသြားခဲ့တာေလးကလည္း ပရိတ္သတ္မ်ား ရယ္ေမာစရာ ျဖစ္ခဲ့ရပါတယ္။

TI8 Winner OG Dota2

TI8 ျပီးတည္းက DotA2 ျပိဳင္ပြဲမ်ားမွာ လက္ရွိထိ အေျခအေနေကာင္းေကာင္း မရရွိေသးပဲ ထူးျခားတဲ့ ကစားကြက္မ်ားလည္း မျပဳလုပ္ေသးတဲ့ OG ဟာ TI9 မွာ ျပန္လည္ေခါင္းေထာင္လာမလား ဆိုတာကေတာ့ ေစာင့္ၾကည့္ၾကရမွာပါ။ ဒီၾကားထဲမွာ Ana အနားယူခဲ့ေသးျပီး Pajkatt ကို တစ္လေက်ာ္၊ iLTW ကို ESPADA ကေန loan အျဖစ္ ႏွစ္လေက်ာ္ ေခၚယူခဲ့ပါေသးတယ္။ ဒီႏွစ္ မတ္လက စလုိ႔ Ana ဟာ အသင္းထဲကို ျပန္လည္ေရာက္ရွိေနျပီျဖစ္ျပီး ေလ့က်င့္မႈမ်ားလည္း ျပဳလုပ္ေနပါျပီ။ Esport စိတ္ဓာတ္အျပည့္နဲ႕ TI8 ခ်န္ပီယံအသင္းၾကီးဟာ TI9 မွာ ဘယ္လို ထူးထူးျခားျခားေတြ ကစားျပဦးမလဲ၊ TI9 မွာ ဘယ္အသင္းေတြနဲ႔ ဘယ္လို ေတြ႔ဆုံမလဲ၊ တစ္သင္းထဲက ၂ ႏွစ္ ႏိုင္ရိုးမရွိတဲ့ TI curse ကို ေဖာက္ဖ်က္ျပီး TI9 ခ်န္ပီယံျဖစ္လာဦးမလား ဆိုတာေတြကေတာ့ လူတိုင္း သိခ်င္ေနၾကတဲ့ ေမးခြန္းေတြပဲျဖစ္ပါေတာ့တယ္။

By Combo (Htet Wai Yan)


[Unicode]

“ငါတို့ ကစားကြမယ်၊ ရှုံးတာနိုင်တာ ငါတို့ ဂရုမစိုက်ဘူး။” TI8 ချန်ပီယံ OG

 

အထင်သေး အမြင်သေးခံ အနှိမ်ခံဘဝကနေ TI ချန်ပီယံ ဖြစ်လာခဲ့တဲ့ အသင်းကို ပြပါဆိုရင်တော့ ပြီးခဲ့တဲ့နှစ်က TI8 ချန်ပီယံကြီး OG ကို ရှေ့ဆုံးထားပြရမှာပါ။ လက်ရှိမှာ N0tail, Topson, Ana, Ceb နဲ့ JerAx တို့ ပူးပေါင်းဖွဲ့စည်းထားပြီး TI8 ချန်ပီယံဟောင်းများအဖြစ် လာမယ့် TI9 မှာ ပြန်လည် ဝင်ရောက်ကစားကြမှာပါ။ TI8 ရရှိစဉ်က နည်းပြကတော့ Ppasarel ဖြစ်ပြီး ယခုလက်ရှိနည်းပြကတော့ Sockshka ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ OG ကို စတင်ထူထောင်ခဲ့ပြီး အရင် monkey business အသင်းသားများဖြစ်တဲ့ N0tail, Fly, Miracle-, Cr1t- နဲ့ MoonMeander တို့ ပါဝင်ခဲ့ပါတယ်။ OG ရဲ့ အသင်းနာမည်အရှည်ကိုတော့ အသင်းရဲ့ထူထောင်သူ N0tail က အင်တာဗျူးတစ်ခုမှာ “မသိပါဘူး၊ တချို့ကတော့ Orangutan Ganja လို့ပြောကြတယ်”လို့ ဖြေကြားသွားခဲ့သလို “Olympic Gays ပါ” လို့လည်း အရွှန်းဖောက်ဖြေကြားသွားဖူးတဲ့အတွက် OG အသင်းဟာ တရားဝင် နာမည်အရှည်မရှိဘူးလို့ပဲ ဆိုရမှာပါ။

OG Roster in 2015

အသင်း စထောင်စဉ်ထဲက OG ဟာ Dota ရဲ့ major ၄ ခု နိုင်တဲ့ ပထမဆုံး အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပေမယ့် TI8 မစတင်မီအထိ မတည်ငြိမ်တဲ့ အသင်းသား အရွှေ့အပြောင်းတွေ၊ ၂၀၁၈ တစ်နှစ်လုံး ဆိုးရွားတဲ့ ပြိုင်ပွဲ ရလာဒ်တွေနဲ့ အခြေအနေမကောင်းဖြစ်နေခဲ့ပါတယ်။ ပွဲစဉ်ရှည်ကြီးကို ဖြတ်ကျော်လို့ open qualifier ကနေ ပထမဆုံး TI ချိန်ပီယံ ဖြစ်ခဲ့တဲ့ အသင်းအဖြစ်ရော အနောက်တိုင်းအသင်းများ တစ်လှည့် တရုတ်အသင်းများ တစ်လှည့် TI ရယူနေကြတဲ့ East-West cycle ကြီးကို ရိုက်ချိုးနိုင်ခဲ့တဲ့ အသင်းအဖြစ်ပါ OG ဟာ စံချိန်တင်နိုင်ခဲ့ပါတယ်။

ထူထောင်ပြီး တစ်လခန့် အကြာမှာပဲ The frankfurt Major 2015 ရဲ့ Grand final မှာ ဥရောပအသင်းကြီး Team Secret ကို အနိုင်ရရှိခဲ့ပြီး ပထမ ရရှိခဲ့ကာ အသင်းရဲ့အောင်မြင်မှုနဲ့ နာမည်ကျော်စောမှုများ စတင်ခဲ့ပါတယ်။ ထူထောင်ခဲ့တဲ့ နှစ်လလောက် အတွင်း The Summit 4 မှ နံပါတ်လေး နေရာသာ ချိတ်ခဲ့မှု၊ ၂၀၁၆ နှစ်ဆန်းပိုင်း The Shanghai Moajor မှာ ၇ နဲ့ ၈ နေရာ ပူးတွဲရရှိမှုတို့ကို ကြုံတွေ့ခဲ့ရပေမယ့် Epicenter 2016 မှာ တတိယနေရာထိ ပြန်လည်ရရှိခဲ့ပြီး The Manila Major 2016 မှာ major ချန်ပီယံ ထပ်မံဖြစ်လာခဲ့ပါတယ်။ ESL One Frankfurt 2016 မှာ Natus Vincere ကိုအနိုင်ရကာ ပထမရယူနိုင်ခဲ့အတွက် TI6 ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။

TI6 မှာ စောစောစီးစီးထွက်ခွာခဲ့ရတဲ့အကြောင်းရင်းကတော့ Manila Major မှာ သူတို့ အပြတ်အသတ်အနိုင်ရရှိခဲ့တဲ့ MVP Pheonix နဲ့ယှဉ်ပြိုင်ကစားဖို့ ရွေးချယ်ခဲ့တာပါ။ ထိုရွေးချယ်မှုကို အသင်းရဲ့နည်းပြဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အသင်းသားအဖြစ် ကိုယ်တိုင်ဝင်ရောက်ကစားခဲ့တဲ့ Ceb (7ckingmad) က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယင်းဟာ အမှားတစ်ခုဖြစ်သွားခဲ့ကာ MVP Pheonix ကို ရှုံးနိမ့်လို့ lower bracket ကို အရောက်မှာတော့ DeMoN ပါဝင်နေတဲ့ TnC ကို နှစ်ပွဲဆက်ရှုံးနိမ့်ပြီး TI6 ကနေ နှုတ်ဆက်အိမ်ပြန်သွားရပါတော့တယ်။

OG vs TNC at TI6 Main Stage

TI6 အပြီးမှာ Miracle- နဲ့ Cr1t- ဟာ အသင်းကို စွန့်ခွာခဲ့ပြီး MoonMeander ဟာလည်း inactive ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အသင်းသားများဖြစ်တဲ့ Ana, Jerax နဲ့ TI ချန်ပီယံဟောင်းအသင်း Alliance က S4 တို့ကို ခေါ်ယူခဲ့ပါတယ်။ မူလ mid lane ကစားသမား S4 ဟာ offlane သမားအဖြစ် OG မှာ စတင်ပြောင်းလဲ ကစားခဲ့တာဖြစ်ပြီး Puck, Bat Rider နဲ့ Magnus တို့လို signature hero တွေပဲ ကစားခဲ့ရတဲ့အတွက် သိပ်အခက်အခဲ မရှိခဲ့ပါဘူး။ အသင်းသားသစ်များနဲ့ OG ဟာ The Autumn Major 2016 ကို အနိုင်ရရှိခဲ့ပြီး The Kiev Major 2017 မှာ ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ The Kiev Major 2017 မှာ နာမည်ကြီးအသင်းများကို အောင်နိုင်ပြီး ပထမ ထပ်ရရှိခဲ့ချိန်မှာတော့ major ၄ ခု ပထမဆုံးချန်ပီယံ title ကို ရရှိခဲ့တာပါ။

Valve က ကိုယ်တိုင်ကြီးကြပ်ပြုလုပ်တဲ့ major များ ခေတ်မှာ OG က ထွန်းတောက်ခဲ့ပါတယ်။ ဒါပေမယ့် The Kiev Major 2017 အပြီးမှာ TI8 အထိ တစ်နှစ်ကျော်ကျော် MDL Macau ပြိုင်ပွဲတစ်ခုမှာ ပထမ ရခဲ့တာကလွဲရင် ဘာမှကို ထပ်မရခဲ့တဲ့ ယိုင်နဲ့နဲ့ အနေအထားဖြစ်နေခဲ့တာပါ။ TI7 မှာ ၇ နဲ့ ၈ နေရာပဲ ပူးတွဲရရှိပြီးနောက် Ana အနားယူခဲ့ချိန် Resolut1on ကို ခေတ္တခေါ်ယူခဲ့ပါတယ်။ ESL One Birmingham 2018 ကနေ စောစောစီးစီး ထွက်ခွာရပြီးနောက်ပိုင်း TI8 စတင်ဖို့ တစ်လတောင်မလိုတော့တဲ့ အချိန်မှာ အသင်းကို ထူထောင်ခဲ့စဉ်ထဲက ရှိနေခဲ့တဲ့ Fly ဟာ S4 နဲ့ အတူ Evil Geniuses (EG) ကို ဝင်ရောက်ဖို့ ပြောင်ပြောင်တင်းတင်းပဲထွက်ခွာသွားခဲ့ပါတယ်။

S4 and Fly left OG

Resolut1on လည်း မရှိတော့တဲ့ OG အတွက်တော့ ဒုက္ခပင်လယ်ဝေခဲ့ရချိန်ဖြစ်ပြီး season ရဲ့နောက်ဆုံး major ဖြစ်တဲ့ China Dota 2 Supermajor ကို ဝင်ရောက်ဖို့ဖိတ်ခေါ်မှုကိုတောင် ဂရုမစိုက်နိုင်တော့ပဲ အသင်းသားများရှာဖွေရပါတော့တယ်။ လူရှာတော်တဲ့ N0tail ဟာ ဖင်လန် pubstar ဖြစ်သူ Topson ကို ခေါ်ယူနိုင်ခဲ့ပြီး Ana လည်း အနားယူရာမှ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါကြောင့် Core role နှစ်ပေါင်းများစွာ ဆော့လာခဲ့တဲ့ N0tail ဟာ hard support, position 5 နေရာကို ပြောင်းလဲတာဝန်ယူခဲ့ရသလို နည်းပြအဖြစ်ကနေ လူမရှိလို့ ကိုယ်တိုင်ဝင်ကစားနေရတာ ၃ လပဲရှိသေးတဲ့ Ceb ဟာလည်း offlane ကစားသမားဖြစ်ခဲ့ရပါတယ်။

လေ့ကျင့်ချိန် ဆိုးဆိုးဝါးဝါးနည်းပါးမှု၊ ရက်ရှည်ပင်ပန်းမှု၊ ဖိအားများပြားမှုတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း TI8 ပြိုင်ပွဲကြီးကို OG ဟာ စတင်ဝင်ရောက်လာခဲ့ပါတယ်။ တစ်ပွဲရှုံးတာနဲ့ ထွက်ရမယ့် ကြမ်းတမ်းလှတဲ့ open qualifier များမှ တဆင့် regional qualifier များဆီကို တက်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပွဲစဉ်တစ်လျှောက် အနိုင်ရဖြတ်ကျော်လာခဲ့ပြီး European qualifier ကနေ TI8 ကို တက်လာတဲ့ တစ်သင်းတည်းသော အသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

အသင်းသားအသစ်များနဲ့ ဘယ်လိုပဲ qualifier တွေ အောင်ပြီး တက်လာခဲ့ပေမယ့် ဆက်တိုက်အထင်သေးခံနေရဆဲ OG ကို Upper Bracket ပထမအချီမှာ VGJ.Storm က ယှဉ်ပြိုင်ဖို့ ရွေးချယ်ခဲ့တာပါ။ VGJ.Storm ရဲ့ မဟာအမှားဖြစ်သွားခဲ့ရပြီး OG က နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပါတယ်။ ထို့နောက် ထွက်ခွာသွားသော အသင်းသားနှစ်ယောက် ပါဝင်တဲ့ အသင်းကြီး EG ကို ဆက်လက်အနိုင်ရရှိခဲ့သလို ပြိုင်ပွဲအပြီး EG.Fly နဲ့ N0tail လက်တွဲနှုတ်ဆက်ခဲ့ချိန်လေးဟာ ပရိတ်သတ်များကြား ရေပန်းစားခဲ့ပါတယ်။ ဆက်လက်ပြီး upper bracket မှာပဲ PSG.LGD ကို အနိုင်ရရှိခဲ့ပြီး grand final ယှဉ်ပြိုင်ဖို့ အဆင်သင့် စောင့်နေနိုင်ခဲ့ပါတယ်။

OG vs LGD.PSG TI8 Grand Final

Lower bracket ကို ခဏလေးပဲ ဆင်းသွားတဲ့ PSG.LGD ဟာ EG ကို နှစ်ပွဲပြတ်နိုင်ပြီး OG နဲ့ မကျေပွဲအဖြစ် TI8 grand final ကို တက်လာခဲ့ပါတယ်။ TI သက်တမ်း တစ်လျှောက် Bo5 ငါးပွဲ အပြည့်ဆော့ခဲ့ရတဲ့ ပွဲကြီးပွဲကောင်းများ ဖြစ်ခဲ့ပါတယ်။ OG ဟာ Topson နဲ့ Ana တို့ရဲ့ signature hero များဖြစ်တဲ့ Monkey King နဲ့ Spectre တို့ကို ထုတ်ချကစားခဲ့ပြီး ပထမဂိမ်းကို အပြတ်အသတ် နိုင်ခဲ့ပါတယ်။ ထို့နောက် ပြိုင်ဘက် PSG.LGD ဟာ Spectre ကို လုံးဝ ပေးမထုတ်တော့ပဲ အသည်းအသန်ဖိအားပေး ကစားခဲ့တဲ့အတွက် ၂ ပွဲဆက်ပြန်လည် ရှုံးနိမ့်ခဲ့ရပါတယ်။ တစ်ပွဲထပ်ရှုံးတာနဲ့ ထွက်ရတော့မယ် စတုတ္ထမြောက်ဂိမ်းဟာ တစ်နာရီကျော်ကြာ ဂိမ်းပွဲကြီးဖြစ်ခဲ့သလို Ana ရဲ့ Phantom Lancer, Topson ရဲ့ Invoker, Jerax ရဲ့ IO နဲ့ N0tail ရဲ့ Chen တို့ အလွန် teamwork ညီ ကြည့်ကောင်းခဲ့ပါတယ်။ Ceb ရဲ့ signature ဟီးရိုး Axe ဟာ တစ်ဘက်အသင်းက Counter, Tuskar ပါဝင်နေတဲ့ကြားကနေ လက်စွမ်းများ ပြနိုင်ခဲ့သလို Ceeeeeeeeeb ဆိုတဲ့ chat wheel အသံရှည်ကြီးကလည်း ဒီပွဲကနေပဲ ထွက်ပေါ်လာခဲ့တာပါ။

Ceeeeeeeeb Chat Wheel

TI 8 grand final နောက်ဆုံးပွဲဟာ TI တစ်လျှောက် အထူးခြားဆုံးပွဲများထဲက တစ်ခုပါ။ Bat Rider, Kunkka နဲ့ Silencer တို့ တဖက်အသင်းက ပါဝင်နေချိန်မှာ Topson ဟာ ၁၀ ယောက်မြောက် pick အဖြစ် Zeus ကိုတောင်းဆိုခဲ့ပါတယ်။ OG ရဲ့ draft ကို ပြိုင်ဘက်အသင်းက အထင်သေးနေခဲ့သလို ပထမပိုင်း ၁၇ မိနစ်အထိ kill 18-4 နဲ့ PSG.LGD ကသာ အသာစီးရနေခဲ့တာပါ။ ယင်းနောက်မှာ အပြန်အလှန် kill များ OG ဘက်က ပြန်လည်ရရှိခဲ့ပေမယ့် roshan’s pit battle အထိကို kill 28-10 နဲ့ အထိနာနေဆဲပါ။ Roshan’s pit battle မှာတော့ Ana ရဲ့ Ember Spirit ဟာ buyback နဲ့ အတူ ထူးခြားတဲ့ skill များပြနိုင်ခဲ့ပြီး တစ်သင်းလုံး အသာစီးဆက်လက်ရရှိသွားကာ TI8 ချန်ပီယံအဖြစ် ထိုက်ထိုက်တန်တန်ကြီး ရရှိသွားပါတော့တယ်။

တရုတ်ပရိတ်သတ်များရော တစ်ကမ္ဘာလုံးကပါ တရုတ် TI ရမယ့်နှစ်လို့ ယုံကြည်နေခဲ့တဲ့ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံသား N0tail ရဲ့ Manila Major 2016 မှာတည်းက ပြောခဲ့တဲ့ မှတ်သားစရာစကားလေး တစ်ခွန်းရှိပါတယ်။ “နေ့တစ်နေ့ရဲ့ မနက်ခင်း နိုးထလာတဲ့ အဲဒီအချိန်ဟာ TI ရဲ့ final ပွဲမှာ ဝင်ရောက်ကစားခွင့်ရချိန်ဖြစ်နေခဲ့ရင် ငါ့ဘဝရဲ့အကောင်းဆုံး Dota ပွဲတွေကို ငါကစားမယ်။ အကောင်းဆုံးကစားဖို့က လွဲလို့ ကျန်တာ (ရှုံးရှုံးနိုင်နိုင်) ဘာမှ အရေးမကြီးဘူး” ဆိုတာလေးပါပဲ။ “ငါတို့ ကစားကြမယ်၊ ရှုံးရှုံးနိုင်နိုင် ငါတို့ ဂရုမစိုက်ဘူး” အပါအဝင် များစွာသော မှတ်သားစရာစကားတွေနဲ့ ပွဲစဉ်တစ်လျှောက်လုံး အသင်းကို အားပေးခဲ့တဲ့ Ceb ကိုလည်း TI8 True Sight မှာ မြင်တွေ့ခဲ့ရပါတယ်။ Ana က သူ့ရဲ့ Phantom Lancer နဲ့ ပတ်သတ်လို့ “ဘာတွေဖြစ်နေမှန်းတောင် မသိပါဘူး၊ ကိုယ့် hero တောင် ကိုယ် (battle ထဲမှာ) မမြင်ရဘူး” လို့ ပြောသွားခဲ့တာလေးကလည်း ပရိတ်သတ်များ ရယ်မောစရာ ဖြစ်ခဲ့ရပါတယ်။

TI8 Winner OG Dota2

TI8 ပြီးတည်းက DotA2 ပြိုင်ပွဲများမှာ လက်ရှိထိ အခြေအနေကောင်းကောင်း မရရှိသေးပဲ ထူးခြားတဲ့ ကစားကွက်များလည်း မပြုလုပ်သေးတဲ့ OG ဟာ TI9 မှာ ပြန်လည်ခေါင်းထောင်လာမလား ဆိုတာကတော့ စောင့်ကြည့်ကြရမှာပါ။ ဒီကြားထဲမှာ Ana အနားယူခဲ့သေးပြီး Pajkatt ကို တစ်လကျော်၊ iLTW ကို ESPADA ကနေ loan အဖြစ် နှစ်လကျော် ခေါ်ယူခဲ့ပါသေးတယ်။ ဒီနှစ် မတ်လက စလို့ Ana ဟာ အသင်းထဲကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး လေ့ကျင့်မှုများလည်း ပြုလုပ်နေပါပြီ။ Esport စိတ်ဓာတ်အပြည့်နဲ့ TI8 ချန်ပီယံအသင်းကြီးဟာ TI9 မှာ ဘယ်လို ထူးထူးခြားခြားတွေ ကစားပြဦးမလဲ၊ TI9 မှာ ဘယ်အသင်းတွေနဲ့ ဘယ်လို တွေ့ဆုံမလဲ၊ တစ်သင်းထဲက ၂ နှစ် နိုင်ရိုးမရှိတဲ့ TI curse ကို ဖောက်ဖျက်ပြီး TI9 ချန်ပီယံဖြစ်လာဦးမလား ဆိုတာတွေကတော့ လူတိုင်း သိချင်နေကြတဲ့ မေးခွန်းတွေပဲဖြစ်ပါတော့တယ်။

By Combo (Htet Wai Yan)