[Unicode]

Leak သတင်းတွေအတိုင်း ပွဲထွက်လာတဲ့ OG Dota2

 

TI8 နဲ့ TI9 ချန်ပီယံ OG Dota2 ရဲ့ TI10 ကို စိန်ခေါ်မယ့် လူစာရင်းကတော့ ဒီရက်ပိုင်းထွက်နေတဲ့ ကောလာဟလ သတင်းတွေအတိုင်းပဲ ပွဲထုတ်လာပါတယ်။

နာမည်ထွက်ပြီးသား “Saksa” ကတော့ JerAx ရဲ့ Position 4 နေရာမှာ ဝင်ရောက်ကစားသွားမှာပါ။ အသက် ၂၄ နှစ်သား မက်ဆီဒိုးနီးယား နိုင်ငံသားဟာ OG မရောက်ခင် NiP မှာလည်း ppd နဲ့ အတူ ၁ နှစ်ခန့် တွဲဆော့ဖူးပါတယ်။ သူဟာ TI6 Grand Final မှာ Wing Gaming ကို ရှုံးနိမ့်ခဲ့တဲ့ W33 တို့ရဲ့ Digital Chaos အသင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ “MidOne” ပါ။ သူကတော့ အထူးတလည် မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ Fnatic နဲ့ Team Secret တို့မှာ နောက်ဆုံးကစားခဲ့တဲ့ ဒီ ၂၃ နှစ်သား မလေးလူမျိုးရဲ့ Mid Role တစ်ပေါက်ကတော့ လျှမ်းလျှမ်းတောက်ပါတယ်။ ဒါပေမယ့် ထူခြားတာကတော့ သူဟာ OG မှာ Offlane နေရာကနေ အသုံးတော်ခံရမှာပါ။ Ramze666 တို့လည်း Carry နေရာကနေ Offlane ကို ပြောင်းဆော့ပြီး အောင်မြင်နေတာမလို့ MidOne ရဲ့ Offlane ကို စောင့်ကြည့်ရမှာပါ။

OG ရဲ့ လူစာရင်းအပြည့်အစုံကတော့

1. SumaiL 🇵🇰
2. Topson 🇫🇮
3. MidOne 🇲🇾
4. Saksa 🇲🇰
5. N0tail 🇩🇰
တို့ပဲ ဖြစ်ပါတယ်။ ဒီလူစာရင်းဟာ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့မှာကျင်းပမယ့် ESL LA Major ရဲ့ Open Qualifier မှာ စတင်ယှဉ်ပြိုင်မှာပါ။

နောက်ဆက်တွဲသတင်းအနေနဲ့ OG က ထပ်မံကြေညာချက်တစ်ခု ရှိပါသေးတယ်။ ဒါကတော့ အများမျှော်လင့်ထားတဲ့ အတိုင်း နာမည်ကြီး player/streamer “Gorgc” ကလည်း OG ကို ရောက်သွားပါပြီ။ ဒါပေမယ့် Player အနေနဲ့တော့ မဟုတ်ပါဘူး။ OG အမှတ်တံဆိပ်အောက်ကနေ Streamer တစ်ယောက်အဖြစ် ခေါ်ယူလိုက်တာပဲ ဖြစ်ပါတယ်။


Twitch ရဲ့ လူကြည့်အများဆုံးနဲ့ ဖျော်ဖြေမှု အပေးနိုင်ဆုံး Dota2 streamer တစ်ဦးဖြစ်တဲ့ Gorgc ဟာ N0tail နဲ့ Ceb တို့နဲ့ ခင်မင်နေတဲ့အပြင် Dota2 ပရိသတ် အခိုင်အမာ ရရှိပြီးသားမလို့ OG ရဲ့ ကောင်းသော ခေါ်ယူမှု တစ်ခုဖြစ်ခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ အခု OG နဲ့ ထပ်မံပူးပေါင်းလိုက်တဲ့ SumaiL, MidOne, Saksa နဲ့ Gorgc တို့ဟာ OG ရဲ့ အရှိန်အဝါကို ပိုမို ဆွဲတင်ပေးနိုင်မယ့် ကစားသမားတွေဖြစ်မှာ အသေအချာပါပဲ ခင်ဗျာ။


[ZawGyi]

Leak သတင္းေတြအတိုင္း ပြဲထြက္လာတဲ့ OG Dota2

 

TI8 နဲ႔ TI9 ခ်န္ပီယံ OG Dota2 ရဲ႕ TI10 ကို စိန္ေခၚမယ့္ လူစာရင္းကေတာ့ ဒီရက္ပိုင္းထြက္ေနတဲ့ ေကာလာဟလ သတင္းေတြအတိုင္းပဲ ပြဲထုတ္လာပါတယ္။

နာမည္ထြက္ၿပီးသား “Saksa” ကေတာ့ JerAx ရဲ႕ Position 4 ေနရာမွာ ဝင္ေရာက္ကစားသြားမွာပါ။ အသက္ ၂၄ ႏွစ္သား မက္ဆီဒိုးနီးယား ႏိုင္ငံသားဟာ OG မေရာက္ခင္ NiP မွာလည္း ppd နဲ႔ အတူ ၁ ႏွစ္ခန႔္ တြဲေဆာ့ဖူးပါတယ္။ သူဟာ TI6 Grand Final မွာ Wing Gaming ကို ရႈံးနိမ့္ခဲ့တဲ့ W33 တို႔ရဲ႕ Digital Chaos အသင္းသားတစ္ဦးလည္း ျဖစ္ပါတယ္။

ေနာက္တစ္ေယာက္ကေတာ့ “MidOne” ပါ။ သူကေတာ့ အထူးတလည္ မိတ္ဆက္ေပးစရာ လိုမယ္မထင္ပါဘူး။ Fnatic နဲ႔ Team Secret တို႔မွာ ေနာက္ဆုံးကစားခဲ့တဲ့ ဒီ ၂၃ ႏွစ္သား မေလးလူမ်ိဳးရဲ႕ Mid Role တစ္ေပါက္ကေတာ့ လွ်မ္းလွ်မ္းေတာက္ပါတယ္။ ဒါေပမယ့္ ထူျခားတာကေတာ့ သူဟာ OG မွာ Offlane ေနရာကေန အသုံးေတာ္ခံရမွာပါ။ Ramze666 တို႔လည္း Carry ေနရာကေန Offlane ကို ေျပာင္းေဆာ့ၿပီး ေအာင္ျမင္ေနတာမလို႔ MidOne ရဲ႕ Offlane ကို ေစာင့္ၾကည့္ရမွာပါ။

OG ရဲ႕ လူစာရင္းအျပည့္အစုံကေတာ့

1. SumaiL 🇵🇰
2. Topson 🇫🇮
3. MidOne 🇲🇾
4. Saksa 🇲🇰
5. N0tail 🇩🇰
တို႔ပဲ ျဖစ္ပါတယ္။ ဒီလူစာရင္းဟာ လာမယ့္ ေဖေဖာ္ဝါရီ ၃ ရက္ေန႔မွာက်င္းပမယ့္ ESL LA Major ရဲ႕ Open Qualifier မွာ စတင္ယွဥ္ၿပိဳင္မွာပါ။

ေနာက္ဆက္တြဲသတင္းအေနနဲ႔ OG က ထပ္မံေၾကညာခ်က္တစ္ခု ရွိပါေသးတယ္။ ဒါကေတာ့ အမ်ားေမွ်ာ္လင့္ထားတဲ့ အတိုင္း နာမည္ႀကီး player/streamer “Gorgc” ကလည္း OG ကို ေရာက္သြားပါၿပီ။ ဒါေပမယ့္ Player အေနနဲ႔ေတာ့ မဟုတ္ပါဘူး။ OG အမွတ္တံဆိပ္ေအာက္ကေန Streamer တစ္ေယာက္အျဖစ္ ေခၚယူလိုက္တာပဲ ျဖစ္ပါတယ္။


Twitch ရဲ႕ လူၾကည့္အမ်ားဆုံးနဲ႔ ေဖ်ာ္ေျဖမႈ အေပးႏိုင္ဆုံး Dota2 streamer တစ္ဦးျဖစ္တဲ့ Gorgc ဟာ N0tail နဲ႔ Ceb တို႔နဲ႔ ခင္မင္ေနတဲ့အျပင္ Dota2 ပရိသတ္ အခိုင္အမာ ရရွိၿပီးသားမလို႔ OG ရဲ႕ ေကာင္းေသာ ေခၚယူမႈ တစ္ခုျဖစ္ခဲ့ပါတယ္။ ေသခ်ာတာတစ္ခုကေတာ့ အခု OG နဲ႔ ထပ္မံပူးေပါင္းလိုက္တဲ့ SumaiL, MidOne, Saksa နဲ႔ Gorgc တို႔ဟာ OG ရဲ႕ အရွိန္အဝါကို ပိုမို ဆြဲတင္ေပးႏိုင္မယ့္ ကစားသမားေတြျဖစ္မွာ အေသအခ်ာပါပဲ ခင္ဗ်ာ။