[Unicode]

ဥရောပ Bootcamp မှာ လူစုံတက်စုံ လေ့ကျင့်နေပြီဖြစ်တဲ့ OG Dota2

 

စံချိန်တင် TI 2 ဆုရှင် OG အသင်းဟာ နိုင်ငံစုံကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Dota2 အသင်းတစ်သင်း ဖြစ်ပါတယ်။ မကြာသေးမီကပဲ အမေရိကန် – ပါကစ္စတန်နိုင်ငံသား “Sumail” ကို အသင်းကထုတ်ပယ်ပြီး လူဟောင်းတစ်ဦးဖြစ်တဲ့ Ceb ကိုပြန်လည်ခေါ်ယူခဲ့ပါတယ်။

COVID-19 အခြေအနေတွေကြောင့် လေကြောင်းခရီးသွားလာမှုတွေ အခက်အခဲ ဖြစ်နေချိန်မှာ နိုင်ငံတကာ ကစားသမားတွေ ပါဝင်တဲ့ OG အသင်းကို အခက်တွေ့စေခဲ့ပါတယ်။ နှစ်အစပိုင်းကတည်းက MidOne နဲ့ Topson တို့ဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး Topson ကတော့ ဥရောပကို ပြန်ရောက်တာ မကြာသေးပါဘူး။

အစောပိုင်းပြိုင်ပွဲများကို အာရှမှာရှိတဲ့ MidOne ဟာ Ping 200 ကျော်လောက်နဲ့ ကစားခဲ့ရပြီး OG ရဲ့ Performance တွေဟာလည်း နိမ့်ကျခဲ့ရပါတယ်။ ဒါပေမယ့် မကြာခင်က တင်ခဲ့တဲ့ OG ရဲ့ CEO အသစ် “JMR Luna” ရဲ့ Twitter Post အသင်းသားတွေဟာ ဥရောပ Bootcamp မှာ အတူတကွ လေ့ကျင့်နေပြီပဲ ဖြစ်ပါတယ်။

ပုံထဲမှာတော့ OG အသင်းရဲ့ နည်းပြ Socks ကစားသမားတွေဖြစ်တဲ့ Topson, N0tail နဲ့ Ceb တို့အပြင် မလေးရှားက MidOne ပါ ရောက်ရှိနေတာ တွေ့ရမှာပါ။ Instagram က Post တွေ အရတော့ OG ရဲ့ လက်ရှိ Bootcamp ဟာ ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာလို့ သိရှိရပါတယ်။

ပုံထဲမှာတော့ Support ကစားသမားဖြစ်တဲ့ Saksa ပါဝင်ခြင်းမရှိပါဘူး။ ဒါပေမယ့် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မက်ဆီဒိုးနီးယား နိုင်ငံသား Saksa အဖို့ ဥရောပတိုက်တစ်ခုတည်းမှာသာ ကစားနေရတာကြောင့် Ping ပြဿနာမရှိဘူးလို့ ယူဆရပါတယ်။

လက်ရှိ OG Dota2 ရဲ့ လူစာရင်းကတော့

MidOne (မလေးရှား)

Topson (ဖင်လန်)

Ceb (ပြင်သစ်)

Saksa (မက်ဆီဒိုးနီးယား)

N0tail (ဒိန်းမတ်)
တို့ပဲဖြစ်ကြပါတယ်။ လူစုံတက်စုံနဲ့ ဒေသတစ်ခုထဲမှာ Ping ငြိမ်ငြိမ်နဲ့ ကစားခွင့်ရနေတဲ့ OG အသင်းသားတွေကတော့ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ OGA Dota Season-2 : Europe ပြိုင်ပွဲရဲ့ ပွဲဦးထွက် Viking.gg နဲ့ တွေ့ဆုံရာမှာ လက်စွမ်းပြနိုင်ပြီး (2-0) နဲ့အနိုင်ရရှိခဲ့ပါတယ်။

လူစာရင်းအပြည့်အစုံနဲ့ လေ့ကျင့်ခွင့်ရတော့မယ့် OG ရဲ့လက်စွမ်းဟာ လက်စွမ်းပြပြီး (၆) ကြိမ်ဆက်တိုက် ချန်ပီယံရထားတဲ့ Team Secret ကို ဟန့်တားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိ Bootcamp ရောက်နေတဲ့ OG အသင်းသားတွေရဲ့ နောက်ကွယ်က ပုံရိပ်တွေကိုကြည့်ချင်တယ်ဆိုရင်တော့ OG CEO ရဲ့ Instagram အကောင့် “og_jmrluna” ကို Follow လုပ်နိုင်ပါတယ် ခင်ဗျာ။

[ZawGyi]

ဥေရာပ Bootcamp မွာ လူစုံတက္စုံ ေလ့က်င့္ေနၿပီျဖစ္တဲ့ OG Dota2

 

စံခ်ိန္တင္ TI 2 ဆုရွင္ OG အသင္းဟာ ႏိုင္ငံစုံကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ Dota2 အသင္းတစ္သင္း ျဖစ္ပါတယ္။ မၾကာေသးမီကပဲ အေမရိကန္ – ပါကစၥတန္ႏိုင္ငံသား “Sumail” ကို အသင္းကထုတ္ပယ္ၿပီး လူေဟာင္းတစ္ဦးျဖစ္တဲ့ Ceb ကိုျပန္လည္ေခၚယူခဲ့ပါတယ္။

COVID-19 အေျခအေနေတြေၾကာင့္ ေလေၾကာင္းခရီးသြားလာမႈေတြ အခက္အခဲ ျဖစ္ေနခ်ိန္မွာ ႏိုင္ငံတကာ ကစားသမားေတြ ပါဝင္တဲ့ OG အသင္းကို အခက္ေတြ႕ေစခဲ့ပါတယ္။ ႏွစ္အစပိုင္းကတည္းက MidOne နဲ႔ Topson တို႔ဟာ မေလးရွားႏိုင္ငံကို ေရာက္ရွိေနတာျဖစ္ၿပီး Topson ကေတာ့ ဥေရာပကို ျပန္ေရာက္တာ မၾကာေသးပါဘူး။

အေစာပိုင္းၿပိဳင္ပြဲမ်ားကို အာရွမွာရွိတဲ့ MidOne ဟာ Ping 200 ေက်ာ္ေလာက္နဲ႔ ကစားခဲ့ရၿပီး OG ရဲ႕ Performance ေတြဟာလည္း နိမ့္က်ခဲ့ရပါတယ္။ ဒါေပမယ့္ မၾကာခင္က တင္ခဲ့တဲ့ OG ရဲ႕ CEO အသစ္ “JMR Luna” ရဲ႕ Twitter Post အသင္းသားေတြဟာ ဥေရာပ Bootcamp မွာ အတူတကြ ေလ့က်င့္ေနၿပီပဲ ျဖစ္ပါတယ္။

ပုံထဲမွာေတာ့ OG အသင္းရဲ႕ နည္းျပ Socks ကစားသမားေတြျဖစ္တဲ့ Topson, N0tail နဲ႔ Ceb တို႔အျပင္ မေလးရွားက MidOne ပါ ေရာက္ရွိေနတာ ေတြ႕ရမွာပါ။ Instagram က Post ေတြ အရေတာ့ OG ရဲ႕ လက္ရွိ Bootcamp ဟာ ေပၚတူဂီႏိုင္ငံ လစၥဘြန္းၿမိဳ႕မွာလို႔ သိရွိရပါတယ္။

ပုံထဲမွာေတာ့ Support ကစားသမားျဖစ္တဲ့ Saksa ပါဝင္ျခင္းမရွိပါဘူး။ ဒါေပမယ့္ ဥေရာပႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ မက္ဆီဒိုးနီးယား ႏိုင္ငံသား Saksa အဖို႔ ဥေရာပတိုက္တစ္ခုတည္းမွာသာ ကစားေနရတာေၾကာင့္ Ping ျပႆနာမရွိဘူးလို႔ ယူဆရပါတယ္။

လက္ရွိ OG Dota2 ရဲ႕ လူစာရင္းကေတာ့

MidOne (မေလးရွား)

Topson (ဖင္လန္)

Ceb (ျပင္သစ္)

Saksa (မက္ဆီဒိုးနီးယား)

N0tail (ဒိန္းမတ္)
တို႔ပဲျဖစ္ၾကပါတယ္။ လူစုံတက္စုံနဲ႔ ေဒသတစ္ခုထဲမွာ Ping ၿငိမ္ၿငိမ္နဲ႔ ကစားခြင့္ရေနတဲ့ OG အသင္းသားေတြကေတာ့ မေန႔ညက ယွဥ္ၿပိဳင္ခဲ့တဲ့ OGA Dota Season-2 : Europe ၿပိဳင္ပြဲရဲ႕ ပြဲဦးထြက္ Viking.gg နဲ႔ ေတြ႕ဆုံရာမွာ လက္စြမ္းျပႏိုင္ၿပီး (2-0) နဲ႔အႏိုင္ရရွိခဲ့ပါတယ္။

လူစာရင္းအျပည့္အစုံနဲ႔ ေလ့က်င့္ခြင့္ရေတာ့မယ့္ OG ရဲ႕လက္စြမ္းဟာ လက္စြမ္းျပၿပီး (၆) ႀကိမ္ဆက္တိုက္ ခ်န္ပီယံရထားတဲ့ Team Secret ကို ဟန႔္တားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။ လက္ရွိ Bootcamp ေရာက္ေနတဲ့ OG အသင္းသားေတြရဲ႕ ေနာက္ကြယ္က ပုံရိပ္ေတြကိုၾကည့္ခ်င္တယ္ဆိုရင္ေတာ့ OG CEO ရဲ႕ Instagram အေကာင့္ “og_jmrluna” ကို Follow လုပ္ႏိုင္ပါတယ္ ခင္ဗ်ာ။