[Unicode]

MDL Chengdu Major မှာ အနိုင်ရမယ့်အသင်းကို ခန့်မှန်းလိုက်တဲ့ N0tail နဲ့ Ceb

 

TI ကို ၂ နှစ်ဆက်အနိုင်ရရှိခဲ့တဲ့ OG အသင်းရဲ့ ကစားသမားများဖြစ်ကြတဲ့ N0tail နဲ့ Ceb တို့ဟာ မကြာမီကျင်းပမယ့် MDL Chengdu Major 2019 မှာ အနိုင်ရမယ့်အသင်းနဲ့ grand final ထိ တက်ရောက်လာနိုင်မယ့်အသင်းများကို ခန့်မှန်းကြေညာလိုက်ပါတယ်။ ဒီခန့်မှန်းချက်များကို OG အသင်းရဲ့တရားဝင် Facebook စာမျက်နှာပေါ်မှာ တင်ခဲ့တာဖြစ်လို့ Dota 2 ပရိသတ်အများက စိတ်ဝင်စားနေကြပါတယ်။

N0tail ရဲ့ ခန့်မှန်းချက်အရတော့ MDL Chengdu Major 2019 ရဲ့ Grand Final ပွဲစဉ်များမှာ TNC Predator နဲ့ Alliance တို့ တွေ့ဆုံယှဉ်ပြိုင်ပြီး TNC Predator က အနိုင်ရရှိသွားမယ်လို့ ဆိုပါတယ်။ Ceb ကတော့ ViCi Gaming နဲ့ Fnatic တို့ တွေ့ဆုံယှဉ်ပြိုင်ကြလိမ့်မယ်လို့သာ ခန့်မှန်းထားပြီး ဘယ်အသင်းအနိုင်ရရှိမယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

TNC Predator အသင်းဟာ ကျင်းပပြီးစီးခဲ့တဲ့ ESL One Hamburg 2019 ကို အနိုင်ရရှိခဲ့ပါတယ်။ ထိုစဉ်က ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အသင်းများထဲမှာ TNC ဟာ အကောင်းဆုံးအသင်းတစ်သင်းဖြစ်နေခဲ့တာပါ။ ပွဲစဉ်တစ်လျှောက်လုံးမှာလည်း အမှားအယွင်းနဲ့ ရှုံးပွဲ လွန်စွာနည်းပါးခဲ့တဲ့အတွက်လည်း N0tail ဒီလိုခန့်မှန်းတာဖြစ်တယ်လို့ အများက သုံးသပ်ကြပါတယ်။

ဒါပေမယ့် လာမယ့် major မှာတော့ Evil Geniuses နဲ့ Fnatic တို့လို အင်အားကြီးတဲ့အသင်းများ ပါဝင်လာမှာမို့ TNC အတွက် အခက်အခဲများလည်း ဖြစ်လာနိုင်ပါတယ်။ အခြားအသင်းများကလည်း ပြီးခဲ့တဲ့ major က အတွေ့အကြုံများကို သင်ခန်းစာယူလို့ လာမယ့် ပွဲစဉ်များမှာ ပိုမိုကောင်းမွန်လာနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ N0tail ရဲ့ ခန့်မှန်းချက်ဟာ TNC အသင်းကို အားပေးနေကြတဲ့ ဖိလစ်ပိုင် Dota 2 ကစားသမားများကိုတော့ စိတ်ဓာတ်တက်ကြွသွားစေခဲ့ပါတယ်။

N0tail နဲ့ Ceb တို့ဟာ နိုဝင်ဘာလ ၁၀ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ Dota Summit 11 အတွက်လည်း ခန့်မှန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်။ Summit 11 မှာ Ceb ဟာ Geek Fam အသင်းအနိုင်ရမယ်လို့ ခန့်မှန်းခဲ့ပေမယ့် N0tail ကတော့ Ninjas in Pyjamas နဲ့ paiN Gaming တို့ တွေ့ဆုံယှဉ်ပြိုင်ပြီး Ninja in Pyjamas က အနိုင်ရရှိမယ်လို့ ခန့်မှန်းခဲ့တာပါ။

ဒါပေမယ့် တကယ်တမ်း Summit 11 ရဲ့ grand final ကျင်းပချိန်မှာတော့ Invictus Gaming နဲ့ Chaos Esports တို့သာ ယှဉ်ပြိုင်ခဲ့ကြပြီး Invictus Gaming က အနိုင်ရရှိသွားခဲ့ပါတယ်။ N0tail နဲ့ Ceb တို့ရဲ့ ခန့်မှန်းချက်များဟာ ပရိသတ်အချို့ အရွှန်းဖောက်နေကြသလို OG prediction curse ကျိန်စာပဲ ဖြစ်လာမလား တကယ်ပဲ မှန်ကန်လာမလားဆိုတာကတော့ ပြိုင်ပွဲကျင်းပချိန်မှာမှ မျက်ဝါးထင်ထင် မြင်တွေ့ကြရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

Source: OGDota2, Afkgaming


[Zawgyi]

MDL Chengdu Major မွာ အႏိုင္ရမယ့္အသင္းကို ခန့္မွန္းလိုက္တဲ့ N0tail နဲ႕ Ceb


TI ကို ၂ ႏွစ္ဆက္အႏိုင္ရရွိခဲ့တဲ့ OG အသင္းရဲ႕ ကစားသမားမ်ားျဖစ္ၾကတဲ့ N0tail နဲ႔ Ceb တို႔ဟာ မၾကာမီက်င္းပမယ့္ MDL Chengdu Major 2019 မွာ အႏိုင္ရမယ့္အသင္းနဲ႔ grand final ထိ တက္ေရာက္လာႏိုင္မယ့္အသင္းမ်ားကို ခန္႔မွန္းေၾကညာလိုက္ပါတယ္။ ဒီခန္႔မွန္းခ်က္မ်ားကို OG အသင္းရဲ႕တရားဝင္ Facebook စာမ်က္ႏွာေပၚမွာ တင္ခဲ့တာျဖစ္လို႔ Dota 2 ပရိသတ္အမ်ားက စိတ္ဝင္စားေနၾကပါတယ္။

N0tail ရဲ႕ ခန္႔မွန္းခ်က္အရေတာ့ MDL Chengdu Major 2019 ရဲ႕ Grand Final ပြဲစဥ္မ်ားမွာ TNC Predator နဲ႔ Alliance တို႔ ေတြ႔ဆုံယွဥ္ျပိဳင္ျပီး TNC Predator က အႏိုင္ရရွိသြားမယ္လို႔ ဆုိပါတယ္။ Ceb ကေတာ့ ViCi Gaming နဲ႔ Fnatic တို႔ ေတြ႔ဆုံယွဥ္ျပိဳင္ၾကလိမ့္မယ္လို႔သာ ခန္႔မွန္းထားျပီး ဘယ္အသင္းအႏိုင္ရရွိမယ္ဆိုတာကိုေတာ့ မေျပာခဲ့ပါဘူး။

TNC Predator အသင္းဟာ က်င္းပျပီးစီးခဲ့တဲ့ ESL One Hamburg 2019 ကို အႏိုင္ရရွိခဲ့ပါတယ္။ ထိုစဥ္က ဝင္ေရာက္ယွဥ္ျပိဳင္ၾကတဲ့ အသင္းမ်ားထဲမွာ TNC ဟာ အေကာင္းဆုံးအသင္းတစ္သင္းျဖစ္ေနခဲ့တာပါ။ ပြဲစဥ္တစ္ေလွ်ာက္လုံးမွာလည္း အမွားအယြင္းနဲ႔ ရႈံးပြဲ လြန္စြာနည္းပါးခဲ့တဲ့အတြက္လည္း N0tail ဒီလိုခန္႔မွန္းတာျဖစ္တယ္လို႔ အမ်ားက သုံးသပ္ၾကပါတယ္။

ဒါေပမယ့္ လာမယ့္ major မွာေတာ့ Evil Geniuses နဲ႔ Fnatic တို႔လို အင္အားၾကီးတဲ့အသင္းမ်ား ပါဝင္လာမွာမို႔ TNC အတြက္ အခက္အခဲမ်ားလည္း ျဖစ္လာႏိုင္ပါတယ္။ အျခားအသင္းမ်ားကလည္း ျပီးခဲ့တဲ့ major က အေတြ႔အၾကံဳမ်ားကို သင္ခန္းစာယူလို႔ လာမယ့္ ပြဲစဥ္မ်ားမွာ ပိုမိုေကာင္းမြန္လာႏိုင္ပါတယ္။ မည္သို႔ပင္ျဖစ္ေစ N0tail ရဲ႕ ခန္႔မွန္းခ်က္ဟာ TNC အသင္းကို အားေပးေနၾကတဲ့ ဖိလစ္ပိုင္ Dota 2 ကစားသမားမ်ားကိုေတာ့ စိတ္ဓာတ္တက္ၾကြသြားေစခဲ့ပါတယ္။

N0tail နဲ႔ Ceb တို႔ဟာ ႏိုဝင္ဘာလ ၁၀ ရက္ေန႔က က်င္းပျပီးစီးခဲ့တဲ့ Dota Summit 11 အတြက္လည္း ခန္႔မွန္းမႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။ Summit 11 မွာ Ceb ဟာ Geek Fam အသင္းအႏိုင္ရမယ္လို႔ ခန္႔မွန္းခဲ့ေပမယ့္ N0tail ကေတာ့ Ninjas in Pyjamas နဲ႔ paiN Gaming တို႔ ေတြ႔ဆုံယွဥ္ျပိဳင္ျပီး Ninja in Pyjamas က အႏိုင္ရရွိမယ္လို႔ ခန္႔မွန္းခဲ့တာပါ။

ဒါေပမယ့္ တကယ္တမ္း Summit 11 ရဲ႕ grand final က်င္းပခ်ိန္မွာေတာ့ Invictus Gaming နဲ႔ Chaos Esports တို႔သာ ယွဥ္ျပိဳင္ခဲ့ၾကျပီး Invictus Gaming က အႏိုင္ရရွိသြားခဲ့ပါတယ္။ N0tail နဲ႔ Ceb တုိ႔ရဲ႕ ခန္႔မွန္းခ်က္မ်ားဟာ ပရိသတ္အခ်ိဳ႕ အရႊန္းေဖာက္ေနၾကသလို OG prediction curse က်ိန္စာပဲ ျဖစ္လာမလား တကယ္ပဲ မွန္ကန္လာမလားဆိုတာကေတာ့ ျပိဳင္ပြဲက်င္းပခ်ိန္မွာမွ မ်က္ဝါးထင္ထင္ ျမင္ေတြ႔ၾကရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

Source: OGDota2, Afkgaming