[Zawgyi]

လူေတြသတိမထားမိေသးတဲ့ Discord Virus

 

Discord ဆိုတာကေတာ့ Video Game Community တစ္ခုလံုး အသံုးျပဳေနတဲ့ ဆက္သြယ္ေရး channel တစ္ခုပဲ ျဖစ္ပါတယ္။ လက္ရွိတစ္ကမာၻလံုးမွာ လူဦးေရသန္း ၂၅၀ ေက်ာ္အထိ အသံုးျပဳေနၾကတဲ့ ဒီ App ကိုေတာ့ iOS, Android နဲ႔ PC ေတြမွာပါ free download ရယူၿပီး သံုးစြဲႏိုင္ပါတယ္။

ၿပိဳင္ပြဲ Organizer ေတြနဲ႔ ဆက္သြယ္တဲ့အခါ၊ ၿပိဳင္ပြဲသတင္းေတြ ရွာေဖြတဲ့အခါ၊ Training အတြက္ အျခားအသင္းေတြနဲ႔ အခ်ိန္းအခ်က္ျပဳလုပ္တဲ့အခါ၊ အသင္းအတြက္ လူလိုတဲ့အခါ၊ ကိုယ့္အတြက္ အသင္းရွာေဖြတဲ့အခါ ႏိုင္ငံတကာအဖြဲ႕အစည္းေတြနဲ႔ ဆက္ဆံတဲ့အခါ အမ်ားဆံုး အသံုးျပဳၾကပါတယ္။

ဒါေပမယ့္ ဒီ app အသံုးျပဳသူမ်ားအေနနဲ႔ေတာ့ လက္ရွိမွာ ျပန္႔ပြားေနတဲ့ Virus တစ္မ်ိဳးရွိတယ္ဆိုတာ သိတဲ့သူ နည္းပါးပါလိမ့္မယ္။ အဲဒီ Virus အေၾကာင္းကို SplatterShah ဆိုတဲ့ Gamer တစ္ေယာက္က သတိထားမိၿပီး Twitter မွာ ဒီလိုရွင္းျပထားပါတယ္။

1. သင့္ Discord ဆီကို သင့္ရဲ႕ friend list ထဲကတစ္ေယာက္ကေန Link တစ္ခုပို႔ပါလိမ့္မယ္။ လာပို႔တဲ့ link ေတြက ပံုစံကြဲေတြရွိေပမယ့္ သူကေတာ့ လက္ရွိပံုစံ ၂ မ်ိဳးကို ေအာက္ပါအတိုင္း ေတြ႕ရွိထားတယ္လို႔ ဆိုပါတယ္။

2. အဲဒီ link ကဘာလဲဆိုေတာ့ တကယ္ Discord က လင့္ပံုစံလုပ္ထားတာျဖစ္ၿပီး အမွန္ကေတာ့ အတုအေယာင္သာ ျဖစ္ပါတယ္။ ပံုမွန္ Discord မွာ Channel ေတြကို Invite လုပ္တဲ့ လင့္ျဖစ္တဲ့ discord(dot)gg ဆိုတဲ့ေနရာမွာ “discord gg (dot) ga ဆိုၿပီး အထင္မွားေအာင္ လုပ္ထားပါတယ္။

3. အဲဒီ လင့္အမွားကို နွိပ္မိမယ္ဆိုရင္ သင့္ကို Discord Login Page အတုတစ္ခုကိုေခၚေဆာင္သြားမွာျဖစ္ၿပီး သင္ဟာ သင့္ရဲ႕ အခ်က္အလက္ေတြကို ထည့္သြင္းၿပီး login ဝင္ဖို႔ ႀကိဳးစားရင္ေတာ့ virus ရဲ႕ ေထာင္ေခ်ာက္ကို ဝင္မိလိုက္ပါၿပီ။

4. အဲဒီ virus ကေန သင့္ရဲ႕ အေကာင့္အစစ္အမွန္ကိုဝင္ၿပီး သူတို႔စိတ္ႀကိဳက္ email နဲ႔ password ေတြ ေျပာင္းလဲၿပီးရင္ေတာ့ သင္ဟာ သင့္ရဲ႕အေကာင့္ကို ျပန္လည္ ဝင္ေရာက္လို႔ ရေတာ့မွာ မဟုတ္ပါဘူး။

5. အဲဒီ virus ဟာ သင္စစျခင္း အပို႔ခံရသလိုပဲ သင့္ရဲ႕ friend list ထဲကလူေတြကို အလားတူ လင့္ေတြ လိုက္ပို႔ၿပီး ေနာက္ထပ္ အေကာင့္ေတြရရွိေအာင္ ႀကိဳးစားပါေတာ့မယ္။

6. ဒါဟာ သင့္ရဲ႕ အခ်က္အလက္ေတြ ခိုးယူခံရတာျဖစ္တဲ့အတြက္ Discord မွာသင့္အေယာင္ေဆာင္ၿပီး မသမာမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။

7. အကယ္၍ ကိုယ္လည္း ဒါကို ႏွိပ္မိသြားၿပီဆိုရင္ ဘာေတြလုပ္သင့္လည္း ဆိုတာကို SplatterShah က ဒီလို အၾကံေပးထားပါတယ္။

– ခ်က္ျခင္း ကိုယ္မွန္း လူသိၾကမယ့္ နာမည္နဲ႔ အေကာင့္သစ္တစ္ခု လုပ္ပါ

– သင့္ယံုၾကည္ရမယ့္ သူငယ္ခ်င္းေတြကို ရသေလာက္ ျပန္ Add ပါ

– သင္အရင္ join ထားတဲ့ Channel/Server ေတြထဲ ျပန္ join ပါ

– အဲဒီ Channel/Server ထဲက Admin ေတြ Moderator ေတြကို သင့္ အျဖစ္အပ်က္ေတြကို စိတ္ေအးေအး ရွင္းျပေပးပါ

– သင့္ရဲ႕ သူငယ္ခ်င္း တစ္ေယာက္ကိုလည္း ဝင္ၿပီး ေထာက္ခံခိုင္းပါ

– Discord ရဲ႕ ဝန္ထမ္းတစ္ေယာက္ေယာက္ကို ဆက္သြယ္ၿပီး အကူအညီေတာင္းပါ

8. အကယ္၍ သင့္သူငယ္ခ်င္း တစ္ေယာက္ေယာက္က အဲလို Virus လင့္မ်ိဳး လာပို႔ၿပီဆိုလွ်င္ သူပါေနတဲ့ Group ေတြမွ ထုတ္ပါ။ သူကိုလည္း Unfriend လုပ္ပါ။ တျခားသူမ်ားကိုလည္း Unfriend လုပ္ဖို႔ အသိေပးပါ။ သူငယ္ခ်င္းရဲ႕ အေကာင့္သစ္ကိုလည္း အျခားသူငယ္ခ်င္းေတြဆီ အသိေပးပါ။

9. အကယ္၍သင္ဟာ Channel/Server တစ္ခုရဲ႕ Admin တစ္ေယာက္ျဖစ္ေနၿပီး သင့္အဖြဲ႕ဝင္တစ္ေယာက္က Virus မိေနၿပီဆိုရင္ သူတို႔ရဲ႕ အေကာင့္သစ္ကို ျပန္လည္ဝင္ေရာက္ဖို႔ ကူညီေပးပါ။ အေကာင့္ေဟာင္းကိုလည္း ထုတ္လိုက္ပါ။

10. ဒီလို အျဖစ္မ်ိဳး သင္ကိုယ္တိုင္မျဖစ္ေအာင္ ဘယ္လိုကာကြယ္ရလည္း ဆိုေတာ့ သင့္အေကာင့္ကို Two-Factor Authentication (အဆင့္ ၂ ဆင့္သံုး လံုျခံဳေရးစနစ္) ကို အသံုးျပဳပါ။ သင့္မိတ္ေဆြေတြကိုလည္း အသံုးျပဳဖို႔ အၾကံျပဳပါ။ Discord ကို report လုပ္ပါ။

အခုလို Virus မ်ိဳးဟာ ျမန္မာျပည္မွာ အသံုးျပဳေနက် Facebook လို Social Media မ်ိဳးမွာ အလားတူ ပံုစံမ်ိဳး ရွိေနေပမယ့္ Discord အသံုးျပဳသူေတြအတြက္ အနည္းငယ္ စိမ္းေနႏိုင္တာမို႔လို႔ ယခုလို ေဖာ္ျပရျခင္း ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကို သင္ကိုယ္တိုင္ေရာ သင့္ရဲ႕ Gamer သူငယ္ခ်င္းေတြေရာ ဒီလိုအျဖစ္အပ်က္မ်ိဳး မျဖစ္ရေလေအာင္ အခုပဲ မွ်ေဝေပးလိုက္ပါ ခင္ဗ်ာ။

==================================

[Unicode]

လူတွေသတိမထားမိသေးတဲ့ Discord Virus

Discord ဆိုတာကတော့ Video Game Community တစ်ခုလုံး အသုံးပြုနေတဲ့ ဆက်သွယ်ရေး channel တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိတစ်ကမ္ဘာလုံးမှာ လူဦးရေသန်း ၂၅၀ ကျော်အထိ အသုံးပြုနေကြတဲ့ ဒီ App ကိုတော့ iOS, Android နဲ့ PC တွေမှာပါ free download ရယူပြီး သုံးစွဲနိုင်ပါတယ်။

ပြိုင်ပွဲ Organizer တွေနဲ့ ဆက်သွယ်တဲ့အခါ၊ ပြိုင်ပွဲသတင်းတွေ ရှာဖွေတဲ့အခါ၊ Training အတွက် အခြားအသင်းတွေနဲ့ အချိန်းအချက်ပြုလုပ်တဲ့အခါ၊ အသင်းအတွက် လူလိုတဲ့အခါ၊ ကိုယ့်အတွက် အသင်းရှာဖွေတဲ့အခါ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့အခါ အများဆုံး အသုံးပြုကြပါတယ်။

ဒါပေမယ့် ဒီ app အသုံးပြုသူများအနေနဲ့တော့ လက်ရှိမှာ ပြန့်ပွားနေတဲ့ Virus တစ်မျိုးရှိတယ်ဆိုတာ သိတဲ့သူ နည်းပါးပါလိမ့်မယ်။ အဲဒီ Virus အကြောင်းကို SplatterShah ဆိုတဲ့ Gamer တစ်ယောက်က သတိထားမိပြီး Twitter မှာ ဒီလိုရှင်းပြထားပါတယ်။

1. သင့် Discord ဆီကို သင့်ရဲ့ friend list ထဲကတစ်ယောက်ကနေ Link တစ်ခုပို့ပါလိမ့်မယ်။ လာပို့တဲ့ link တွေက ပုံစံကွဲတွေရှိပေမယ့် သူကတော့ လက်ရှိပုံစံ ၂ မျိုးကို အောက်ပါအတိုင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

2. အဲဒီ link ကဘာလဲဆိုတော့ တကယ် Discord က လင့်ပုံစံလုပ်ထားတာဖြစ်ပြီး အမှန်ကတော့ အတုအယောင်သာ ဖြစ်ပါတယ်။ ပုံမှန် Discord မှာ Channel တွေကို Invite လုပ်တဲ့ လင့်ဖြစ်တဲ့ discord(dot)gg ဆိုတဲ့နေရာမှာ “discord gg (dot) ga ဆိုပြီး အထင်မှားအောင် လုပ်ထားပါတယ်။

3. အဲဒီ လင့်အမှားကို နှိပ်မိမယ်ဆိုရင် သင့်ကို Discord Login Page အတုတစ်ခုကိုခေါ်ဆောင်သွားမှာဖြစ်ပြီး သင်ဟာ သင့်ရဲ့ အချက်အလက်တွေကို ထည့်သွင်းပြီး login ဝင်ဖို့ ကြိုးစားရင်တော့ virus ရဲ့ ထောင်ချောက်ကို ဝင်မိလိုက်ပါပြီ။

4. အဲဒီ virus ကနေ သင့်ရဲ့ အကောင့်အစစ်အမှန်ကိုဝင်ပြီး သူတို့စိတ်ကြိုက် email နဲ့ password တွေ ပြောင်းလဲပြီးရင်တော့ သင်ဟာ သင့်ရဲ့အကောင့်ကို ပြန်လည် ဝင်ရောက်လို့ ရတော့မှာ မဟုတ်ပါဘူး။

5. အဲဒီ virus ဟာ သင်စစခြင်း အပို့ခံရသလိုပဲ သင့်ရဲ့ friend list ထဲကလူတွေကို အလားတူ လင့်တွေ လိုက်ပို့ပြီး နောက်ထပ် အကောင့်တွေရရှိအောင် ကြိုးစားပါတော့မယ်။

6. ဒါဟာ သင့်ရဲ့ အချက်အလက်တွေ ခိုးယူခံရတာဖြစ်တဲ့အတွက် Discord မှာသင့်အယောင်ဆောင်ပြီး မသမာမှုတွေ ပြုလုပ်နိုင်ပါတယ်။

7. အကယ်၍ ကိုယ်လည်း ဒါကို နှိပ်မိသွားပြီဆိုရင် ဘာတွေလုပ်သင့်လည်း ဆိုတာကို SplatterShah က ဒီလို အကြံပေးထားပါတယ်။

– ချက်ခြင်း ကိုယ်မှန်း လူသိကြမယ့် နာမည်နဲ့ အကောင့်သစ်တစ်ခု လုပ်ပါ

– သင့်ယုံကြည်ရမယ့် သူငယ်ချင်းတွေကို ရသလောက် ပြန် Add ပါ

– သင်အရင် join ထားတဲ့ Channel/Server တွေထဲ ပြန် join ပါ

– အဲဒီ Channel/Server ထဲက Admin တွေ Moderator တွေကို သင့် အဖြစ်အပျက်တွေကို စိတ်အေးအေး ရှင်းပြပေးပါ

– သင့်ရဲ့ သူငယ်ချင်း တစ်ယောက်ကိုလည်း ဝင်ပြီး ထောက်ခံခိုင်းပါ

– Discord ရဲ့ ဝန်ထမ်းတစ်ယောက်ယောက်ကို ဆက်သွယ်ပြီး အကူအညီတောင်းပါ

8. အကယ်၍ သင့်သူငယ်ချင်း တစ်ယောက်ယောက်က အဲလို Virus လင့်မျိုး လာပို့ပြီဆိုလျှင် သူပါနေတဲ့ Group တွေမှ ထုတ်ပါ။ သူကိုလည်း Unfriend လုပ်ပါ။ တခြားသူများကိုလည်း Unfriend လုပ်ဖို့ အသိပေးပါ။ သူငယ်ချင်းရဲ့ အကောင့်သစ်ကိုလည်း အခြားသူငယ်ချင်းတွေဆီ အသိပေးပါ။

9. အကယ်၍သင်ဟာ Channel/Server တစ်ခုရဲ့ Admin တစ်ယောက်ဖြစ်နေပြီး သင့်အဖွဲ့ဝင်တစ်ယောက်က Virus မိနေပြီဆိုရင် သူတို့ရဲ့ အကောင့်သစ်ကို ပြန်လည်ဝင်ရောက်ဖို့ ကူညီပေးပါ။ အကောင့်ဟောင်းကိုလည်း ထုတ်လိုက်ပါ။

10. ဒီလို အဖြစ်မျိုး သင်ကိုယ်တိုင်မဖြစ်အောင် ဘယ်လိုကာကွယ်ရလည်း ဆိုတော့ သင့်အကောင့်ကို Two-Factor Authentication (အဆင့် ၂ ဆင့်သုံး လုံခြုံရေးစနစ်) ကို အသုံးပြုပါ။ သင့်မိတ်ဆွေတွေကိုလည်း အသုံးပြုဖို့ အကြံပြုပါ။ Discord ကို report လုပ်ပါ။

အခုလို Virus မျိုးဟာ မြန်မာပြည်မှာ အသုံးပြုနေကျ Facebook လို Social Media မျိုးမှာ အလားတူ ပုံစံမျိုး ရှိနေပေမယ့် Discord အသုံးပြုသူတွေအတွက် အနည်းငယ် စိမ်းနေနိုင်တာမို့လို့ ယခုလို ဖော်ပြရခြင်း ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သင်ကိုယ်တိုင်ရော သင့်ရဲ့ Gamer သူငယ်ချင်းတွေရော ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ရလေအောင် အခုပဲ မျှဝေပေးလိုက်ပါ ခင်ဗျာ။

Soruce : SplatterShah’s Twitter