[ZawGyi]

Noodle’s Mobile Game Review – Archero

ဒီတစ္ခါ Gaming Noodle ကေန တင္ဆက္ေပးခ်င္တာကေတာ့ ေပါ့ေပါ့ပါးပါး Game Control, သပ္ရပ္လွပတဲ့ Animation ဒီဇုိင္းေလးေတြနဲ႔ ေဆာ့ရင္ေဆာ့သေလာက္ Depth ရွိတဲ့ Gameplay တုိ႔ကို ပိုင္ဆုိင္ထားတဲ့ Free-to-play မုိဘုိင္းဂိမ္းေကာင္းေလးတစ္ခုပါ။

အဲဒါကေတာ့ Archero ဆုိတဲ့ ဂိမ္းေလးပါပဲ။ ဒီဂိမ္းကို အရင္ Flaming Core နဲ႔လူသိမ်ားတဲ့ Habby စတူဒီယုိက ထုတ္လုပ္ပါတယ္။ သူ႕ဒီဇုိင္းက မုိဘုိင္းေပၚမွာျမင္ေနၾက Nonstop Knight တုိ႔၊ Clash Royale တုိ႔လို ဒီဇုိင္းမ်ဳိးေလးပါပဲ။ ဒီစတုိင္လ္က သပ္ရပ္ၿပီး ၾကည့္လို႔လွသလို မုိဘုိင္းနဲ႔လည္း ေတာ္ေတာ္ကိုက္တဲ့ ပုံစံတစ္ခုပါ။

ကစားပုံကရုိးရွင္းပါတယ္။ ကစားသူဟာ ဂိမ္းဇာတ္ေကာင္တစ္ေယာက္ကို ကိုင္တြယ္ၿပီး ေျမပုံတစ္ခုခ်င္းစီမွာ ပါဝင္တဲ့ Stage ေတြကို ရွင္းလင္းေပးရမယ္၊ ႏုိင္ရင္ေနာက္ပိုခက္တဲ့ တစ္ဆင့္ကို ေရာက္သြားမယ္ ဆုိတဲ့ပုံစံမ်ဳိးပါ။ ဒါေပမယ့္ သူ႕ရဲ႕အဓိကဆြဲေဆာင္မႈက ပိုက္ဆံဘယ္ေလာက္ေပးေပး ကစားတဲ့လူက ကၽြမ္းက်င္မွကို ေနာက္တဆင့္ေရာက္ႏုိင္တဲ့ ပုံစံပါပဲ။

Archero ဆုိတဲ့နာမည္ကေတာ့ Archer နဲ႔ Hero တုိ႔ကို ေပါင္းထားတာလို႔ ထင္တာပါပဲ။ ကုိယ့္ ဂိမ္းဇာတ္ေကာင္ေလးက အလိုလုိျမားေတြပစ္ေနတယ္၊ ကိုယ္က သူ႕ကို ေျမပုံေပၚက ရန္သူေတြ၊ ရန္သူေတြ ပစ္လုိက္တဲ့ Projectile ေတြနဲ႔ ေျမပုံေပၚက သံခၽြန္စတဲ့ အတားအဆီးေတြကို ေရွာင္ရွားေပးရုံပဲ။ သူက တစ္ခ်က္ေလး ရပ္လိုက္တာနဲ႔ ေအာ္တုိပစ္ေနမွာပါ။ ဒီေတာ့ လုိက္ခ်ိန္ၿပီးပစ္ေနစရာမလိုဘူး၊ ကိုယ္က အႏၱရာယ္ကို ေရွာင္ေပးရုံပဲ သူ႕ဘာသာပစ္ေနမယ္။ မေရွာင္ႏုိင္လို႔ HP ကုန္သြားရင္ေတာ့ ေသသြားမွာပါ။


အဲ့လိုေသသြားရင္လည္း ဥပမာ Map 2 ရဲ႕ Level 40 ကိုေရာက္ေနလို႔ အဲ့က ျပန္စရမယ္ မထင္နဲ႔။ Map ကုိသာ အစက ျပန္မေဆာ့ရတာ၊ Level ကိုေတာ့ 1 ကေနပဲ ျပန္စရတာပါ။ ဟီးရုိးရဲ႕ Level ကလည္း 1 ကေနပဲ ျပန္စရမွာ။ Level တက္ရင္ Skill တစ္ခု ထပ္ၿပီးေရြးခ်ယ္လို႔ရတယ္။ အခန္းရဲ႕ရန္သူေတြနဲ႔၊ ကုိယ့္ရဲ႕ ႏွစ္သက္မႈတဲ့ စတုိင္အတုိင္း လြတ္လပ္စြာေဆာ့ႏုိင္တယ္။ ဥပမာ – တစ္ခ်က္ပစ္ရုံနဲ႔ ျမားေတြအမ်ားႀကီးထြက္တာႀကိဳက္တဲ့လူပဲ ျဖစ္ျဖစ္၊ ကိုယ့္ပတ္လည္မွာ Poison, Fire, Bolt စတဲ့ အလုံးေလးေတြ လည္ေနၿပီး ေသြးအားမ်ားမ်ားနဲ႔ ျမားကို အားမကုိးဘဲ DPS လိုက္ေပးခ်င္ရင္ပဲျဖစ္ျဖစ္ ကိုယ္ႏွစ္သက္သလို ေရြးခ်ယ္ကစားႏုိင္ပါတယ္။

Archero ရဲ႕ အဓိကဆြဲေဆာင္မႈက အဲ့ဒီ Level တက္ရင္ ေရြးခ်ယ္ရတဲ့ Skill ေတြကေန လာတာပါ။ တစ္ခါနဲ႔တစ္ခါ မတူတဲ့ေရြးခ်ယ္မႈနဲ႔ အမ်ဳိးမ်ဳိးကစားႏုိင္တာက သူ႕ရဲ႕အားသာခ်က္တစ္ခု ျဖစ္သလို၊ ကိုယ္ေဆာ့တာ ေကာင္းမွ ေနာက္တစ္ဆင့္ကို ေရာက္မွာ က်ိန္းေသတဲ့အခ်က္ကလည္း မုိဘုိင္းဂိမ္းဆုိ ႏွာေခါင္းရႈံ႕ခ်င္တဲ့ Hardcore ဂိမ္မာေတြပါ စြဲလမ္းမိႏုိင္တဲ့ အခ်က္ျဖစ္ပါတယ္။


ဒါေပမယ့္ မုိဘုိင္းဂိမ္းပီသစြာပဲ အခ်ိန္မ်ားမ်ားေဆာ့တဲ့လူေတြအတြက္ အနည္းငယ္ပုိပိုလြယ္လာေအာင္ အခြင့္အေရးေပးထားတာလည္း ရွိေသးတယ္။ အဲ့ဒါကေတာ့ ကိုယ္ရတဲ့ ပုိက္ဆံနဲ႔ Permanent Talent Tree တစ္ခုကို Upgrade လုပ္ႏုိင္သလို အေထာက္အကူျဖစ္ေစမယ့္ Item ထည့္စရာ Slot ေတြလည္း ပါဝင္တာပါ။ အဲ့ဒီကေန HP Bar ပိုမ်ားလာတာ၊ Armor / Attack ပိုမ်ားလာတာနဲ႔ ကူခ်ေပးမယ့္ Pet ေလးေတြ စသျဖင့္ ထည့္လို႔ရပါတယ္။ ဒီေတာ့ မ်ားမ်ားေဆာ့လာရင္ေတာ့ အေစာပုိင္းအခန္းေတြကို ႏုိင္ဖို႔ ပိုပိုလြယ္လာမွာ အမွန္ပါပဲ။

Archero ဟာ မုိဘုိင္းဂိမ္းေတြမွာ ျမင္ရခဲတဲ့ ကစားသူရဲ႕ကၽြမ္းက်င္မႈကို ပထမဦးစားေပးထားေပးတဲ့ ဂိမ္းတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ပုံမွန္စြဲစြဲျမဲျမဲေဆာ့ၿပီး Item / Talent ကုိ Upgrade တင္ေပးတဲ့ RPG element လည္းပါဝင္တယ္။ Unique အျဖစ္ဆုံးကေတာ့ ဂိမ္းထဲမွာေဆာ့ေနရင္း Level တက္တုိင္း ေရြးရတဲ့ Skill ေလးေတြပါ။ ဘယ္အသက္အရြယ္မဆုိ ဘယ္လိုလူမ်ဳိးမဆုိ စိတ္ဝင္စားရင္ စမ္းသပ္ကစားၾကည့္သင့္တဲ့ ရွားရွားပါးပါး မုိဘုိင္းဂိမ္းေလး တစ္ခုလည္းျဖစ္တာေၾကာင့္ Gaming Noodle ကေန Recommend ေပးလိုက္ပါတယ္။

#GamingNoodle

#MobileGameReview

#Kyitha

 


[Unicode]

Noodle’s Mobile Game Review – Archero

ဒီတစ်ခါ Gaming Noodle ကနေ တင်ဆက်ပေးချင်တာကတော့ ပေါ့ပေါ့ပါးပါး Game Control, သပ်ရပ်လှပတဲ့ Animation ဒီဇိုင်းလေးတွေနဲ့ ဆော့ရင်ဆော့သလောက် Depth ရှိတဲ့ Gameplay တို့ကို ပိုင်ဆိုင်ထားတဲ့ Free-to-play မိုဘိုင်းဂိမ်းကောင်းလေးတစ်ခုပါ။

အဲဒါကတော့ Archero ဆိုတဲ့ ဂိမ်းလေးပါပဲ။ ဒီဂိမ်းကို အရင် Flaming Core နဲ့လူသိများတဲ့ Habby စတူဒီယိုက ထုတ်လုပ်ပါတယ်။ သူ့ဒီဇိုင်းက မိုဘိုင်းပေါ်မှာမြင်နေကြ Nonstop Knight တို့၊ Clash Royale တို့လို ဒီဇိုင်းမျိုးလေးပါပဲ။ ဒီစတိုင်လ်က သပ်ရပ်ပြီး ကြည့်လို့လှသလို မိုဘိုင်းနဲ့လည်း တော်တော်ကိုက်တဲ့ ပုံစံတစ်ခုပါ။

ကစားပုံကရိုးရှင်းပါတယ်။ ကစားသူဟာ ဂိမ်းဇာတ်ကောင်တစ်ယောက်ကို ကိုင်တွယ်ပြီး မြေပုံတစ်ခုချင်းစီမှာ ပါဝင်တဲ့ Stage တွေကို ရှင်းလင်းပေးရမယ်၊ နိုင်ရင်နောက်ပိုခက်တဲ့ တစ်ဆင့်ကို ရောက်သွားမယ် ဆိုတဲ့ပုံစံမျိုးပါ။ ဒါပေမယ့် သူ့ရဲ့အဓိကဆွဲဆောင်မှုက ပိုက်ဆံဘယ်လောက်ပေးပေး ကစားတဲ့လူက ကျွမ်းကျင်မှကို နောက်တဆင့်ရောက်နိုင်တဲ့ ပုံစံပါပဲ။

Archero ဆိုတဲ့နာမည်ကတော့ Archer နဲ့ Hero တို့ကို ပေါင်းထားတာလို့ ထင်တာပါပဲ။ ကိုယ့် ဂိမ်းဇာတ်ကောင်လေးက အလိုလိုမြားတွေပစ်နေတယ်၊ ကိုယ်က သူ့ကို မြေပုံပေါ်က ရန်သူတွေ၊ ရန်သူတွေ ပစ်လိုက်တဲ့ Projectile တွေနဲ့ မြေပုံပေါ်က သံချွန်စတဲ့ အတားအဆီးတွေကို ရှောင်ရှားပေးရုံပဲ။ သူက တစ်ချက်လေး ရပ်လိုက်တာနဲ့ အော်တိုပစ်နေမှာပါ။ ဒီတော့ လိုက်ချိန်ပြီးပစ်နေစရာမလိုဘူး၊ ကိုယ်က အန္တရာယ်ကို ရှောင်ပေးရုံပဲ သူ့ဘာသာပစ်နေမယ်။ မရှောင်နိုင်လို့ HP ကုန်သွားရင်တော့ သေသွားမှာပါ။


အဲ့လိုသေသွားရင်လည်း ဥပမာ Map 2 ရဲ့ Level 40 ကိုရောက်နေလို့ အဲ့က ပြန်စရမယ် မထင်နဲ့။ Map ကိုသာ အစက ပြန်မဆော့ရတာ၊ Level ကိုတော့ 1 ကနေပဲ ပြန်စရတာပါ။ ဟီးရိုးရဲ့ Level ကလည်း 1 ကနေပဲ ပြန်စရမှာ။ Level တက်ရင် Skill တစ်ခု ထပ်ပြီးရွေးချယ်လို့ရတယ်။ အခန်းရဲ့ရန်သူတွေနဲ့၊ ကိုယ့်ရဲ့ နှစ်သက်မှုတဲ့ စတိုင်အတိုင်း လွတ်လပ်စွာဆော့နိုင်တယ်။ ဥပမာ – တစ်ချက်ပစ်ရုံနဲ့ မြားတွေအများကြီးထွက်တာကြိုက်တဲ့လူပဲ ဖြစ်ဖြစ်၊ ကိုယ့်ပတ်လည်မှာ Poison, Fire, Bolt စတဲ့ အလုံးလေးတွေ လည်နေပြီး သွေးအားများများနဲ့ မြားကို အားမကိုးဘဲ DPS လိုက်ပေးချင်ရင်ပဲဖြစ်ဖြစ် ကိုယ်နှစ်သက်သလို ရွေးချယ်ကစားနိုင်ပါတယ်။

Archero ရဲ့ အဓိကဆွဲဆောင်မှုက အဲ့ဒီ Level တက်ရင် ရွေးချယ်ရတဲ့ Skill တွေကနေ လာတာပါ။ တစ်ခါနဲ့တစ်ခါ မတူတဲ့ရွေးချယ်မှုနဲ့ အမျိုးမျိုးကစားနိုင်တာက သူ့ရဲ့အားသာချက်တစ်ခု ဖြစ်သလို၊ ကိုယ်ဆော့တာ ကောင်းမှ နောက်တစ်ဆင့်ကို ရောက်မှာ ကျိန်းသေတဲ့အချက်ကလည်း မိုဘိုင်းဂိမ်းဆို နှာခေါင်းရှုံ့ချင်တဲ့ Hardcore ဂိမ်မာတွေပါ စွဲလမ်းမိနိုင်တဲ့ အချက်ဖြစ်ပါတယ်။


ဒါပေမယ့် မိုဘိုင်းဂိမ်းပီသစွာပဲ အချိန်များများဆော့တဲ့လူတွေအတွက် အနည်းငယ်ပိုပိုလွယ်လာအောင် အခွင့်အရေးပေးထားတာလည်း ရှိသေးတယ်။ အဲ့ဒါကတော့ ကိုယ်ရတဲ့ ပိုက်ဆံနဲ့ Permanent Talent Tree တစ်ခုကို Upgrade လုပ်နိုင်သလို အထောက်အကူဖြစ်စေမယ့် Item ထည့်စရာ Slot တွေလည်း ပါဝင်တာပါ။ အဲ့ဒီကနေ HP Bar ပိုများလာတာ၊ Armor / Attack ပိုများလာတာနဲ့ ကူချပေးမယ့် Pet လေးတွေ စသဖြင့် ထည့်လို့ရပါတယ်။ ဒီတော့ များများဆော့လာရင်တော့ အစောပိုင်းအခန်းတွေကို နိုင်ဖို့ ပိုပိုလွယ်လာမှာ အမှန်ပါပဲ။

Archero ဟာ မိုဘိုင်းဂိမ်းတွေမှာ မြင်ရခဲတဲ့ ကစားသူရဲ့ကျွမ်းကျင်မှုကို ပထမဦးစားပေးထားပေးတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်စွဲစွဲမြဲမြဲဆော့ပြီး Item / Talent ကို Upgrade တင်ပေးတဲ့ RPG element လည်းပါဝင်တယ်။ Unique အဖြစ်ဆုံးကတော့ ဂိမ်းထဲမှာဆော့နေရင်း Level တက်တိုင်း ရွေးရတဲ့ Skill လေးတွေပါ။ ဘယ်အသက်အရွယ်မဆို ဘယ်လိုလူမျိုးမဆို စိတ်ဝင်စားရင် စမ်းသပ်ကစားကြည့်သင့်တဲ့ ရှားရှားပါးပါး မိုဘိုင်းဂိမ်းလေး တစ်ခုလည်းဖြစ်တာကြောင့် Gaming Noodle ကနေ Recommend ပေးလိုက်ပါတယ်။

#GamingNoodle

#MobileGameReview

#Kyitha