Twitch ေပၚမွာ လူၾကိဳက္အမ်ားဆုံးနဲ႔ follower အမ်ားဆုံးရရွိထားတဲ့ streamer ျဖစ္သူ “Ninja””တစ္ေယာက္ကေတာ့ သူရဲ႕ ဂိမ္း stream မ်ားကို Twitch အစား Mixer ေပၚကေနပဲ ထုတ္လႊင့္ေတာ့မယ္လို႔ မၾကာေသးမီက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။

Ninja နဲ႔ လက္တြဲလိုက္တဲ့ Mixer ဆိုတာကေတာ့ Microsoft က ထုတ္လုပ္ထားတဲ့ streaming ဝန္ေဆာင္မႈတစ္ခုပဲ ျဖစ္ပါတယ္။ Twitch ရဲ႕ လူၾကိဳက္အမ်ားဆုံး ေခါင္းစဥ္ကို စြန္႔လႊတ္ကာ Mixer ဆီကို ေရႊ႕ေျပာင္းေတာ့မယ့္ Ninja ရဲ႕ အစီအစဥ္ကို ပရိတ္သတ္မ်ား အံ့အားသင့္ေနၾကပါတယ္။

Epic Games က ထုတ္လုပ္လိုက္တဲ့ Battle Royale ဂိမ္း “Fortnite” ရဲ႕ တစ္ဟုန္ထိုးေခတ္စားလာမႈနဲ႔ အတူ Fortnite streamer တစ္ဦးျဖစ္တဲ့ Ninja ဟာလည္း ၂၀၁၈ ထဲက စလို႔ လူၾကိဳက္အမ်ားဆုံး streamer ဖစ္လာခဲ့တာပါ။ အလြန္နာမည္ေက်ာ္ၾကားလာခဲ့လို႔ “The Ellen DeGeneres Show” နဲ႔ “The Tonight Show Starring Jimmy Fallon” တို႔လို နာမည္ၾကီး show ေတြကေတာင္ Ninja ကို ေခၚယူခဲ့ပါတယ္။


Twitch follower ေပါင္း ၁၄ သန္းေက်ာ္ ရရွိထားတဲ့ Ninja ဟာ Twitch မွာ ဒုတိယ follower အမ်ားဆုံး “Shroud” ထက္ ပရိတ္သတ္ ၂ ဆေလာက္ ရရွိထားတာပါ။ လူအမ်ား ဝင္ေရာက္ၾကည့္ရႈတဲ့ နာရီေပါင္းကလည္း အျခားမည္သူထက္မဆို အဆမတန္မ်ားလွပါတယ္။

“ဂိမ္းေဆာ့ရတာကို ၾကိဳက္ႏွစ္သက္တဲ့ ဝါသနာရွင္ေတြနဲ႔ အားေပးၾကသူ ပရိတ္သတ္မ်ားအားလုံးၾကား အျပန္အလွန္ဆက္သြယ္မႈေတြေရာ ပူးေပါင္းေဆာင္ရြက္မႈမ်ားပါ ျပဳလုပ္ဖုိ႔ အလြန္ေကာင္းမြန္လွတဲ့ Mixer ဟာ ကြ်န္ေတာ့္ကို ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္” လုိ႔ Ninja က ေျပာၾကားခဲ့ပါတယ္။ “ကြ်န္ေတာ္ တစ္သက္လုံး ၾကိဳက္ႏွစ္သက္စြာ ျပဳလုပ္လာခဲ့တဲ့ ဂိမ္းကစားျခင္းကို ဆက္လက္ျပဳလုပ္သြားမွာျဖစ္သလို ကြ်န္ေတာ္ရဲ႕ အေတြ႔အၾကံဳမ်ားကိုလည္း တစ္ကမၻာလုံးကို Mixer ကေန ဆက္လက္မွ်ေဝသြားမွာပါ” လုိ႔လည္း ေျပာၾကားခဲ့ပါေသးတယ္။

Ninja ရဲ႕ Mixer ကို ေျပာင္းေရႊ႕ျခင္းနဲ႔အတူ Mixer ဟာ အသုံးျပဳသူမ်ား ပိုမိုမ်ားျပားလာလိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။ လက္ရွိမွာ Twitch ဟာ Google Play Store ေပၚမွာ ေဒါင္းလုပ္ေပါင္း သန္း ၅၀ ေက်ာ္ ျပဳလုပ္ျခင္းခံထားရေပမယ့္ Mixer ကေတာ့ ၅ သန္းေက်ာ္ ပဲ ရရွိထားပါေသးတယ္။


Ninja ေရႊ႕ေျပာင္းသြားတဲ့အတြက္ Twitch ေပၚက အျခား Fortnite streamer မ်ား လူၾကိဳက္ပိုမ်ားလာဖုိ႔ အေျခအေနလည္း ရွိေနသလို Shroud နဲ႔ သူ အဓိက ေဆာ့ကစားတဲ့ Apex Legend ဟာလည္း အရင္ထက္ ပိုျပီး လူၾကိဳက္မ်ားလာႏိုင္ပါတယ္။

Ninja ကေတာ့ Mixer ေပၚကေန stream မ်ား လႊင့္ေနျပီျဖစ္ျပီး ေရွ႕ဆက္အလားအလာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရဦးမွာပါ။ နည္းပညာကုမၸဏီၾကီးမ်ားဟာ ေငြေၾကးမ်ား ပိုမိုသုံးစြဲျပီး esport ေလာကမွာ အာရုံစိုက္လုပ္ေဆာင္လာၾကတဲ့အတြက္ esport ယဥ္ေက်းမႈဟာ ယခုထက္ အမ်ားၾကီး ပိုျပီး ထြန္းကားမယ့္ အလားအလာမ်ား ရွိေနဆဲပဲ ျဖစ္ပါေတာ့တယ္။ Esport အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။

#GamingNoodle #Fortnite #Ninja #Streaming #ComBo


[Unicode]

Twitch ပေါ်မှာ လူကြိုက်အများဆုံးနဲ့ follower အများဆုံးရရှိထားတဲ့ streamer ဖြစ်သူ “Ninja””တစ်ယောက်ကတော့ သူရဲ့ ဂိမ်း stream များကို Twitch အစား Mixer ပေါ်ကနေပဲ ထုတ်လွှင့်တော့မယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Ninja နဲ့ လက်တွဲလိုက်တဲ့ Mixer ဆိုတာကတော့ Microsoft က ထုတ်လုပ်ထားတဲ့ streaming ဝန်ဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ Twitch ရဲ့ လူကြိုက်အများဆုံး ခေါင်းစဉ်ကို စွန့်လွှတ်ကာ Mixer ဆီကို ရွှေ့ပြောင်းတော့မယ့် Ninja ရဲ့ အစီအစဉ်ကို ပရိတ်သတ်များ အံ့အားသင့်နေကြပါတယ်။

Epic Games က ထုတ်လုပ်လိုက်တဲ့ Battle Royale ဂိမ်း “Fortnite” ရဲ့ တစ်ဟုန်ထိုးခေတ်စားလာမှုနဲ့ အတူ Fortnite streamer တစ်ဦးဖြစ်တဲ့ Ninja ဟာလည်း ၂၀၁၈ ထဲက စလို့ လူကြိုက်အများဆုံး streamer ဖစ်လာခဲ့တာပါ။ အလွန်နာမည်ကျော်ကြားလာခဲ့လို့ “The Ellen DeGeneres Show” နဲ့ “The Tonight Show Starring Jimmy Fallon” တို့လို နာမည်ကြီး show တွေကတောင် Ninja ကို ခေါ်ယူခဲ့ပါတယ်။

Twitch follower ပေါင်း ၁၄ သန်းကျော် ရရှိထားတဲ့ Ninja ဟာ Twitch မှာ ဒုတိယ follower အများဆုံး “Shroud” ထက် ပရိတ်သတ် ၂ ဆလောက် ရရှိထားတာပါ။ လူအများ ဝင်ရောက်ကြည့်ရှုတဲ့ နာရီပေါင်းကလည်း အခြားမည်သူထက်မဆို အဆမတန်များလှပါတယ်။

“ဂိမ်းဆော့ရတာကို ကြိုက်နှစ်သက်တဲ့ ဝါသနာရှင်တွေနဲ့ အားပေးကြသူ ပရိတ်သတ်များအားလုံးကြား အပြန်အလှန်ဆက်သွယ်မှုတွေရော ပူးပေါင်းဆောင်ရွက်မှုများပါ ပြုလုပ်ဖို့ အလွန်ကောင်းမွန်လှတဲ့ Mixer ဟာ ကျွန်တော့်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်” လို့ Ninja က ပြောကြားခဲ့ပါတယ်။ “ကျွန်တော် တစ်သက်လုံး ကြိုက်နှစ်သက်စွာ ပြုလုပ်လာခဲ့တဲ့ ဂိမ်းကစားခြင်းကို ဆက်လက်ပြုလုပ်သွားမှာဖြစ်သလို ကျွန်တော်ရဲ့ အတွေ့အကြုံများကိုလည်း တစ်ကမ္ဘာလုံးကို Mixer ကနေ ဆက်လက်မျှဝေသွားမှာပါ” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

Ninja ရဲ့ Mixer ကို ပြောင်းရွှေ့ခြင်းနဲ့အတူ Mixer ဟာ အသုံးပြုသူများ ပိုမိုများပြားလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိမှာ Twitch ဟာ Google Play Store ပေါ်မှာ ဒေါင်းလုပ်ပေါင်း သန်း ၅၀ ကျော် ပြုလုပ်ခြင်းခံထားရပေမယ့် Mixer ကတော့ ၅ သန်းကျော် ပဲ ရရှိထားပါသေးတယ်။

Ninja ရွှေ့ပြောင်းသွားတဲ့အတွက် Twitch ပေါ်က အခြား Fortnite streamer များ လူကြိုက်ပိုများလာဖို့ အခြေအနေလည်း ရှိနေသလို Shroud နဲ့ သူ အဓိက ဆော့ကစားတဲ့ Apex Legend ဟာလည်း အရင်ထက် ပိုပြီး လူကြိုက်များလာနိုင်ပါတယ်။

Ninja ကတော့ Mixer ပေါ်ကနေ stream များ လွှင့်နေပြီဖြစ်ပြီး ရှေ့ဆက်အလားအလာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။ နည်းပညာကုမ္ပဏီကြီးများဟာ ငွေကြေးများ ပိုမိုသုံးစွဲပြီး esport လောကမှာ အာရုံစိုက်လုပ်ဆောင်လာကြတဲ့အတွက် esport ယဉ်ကျေးမှုဟာ ယခုထက် အများကြီး ပိုပြီး ထွန်းကားမယ့် အလားအလာများ ရှိနေဆဲပဲ ဖြစ်ပါတော့တယ်။ Esport အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။

#GamingNoodle #Fortnite #Ninja #Streaming #ComBo