[ZawGyi]
ေလယာဥ္တစ္စီးလံုး နင္တန္းဒိုး ဂိမ္းစက္ လက္ေဆာင္ေပးၿပီး Surprise လုပ္ခံခဲ့ရ
ယေန႔မနက္က အေမရိကန္ႏိုင္ငံ ဒါးလက္စ္ ၿမိဳ႕မွ ဆန္ဒီေယဂိုၿမိ္ဳ႕သို႔ ပ်ံသန္းခဲ့တဲ့ Southwest Airline ေလယာဥ္ခရီးစဥ္တစ္ခုလံုးမွာ လိုက္ပါစီးနင္းခဲ့တဲ့ ခရီးသည္ေတြအားလံုးကို မထင္မွတ္ထားတဲ့ အံၾသမႈမ်ိဳး ေပးစြမ္းႏိုင္ခဲ့ပါတယ္။
ဒါကေတာ့ ခရီးသည္ေတြအားလံုးကို Nintendo Switch ဂိမ္းစက္ တစ္လံုးစီနဲ႔ မၾကာေသးမီက အသစ္ထြက္ခဲ့တဲ့ Super Mario Maker 2 ဂိမ္းတစ္ခုစီကို လက္ေဆာင္အျဖစ္ ေပးအပ္ခဲ့ပါတာပဲ ျဖစ္ပါတယ္။
ထိုအစီအစဥ္ကိုေတာ့ Nintendo နဲ႔ Southwest Airline တို႔ ပူးေပါင္းလုပ္ေဆာင္တာျဖစ္ၿပီး လက္ေဆာင္ စုစုေပါင္းတန္ဖိုးေငြကေတာ့ ျမန္မာေငြ ၅၅၀,၀၀၀ က်ပ္ခန္႔ ျဖစ္ပါတယ္။
ခရီးသည္ေတြရဲ႕ ထိုင္ခံုတစ္ခုခ်င္းစီမွာေတာ့ ေအာက္ပါ ကဒ္ေလးေတြေပးထားခဲ့ပါတယ္။

“Southwest ေလေၾကာင္းမွ အေကာင္းဆံုး ခရီးသြားေဖာ္အျဖစ္ နင္တန္းဒိုး Switch ကို တင္ျပအပ္ပါတယ္။ နင္တန္းဒိုးနဲ႔ Southwest ေလေၾကာင္းရဲ႕ လက္ေဆာင္အျဖစ္ Nintendo Switch ဂိမ္းစက္နဲ႔ Super Mario Maker 2 ဂိမ္းကို ရယူလိုက္ပါ” လို႔ ေရးသားထားခဲ့ပါတယ္
အခ်ိဳ႕ေသာ ခရီးသည္ေတြကေတာ့ ဂိမ္းစက္နဲ႔ ဂိမ္းအျပင္ Mario ဦးထုပ္ ေတြပါ လက္ေဆာင္ရခဲ့ၾကတယ္လို႔ သိရွိရပါတယ္။

ထိုသို႔ လက္ေဆာင္ေပးခဲ့ျခင္းေတြရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ႏွစ္စဥ္လူေပါင္း တစ္သိနိးခြဲခန္႔လာေရာက္က်တဲ့ San Diego Comic-Con ဆိုတဲ့ ကမာၻေက်ာ္ Comic book convention ေၾကာင့္ပါပဲ။ ထိုေလယာဥ္ခရီးစဥ္မွာ ပါဝင္သူေတြအမ်ားစုဟာ ယေန႔ ၁၈ ရက္ဇူလိုင္မွာ စတင္က်င္းပမယ့္ San Diego Comic Con ကိုလာေရာက္က်သူေတြျဖစ္လို႔ ထိုပြဲမွာ ပါဝင္ျပသမယ့္ Nintendo အေနနဲ႔ အဆိုပါ လက္ေဆာင္ကို စီစဥ္ခဲ့တာပဲ ျဖစ္ပါတယ္။
အဆိုပါ လက္ေဆာင္ေပးတဲ့ အစီအစဥ္ဟာ Nintendo နဲ႔ Southwest ေလေၾကာင္းတို႔ရဲ႕ ပထမဆံုး Surprise မဟုတ္ပါဘူး။ ၂၀၁၃ ခုႏွစ္မွာ အေမရိကန္ႏိုင္ငံ နယူးေအာ္လန္ၿမိဳ႕ကေန ဒါးလက္စ္ ၿမိဳ႕ကို ပ်ံသန္းတဲ့ ခရီးစဥ္မွာလည္း Wii U ဂိမ္းစက္နဲ႔ Super Mario Bros. U ဂိမ္းကို လက္ေဆာင္ေပးခဲ့ဖူးၿပီး ၂၀၁၆ တုန္းကလည္း ဒါးလက္ၿမိဳ႕ကေန ေလာ့စ္အိနိဂ်ယ္လိစ္ကို ပ်ံသန္းခဲ့တဲ့ ခရီးစဥ္မွာလည္း Nintendo 3DS XL နဲ႔ Super Mario Maker ဂိမ္းကို လက္ေဆာင္ေပးခဲ့တဲ့ အမွတ္တရေတြ ရွိခဲ့ပါတယ္။
သင္လည္း Southwest ေလေၾကာင္းလိုင္းစီးဖို႔စိတ္ဝင္စားေနၿပီမလား?
၂၀၂၂ မွာ Super Mario ဂိမ္းအသစ္တစ္ခုခု ထြက္လာၿပီဆိုရင္ေတာ့ Southwest ေလေၾကာင္းကိုေျပးၿပီးသာ ဘိုကင္တင္လိုက္ပါ။
Surprise အလုပ္ခံခဲ့ရတဲ့ ခရီးသည္တစ္ဦးရဲ႕ ကိုယ္ေတြ႕ အျဖစ္အပ်က္ကို ေအာက္ပါ Tweet မွာ ၾကည့္႐ွဳႏိုင္ပါတယ္။
EVERYONE ON THIS FLIGHT JUST GOT A NINTENDO SWITCH!!! @NintendoAmerica @SouthwestAir #SouthwestxNintendo pic.twitter.com/mUlryf4Kkv
— Lauren 🎤hosting @ Comic-Con (@LaurMoor) July 17, 2019
[Unicode]
လေယာဉ်တစ်စီးလုံး နင်တန်းဒိုး ဂိမ်းစက် လက်ဆောင်ပေးပြီး Surprise လုပ်ခံခဲ့ရ
ယနေ့မနက်က အမေရိကန်နိုင်ငံ ဒါးလက်စ် မြို့မှ ဆန်ဒီယေဂိုမြို့သို့ ပျံသန်းခဲ့တဲ့ Southwest Airline လေယာဉ်ခရီးစဉ်တစ်ခုလုံးမှာ လိုက်ပါစီးနင်းခဲ့တဲ့ ခရီးသည်တွေအားလုံးကို မထင်မှတ်ထားတဲ့ အံသြမှုမျိုး ပေးစွမ်းနိုင်ခဲ့ပါတယ်။
ဒါကတော့ ခရီးသည်တွေအားလုံးကို Nintendo Switch ဂိမ်းစက် တစ်လုံးစီနဲ့ မကြာသေးမီက အသစ်ထွက်ခဲ့တဲ့ Super Mario Maker 2 ဂိမ်းတစ်ခုစီကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတာပဲ ဖြစ်ပါတယ်။
ထိုအစီအစဉ်ကိုတော့ Nintendo နဲ့ Southwest Airline တို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး လက်ဆောင် စုစုပေါင်းတန်ဖိုးငွေကတော့ မြန်မာငွေ ၅၅၀,၀၀၀ ကျပ်ခန့် ဖြစ်ပါတယ်။
ခရီးသည်တွေရဲ့ ထိုင်ခုံတစ်ခုချင်းစီမှာတော့ အောက်ပါ ကဒ်လေးတွေပေးထားခဲ့ပါတယ်။

“Southwest လေကြောင်းမှ အကောင်းဆုံး ခရီးသွားဖော်အဖြစ် နင်တန်းဒိုး Switch ကို တင်ပြအပ်ပါတယ်။ နင်တန်းဒိုးနဲ့ Southwest လေကြောင်းရဲ့ လက်ဆောင်အဖြစ် Nintendo Switch ဂိမ်းစက်နဲ့ Super Mario Maker 2 ဂိမ်းကို ရယူလိုက်ပါ” လို့ ရေးသားထားခဲ့ပါတယ်
အချို့သော ခရီးသည်တွေကတော့ ဂိမ်းစက်နဲ့ ဂိမ်းအပြင် Mario ဦးထုပ် တွေပါ လက်ဆောင်ရခဲ့ကြတယ်လို့ သိရှိရပါတယ်။

ထိုသို့ လက်ဆောင်ပေးခဲ့ခြင်းတွေရဲ့ ရည်ရွယ်ချက်ကတော့ နှစ်စဉ်လူပေါင်း တစ်သိနိးခွဲခန့်လာရောက်ကျတဲ့ San Diego Comic-Con ဆိုတဲ့ ကမ္ဘာကျော် Comic book convention ကြောင့်ပါပဲ။ ထိုလေယာဉ်ခရီးစဉ်မှာ ပါဝင်သူတွေအများစုဟာ ယနေ့ ၁၈ ရက်ဇူလိုင်မှာ စတင်ကျင်းပမယ့် San Diego Comic Con ကိုလာရောက်ကျသူတွေဖြစ်လို့ ထိုပွဲမှာ ပါဝင်ပြသမယ့် Nintendo အနေနဲ့ အဆိုပါ လက်ဆောင်ကို စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ လက်ဆောင်ပေးတဲ့ အစီအစဉ်ဟာ Nintendo နဲ့ Southwest လေကြောင်းတို့ရဲ့ ပထမဆုံး Surprise မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ်မှာ အမေရိကန်နိုင်ငံ နယူးအော်လန်မြို့ကနေ ဒါးလက်စ် မြို့ကို ပျံသန်းတဲ့ ခရီးစဉ်မှာလည်း Wii U ဂိမ်းစက်နဲ့ Super Mario Bros. U ဂိမ်းကို လက်ဆောင်ပေးခဲ့ဖူးပြီး ၂၀၁၆ တုန်းကလည်း ဒါးလက်မြို့ကနေ လော့စ်အိနိဂျယ်လိစ်ကို ပျံသန်းခဲ့တဲ့ ခရီးစဉ်မှာလည်း Nintendo 3DS XL နဲ့ Super Mario Maker ဂိမ်းကို လက်ဆောင်ပေးခဲ့တဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်။
သင်လည်း Southwest လေကြောင်းလိုင်းစီးဖို့စိတ်ဝင်စားနေပြီမလား?
၂၀၂၂ မှာ Super Mario ဂိမ်းအသစ်တစ်ခုခု ထွက်လာပြီဆိုရင်တော့ Southwest လေကြောင်းကိုပြေးပြီးသာ ဘိုကင်တင်လိုက်ပါ။
Surprise အလုပ်ခံခဲ့ရတဲ့ ခရီးသည်တစ်ဦးရဲ့ ကိုယ်တွေ့ အဖြစ်အပျက်ကို အောက်ပါ Tweet မှာ ကြည့်ရှုနိုင်ပါတယ်။
EVERYONE ON THIS FLIGHT JUST GOT A NINTENDO SWITCH!!! @NintendoAmerica @SouthwestAir #SouthwestxNintendo pic.twitter.com/mUlryf4Kkv
— Lauren 🎤hosting @ Comic-Con (@LaurMoor) July 17, 2019