[Unicode]

တစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် Twitch ပေါ်မှာ stream ပြန်လွှင့်ခဲ့တဲ့ Ninja

 

လက်ရှိဂိမ်းလောကရဲ့ နာမည်အကြီးဆုံး stream များထဲကတစ်ဦးဖြစ်သူ Ninja ဟာ Twitch ပေါ်မှာ follower ပေါင်း ၁၄.၉ သန်းကျော် ရရှိထားသူပါ။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတော့ Ninja ဟာ Mixer ရဲ့ ခေါ်ယူမှုကြောင့် ယင်းပလက်​ဖောင်းပေါ်ကို ရွှေ့ပြောင်းသွားခဲ့ပြီးနောက် သူ့ရဲ့ follower များစွာရရှိထားတဲ့ Twitch ချန်နယ်ပေါ်မှာ လုံးဝ stream မလွှင့်တော့ပဲ ရပ်ဆိုင်းထားခဲ့ပါတယ်။

Ninja

ဒါပေမယ့် ယခုနှစ်လယ်ပိုင်းမှာ Mixer ဟာ လုံးဝဖျက်သိမ်းသွားခဲ့လို့ ယင်းပလက်ဖောင်းပေါ်ကို စာချုပ်နဲ့ ခေါ်ယူထားတဲ့ streamer များဟာလည်း လွတ်လပ်သွားခဲ့ပါတယ်။ ထို့နောက်မှာတော့ Ninja နဲ့ Shroud တို့လို နာမည်ကျော် streamer များအနေနဲ့ ဘယ်ပလက်ဖောင်းပေါ်ကို ဆက်လက်ကူးပြောင်းသွားမလဲဆိုတာဟာ လူအများစိတ်ဝင်စားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ရပါတယ်။

မကြာသေးမီကတော့ Ninja ဟာ အသုံးမပြုတာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်တဲ့ သူ့ရဲ့ Twitch ချန်နယ်ပေါ်မှာ DrLupo နဲ့အတူ ပြန်လည် stream လွှင့်နေတာကို ပရိသတ်များ တွေ့ရှိခဲ့ရပါတယ်။ ၂ နာရီခန့်သာ ကြာမြင့်ခဲ့တဲ့ ယင်း stream ထဲမှာ Ninja ဟာ Fortnite နဲ့ Call of Duty: Warzone တို့ကို ကစားပြခဲ့ပါတယ်။ ယင်းနောက်မှာတော့ သူဟာ ယခင်က stream လွှင့်ခဲ့တဲ့အချိန်များကို လွမ်းကြောင်းနဲ့ ပုံမှန် stream ပြန်လွှင့်ဖို့ ကြိုးပမ်းနေကြောင်းတို့ကို ပြောသွားခဲ့ပါတယ်။

Ninja ရဲ့ ယင်း stream ဟာ ပျှမ်းမျှကြည့်ရှုသူအရေအတွက် ၇၀,၃၁၉ ရရှိခဲ့ပြီး တစ်ချိန်တည်း ဝင်ရောက်ကြည့်ရှုသူ အများဆုံးအရေအတွက် ၉၈,၀၀၀ ကျော်ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယနေ့အချိန်ထိ Ninja ရဲ့ Twitch ချန်နယ်မှာရှိတဲ့ follower အရေအတွက်ထက် ကျော်လွန်နိုင်သူမရှိသေးတာကလည်း သူဟာ streaming လောကမှာ အအောင်မြင်ဆုံးသူများထဲကတစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း ညွှန်ပြနေလျက်ရှိပါတယ်။

ပြီးခဲ့တဲ့လကလည်း Ninja ဟာ ၂၀၁၁ ခုနှစ်တည်းက စတင်ခဲ့ပြီး subscriber ပေါင်း ၂၄ သန်းကျော်ရရှိထားတဲ့ သူ့ရဲ့ YouTube ချန်နယ်ပေါ်မှာ ပထမဆုံးအကြိမ် livestream လွှင့်ခဲ့ပါတယ်။ မိနစ် ၉၀ ကျော် ကြာမြင့်ခဲ့တဲ့ ယင်း stream ထဲမှာ DrLupo, Timthetatman နဲ့ CouRageJD တို့လို အခြားနာမည်ကျော် streamer များလည်း ပါဝင်ခဲ့ပြီး တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုသူအများဆုံးအရေအတွက် ၁၅၀,၀၀၀ ကျော်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ Ninja ဟာ ဘယ် streaming ပလက်ဖောင်းနဲ့မှ စာချုပ်ချုပ်ဆိုထားခြင်းမရှိသေးပါဘူး။

အချို့ကလည်း နာမည်ကျော် streamer များ ပူးပေါင်းထူထောင်မယ့် streaming ပလက်ဖောင်းသစ် တစ်ခုပေါ်ထွက်လာတော့မှာဖြစ်ကြောင်း ခန့်မှန်း​​နေကြပါတယ်။ ပရိသတ်အများမျှော်လင့်ထားကြသလို နာမည်ကျော် streamer များကို အတည်တကျနေရာတစ်ခုမှာ တစ်စုတစ်စည်းတည်း ပြန်လည် မြင်တွေ့ရမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: theverge


[ZawGyi]

တစ္ႏွစ္ေက်ာ္ကာလအတြင္း ပထမဆုံးအႀကိမ္အျဖစ္ Twitch ေပၚမွာ stream ျပန္လႊင့္ခဲ့တဲ့ Ninja

 

လက္ရွိဂိမ္းေလာကရဲ႕ နာမည္အႀကီးဆုံး stream မ်ားထဲကတစ္ဦးျဖစ္သူ Ninja ဟာ Twitch ေပၚမွာ follower ေပါင္း ၁၄.၉ သန္းေက်ာ္ ရရွိထားသူပါ။ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္ကေတာ့ Ninja ဟာ Mixer ရဲ႕ ေခၚယူမႈေၾကာင့္ ယင္းပလက္​ေဖာင္းေပၚကို ေ႐ႊ႕ေျပာင္းသြားခဲ့ၿပီးေနာက္ သူ႔ရဲ႕ follower မ်ားစြာရရွိထားတဲ့ Twitch ခ်န္နယ္ေပၚမွာ လုံးဝ stream မလႊင့္ေတာ့ပဲ ရပ္ဆိုင္းထားခဲ့ပါတယ္။

Ninja

ဒါေပမယ့္ ယခုႏွစ္လယ္ပိုင္းမွာ Mixer ဟာ လုံးဝဖ်က္သိမ္းသြားခဲ့လို႔ ယင္းပလက္ေဖာင္းေပၚကို စာခ်ဳပ္နဲ႔ ေခၚယူထားတဲ့ streamer မ်ားဟာလည္း လြတ္လပ္သြားခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ Ninja နဲ႔ Shroud တို႔လို နာမည္ေက်ာ္ streamer မ်ားအေနနဲ႔ ဘယ္ပလက္ေဖာင္းေပၚကို ဆက္လက္ကူးေျပာင္းသြားမလဲဆိုတာဟာ လူအမ်ားစိတ္ဝင္စားတဲ့ကိစၥတစ္ခုျဖစ္လာခဲ့ရပါတယ္။

မၾကာေသးမီကေတာ့ Ninja ဟာ အသုံးမျပဳတာ တစ္ႏွစ္ေက်ာ္ခန႔္ရွိၿပီျဖစ္တဲ့ သူ႔ရဲ႕ Twitch ခ်န္နယ္ေပၚမွာ DrLupo နဲ႔အတူ ျပန္လည္ stream လႊင့္ေနတာကို ပရိသတ္မ်ား ေတြ႕ရွိခဲ့ရပါတယ္။ ၂ နာရီခန႔္သာ ၾကာျမင့္ခဲ့တဲ့ ယင္း stream ထဲမွာ Ninja ဟာ Fortnite နဲ႔ Call of Duty: Warzone တို႔ကို ကစားျပခဲ့ပါတယ္။ ယင္းေနာက္မွာေတာ့ သူဟာ ယခင္က stream လႊင့္ခဲ့တဲ့အခ်ိန္မ်ားကို လြမ္းေၾကာင္းနဲ႔ ပုံမွန္ stream ျပန္လႊင့္ဖို႔ ႀကိဳးပမ္းေနေၾကာင္းတို႔ကို ေျပာသြားခဲ့ပါတယ္။

Ninja ရဲ႕ ယင္း stream ဟာ ပွ်မ္းမွ်ၾကည့္ရႈသူအေရအတြက္ ၇၀,၃၁၉ ရရွိခဲ့ၿပီး တစ္ခ်ိန္တည္း ဝင္ေရာက္ၾကည့္ရႈသူ အမ်ားဆုံးအေရအတြက္ ၉၈,၀၀၀ ေက်ာ္ရရွိခဲ့ပါတယ္။ ဒါ့အျပင္ ယေန႔အခ်ိန္ထိ Ninja ရဲ႕ Twitch ခ်န္နယ္မွာရွိတဲ့ follower အေရအတြက္ထက္ ေက်ာ္လြန္ႏိုင္သူမရွိေသးတာကလည္း သူဟာ streaming ေလာကမွာ အေအာင္ျမင္ဆုံးသူမ်ားထဲကတစ္ဦးအျဖစ္ ရပ္တည္ေနဆဲျဖစ္ေၾကာင္း ၫႊန္ျပေနလ်က္ရွိပါတယ္။

ၿပီးခဲ့တဲ့လကလည္း Ninja ဟာ ၂၀၁၁ ခုႏွစ္တည္းက စတင္ခဲ့ၿပီး subscriber ေပါင္း ၂၄ သန္းေက်ာ္ရရွိထားတဲ့ သူ႔ရဲ႕ YouTube ခ်န္နယ္ေပၚမွာ ပထမဆုံးအႀကိမ္ livestream လႊင့္ခဲ့ပါတယ္။ မိနစ္ ၉၀ ေက်ာ္ ၾကာျမင့္ခဲ့တဲ့ ယင္း stream ထဲမွာ DrLupo, Timthetatman နဲ႔ CouRageJD တို႔လို အျခားနာမည္ေက်ာ္ streamer မ်ားလည္း ပါဝင္ခဲ့ၿပီး တစ္ခ်ိန္တည္းဝင္ေရာက္ၾကည့္ရႈသူအမ်ားဆုံးအေရအတြက္ ၁၅၀,၀၀၀ ေက်ာ္ရရွိခဲ့ပါတယ္။
လက္ရွိမွာေတာ့ Ninja ဟာ ဘယ္ streaming ပလက္ေဖာင္းနဲ႔မွ စာခ်ဳပ္ခ်ဳပ္ဆိုထားျခင္းမရွိေသးပါဘူး။

အခ်ိဳ႕ကလည္း နာမည္ေက်ာ္ streamer မ်ား ပူးေပါင္းထူေထာင္မယ့္ streaming ပလက္ေဖာင္းသစ္ တစ္ခုေပၚထြက္လာေတာ့မွာျဖစ္ေၾကာင္း ခန္႔မွန္း​​ေနၾကပါတယ္။ ပရိသတ္အမ်ားေမွ်ာ္လင့္ထားၾကသလို နာမည္ေက်ာ္ streamer မ်ားကို အတည္တက်ေနရာတစ္ခုမွာ တစ္စုတစ္စည္းတည္း ျပန္လည္ ျမင္ေတြ႕ရမလား ဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: theverge