[Zawgyi]

ကိုယ္ပုိင္ Esports ၿပိဳင္ပြဲကို ေၾကျငာလိုက္တဲ့ နင္တန္းဒုိး

 

ဂ်ပန္အေျခစုိက္ ဂိမ္းကုမၸဏီႀကီး နင္တန္းဒိုး (Nintendo) ဟာ သူတုိ႔ထုတ္လုပ္ထားတဲ့ Super Smash Bros (SSB) Ultimate ဂိမ္းအတြက္ တရားဝင္ Esports ၿပိဳင္ပြဲတစ္ခုကို က်င္းပသြားမယ္လို႔ ေၾကျငာလာပါတယ္။ ဒီသတင္းကို အေမရိကန္ နင္တန္းဒုိးရုံးခ်ဳပ္ရဲ႕ ဥကၠဌ ေဒါ့ဂ္ေဘာင္ဆာမွ ေၾကျငာခဲ့တာပါ။

ပထမဆုံးၿပိဳင္ပြဲကေတာ့ အခုဇြန္လမွာ က်င္းပမယ့္ SSBU Online Open ျဖစ္ၿပီး ကၽြန္ေတာ္တုိ႔ဆီက ဂိမ္မာေတြအတြက္ ဝမ္းနည္းစရာကေတာ့ ဒီၿပိဳင္ပြဲဟာ ကေနဒါ၊ မက္ဆီကိုနဲ႔ ေျမာက္အေမရိကမွ ကစားသမားေတြ အတြက္သာ ျဖစ္ပါတယ္။

 

နင္တန္းဒုိးဟာ ၿပိဳင္ပြဲမွာအသုံးျပဳမယ့္ စည္းမ်ဥ္းအား သူတုိ႔ကိုယ္ပိုင္ Rule-set ကိုပဲ သုံးမွာလား၊ ဒါမွမဟုတ္ Community ကလက္ခံျပဳျပင္ထားတဲ့ ပုိအဆင္ေျပတဲ့ဗားရွင္းကို သုံးမွာလားဆုိတာလည္း ထုတ္မေျပာေသးပါဘူး။ Online Open ၿပိဳင္ပြဲခ်န္ပီယံဟာ လာမယ့္ EVO 2019 က်ရင္ SSBU စင္ျမင့္မွာ တက္ေရာက္ပါဝင္ေဆာ့ကစားႏုိင္မွာျဖစ္ၿပီး သြားေရာက္ဖို႔အတြက္ ေလယာဥ္လက္မွတ္ခနဲ႔ ေနထိုင္စရိတ္ကို နင္တန္းဒိုးက အကုန္အက်ခံ ေခၚယူသြားမွာျဖစ္ပါတယ္။

နင္တန္းဒုိးအတြက္ေတာ့ ဒါဟာ ဂိမ္း Community နဲ႔တုိက္ရုိက္ထိေတြ႕ဖို႔ ေကာင္းမြန္တဲ့ ေျခလွမ္းတစ္ခု ျဖစ္ၿပီး ဂိမ္မာေတြနဲ႔ ပိုေကာင္းတဲ့ ဆက္ဆံေရးရွိလာႏုိင္ပါတယ္။ SSB ဂိမ္းဟာ EVO ပြဲေတာ္မွာ ပုံမွန္ပါဝင္လာတာ ႏွစ္ခ်ီေနျပီျဖစ္ေသာ္လည္း Street Fighter ကိုထုတ္လုပ္တဲ့ Capcom ၊ Tekken ကိုထုတ္လုပ္ထားတဲ့ Bandai Namco တုိ႔လို နင္တန္းဒုိးမွ ပါဝင္ကူညီခဲ့တာမ်ဳိး အရင္ကမရွိေသးလို႔ပါ။

==========================================

[Unicode]

ကိုယ်ပိုင် Esports ပြိုင်ပွဲကို ကြေငြာလိုက်တဲ့ နင်တန်းဒိုး

 

ဂျပန်အခြေစိုက် ဂိမ်းကုမ္ပဏီကြီး နင်တန်းဒိုး (Nintendo) ဟာ သူတို့ထုတ်လုပ်ထားတဲ့ Super Smash Bros (SSB) Ultimate ဂိမ်းအတွက် တရားဝင် Esports ပြိုင်ပွဲတစ်ခုကို ကျင်းပသွားမယ်လို့ ကြေငြာလာပါတယ်။ ဒီသတင်းကို အမေရိကန် နင်တန်းဒိုးရုံးချုပ်ရဲ့ ဥက္ကဌ ဒေါ့ဂ်ဘောင်ဆာမှ ကြေငြာခဲ့တာပါ။

ပထမဆုံးပြိုင်ပွဲကတော့ အခုဇွန်လမှာ ကျင်းပမယ့် SSBU Online Open ဖြစ်ပြီး ကျွန်တော်တို့ဆီက ဂိမ်မာတွေအတွက် ဝမ်းနည်းစရာကတော့ ဒီပြိုင်ပွဲဟာ ကနေဒါ၊ မက်ဆီကိုနဲ့ မြောက်အမေရိကမှ ကစားသမားတွေ အတွက်သာ ဖြစ်ပါတယ်။

နင်တန်းဒိုးဟာ ပြိုင်ပွဲမှာအသုံးပြုမယ့် စည်းမျဉ်းအား သူတို့ကိုယ်ပိုင် Rule-set ကိုပဲ သုံးမှာလား၊ ဒါမှမဟုတ် Community ကလက်ခံပြုပြင်ထားတဲ့ ပိုအဆင်ပြေတဲ့ဗားရှင်းကို သုံးမှာလားဆိုတာလည်း ထုတ်မပြောသေးပါဘူး။ Online Open ပြိုင်ပွဲချန်ပီယံဟာ လာမယ့် EVO 2019 ကျရင် SSBU စင်မြင့်မှာ တက်ရောက်ပါဝင်ဆော့ကစားနိုင်မှာဖြစ်ပြီး သွားရောက်ဖို့အတွက် လေယာဉ်လက်မှတ်ခနဲ့ နေထိုင်စရိတ်ကို နင်တန်းဒိုးက အကုန်အကျခံ ခေါ်ယူသွားမှာဖြစ်ပါတယ်။

နင်တန်းဒိုးအတွက်တော့ ဒါဟာ ဂိမ်း Community နဲ့တိုက်ရိုက်ထိတွေ့ဖို့ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပြီး ဂိမ်မာတွေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးရှိလာနိုင်ပါတယ်။ SSB ဂိမ်းဟာ EVO ပွဲတော်မှာ ပုံမှန်ပါဝင်လာတာ နှစ်ချီနေပြီဖြစ်သော်လည်း Street Fighter ကိုထုတ်လုပ်တဲ့ Capcom ၊ Tekken ကိုထုတ်လုပ်ထားတဲ့ Bandai Namco တို့လို နင်တန်းဒိုးမှ ပါဝင်ကူညီခဲ့တာမျိုး အရင်ကမရှိသေးလို့ပါ။