[Unicode]
Kuroky နဲ့ Miracle တို့ရဲ့ အသင်းသစ် Nigma Esports
Team Liquid ကနေ စက်တင်ဘာလက ထွက်ခွာလာတဲ့ Kuroky နဲ့ အပေါင်းပါ တစ်သိုက်ကတော့ Nigma Esports နာမည်နဲ့ အသင်းသစ်ကို ဖွဲ့စည်းလိုက်ပြီပဲ ဖြစ်ပါတယ်။ လူအများစု ထင်ကြေးပေးခဲ့ကြသလို နာမည်ကြီး Esports အသင်းတွေကို ရောက်ရှိသွားတာမဟုတ်ပဲ ကစားသမား (၅) ဦးပေါင်းပြီး ကိုယ်ပိုင်အမှတ်တံဆိပ်အသစ်နဲ့ အသင်းသစ် တည်ထောင်လိုက်တာပဲ ဖြစ်ပါတယ်။
Nigma Esports
1. Miracle-
2. w33
3. MinD_ContRoL
4. GH
5. KuroKy
ကစားသမားတွေကတော့ အားလုံး အကျွမ်းဝင်ပြီးသားဖြစ်လို့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာ မလိုတဲ့ သူတွေပါ။ The International 2019 မှာ ဒုတိယ ရရှိခဲ့တဲ့ အောင်မြင်မှုကို ဆက်လက် ထိမ်းသိန်းထားနိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။
Nigma ဆိုတဲ့ စာလုံးကတော့ အာရပ် ဘာသာစကားနဲ့ “ကြယ်” လို့အဓိပ္ပာယ်ရပါတယ်လို့ Nigma Esports ရဲ့ Twitter မှာ ဖော်ပြထားပါတယ်။ လက်ရှိ Nigma Esports မှာ Miracle ကလည်း ဂျော်ဒန်နိုင်ငံသားဖြစ်သလို့ GH ကလည်း လက်ဘနွန် နိုင်ငံသား ဖြစ်ပါတယ်။ ဒါ့အပြင် KuroKy က ဂျာမနီနဲ့ အီရန်နိုင်ငံသား ဖြစ်ပြီး w33 ကလည်း ရိုမေးနီးယားနဲ့ ဆီးရီးယား နိုင်ငံသားဖြစ်ပါတယ်။ အခုလို အာရပ်နိုင်ငံသား ၄ ယောက်အထိပါဝင်နေတဲ့အတွက် အသင်းနာမည်ကို အာရပ်ဘာသာစကားနဲ့ အမည်ပေးခဲ့တယ်လို့ ယူဆရပါတယ်။
The end of one journey is the beginning of another… this is Nigma #ANewAdventure
Posted by Nigma on Monday, 25 November 2019
၂၀၁၅ ခုနှစ် တုန်းက Cloud9 ကထွက်ခွာလာတဲ့ N0tail နဲ့ Complexity Gaming က ထွက်ခွာလာတဲ့ Fly တို့သူငယ်ချင်း ၂ ယောက်ဟာ (monkey) Business ကနေ အစပြုကာ OG ဆိုပြီး၂ နှစ်ဆက် TI ချန်ပီယံ ဖြစ်လာတဲ့အထိ ကိုယ်ပိုင်အသင်းထောင်ကာ အကျိုးဖြစ်ထွန်းခဲ့ကြဖူးပါတယ်။ အခု Kuroky တို့ တစ်သိုက်ကတော့ N0tail တို့ Fly တို့ရဲ့ OG စတင်စဉ်ကထက် ပိုပြီး အတွေ့အကြုံရှိတဲ့ အသင်းကို ပိုင်ဆိုင်ထားတာကြောင့် လာမယ့် Major မှာ ဘာတွေလုပ်ပြမယ်ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
[Zawgyi]
Kuroky နဲ႔ Miracle တို႔ရဲ႕ အသင္းသစ္ Nigma Esports
Team Liquid ကေန စက္တင္ဘာလက ထြက္ခြာလာတဲ့ Kuroky နဲ႔ အေပါင္းပါ တစ္သိုက္ကေတာ့ Nigma Esports နာမည္နဲ႔ အသင္းသစ္ကို ဖြဲ႕စည္းလိုက္ၿပီပဲ ျဖစ္ပါတယ္။ လူအမ်ားစု ထင္ေၾကးေပးခဲ့ၾကသလို နာမည္ႀကီး Esports အသင္းေတြကို ေရာက္ရွိသြားတာမဟုတ္ပဲ ကစားသမား (၅) ဦးေပါင္းၿပီး ကိုယ္ပိုင္အမွတ္တံဆိပ္အသစ္နဲ႔ အသင္းသစ္ တည္ေထာင္လိုက္တာပဲ ျဖစ္ပါတယ္။
Nigma Esports
1. Miracle-
2. w33
3. MinD_ContRoL
4. GH
5. KuroKy
ကစားသမားေတြကေတာ့ အားလုံး အကြၽမ္းဝင္ၿပီးသားျဖစ္လို႔ ေထြေထြထူးထူး မိတ္ဆက္ေပးစရာ မလိုတဲ့ သူေတြပါ။ The International 2019 မွာ ဒုတိယ ရရွိခဲ့တဲ့ ေအာင္ျမင္မႈကို ဆက္လက္ ထိမ္းသိန္းထားႏိုင္မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာပါ။
Nigma ဆိုတဲ့ စာလုံးကေတာ့ အာရပ္ ဘာသာစကားနဲ႔ “ၾကယ္” လို႔အဓိပၸာယ္ရပါတယ္လို႔ Nigma Esports ရဲ႕ Twitter မွာ ေဖာ္ျပထားပါတယ္။ လက္ရွိ Nigma Esports မွာ Miracle ကလည္း ေဂ်ာ္ဒန္ႏိုင္ငံသားျဖစ္သလို႔ GH ကလည္း လက္ဘႏြန္ ႏိုင္ငံသား ျဖစ္ပါတယ္။ ဒါ့အျပင္ KuroKy က ဂ်ာမနီနဲ႔ အီရန္ႏိုင္ငံသား ျဖစ္ၿပီး w33 ကလည္း ႐ိုေမးနီးယားနဲ႔ ဆီးရီးယား ႏိုင္ငံသားျဖစ္ပါတယ္။ အခုလို အာရပ္ႏိုင္ငံသား ၄ ေယာက္အထိပါဝင္ေနတဲ့အတြက္ အသင္းနာမည္ကို အာရပ္ဘာသာစကားနဲ႔ အမည္ေပးခဲ့တယ္လို႔ ယူဆရပါတယ္။
The end of one journey is the beginning of another… this is Nigma #ANewAdventure
Posted by Nigma on Monday, 25 November 2019
၂၀၁၅ ခုႏွစ္ တုန္းက Cloud9 ကထြက္ခြာလာတဲ့ N0tail နဲ႔ Complexity Gaming က ထြက္ခြာလာတဲ့ Fly တို႔သူငယ္ခ်င္း ၂ ေယာက္ဟာ (monkey) Business ကေန အစျပဳကာ OG ဆိုၿပီး၂ ႏွစ္ဆက္ TI ခ်န္ပီယံ ျဖစ္လာတဲ့အထိ ကိုယ္ပိုင္အသင္းေထာင္ကာ အက်ိဳးျဖစ္ထြန္းခဲ့ၾကဖူးပါတယ္။ အခု Kuroky တို႔ တစ္သိုက္ကေတာ့ N0tail တို႔ Fly တို႔ရဲ႕ OG စတင္စဥ္ကထက္ ပိုၿပီး အေတြ႕အႀကဳံရွိတဲ့ အသင္းကို ပိုင္ဆိုင္ထားတာေၾကာင့္ လာမယ့္ Major မွာ ဘာေတြလုပ္ျပမယ္ဆိုတာ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။