[Unicode]

မြန်မာနိုင်ငံကိုယ်စားပြုအသင်းရွေးချယ်မယ့် NVIDIA GeForce Cup CSGO Tournament

 

ကမ္ဘာကျော် Graphic Card အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ NVIDIA GeForce က ဦးစီးကျင်းပတဲ့ NVIDIA Geforce Cup 2019 အတွက် မြန်မာနိုင်ငံ လက်ရည်စစ်ပွဲကိုတော့ Tech Ace Computer, Gaming PC & Gears မှ ကျင်းပပြုလုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း Esports နယ်ပယ်ဖွံဖြိုးတိုးတက်လာမှုနဲ့အတူ NVIDIA မှလည်း သူတို့ရဲ့ နှစ်စဉ်ကျင်းပနေကျ GeForce Cup ကို မြန်မာနိုင်ငံသို့ ယူဆောင်လာတာ အခုဆိုရင် ဒုတိယအကြိမ်ကို ရောက်ရှိနေပါပြီ။ Pacific ဒေသများအတွက် ရည်ရွယ်ကျင်းပတဲ့ အဆိုပါပြိုင်ပွဲဟာ နိုင်ငံတကာမှာတော့ ကျင်းပတာ သက်တမ်းအတော်ကြာပြီ ဖြစ်ပြီး PC Category မှာရှိတဲ့ Esports ပြိုင်ပွဲများကို NVIDIA GeForce ကဦးစီးပြီး နှစ်စဉ်ကျင်းပပေးတာပဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ NVIDIA GeForce Cup မှာတော့ PUBG (PC) အမျိုးအစားကို ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ လက်ရည်စစ်ပွဲကိုလည်း Tech Ace မှပံပိုးပေးပြီး Global Maven Association မှ ကျင်းပပေးခဲ့တပါတယ်။ Myanmar Qualifier မှာတော့ Ace, sweetpotato, Initial, soulraze တို့ပါဝင်တဲ့ Team Kamikaze ကအနိုင်ရရှိပြီး တရုတ်နိုင်ငံ Changsha မြို့မှာ ကျင်းပတဲ့ Main Event ကို တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။

2018 GeForce Cup Memories

ဒီနှစ် 2019 NVIDIA GeForce Cup ကိုတော့ Counter Strike : Global Offensive (CSGO) အမျိုးအစားကို ကျင်းပမှာဖြစ်ပြီး မြန်မာကိုယ်စားပြုတစ်သင်းက ၂၀၂၀ ဇန်နဝါရီလ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် Main Event မှာ အခြား အရှေ့တောင်အာရှမှ အသင်းတွေနဲ့အတူ ယှဉ်ပြိုင်ခွင့် ရရှိမှာပါ။

ဒီနှစ်အတွက် မြန်မာလက်ရည်စစ်ပွဲကိုတော့ NVIDIA GeForce Myanmar နဲ့ Tech Ace တို့မှ ပူးပေါင်းကျင်းပတာဖြစ်ပြီး Vibrant မှ စီစဉ် တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ ဆုကြေးကိုတော့ စုစုပေါင်း ကျပ်သိန်း (၂၀) အထိ ပေးအပ်မှာဖြစ်ပြီး ပြည်တွင်း CSGO ပြိုင်ပွဲတွေ ထဲမှာ တော်တော်များတဲ့ ဆုကြေးလို့တောင် ဆိုနိုင်ပါတယ်။ ဒါအပြင်လည်း ပထမရတဲ့ အသင်းအတွက် Main Event မှာသွားရောက်ယှဉ်ပြိုင်ခွင့်အပြင် မလေးရှားကိုသွားရောက်ဖို့ လေယာဉ်လက်မှတ်ရယ် နေဖို့ ဟိုတယ်ရယ်ကိုပါ Tech Ace မှ ပံပိုးပေးသွားမှာ ဖြစ်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက CSGO ကစားသမားတွေအတွက်ရော ဝါသနာရှင်တွေအတွက်ပါ သတင်းကောင်းဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့ “Vibrant” Facebook page နဲ့ “Yangon CSGO Network- YCN” page တွေမှာ စာရင်းပေးသွင်းနိုင်ပါတယ်။

ပြိုင်ပွဲကိုတော့ အောက်တိုဘာ ၂၆,၂၇ မှာ Online Qualifier ကိုကျင်းပမှာဖြစ်ပြီး နိုဝင်ဘာ ၉ ရက်နေ့မှာတော့ ကျောက်မြောင်းမှာရှိတဲ့ EZ Esports Center မှာ Main Event ကိုကျင်းပမှာဖြစ်ပါတယ်။ Main Event ကိုတော့ Vibrant Entertainment, Tech Ace နဲ့ NVIDIA Geforce Myanmar Facebook page တို့မှာ live ပြသပေးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ Esports စင်မြင့်ထက်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နိုင်ပြီး ဘယ်အသင်းက အကြမ်းဆုံးလည်းဆိုတာ သက်သေပြဖို့ အခုပဲ လူစုပြီး စာရင်းပေးသွင်းဖို့ မမေ့ကြနဲ့နော်။


[Zawgyi]

ျမန္မာႏိုင္ငံကိုယ္စားျပဳအသင္းေရြးခ်ယ္မယ့္ NVIDIA GeForce Cup CSGO Tournament

 

ကမာၻေက်ာ္ Graphic Card အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ NVIDIA GeForce က ဦးစီးက်င္းပတဲ့ NVIDIA Geforce Cup 2019 အတြက္ ျမန္မာႏိုင္ငံ လက္ရည္စစ္ပြဲကိုေတာ့ Tech Ace Computer, Gaming PC & Gears မွ က်င္းပျပဳလုပ္ေပးသြားမွာပဲ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာလည္း Esports နယ္ပယ္ဖြံၿဖိဳးတိုးတက္လာမႈနဲ႔အတူ NVIDIA မွလည္း သူတို႔ရဲ႕ ႏွစ္စဥ္က်င္းပေနက် GeForce Cup ကို ျမန္မာႏိုင္ငံသို႔ ယူေဆာင္လာတာ အခုဆိုရင္ ဒုတိယအႀကိမ္ကို ေရာက္ရွိေနပါၿပီ။ Pacific ေဒသမ်ားအတြက္ ရည္ရြယ္က်င္းပတဲ့ အဆိုပါၿပိဳင္ပြဲဟာ ႏိုင္ငံတကာမွာေတာ့ က်င္းပတာ သက္တမ္းအေတာ္ၾကာၿပီ ျဖစ္ၿပီး PC Category မွာရွိတဲ့ Esports ၿပိဳင္ပြဲမ်ားကို NVIDIA GeForce ကဦးစီးၿပီး ႏွစ္စဥ္က်င္းပေပးတာပဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက က်င္းပခဲ့တဲ့ NVIDIA GeForce Cup မွာေတာ့ PUBG (PC) အမ်ိဳးအစားကို က်င္းပခဲ့ၿပီး ျမန္မာႏိုင္ငံ လက္ရည္စစ္ပြဲကိုလည္း Tech Ace မွပံပိုးေပးၿပီး Global Maven Association မွ က်င္းပေပးခဲ့တပါတယ္။ Myanmar Qualifier မွာေတာ့ Ace, sweetpotato, Initial, soulraze တို႔ပါဝင္တဲ့ Team Kamikaze ကအႏိုင္ရရွိၿပီး တ႐ုတ္ႏိုင္ငံ Changsha ၿမိဳ႕မွာ က်င္းပတဲ့ Main Event ကို တက္ေရာက္ခြင့္ ရရွိခဲ့ပါတယ္။

2018 GeForce Cup Memories

ဒီႏွစ္ 2019 NVIDIA GeForce Cup ကိုေတာ့ Counter Strike : Global Offensive (CSGO) အမ်ိဳးအစားကို က်င္းပမွာျဖစ္ၿပီး ျမန္မာကိုယ္စားျပဳတစ္သင္းက ၂၀၂၀ ဇန္နဝါရီလ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕မွာ က်င္းပမယ့္ Main Event မွာ အျခား အေရွ႕ေတာင္အာရွမွ အသင္းေတြနဲ႔အတူ ယွဥ္ၿပိဳင္ခြင့္ ရရွိမွာပါ။

ဒီႏွစ္အတြက္ ျမန္မာလက္ရည္စစ္ပြဲကိုေတာ့ NVIDIA GeForce Myanmar နဲ႔ Tech Ace တို႔မွ ပူးေပါင္းက်င္းပတာျဖစ္ၿပီး Vibrant မွ စီစဥ္ တင္ဆက္ေပးမွာပဲ ျဖစ္ပါတယ္။ ဆုေၾကးကိုေတာ့ စုစုေပါင္း က်ပ္သိန္း (၂၀) အထိ ေပးအပ္မွာျဖစ္ၿပီး ျပည္တြင္း CSGO ၿပိဳင္ပြဲေတြ ထဲမွာ ေတာ္ေတာ္မ်ားတဲ့ ဆုေၾကးလို႔ေတာင္ ဆိုႏိုင္ပါတယ္။ ဒါအျပင္လည္း ပထမရတဲ့ အသင္းအတြက္ Main Event မွာသြားေရာက္ယွဥ္ၿပိဳင္ခြင့္အျပင္ မေလးရွားကိုသြားေရာက္ဖို႔ ေလယာဥ္လက္မွတ္ရယ္ ေနဖို႔ ဟိုတယ္ရယ္ကိုပါ Tech Ace မွ ပံပိုးေပးသြားမွာ ျဖစ္ပါတယ္။

ဒါဟာ ျမန္မာႏိုင္ငံက CSGO ကစားသမားေတြအတြက္ေရာ ဝါသနာရွင္ေတြအတြက္ပါ သတင္းေကာင္းျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္ခ်င္တယ္ဆိုရင္ေတာ့ “Vibrant” Facebook page နဲ႔ “Yangon CSGO Network- YCN” page ေတြမွာ စာရင္းေပးသြင္းႏိုင္ပါတယ္။

ၿပိဳင္ပြဲကိုေတာ့ ေအာက္တိုဘာ ၂၆,၂၇ မွာ Online Qualifier ကိုက်င္းပမွာျဖစ္ၿပီး ႏိုဝင္ဘာ ၉ ရက္ေန႔မွာေတာ့ ေက်ာက္ေျမာင္းမွာရွိတဲ့ EZ Esports Center မွာ Main Event ကိုက်င္းပမွာျဖစ္ပါတယ္။ Main Event ကိုေတာ့ Vibrant Entertainment, Tech Ace နဲ႔ NVIDIA Geforce Myanmar Facebook page တို႔မွာ live ျပသေပးမွာ ျဖစ္ပါတယ္။

ႏိုင္ငံတကာ Esports စင္ျမင့္ထက္မွာ ျမန္မာႏိုင္ငံရဲ႕ ဂုဏ္ကိုေဆာင္ႏိုင္ၿပီး ဘယ္အသင္းက အၾကမ္းဆံုးလည္းဆိုတာ သက္ေသျပဖို႔ အခုပဲ လူစုၿပီး စာရင္းေပးသြင္းဖို႔ မေမ့ၾကနဲ႔ေနာ္။