ကမ္ဘာကျော် Streamer တစ်ယောက်ဖြစ်တဲ့ Ninja ဟာ Time Magazine ရဲ့ ဒီနှစ်အတွက် The 100 Most Influential People စာရင်းအတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Time Magazine ဟာ The 100 Most Influential People စာရင်းကို 2004 ခုနှစ်က စတင်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း တကမ္ဘာလုံးမှာ သြဇာအာဏာသက်ရောက်ပြီး အလွှမ်းမိုးနိုင်ဆုံး လူအယောက် ၁၀၀ ကို ရွေးထုတ် ဖော်ပြနေတာပါ။

ထိုစာရင်းမှာ အနုပညာရှင် အတက်ပညာရှင်တွေအပြင် နိုင်ငံခေါင်းဆောင်တွေကိုပါ ရွေးချယ်ခဲ့ပြီး လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ၂၀၁၃ ခုနှစ်တုန်းက ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒီနှစ်အတွက် TIME 100 စာရင်းမှာတော့ Streamer “Ninja” နဲ့အတူ ရုပ်ရှင်မင်းသား Dwayne Johnson (TheRock), အဆိုတော် Lady GaGa, Taylor Swift နဲ့ Kpop အဖွဲ့ BTS, အားကစားသမားတွေဖြစ်တဲ့ Mo Salah, Tiger Woods နဲ့ Lebron James တို့အပြင် နာမည်ကြီးခေါင်းဆောင်တွေဖြစ်တဲ့ အမေရိကန်သမ္မတ Donald Trump နဲ့ Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg စတဲ့ ကမ္ဘာကျော်လူပုဂ္ဂိုလ်တွေ အများအပြား ပါဝင်နေပါတယ်။

အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံသား “Ninja” (အမည်ရင်း Richard Tyler Blevins) ဟာ ယခုနှစ်အတွက် စာရင်းမှာပါလာတဲ့ တစ်ဦးတည်းသော Game Streamer ဖြစ်ပေမယ့် သူဟာ ဒီစာရင်းထဲကို ဝင်ရောက်နိုင်တဲ့ ပထမဆုံး Streamer တော့ မဟုတ်ပါဘူး။

2016 မှာ ဆွီဒင်နိုင်ငံသား Youtuber တစ်ဦးဖြစ်သူ “PewDiePie” ဟာ Time Magazine ရဲ့ The 100 Most Influential People မှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ PiewDiePie ရဲ့ Youtube Channel ဟာ Subscriber 95 Million ရှိနေပြီး လက်ရှိကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။

ဒီနှစ်အတွက် Ninja ရဲ့အကြောင်းကိုတော့ Time Magazine မှာ JuJu Smith-Schuster က ဂုဏ်ဖော် ပြောကြားပေးထားပါတယ်။ JuJu Smith-Schuster ကတော့ နာမည်ကြီး American Football Player တစ်ဦးဖြစ်ပြီး NFL အသင်း Pittsburgh Steelers အသင်းမှာဆော့နေသူပါ။ Gamer တစ်ဦးလည်းဖြစ်ပြီး ၂၀၁၈ မတ်လတုန်းက Ninja ရယ်၊ Rapper တွေဖြစ်တဲ့ Drake နဲ့ Travis Scott တို့နဲ့တူတူ Fortnite ကို Twitch မှာ Stream ခဲ့ပြီး Twitch ရဲ့ တစ်ပြိုင်နက်တည်း ကြည့်ရှူသူဦးရေ အများဆုံးအရေအတွက်ကို ချိုးဖျက်နိုင်ခဲ့ဖူးပါတယ်။

Source : TIME
Photo Credit : TIME, ESPN

#InternationalNews #Streamer #Ninja