[Unicode]

95 နှစ်အရွယ် Gamer ဖွားဖွားအတွက် Nintendo ရဲ့ Game Boy လက်ဆောင်

 

ဂျပန်သတင်းစာတစ်ခုမှာ မကြာသေးမီက ဖော်ပြခဲ့တဲ့ အကြောင်းအရာလေးတစ်ခုဟာ ဂိမ်မာပရိသတ်များကြားမှာ ရေပန်းစားပြီး လူသိများနေခဲ့ပါတယ်။ Asahi Shimbun လို့ အမည်ရတဲ့ ယင်းသတင်းစာက ဖော်ပြခဲ့တာကတော့ အသက် ၉၅ နှစ်အရွယ် ဂိမ်မာဘွားဘွားတစ်ဦး သက်ရှိထင်ရှားရှိခဲ့စဉ်က သူမ ကစားနေကျ Game Boy စက်လေး ပျက်စီးသွားတဲ့အတွက် Nintendo က အသစ်တစ်လုံး အခမဲ့လက်ဆောင်ပေးပို့ခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။

ယင်းသတင်းစာရဲ့အဆိုအရတော့ ဒီအကြောင်းများကို ဂိမ်မာဘွားဘွားရဲ့ သမီးဖြစ်သူ အသက် ၇၀ ကျော် အမျိုးသမီးကြီးက ပြန်လည်ပြောပြခဲ့တာပါ။ ဂိမ်မာဘွားဘွားဟာ လွန်ခဲ့တဲ့အနှစ် ၃၀ ကျော်တည်းက Game Boy ပေါ်မှာ Tetris ကစားရတာကို နှစ်သက်ခဲ့သူဖြစ်ပြီး ထိုစဉ်က Game Boy စက်လည်း ၃ လုံးမြောက်အထိ ပြောင်းလဲကစားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ၃ လုံးမြောက် ယင်း Game Boy စက်လေးဟာလည်း လက်ကိုင်ကျိုးပဲ့သွားခဲ့ပါတယ်။ Nintendo ဟာ Game Boy စက် ထုတ်လုပ်မှုကို ၂၀၀၃ ခုနှစ်တည်းက ရပ်ဆိုင်းခဲ့တာမို့ ပစ္စည်းအစားထိုးပြင်ဆင်ဖို့ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် ဂိမ်မာဘွားဘွားဟာ စာတစ်စောင်ရေးပြီး ကျိုးပဲ့နေတဲ့ဂိမ်းလက်ကိုင်လေးနဲ့အတူ Nintendo ကုမ္ပဏီကို ပေးပို့ကာ ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

တစ်ပတ်ခန့်အကြာမှာတော့ Nintendo ဆီက ပြန်စာ ရောက်လာခဲ့ပါတယ်။ ယင်းပြန်စာထဲမှာတော့ ကျိုးပဲ့သွားတဲ့ Game Boy စက်အတွက် အပိုပစ္စည်းများ မရရှိနိုင်တော့တာမို့ ပြင်ဆင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ ဒါပေမယ့် ဂိုထောင်ထဲမှာတော့ Game Boy စက်အသစ်တစ်လုံးတွေ့တဲ့အတွက် အခမဲ့လက်ဆောင်ပေးပို့ပေးလိုက်ပါကြောင်း၊ ဘွားဘွားအသက်ရှည်ကျန်းမာအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါကြောင်း အစရှိသဖြင့် ရေးသားထားခဲ့ပါတယ်။

ယင်းဂိမ်မာဘွားဘွားဟာ အသက် ၉၉ နှစ်အရွယ်မှာ ဆုံးပါးသွားခဲ့ပေမယ့် သူမ ဘဝရဲ့နောက်ဆုံးအချိန်များအထိ သတိကောင်းစွာရှိပြီး ပျော်ရွှင်နေခဲ့ကြောင်း၊ သူမဟာ Nintendo ကို ကျေးဇူးတင်နေခဲ့ကြောင်း အစရှိသဖြင့်လည်း ဂိမ်မာဘွားဘွားရဲ့သမီးဖြစ်သူက ပြောခဲ့ပါသေးတယ်။ သမိုင်းကြောင်းတစ်လျှောက် စံချိန်တင်အောင်မြင်မှုများရရှိခဲ့ဖူးတဲ့ Game Boy ဟာ ဂိမ်မာဘွားဘွားတစ်ဦးကို နောက်ဆုံးအချိန်အထိ ပျော်ရွှင်မှုများပေးနိုင်ခဲ့ကြောင်း လွမ်းမောဖွယ် ဖော်ပြလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: forbes


[ZawGyi]

95 ႏွစ္အ႐ြယ္ Gamer ဖြားဖြားအတြက္ Nintendo ရဲ႕ Game Boy လက္ေဆာင္

 

ဂ်ပန္သတင္းစာတစ္ခုမွာ မၾကာေသးမီက ေဖာ္ျပခဲ့တဲ့ အေၾကာင္းအရာေလးတစ္ခုဟာ ဂိမ္မာပရိသတ္မ်ားၾကားမွာ ေရပန္းစားၿပီး လူသိမ်ားေနခဲ့ပါတယ္။ Asahi Shimbun လို႔ အမည္ရတဲ့ ယင္းသတင္းစာက ေဖာ္ျပခဲ့တာကေတာ့ အသက္ ၉၅ ႏွစ္အ႐ြယ္ ဂိမ္မာဘြားဘြားတစ္ဦး သက္ရွိထင္ရွားရွိခဲ့စဥ္က သူမ ကစားေနက် Game Boy စက္ေလး ပ်က္စီးသြားတဲ့အတြက္ Nintendo က အသစ္တစ္လုံး အခမဲ့လက္ေဆာင္ေပးပို႔ခဲ့တဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။

ယင္းသတင္းစာရဲ႕အဆိုအရေတာ့ ဒီအေၾကာင္းမ်ားကို ဂိမ္မာဘြားဘြားရဲ႕ သမီးျဖစ္သူ အသက္ ၇၀ ေက်ာ္ အမ်ိဳးသမီးႀကီးက ျပန္လည္ေျပာျပခဲ့တာပါ။ ဂိမ္မာဘြားဘြားဟာ လြန္ခဲ့တဲ့အႏွစ္ ၃၀ ေက်ာ္တည္းက Game Boy ေပၚမွာ Tetris ကစားရတာကို ႏွစ္သက္ခဲ့သူျဖစ္ၿပီး ထိုစဥ္က Game Boy စက္လည္း ၃ လုံးေျမာက္အထိ ေျပာင္းလဲကစားခဲ့တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ၃ လုံးေျမာက္ ယင္း Game Boy စက္ေလးဟာလည္း လက္ကိုင္က်ိဳးပဲ့သြားခဲ့ပါတယ္။ Nintendo ဟာ Game Boy စက္ ထုတ္လုပ္မႈကို ၂၀၀၃ ခုႏွစ္တည္းက ရပ္ဆိုင္းခဲ့တာမို႔ ပစၥည္းအစားထိုးျပင္ဆင္ဖို႔ မလြယ္ကူေတာ့ပါဘူး။ ဒါေၾကာင့္ ဂိမ္မာဘြားဘြားဟာ စာတစ္ေစာင္ေရးၿပီး က်ိဳးပဲ့ေနတဲ့ဂိမ္းလက္ကိုင္ေလးနဲ႔အတူ Nintendo ကုမၸဏီကို ေပးပို႔ကာ ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

တစ္ပတ္ခန႔္အၾကာမွာေတာ့ Nintendo ဆီက ျပန္စာ ေရာက္လာခဲ့ပါတယ္။ ယင္းျပန္စာထဲမွာေတာ့ က်ိဳးပဲ့သြားတဲ့ Game Boy စက္အတြက္ အပိုပစၥည္းမ်ား မရရွိႏိုင္ေတာ့တာမို႔ ျပင္ဆင္ဖို႔ မျဖစ္ႏိုင္ေတာ့ေၾကာင္း၊ ဒါေပမယ့္ ဂိုေထာင္ထဲမွာေတာ့ Game Boy စက္အသစ္တစ္လုံးေတြ႕တဲ့အတြက္ အခမဲ့လက္ေဆာင္ေပးပို႔ေပးလိုက္ပါေၾကာင္း၊ ဘြားဘြားအသက္ရွည္က်န္းမာေအာင္ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါေၾကာင္း အစရွိသျဖင့္ ေရးသားထားခဲ့ပါတယ္။

ယင္းဂိမ္မာဘြားဘြားဟာ အသက္ ၉၉ ႏွစ္အ႐ြယ္မွာ ဆုံးပါးသြားခဲ့ေပမယ့္ သူမ ဘဝရဲ႕ေနာက္ဆုံးအခ်ိန္မ်ားအထိ သတိေကာင္းစြာရွိၿပီး ေပ်ာ္႐ႊင္ေနခဲ့ေၾကာင္း၊ သူမဟာ Nintendo ကို ေက်းဇူးတင္ေနခဲ့ေၾကာင္း အစရွိသျဖင့္လည္း ဂိမ္မာဘြားဘြားရဲ႕သမီးျဖစ္သူက ေျပာခဲ့ပါေသးတယ္။ သမိုင္းေၾကာင္းတစ္ေလွ်ာက္ စံခ်ိန္တင္ေအာင္ျမင္မႈမ်ားရရွိခဲ့ဖူးတဲ့ Game Boy ဟာ ဂိမ္မာဘြားဘြားတစ္ဦးကို ေနာက္ဆုံးအခ်ိန္အထိ ေပ်ာ္႐ႊင္မႈမ်ားေပးႏိုင္ခဲ့ေၾကာင္း လြမ္းေမာဖြယ္ ေဖာ္ျပလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: forbes