[Unicode]

Ti8 & Ti9 ချန်ပီယံတွေ နည်းပြသွားမယ့် OG Seed

 

OG အသင်းဟာ ထုံးစံအတိုင်း Ti ချန်ပီယံဖြစ်ပြီးတာနဲ့ Inactive ပြန်ဖြစ်သွားပြန်ပါပြီ။ ဒါပေမယ့် ဒီနှစ်မှာတော့ သူတို့ရဲ့ Activity တွေပါ လိုက်သေသွားတာမဟုတ်ဘဲ ပုံမှန်လှုပ်ရှားမှုလေးတွေ တွေ့ရသလို မေဂျာပွဲအတွဲ အနိုင်ရမယ့်သူကို ခန့်မှန်းတာမျိုးတွေလည်း လုပ်လာပါတယ်။

ယနေ့မှာတော့ OG ကစားတာကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက် သူတို့ရဲ့ ဒုတိယမြောက် Dota2 အသင်းအဖြစ် OG Seed ကို မိတ်ဆက်လိုက်ပါပြီ။ နာမည်အရတော့ သူတို့ဟာ ဒီအသင်းကို သစ်စေ့လေးကနေအပင်ပေါက်လာတဲ့ထိ ပြုစုပျိုးထောင်ပေးမယ် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပြီး OG မှ တရားဝင်ထုတ်ပြန်ထားတဲ့ စာထဲမှာလည်းဒီအသင်းကို ဖွဲ့စည်းရတဲ့ အိုင်ဒီယာက ရိုးရှင်းပါတယ်။ မူလ Roster အပြင် အောင်မြင်သင့်သလောက် မအောင်မြင်ရသေးဘူး လို့ ကျွန်တော်တို့ ခိုင်မာစွာ ယုံကြည်ထားတဲ့ ကစားသမားတွေနဲ့ အသင်းတစ်ခုကိုတည်ဆောက်ချင်တာပါလို့ ဆိုထားပါတယ်။

ကျွန်တော်တို့က ဒီအသင်းကို သူတို့အိပ်မက်တွေနောက်လိုက်နိုင်ဖို့ ကူညီပေးမှာဖြစ်တယ်။ အခု DPC Season ရဲ့တတိယမြောက်မေဂျာအထိ Ti နှစ်ထပ်ကွမ်းချန်ပီယံတွေက သူတို့ရဲ့အရည်အချင်းတွေကို တိုက်ရိုက်ညွှန်ကြားပြသပေးမှာ ဖြစ်ပြီး OG Seed အတွက် အားထုတ်မှုနဲ့ခွန်အားတွေပေးသွားမှာပါ

ဒါ့ကြောင့် OG ဟာ အခု DPC Season ရဲ့တတိယမြောက် Major ဖြစ်တဲ့ ESL One Los Angeles 2020 ပွဲအထိ OG Seed အပေါ်ပဲအားစိုက်သွားမှာဖြစ်ပြီး မူရင်း OG အသင်းအနေနဲ့ အဆိုပါပွဲကျင်းပမယ့် မတ်လလောက်အထိအေးအေးဆေးဆေးနေနေဦးမယ့် သဘောပါပဲ။ မနေချင်တဲ့လူတွေကတော့ OG Seed ကိုဝင်နည်းပြမယ့်သဘောပါ။

အခု ၂၈ ရက်နေ့မှာ စတင်ကျင်းပမယ့် Dream League S13 EU Qua ပွဲမှာ OG Seed ကို အရင်ဆုံးမြင်တွေ့ရမှာ ဖြစ်ပြီး ဒီအသင်းမှာ ပရိသတ်ရင်းနှီးပြီးသား ကစားသမားတွေဖြစ်တဲ့

1. Chessie

2. Madara

3. Xibbe

4. Zfreek

5. Peksu တို့ပါဝင်လာပါတယ်။

ဝါရင့်ကစားသမားတွေဖြစ်တဲ့ Zfreek, Madara, Chessie တို့နဲ့အတူ Xibbe, Peksu တို့လို သွေးသစ်ကစားသမားတွေကို ပေါင်းစပ်လာပြီး ဒီအသင်းသားတွေဟာ သူ့ပရိသတ်နဲ့သူရှိသော်လည်း OG က ပြောတဲ့အတိုင်း ကြီးမားတဲ့အောင်မြင်မှုတွေကိုတော့ မရရှိဖူးသေးပါဘူး။ OG Seed အနေနဲ့ ဘယ်လောက်ထိ ခရီးရောက်မယ် ဆိုတာ စောင့်ကြည့်ရဦးမှာပါ။ OG ကတော့ လောလောဆယ် အနိုင်အရှုံးကို စိတ်မဝင်စားဘူးလို့ ဆိုထားတဲ့အပြင် သူတို့ Mindset အရ တကယ်လည်း စိတ်ဓါတ်ခွန်အားပါပေးပြီး ကစားစေတဲ့သူတွေဖြစ်လို့ Dota 2 Pro Scene အတွက်တော့စိတ်ဝင်စားစရာပါ။

လောလောဆယ် Dota 3 လို့ဆိုရလောက်အောင် ပြောင်းလဲသွားတဲ့ Outlanders Update အပြီးမှာOG မှ Ti ချန်ပီယံတွေက OG Seed ကို ဘယ်လိုနည်းဗျူဟာတွေနဲ့ ကစားစေမလဲ၊ ဒါမှမဟုတ် အစမ်းသပ်ခံတွေလား ဆိုတာကိုလည်း မြင်ရမယ်လို့ မျှော်လင့်ပါတယ်။


[ZawGyi]

Ti8 & Ti9 ခ်န္ပီယံေတြ နည္းျပသြားမယ့္ OG Seed

 

OG အသင္းဟာ ထုံးစံအတိုင္း Ti ခ်န္ပီယံျဖစ္ၿပီးတာနဲ႔ Inactive ျပန္ျဖစ္သြားျပန္ပါၿပီ။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ သူတို႔ရဲ႕ Activity ေတြပါ လိုက္ေသသြားတာမဟုတ္ဘဲ ပုံမွန္လႈပ္ရွားမႈေလးေတြ ေတြ႕ရသလို ေမဂ်ာပြဲအတြဲ အႏိုင္ရမယ့္သူကို ခန္႔မွန္းတာမ်ိဳးေတြလည္း လုပ္လာပါတယ္။

ယေန႔မွာေတာ့ OG ကစားတာကိုမွ ၾကည့္ခ်င္ပါတယ္ဆိုတဲ့ သူေတြအတြက္ သူတို႔ရဲ႕ ဒုတိယေျမာက္Dota2 အသင္းအျဖစ္ OG Seed ကို မိတ္ဆက္လိုက္ပါၿပီ။ နာမည္အရေတာ့ သူတို႔ဟာ ဒီအသင္းကို သစ္ေစ့ေလးကေန အပင္ေပါက္လာတဲ့ထိ ျပဳစုပ်ိဳးေထာင္ေပးမယ္ ဆိုတဲ့အဓိပၸါယ္ျဖစ္ၿပီး OG မွ တရားဝင္ထုတ္ျပန္ထားတဲ့ စာထဲမွာလည္းဒီအသင္းကို ဖြဲ႕စည္းရတဲ့ အိုင္ဒီယာက ႐ိုးရွင္းပါတယ္။ မူလ Roster အျပင္ ေအာင္ျမင္သင့္သေလာက္ မေအာင္ျမင္ရေသးဘူး လို႔ ကြၽန္ေတာ္တို႔ ခိုင္မာစြာ ယုံၾကည္ထားတဲ့ ကစားသမားေတြနဲ႔ အသင္းတစ္ခုကို တည္ေဆာက္ခ်င္တာပါလို႔ ဆိုထားပါတယ္။

ကြၽန္ေတာ္တို႔က ဒီအသင္းကို သူတို႔အိပ္မက္ေတြေနာက္လိုက္ႏိုင္ဖို႔ ကူညီေပးမွာျဖစ္တယ္။ အခု DPC Season ရဲ႕ တတိယေျမာက္ေမဂ်ာအထိ Ti ႏွစ္ထပ္ကြမ္းခ်န္ပီယံေတြက သူတို႔ရဲ႕အရည္အခ်င္းေတြကို တိုက္႐ိုက္ၫႊန္ၾကားျပသေပးမွာ ျဖစ္ၿပီး OG Seed အတြက္ အားထုတ္မႈနဲ႔ခြန္အားေတြေပးသြားမွာပါ

ဒါ့ေၾကာင့္ OG ဟာ အခု DPC Season ရဲ႕တတိယေျမာက္ Major ျဖစ္တဲ့ ESL One Los Angeles 2020 ပြဲအထိOG Seed အေပၚပဲအားစိုက္သြားမွာျဖစ္ၿပီး မူရင္း OG အသင္းအေနနဲ႔ အဆိုပါပြဲက်င္းပမယ့္ မတ္လေလာက္အထိေအးေအးေဆးေဆးေနေနဦးမယ့္ သေဘာပါပဲ။ မေနခ်င္တဲ့လူေတြကေတာ့ OG Seed ကိုဝင္နည္းျပမယ့္သေဘာပါ။

အခု ၂၈ ရက္ေန႔မွာ စတင္က်င္းပမယ့္ Dream League S13 EU Qua ပြဲမွာ OG Seed ကို အရင္ဆုံးျမင္ေတြ႕ရမွာ ျဖစ္ၿပီး ဒီအသင္းမွာ ပရိသတ္ရင္းႏွီးၿပီးသား ကစားသမားေတြျဖစ္တဲ့

1. Chessie

2. Madara

3. Xibbe

4. Zfreek

5. Peksu တို႔ပါဝင္လာပါတယ္။

ဝါရင့္ကစားသမားေတြျဖစ္တဲ့ Zfreek, Madara, Chessie တို႔နဲ႔အတူ Xibbe, Peksu တို႔လို ေသြးသစ္ကစားသမားေတြကို ေပါင္းစပ္လာၿပီး ဒီအသင္းသားေတြဟာ သူ႔ပရိသတ္နဲ႔သူရွိေသာ္လည္း OG က ေျပာတဲ့အတိုင္း ႀကီးမားတဲ့ေအာင္ျမင္မႈေတြကိုေတာ့ မရရွိဖူးေသးပါဘူး။ OG Seed အေနနဲ႔ ဘယ္ေလာက္ထိ ခရီးေရာက္မယ္ ဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။ OG ကေတာ့ ေလာေလာဆယ္ အႏိုင္အရႈံးကို စိတ္မဝင္စားဘူးလို႔ ဆိုထားတဲ့အျပင္ သူတို႔ Mindset အရ တကယ္လည္း စိတ္ဓါတ္ခြန္အားပါေပးၿပီး ကစားေစတဲ့သူေတြျဖစ္လို႔ Dota 2 Pro Scene အတြက္ေတာ့ စိတ္ဝင္စားစရာပါ။ ေလာေလာဆယ္ Dota 3 လို႔ဆိုရေလာက္ေအာင္ေျပာင္းလဲသြားတဲ့ Outlanders Update အၿပီးမွာ OG မွ Ti ခ်န္ပီယံေတြက OG Seed ကို ဘယ္လိုနည္းဗ်ဴဟာေတြနဲ႔ ကစားေစမလဲ၊ ဒါမွမဟုတ္ အစမ္းသပ္ခံေတြလား ဆိုတာကိုလည္း ျမင္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။