[Unicode]

ဘေရွတ်ပေါက်ကွဲမှုအပြီး ဘေးကင်းစွာရှိနေကြောင်း ရေးသားခဲ့တဲ့ Nigma အသင်းရဲ့ ကစားသမား GH

 

လက်ဘနွန်နိုင်ငံရဲ့ မြို့တော် ဘေရွတ်မှာ မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှုကြောင့် လူ ၁၃၅ ဦးထက် မနည်းသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ အမိုနီယမ်နိုက်ထရိတ် တန်ချိန်ပေါင်း ၂၇၅၀ ခန့် ပေါက်ကွဲခဲ့တဲ့ ဒီဖြစ်စဉ်အတွင်း လူ သိန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို လက်ဘနွန်နိုင်ငံသားများအပေါ် တစ်ကမ္ဘာလုံးရဲ့ ဂရုဏာသက်မှုနဲ့ စိုးရိမ်ပူပန်မှုများလည်း မြင့်တက်လာခဲ့ရပါတယ်။

EDITORS NOTE: Graphic content / A helicopter puts out a fire at the scene of an explosion at the port of Lebanon’s capital Beirut on August 4, 2020. (Photo by STR / AFP) (Photo by STR/AFP via Getty Images)

Nigma အသင်းရဲ့ support ကစားသမားဖြစ်သူ GH ဟာလည်း လက်ဘနွန်နိုင်ငံသားဖြစ်တဲ့အတွက် Dota 2 ပရိသတ်များက သူ့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေခဲ့ကြပါတယ်။ ဒါပေမယ့် GH ကတော့ သူ့အနေနဲ့ ဘေးကင်းစွာရှိနေခဲ့ကြောင်း၊ ပေါက်ကွဲမှုရဲ့ ဆိုးကျိုးများကို ခံစားခဲ့ရသူများအတွက် စိတ်နှလုံးပူဆွေးမိကြောင်းတို့ကို တွစ်တာပေါ်မှာ ရေးသားထားခဲ့ပါတယ်။

Dota 2 အသိုင်းအဝိုင်းအတွင်းက နာမည်ကျော်များကလည်း GH ဘေးကင်းစွာရှိနေကြောင်း ရေးသားခဲ့မှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ ဒါ့အပြင် ပြင်သစ်/လက်ဘနွန်ကစားသမားတစ်ဦးဖြစ်သူ Ceb ကလည်း GH ရဲ့ ပို့စ်ကို ပြန်လည် retweet လုပ်ထားခဲ့ကြောင်း ပရိသတ်အများ တွေ့ရှိခဲ့ရပါတယ်။

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ နေထိုင်သူ အခြား Dota 2 ကစားသူများဟာ ယင်းတို့ မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ပေါက်ကွဲမှုအဖြစ်ဆိုးကြီးအကြောင်းကို Reddit ပေါ်မှာ ပြန်လည်ဝေမျှခဲ့ကြပါတယ်။ ယင်းတို့ထဲမှာ /u/Kane_398 ဆိုသူတစ်ဦးရဲ့ “ကျွန်တော်ရဲ့ လက်ဘနွန်နိုင်ငံကြီးကတော့ ဒီနေ့ပဲ ပေါက်ကွဲသွားပါပြီ” ဆိုတဲ့ ခေါင်းစဉ်ဟာ လူပြောများတဲ့အကြောင်းအရာတစ်ခု ဖြစ်နေခဲ့ပါတယ်။

ယင်းခေါင်းစဉ်အောက် ရေးသားချက်များအတွင်းမှာတော့ ပေါက်ကွဲမှုဖြစ်ပေါ်ချိန်မှာ သူဟာ Dota 2 ကစားနေခဲ့ကြောင်း၊ ဂိမ်းကစားတဲ့ ခုံပေါ်ကနေ လွင့်စင်ထွက်သွားခဲ့ရသလို အိမ်ရဲ့ ပြတင်းပေါက်တစ်ဝက်ခန့်ဟာလည်း ကွဲကြေသွားခဲ့ကြောင်း၊ နိုင်ငံရဲ့ဆိပ်ကမ်းကတော့ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း၊ ယခုအချိန်မှာ တိုင်းပြည်အတွင်း ငွေကြေးဖောင်းပွမှု များနေပြီး သူ့ရဲ့ကုမ္ပဏီက သူ့ကို အလုပ်ဖြုတ်ဖို့ သေချာနေပြီဖြစ်ကြောင်း၊ သူအသက်ရှုနေတဲ့ လေထုထဲမှာလည်း အဆိပ်အတောက်များ ရှိနေကြောင်း စသဖြင့် ပါဝင်ခဲ့ပါတယ်။

အရေးပေါ် သွေးလိုအပ်နေသူများကို သူ့အနေနဲ့ သွေးလှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်းလည်း ရေးသားခဲ့တဲ့အတွက် Dota 2 ပရိသတ်များက ချီးမွန်းဂုဏ်ယူ​နေခဲ့ကြပါတယ်။ ဘေရွတ်ပေါက်ကွဲမှုအတွင်း ထိခိုက်ခံစားခဲ့ရသူများအားလုံး အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေဖို့အတွက် Esports အသိုင်းအဝိုင်းတစ်ခုလုံးက မျှော်လင့်လျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: afkgaming


[ZawGyi]

ေဘ႐ြတ္ေပါက္ကြဲမႈအၿပီး ေဘးကင္းစြာရွိေနေၾကာင္း ေရးသားခဲ့တဲ့ Nigma အသင္းရဲ႕ ကစားသမား GH

 

လက္ဘႏြန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ ေဘ႐ြတ္မွာ မၾကာေသးမီက ျဖစ္ေပၚခဲ့တဲ့ ေပါက္ကြဲမႈေၾကာင့္ လူ ၁၃၅ ဦးထက္ မနည္းေသဆုံးခဲ့ၿပီး ေထာင္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာရရွိခဲ့ရပါတယ္။ အမိုနီယမ္ႏိုက္ထရိတ္ တန္ခ်ိန္ေပါင္း ၂၇၅၀ ခန႔္ ေပါက္ကြဲခဲ့တဲ့ ဒီျဖစ္စဥ္အတြင္း လူ သိန္းေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရသလို လက္ဘႏြန္ႏိုင္ငံသားမ်ားအေပၚ တစ္ကမာၻလုံးရဲ႕ ဂ႐ုဏာသက္မႈနဲ႔ စိုးရိမ္ပူပန္မႈမ်ားလည္း ျမင့္တက္လာခဲ့ရပါတယ္။

EDITORS NOTE: Graphic content / A helicopter puts out a fire at the scene of an explosion at the port of Lebanon’s capital Beirut on August 4, 2020. (Photo by STR / AFP) (Photo by STR/AFP via Getty Images)

Nigma အသင္းရဲ႕ support ကစားသမားျဖစ္သူ GH ဟာလည္း လက္ဘႏြန္ႏိုင္ငံသားျဖစ္တဲ့အတြက္ Dota 2 ပရိသတ္မ်ားက သူ႔ရဲ႕ လုံၿခဳံေရးအတြက္ စိုးရိမ္ေနခဲ့ၾကပါတယ္။ ဒါေပမယ့္ GH ကေတာ့ သူ႔အေနနဲ႔ ေဘးကင္းစြာရွိေနခဲ့ေၾကာင္း၊ ေပါက္ကြဲမႈရဲ႕ ဆိုးက်ိဳးမ်ားကို ခံစားခဲ့ရသူမ်ားအတြက္ စိတ္ႏွလုံးပူေဆြးမိေၾကာင္းတို႔ကို တြစ္တာေပၚမွာ ေရးသားထားခဲ့ပါတယ္။

Dota 2 အသိုင္းအဝိုင္းအတြင္းက နာမည္ေက်ာ္မ်ားကလည္း GH ေဘးကင္းစြာရွိေနေၾကာင္း ေရးသားခဲ့မႈအေပၚ ဝမ္းေျမာက္ဝမ္းသာျဖစ္မိေၾကာင္း တုံ႔ျပန္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ျပင္သစ္/လက္ဘႏြန္ကစားသမားတစ္ဦးျဖစ္သူ Ceb ကလည္း GH ရဲ႕ ပို႔စ္ကို ျပန္လည္ retweet လုပ္ထားခဲ့ေၾကာင္း ပရိသတ္အမ်ား ေတြ႕ရွိခဲ့ရပါတယ္။

လက္ဘႏြန္ႏိုင္ငံ ေဘ႐ြတ္ၿမိဳ႕မွာ ေနထိုင္သူ အျခား Dota 2 ကစားသူမ်ားဟာ ယင္းတို႔ မ်က္ျမင္ႀကဳံေတြ႕ခဲ့ရတဲ့ ေပါက္ကြဲမႈအျဖစ္ဆိုးႀကီးအေၾကာင္းကို Reddit ေပၚမွာ ျပန္လည္ေဝမွ်ခဲ့ၾကပါတယ္။ ယင္းတို႔ထဲမွာ /u/Kane_398 ဆိုသူတစ္ဦးရဲ႕ “ကြၽန္ေတာ္ရဲ႕ လက္ဘႏြန္ႏိုင္ငံႀကီးကေတာ့ ဒီေန႔ပဲ ေပါက္ကြဲသြားပါၿပီ” ဆိုတဲ့ ေခါင္းစဥ္ဟာ လူေျပာမ်ားတဲ့အေၾကာင္းအရာတစ္ခု ျဖစ္ေနခဲ့ပါတယ္။

ယင္းေခါင္းစဥ္ေအာက္ ေရးသားခ်က္မ်ားအတြင္းမွာေတာ့ ေပါက္ကြဲမႈျဖစ္ေပၚခ်ိန္မွာ သူဟာ Dota 2 ကစားေနခဲ့ေၾကာင္း၊ ဂိမ္းကစားတဲ့ ခုံေပၚကေန လြင့္စင္ထြက္သြားခဲ့ရသလို အိမ္ရဲ႕ ျပတင္းေပါက္တစ္ဝက္ခန႔္ဟာလည္း ကြဲေၾကသြားခဲ့ေၾကာင္း၊ ႏိုင္ငံရဲ႕ဆိပ္ကမ္းကေတာ့ လုံးဝေပ်ာက္ကြယ္သြားၿပီျဖစ္ေၾကာင္း၊ ယခုအခ်ိန္မွာ တိုင္းျပည္အတြင္း ေငြေၾကးေဖာင္းပြမႈ မ်ားေနၿပီး သူ႔ရဲ႕ကုမၸဏီက သူ႔ကို အလုပ္ျဖဳတ္ဖို႔ ေသခ်ာေနၿပီျဖစ္ေၾကာင္း၊ သူအသက္ရႈေနတဲ့ ေလထုထဲမွာလည္း အဆိပ္အေတာက္မ်ား ရွိေနေၾကာင္း စသျဖင့္ ပါဝင္ခဲ့ပါတယ္။

အေရးေပၚ ေသြးလိုအပ္ေနသူမ်ားကို သူ႔အေနနဲ႔ ေသြးလႉဒါန္းမႈမ်ားျပဳလုပ္ခဲ့ေၾကာင္းလည္း ေရးသားခဲ့တဲ့အတြက္ Dota 2 ပရိသတ္မ်ားက ခ်ီးမြန္းဂုဏ္ယူ​ေနခဲ့ၾကပါတယ္။ ေဘ႐ြတ္ေပါက္ကြဲမႈအတြင္း ထိခိုက္ခံစားခဲ့ရသူမ်ားအားလုံး အျမန္ဆုံးျပန္လည္ေကာင္းမြန္လာေစဖို႔အတြက္ Esports အသိုင္းအဝိုင္းတစ္ခုလုံးက ေမွ်ာ္လင့္လ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: afkgaming