Esports ရဲ့ တရားဝင္ ဘီယာအျဖစ္ မွတ္ပုံတင္ထားတာ ဘယ္တံဆိပ္ျဖစ္မလဲ?

အန္ဟြိဳင္ဇာ-ဘုရွ္ ဆိုတဲ့ အေမရိကန္ကုမၸဏီဟာ အေမရိကန္ျပည္ေထာင္စုနိုင္ငံရဲ့ အမွတ္တံဆိပ္ မူပိုင္ခြင့္ မွတ္ပုံတင္႐ုံးမွာ “Esports ရဲ့ တရားဝင္ ဘီယာ” ဆိုတဲ့ စာလုံးကို မူပိုင္ခြင့္ ရယူခဲ့ပါတယ္။ ဒါတင္မကေသးပဲ “ဂိမ္မာေတြရဲ့ တရားဝင္ ဘီယာ” “ဂိမ္းေဆာ့ျခင္းရဲ့ တရားဝင္ ဘီယာ” ဆိုတဲ့ စာလုံးေတြကိုပါ မူပိုင္ခြင့္ ထပ္ယူခဲ့ပါတယ္။

အန္ဟြိဳင္ဇာ-ဘုရွ္ ကုမၸဏီဆိုတဲ့ နာမည္ကေတာ့ ျမန္မာနိုင္ငံနဲ႔ စိမ္းေနနိုင္နိုင္ေပမယ့္ သူတို့ရဲ့ ဘီယာ အမွတ္တံဆိပ္ျဖစ္တဲ့ “Budweiser” (ဘတ္ဝိုင္ဇာ) ကိုေတာ့ တကမၻာလုံးသိၾကမွာ အေသအခ်ာပါပဲ။ အန္ဟြိဳင္ဇာ-ဘုရွ္ ကုမၸဏီဟာ Budweiser အျပင္ Hoegaarden, Stella Artois, Michelob အစရွိတဲ့ Brand ေပါင္း ၁၀၀ ကို ျပဳလုပ္၊ တင္ပို့၊ ေရာင္းခ်ေနတာပဲ ျဖစ္ပါဆယ္။

အန္ဟြိဳင္ဇာ-ဘုရွ္ ကုမၸဏီရဲ့ US Sports Marketing အႀကီးအကဲ ျဖစ္သူ “နစ္ ကယ္လီ” ကေတာ့ အားကစားဆိုတာ အမ်ိဳးအစား အမ်ားႀကီး ရွိပါတယ္။ ဥပမာ NFL (အေမရိကန္ Football League) ရဲ့တရားဝင္ဘီယာျဖစ္ဖို့ဆိုရင္ သူတို့နဲ႔ အေပးအယူေတြ လုပ္ဖို့လိုတယ္။ Esports ကေတာ့ အဲလိုမဟုတ္ဘူး။ Esports ဆိုတာကို ဘယ္သူမွ မပိုင္ဘူး။ ဒါကိုက်ေတာ္တို့က အခြင့္ေကာင္းယူလိုက္တာပဲ ျဖစ္ပါတယ္” လို့ေျပာၾကားခဲ့ပါတယ္။

ထို့အျပင္ မူပိုင္ခြင့္ရယူထားတဲ့ “Official Beer of Esports”, “Official Beer of Gamers” နဲ႔ “Official Beer of Gaming” စတဲ့စာလုံးေတြကို Digital Marketing ျပဳလုပ္ရာမွာ အဓိက အသုံးျပဳသြားမယ္လို့ ေၾကညာထားၿပီး လက္လီေရာင္းခ်ရာမွာလည္း အသုံးျပဳမယ္လို့ ကယ္လီက ေျပာၾကားခဲ့ပါတယ္။

အန္ဟြိဳင္ဇာ-ဘုရွ္ အနနဲ႔လည္း Esports ေလာကနဲ႔ အစိမ္းသက္သက္ေတာ့ မဟုတ္ပါဘူး။ ၂၀၁၉ ဧၿပီလမွာ Overwatch League အေနနဲ႔လည္း အန္ဟြိဳင္ဇာ-ဘုရွ္ ရဲ့ ဘီယာတစ္မ်ိဳးျဖစ္တဲ့ “Bud Light” ကိုလည္း တ႐ုတ္ျပည္မွ အပ Official beer of the league အျဖစ္ သေဘာတူညီမွု ရယူနိုင္ခဲ့ပါတယ္။ ထို့အျပင္ ၂၀၁၈ တုန္းကလည္း NBA 2K League အသင္းတစ္သင္းျဖစ္တဲ့ Washington Wizard ပိုင္ဆိုင္တဲ့ Wizard District Gaming အသင္းကိုလည္း စပြန္ဆာ ေပးခဲ့ပါတယ္။

———————————————–

Esports ရဲ့ တရားဝင် ဘီယာအဖြစ် မှတ်ပုံတင်ထားတာ ဘယ်တံဆိပ်ဖြစ်မလဲ?

အန်ဟွိုင်ဇာ-ဘုရှ် ဆိုတဲ့ အမေရိကန်ကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုနိုင်ငံရဲ့ အမှတ်တံဆိပ် မူပိုင်ခွင့် မှတ်ပုံတင်ရုံးမှာ “Esports ရဲ့ တရားဝင် ဘီယာ” ဆိုတဲ့ စာလုံးကို မူပိုင်ခွင့် ရယူခဲ့ပါတယ်။ ဒါတင်မကသေးပဲ “ဂိမ်မာတွေရဲ့ တရားဝင် ဘီယာ” “ဂိမ်းဆော့ခြင်းရဲ့ တရားဝင် ဘီယာ” ဆိုတဲ့ စာလုံးတွေကိုပါ မူပိုင်ခွင့် ထပ်ယူခဲ့ပါတယ်။

အန်ဟွိုင်ဇာ-ဘုရှ် ကုမ္ပဏီဆိုတဲ့ နာမည်ကတော့ မြန်မာနိုင်ငံနဲ့ စိမ်းနေနိုင်နိုင်ပေမယ့် သူတို့ရဲ့ ဘီယာ အမှတ်တံဆိပ်ဖြစ်တဲ့ “Budweiser” (ဘတ်ဝိုင်ဇာ) ကိုတော့ တကမ္ဘာလုံးသိကြမှာ အသေအချာပါပဲ။ အန်ဟွိုင်ဇာ-ဘုရှ် ကုမ္ပဏီဟာ Budweiser အပြင် Hoegaarden, Stella Artois, Michelob အစရှိတဲ့ Brand ပေါင်း ၁၀၀ ကို ပြုလုပ်၊ တင်ပို့၊ ရောင်းချနေတာပဲ ဖြစ်ပါဆယ်။

အန်ဟွိုင်ဇာ-ဘုရှ် ကုမ္ပဏီရဲ့ US Sports Marketing အကြီးအကဲ ဖြစ်သူ “နစ် ကယ်လီ” ကတော့ အားကစားဆိုတာ အမျိုးအစား အများကြီး ရှိပါတယ်။ ဥပမာ NFL (အမေရိကန် Football League) ရဲ့တရားဝင်ဘီယာဖြစ်ဖို့ဆိုရင် သူတို့နဲ့ အပေးအယူတွေ လုပ်ဖို့လိုတယ်။ Esports ကတော့ အဲလိုမဟုတ်ဘူး။ Esports ဆိုတာကို ဘယ်သူမှ မပိုင်ဘူး။ ဒါကိုကျတော်တို့က အခွင့်ကောင်းယူလိုက်တာပဲ ဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ထို့အပြင် မူပိုင်ခွင့်ရယူထားတဲ့ “Official Beer of Esports”, “Official Beer of Gamers” နဲ့ “Official Beer of Gaming” စတဲ့စာလုံးတွေကို Digital Marketing ပြုလုပ်ရာမှာ အဓိက အသုံးပြုသွားမယ်လို့ ကြေညာထားပြီး လက်လီရောင်းချရာမှာလည်း အသုံးပြုမယ်လို့ ကယ်လီက ပြောကြားခဲ့ပါတယ်။

အန်ဟွိုင်ဇာ-ဘုရှ် အနနဲ့လည်း Esports လောကနဲ့ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ ၂၀၁၉ ဧပြီလမှာ Overwatch League အနေနဲ့လည်း အန်ဟွိုင်ဇာ-ဘုရှ် ရဲ့ ဘီယာတစ်မျိုးဖြစ်တဲ့ “Bud Light” ကိုလည်း တရုတ်ပြည်မှ အပ Official beer of the league အဖြစ် သဘောတူညီမှု ရယူနိုင်ခဲ့ပါတယ်။ ထို့အပြင် ၂၀၁၈ တုန်းကလည်း NBA 2K League အသင်းတစ်သင်းဖြစ်တဲ့ Washington Wizard ပိုင်ဆိုင်တဲ့ Wizard District Gaming အသင်းကိုလည်း စပွန်ဆာ ပေးခဲ့ပါတယ်။

Source : TEO