[Zawgyi]

ဖ်က္ျမင္းအဆင့္ထက္ပိုေၾကာင္း သက္ေသျပရမယ့္ နင္ဂ်ာမ်ား (NIP – TI9 Team Profile)

NiP လုိ႔ အတိုေကာက္ ေခၚေနၾကတဲ့ Ninjas in Pyjamas ဟာ တကယ္ေတာ့ Counter-Strike: Global Offensive (CSGO) ရဲ႕ professional ကစားသမားမ်ားနဲ႔ အဓိကဖြဲ႔စည္းထားတဲ့ ဝါရင့္ ဆြီဒင္ Esports အသင္းပါ။ ၂၀၁၅ က စလို႔ LAJONS ဆိုတဲ့ ဆြီဒင္ DotA2 အသင္းကို NiP အသင္းအျဖစ္ ေခၚယူျပီး DotA2 ေလာကထဲကို ေျမစမ္းခရမ္းပ်ိဳး စတင္ဝင္ေရာက္လာခဲ့ပါတယ္။

ဒါေပမယ့္ ၂၀၁၅ တစ္ႏွစ္လုံး ရလဒ္ေကာင္း ဘာမွမရရွိခဲ့လုိ႔ အသင္းကို ျပန္ျဖဳတ္ျပီး ၂၀၁၆ မွာ ျငိမ္ေနခဲ့ပါတယ္။ ၂၀၁၇ အေရာက္မွာ အသင္းသစ္တစ္သင္းကို ထပ္မံေခၚယူခဲ့ေပမယ့္ “ေမွ်ာ္လင့္ခ်က္ေတြ ပိုၾကီးေနျပီး ရလဒ္ေတြက ဆိုးတယ္” ဟုဆိုကာ သိပ္မၾကာခင္မွာပဲ ျပန္ျဖဳတ္ခ်ျပန္ပါတယ္။ ၂၀၁၈ စက္တင္ဘာလေရာက္မွ DotA2 ကစားသမားမ်ားျဖစ္ၾကတဲ့ PPD, Ace, Fata, Saksa နဲ႔ 33 တို႔ကို ေခၚယူျပီး NiP Dota 2 အသင္းအျဖစ္ roster သစ္ ေၾကျငာခဲ့တာပါ။

NIP Current Roster

လက္ရွိ TI9 ကို တက္လာတဲ့ NiP အေၾကာင္းၾကည့္မယ္ဆိုရင္ အသင္းရဲ႕သမိုင္းေၾကာင္းနဲ႔ ရလဒ္ေတြထက္ လက္ရွိအသင္းသားအသစ္မ်ားရဲ႕ အေၾကာင္းအရာကသာ ပိုမိုေပၚလြင္ေစမွာပါ။ အသင္းရဲ႕ ေခါင္းေဆာင္ ဝါရင့္ support ကစားသမားတစ္ဦးျဖစ္သူ PPD ဟာ Evil Geniuses (EG) အသင္းမွာ ကစားခဲ့စဥ္က အသင္းရဲ႕ေခါင္းေဆာင္အျဖစ္ TI5 ခ်န္ပီယံျဖစ္ခဲ့သူပါ။ EG မွာ ၂ ႏွစ္ခြဲခန္႔ ကစားခဲ့သလို လူသိမ်ားခဲ့တဲ့ OpTic Gaming မွာလည္း ၁ ႏွစ္ေလာက္ ကစားခဲ့ပါေသးတယ္။

PPD ရဲ႕ အျခား TI အေတြ႔အၾကံဳမ်ားအေနနဲ႔ TI4 နဲ႔ TI6 တို႔မွာ တတိယေနရာ ၂ ၾကိမ္တိတိ ရရွိထားသလို ျပီးခဲ့တဲ့ႏွစ္ TI8 မွာလည္း ၇ နဲ႔ ၈ ပူးတြဲေနရာကို OpTic Gaming မွာ ကစားရင္းရရွိခဲ့ပါတယ္။ The Summit 4, Dota Pit League Season 3, Dota 2 Asia Championships 2015, DreamLeague Season 2, StarLadder StarSeries Season 10, World E-sport Championships 2014, HyperX D2L Western Challenge, The Summit စတဲ့ ျပိဳင္ပြဲေတြမွာလည္း EG အတြက္ ပထမဆုမ်ား ယူေပးႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ppd in TI5 Champion EG Team

အသင္းရဲ႕ carry ကစားသမား Ace ကေတာ့ Team Secret ကေန ေျပာင္းလာခဲ့သူပါ။ Ace ဟာ ဟိုးအရင္ေခတ္မ်ားက ေရပန္းစားေက်ာ္ၾကားခဲ့တဲ့ Mousesports, MYM, Cloud9 စတဲ့ အသင္းမ်ားမွာ လည္ပတ္ကစားေနခဲ့ဖူးပါတယ္။ TI ကံမေကာင္းေလ့မရွိခဲ့သူ Ace ဟာ Fata နဲ႔ အတူ Team Secret မွာ ကစားခဲ့တဲ့ TI8 မွာေတာ့ ၅ နဲ႔ ၆ ပူးတြဲ ေနရာထိ တက္ေရာက္လာႏိုင္ခဲ့ပါတယ္။ DreamLeague Season 8 နဲ႔ DreamLeague Season 9 တို႔လို ျပိဳင္ပြဲၾကီးေတြမွာလည္း ပထမေနရာ ရေအာင္ Team Secret အတြင္းကေနပဲ ယွဥ္ျပိဳင္ကစားခဲ့ပါတယ္။

Ace နဲ႔ အတူ Team Secret ကေန ေျပာင္းေရႊ႕လာတဲ့ Fata ဟာလည္း သက္တမ္းရင့္ mid lane ကစားသမားေကာင္းတစ္ေယာက္ျဖစ္ျပီး Team Liquid နဲ႔ အျခားေသာ အသင္းမ်ားမွာ လွည့္လည္ကစားခဲ့ပါတယ္။ Fata ပါဝင္ခဲ့တဲ့ Team Liquid ဟာ TI6 မွာ ၇ နဲ႔ ၈ ပူးတြဲေနရာ ရရွိခဲ့ျပီး Epicenter 2016 မွာ ပထမ ေနရာရရွိခဲ့ပါတယ္။ The Shanghai Major 2016 နဲ႔ The Manila Major 2016 တို႔မွာလည္း ဒုတိယေနရာမ်ားရခဲ့ပါေသးတယ္။

TI grand final အထိ ေရာက္ဖူးသူ ေနာက္တစ္ေယာက္အေနနဲ႕ Saksa လည္း ပါဝင္ျပီး TI6 မွာ ဒုတိယေနရာကို Digital Chaos (DC) အသင္းဝင္အေနနဲ႔ ေရာက္ရွိခဲ့တာပါ။ ESL One Genting 2017 မွာလည္း DC ထဲကေနပဲ ပထမ ရခဲ့ပါတယ္။ Coach အေတြ႔အၾကံဳလည္းရွိတဲ့ Saksa ဟာ 33 ပါဝင္တဲ့ Hellraisers အသင္းကို TI7 ရဲ႕ ၁၈ သင္းထဲဝင္တဲ့အထိ နည္းျပႏိုင္ခဲ့ပါတယ္။

ေနာက္ဆုံး offlane ကစားသမား 33 ကေတာ့ OpTic Gaming ကေန ေျပာင္းေရႊ႕လာတာျဖစ္ျပီး TI8 ရဲ႕ ၇ နဲ႔ ၈ ပူးတြဲေနရာကို PPD နဲ႔ အတူရရွိခဲ့သူပါ။ ESL One Birmingham 2018 မွာလည္း ဒုတိယရရွိခဲ့ပါတယ္။ အသင္းသားမ်ား အားလုံးဟာ မ်ားစြာေသာ ျပိဳင္ပြဲမ်ားမွာ ဆုၾကီးမ်ား မရသည့္တိုင္ေအာင္ ၾကိဳးစားယွဥ္ျပိဳင္ ရုန္းကန္ေနခဲ့ၾကသူမ်ားျဖစ္ပါတယ္။

OGA Dota PIT Minor 2019

ထူးထူးျခားျခား သမိုင္းေၾကာင္းမ်ားလည္းမရွိပဲ အသစ္ဖြဲ႔စည္းထားတာျဖစ္ျပီး PPD ဦးေဆာင္တဲ့ NiP ဟာ ၂၀၁၈ မွာ GG.Bet Invitational Season 1 မွာ ပထမရရွိခဲ့သလို၂၀၁၉ အတြင္း စြမ္းေဆာင္ခ်က္မ်ားအေနနဲ႔ WePlay! Dota2 Tug of War: Radiant, OGA Dota PIT Minor 2019 နဲ႔ StarLadder ImbaTV Dota 2 Minor Season 2 တို႔မွာလည္း ပထမဆုမ်ား ရရွိခဲ့ပါတယ္။ Dota pro circuit အရ season အျပီးမွာ NiP ဟာ TI9 ကို တိုက္ရိုက္ဝင္ေရာက္ခြင့္ရရွိခဲ့ပါတယ္။ NiP အသင္းဟာ TI ကို တိုက္ရိုက္တက္ေရာက္ခြင့္ရရွိတာ ပထမဆုံးအၾကိမ္ ျဖစ္ေပမယ့္ အသင္းသားမ်ားကေတာ့ TI အေတြ႔အၾကံဳမ်ားစြာ ရွိၾကပါတယ္။

အသင္းဖြဲ႕စည္းပုံ နဲ႔ ဆက္စပ္မႈမ်ားကလည္း စိတ္ဝင္စားစရာ ေကာင္းလွပါတယ္။ TI အေတြ႔အၾကံဳရွိသူ အမ်ားအျပား ပါဝင္တဲ့ NiP ကို TI5 တုန္းက EG လို PPD က ဦးေဆာင္ျပီး grand final မ်ားဆီ ေခၚေဆာင္ အႏိုင္ယူသြားႏိုင္သလို ျပိဳင္ဆိုင္မႈမ်ား ျပင္းထန္လွတဲ့ TI ပြဲၾကီးထဲမွာ teamwork အနည္းငယ္ ႏုနယ္ေသးတဲ့ ဒီအသင္းအေနနဲ႔ ဘယ္လိုရွင္သန္က်န္ရစ္မယ္ ဆိုတာကလည္း စိတ္ဝင္စားစရာေကာင္းလွပါတယ္။ ဒါေပမယ့္ ရလာဒ္ မထြက္ခင္ထိ ဘာမဆို ျဖစ္သြားႏိုင္တာဟာလည္း Dota ပဲ ျဖစ္တာမို့ TI9 ဝင္ NiP အသင္းဟာလည္း ေစာင့္ၾကည့္ခံအသင္းတစ္သင္း ျဖစ္ေနပါေတာ့တယ္။ Dota 2 သတင္းႏွင့္ အျခား esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ ရွိပါတယ္။

By Combo (Htet Wai Yan)


[Unicode]

ဖျက်မြင်းအဆင့်ထက်ပိုကြောင်း သက်သေပြရမယ့် နင်ဂျာများ (NIP – TI9 Team Profile)

NiP လို့ အတိုကောက် ခေါ်နေကြတဲ့ Ninjas in Pyjamas ဟာ တကယ်တော့ Counter-Strike: Global Offensive (CSGO) ရဲ့ professional ကစားသမားများနဲ့ အဓိကဖွဲ့စည်းထားတဲ့ ဝါရင့် ဆွီဒင် Esports အသင်းပါ။ ၂၀၁၅ က စလို့ LAJONS ဆိုတဲ့ ဆွီဒင် DotA2 အသင်းကို NiP အသင်းအဖြစ် ခေါ်ယူပြီး DotA2 လောကထဲကို မြေစမ်းခရမ်းပျိုး စတင်ဝင်ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၅ တစ်နှစ်လုံး ရလဒ်ကောင်း ဘာမှမရရှိခဲ့လို့ အသင်းကို ပြန်ဖြုတ်ပြီး ၂၀၁၆ မှာ ငြိမ်နေခဲ့ပါတယ်။ ၂၀၁၇ အရောက်မှာ အသင်းသစ်တစ်သင်းကို ထပ်မံခေါ်ယူခဲ့ပေမယ့် “မျှော်လင့်ချက်တွေ ပိုကြီးနေပြီး ရလဒ်တွေက ဆိုးတယ်” ဟုဆိုကာ သိပ်မကြာခင်မှာပဲ ပြန်ဖြုတ်ချပြန်ပါတယ်။ ၂၀၁၈ စက်တင်ဘာလရောက်မှ DotA2 ကစားသမားများဖြစ်ကြတဲ့ PPD, Ace, Fata, Saksa နဲ့ 33 တို့ကို ခေါ်ယူပြီး NiP Dota 2 အသင်းအဖြစ် roster သစ် ကြေငြာခဲ့တာပါ။

NIP Current Roster

လက်ရှိ TI9 ကို တက်လာတဲ့ NiP အကြောင်းကြည့်မယ်ဆိုရင် အသင်းရဲ့သမိုင်းကြောင်းနဲ့ ရလဒ်တွေထက် လက်ရှိအသင်းသားအသစ်များရဲ့ အကြောင်းအရာကသာ ပိုမိုပေါ်လွင်စေမှာပါ။ အသင်းရဲ့ ခေါင်းဆောင် ဝါရင့် support ကစားသမားတစ်ဦးဖြစ်သူ PPD ဟာ Evil Geniuses (EG) အသင်းမှာ ကစားခဲ့စဉ်က အသင်းရဲ့ခေါင်းဆောင်အဖြစ် TI5 ချန်ပီယံဖြစ်ခဲ့သူပါ။ EG မှာ ၂ နှစ်ခွဲခန့် ကစားခဲ့သလို လူသိများခဲ့တဲ့ OpTic Gaming မှာလည်း ၁ နှစ်လောက် ကစားခဲ့ပါသေးတယ်။

PPD ရဲ့ အခြား TI အတွေ့အကြုံများအနေနဲ့ TI4 နဲ့ TI6 တို့မှာ တတိယနေရာ ၂ ကြိမ်တိတိ ရရှိထားသလို ပြီးခဲ့တဲ့နှစ် TI8 မှာလည်း ၇ နဲ့ ၈ ပူးတွဲနေရာကို OpTic Gaming မှာ ကစားရင်းရရှိခဲ့ပါတယ်။ The Summit 4, Dota Pit League Season 3, Dota 2 Asia Championships 2015, DreamLeague Season 2, StarLadder StarSeries Season 10, World E-sport Championships 2014, HyperX D2L Western Challenge, The Summit စတဲ့ ပြိုင်ပွဲတွေမှာလည်း EG အတွက် ပထမဆုများ ယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

ppd in TI5 Champion EG Team

အသင်းရဲ့ carry ကစားသမား Ace ကတော့ Team Secret ကနေ ပြောင်းလာခဲ့သူပါ။ Ace ဟာ ဟိုးအရင်ခေတ်များက ရေပန်းစားကျော်ကြားခဲ့တဲ့ Mousesports, MYM, Cloud9 စတဲ့ အသင်းများမှာ လည်ပတ်ကစားနေခဲ့ဖူးပါတယ်။ TI ကံမကောင်းလေ့မရှိခဲ့သူ Ace ဟာ Fata နဲ့ အတူ Team Secret မှာ ကစားခဲ့တဲ့ TI8 မှာတော့ ၅ နဲ့ ၆ ပူးတွဲ နေရာထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ DreamLeague Season 8 နဲ့ DreamLeague Season 9 တို့လို ပြိုင်ပွဲကြီးတွေမှာလည်း ပထမနေရာ ရအောင် Team Secret အတွင်းကနေပဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

Ace နဲ့ အတူ Team Secret ကနေ ပြောင်းရွှေ့လာတဲ့ Fata ဟာလည်း သက်တမ်းရင့် mid lane ကစားသမားကောင်းတစ်ယောက်ဖြစ်ပြီး Team Liquid နဲ့ အခြားသော အသင်းများမှာ လှည့်လည်ကစားခဲ့ပါတယ်။ Fata ပါဝင်ခဲ့တဲ့ Team Liquid ဟာ TI6 မှာ ၇ နဲ့ ၈ ပူးတွဲနေရာ ရရှိခဲ့ပြီး Epicenter 2016 မှာ ပထမ နေရာရရှိခဲ့ပါတယ်။ The Shanghai Major 2016 နဲ့ The Manila Major 2016 တို့မှာလည်း ဒုတိယနေရာများရခဲ့ပါသေးတယ်။

TI grand final အထိ ရောက်ဖူးသူ နောက်တစ်ယောက်အနေနဲ့ Saksa လည်း ပါဝင်ပြီး TI6 မှာ ဒုတိယနေရာကို Digital Chaos (DC) အသင်းဝင်အနေနဲ့ ရောက်ရှိခဲ့တာပါ။ ESL One Genting 2017 မှာလည်း DC ထဲကနေပဲ ပထမ ရခဲ့ပါတယ်။ Coach အတွေ့အကြုံလည်းရှိတဲ့ Saksa ဟာ 33 ပါဝင်တဲ့ Hellraisers အသင်းကို TI7 ရဲ့ ၁၈ သင်းထဲဝင်တဲ့အထိ နည်းပြနိုင်ခဲ့ပါတယ်။

နောက်ဆုံး offlane ကစားသမား 33 ကတော့ OpTic Gaming ကနေ ပြောင်းရွှေ့လာတာဖြစ်ပြီး TI8 ရဲ့ ၇ နဲ့ ၈ ပူးတွဲနေရာကို PPD နဲ့ အတူရရှိခဲ့သူပါ။ ESL One Birmingham 2018 မှာလည်း ဒုတိယရရှိခဲ့ပါတယ်။ အသင်းသားများ အားလုံးဟာ များစွာသော ပြိုင်ပွဲများမှာ ဆုကြီးများ မရသည့်တိုင်အောင် ကြိုးစားယှဉ်ပြိုင် ရုန်းကန်နေခဲ့ကြသူများဖြစ်ပါတယ်။

OGA Dota PIT Minor 2019

ထူးထူးခြားခြား သမိုင်းကြောင်းများလည်းမရှိပဲ အသစ်ဖွဲ့စည်းထားတာဖြစ်ပြီး PPD ဦးဆောင်တဲ့ NiP ဟာ ၂၀၁၈ မှာ GG.Bet Invitational Season 1 မှာ ပထမရရှိခဲ့သလို၂၀၁၉ အတွင်း စွမ်းဆောင်ချက်များအနေနဲ့ WePlay! Dota2 Tug of War: Radiant, OGA Dota PIT Minor 2019 နဲ့ StarLadder ImbaTV Dota 2 Minor Season 2 တို့မှာလည်း ပထမဆုများ ရရှိခဲ့ပါတယ်။ Dota pro circuit အရ season အပြီးမှာ NiP ဟာ TI9 ကို တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။ NiP အသင်းဟာ TI ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိတာ ပထမဆုံးအကြိမ် ဖြစ်ပေမယ့် အသင်းသားများကတော့ TI အတွေ့အကြုံများစွာ ရှိကြပါတယ်။

အသင်းဖွဲ့စည်းပုံ နဲ့ ဆက်စပ်မှုများကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ TI အတွေ့အကြုံရှိသူ အများအပြား ပါဝင်တဲ့ NiP ကို TI5 တုန်းက EG လို PPD က ဦးဆောင်ပြီး grand final များဆီ ခေါ်ဆောင် အနိုင်ယူသွားနိုင်သလို ပြိုင်ဆိုင်မှုများ ပြင်းထန်လှတဲ့ TI ပွဲကြီးထဲမှာ teamwork အနည်းငယ် နုနယ်သေးတဲ့ ဒီအသင်းအနေနဲ့ ဘယ်လိုရှင်သန်ကျန်ရစ်မယ် ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါပေမယ့် ရလာဒ် မထွက်ခင်ထိ ဘာမဆို ဖြစ်သွားနိုင်တာဟာလည်း Dota ပဲ ဖြစ်တာမို့ TI9 ဝင် NiP အသင်းဟာလည်း စောင့်ကြည့်ခံအသင်းတစ်သင်း ဖြစ်နေပါတော့တယ်။ Dota 2 သတင်းနှင့် အခြား esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက် ရှိပါတယ်။

By Combo (Htet Wai Yan)