[Unicode]

လုပ်ပွဲကစားလို့ Dota 2 ပြိုင်ပွဲဝင်ခွင့်များ ရာသက်ပန်ပိတ်ပင်ခံလိုက်ရတဲ့ Newbee

 

TI4 ချန်ပီယံဟောင်း Newbee အသင်းဟာ Dota 2 လောကရဲ့ ထိပ်တန်းစာရင်းဝင် တရုတ်အသင်းဖြစ်သလို Chinese Dota Association (CDA) အဖွဲ့ကြီးရဲ့ တည်ထောင်သူ အဖွဲ့ဝင်အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ TI7 မှာ Newbee ဟာ ဂရင်းဖိုင်နယ်အထိ တက်ရောက်လာနိုင်ခဲ့တဲ့ အတွက် TI ၂ နှစ်ဆက် ချန်ပီယံအသင်းဖြစ်ဖို့အတွက်လည်း အလွန်နီးစပ်ခဲ့ပြီး အစဉ်အလာ ကောင်းလှတဲ့အသင်းပဲ ဖြစ်ပါတယ်။

TI4 Champion Newbee

ဒါပေမယ့် CDA အဖွဲ့ကြီးနဲ့ IMBA TV အဖွဲ့တို့ဟာ Newbee အသင်းနဲ့ ပတ်သက်ပြီး ထင်မှတ်မထားတဲ့ ကြေညာချက်တစ်ခုကို မကြာသေးမီက ထုတ်ပြန်လိုက်ပါတယ်။ အဲဒါကတော့ Newbee ကို ယင်းအဖွဲ့အစည်းများက ကျင်းပတဲ့ Dota 2 ပြိုင်ပွဲများအတွင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရာသက်ပန် ပိတ်ပင်လိုက်တာဖြစ်ပြီး Newbee ဟာ လုပ်ပွဲကစားခဲ့တဲ့အတွက် ယခုလို အပြစ်ဒဏ်ချမှတ်လိုက်ရတာ ဖြစ်ကြောင်းလည်း ကြေညာချက်အတွင်းမှာ ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် Newbee ဟာ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ CDA-DPL Professional League, IMBATV ပြိုင်ပွဲများနဲ့ MarsTV ပြိုင်ပွဲများအားလုံးတို့ကို ဝင်ရောက်ခွင့်မရပဲ လက်လွှတ်ဆုံးရှုံးရတော့မှာပါ။ CDA ရဲ့ ကြေညာချက်အရ Newbee အသင်းအဖွဲ့အစည်းကို ပိတ်ပင်ရုံသာမက Newbee ကစားသမားများဖြစ်ကြတဲ့ Moogy, Aq, Wizard, Waixi နဲ့ Faith တို့ကိုပါ မည်သည့်အသင်းသစ်ကိုပြောင်းသည်ဖြစ်စေ ပြိုင်ပွဲဝင်ခွင့် မပေးတော့သည်အထိ ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

CDA ရဲ့ ကြေညာချက်အတွင်းမှာ Newbee အသင်း လုပ်ပွဲကစားခဲ့တဲ့အထောက်အထားများကို Valve နဲ့ Perfect World တို့ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးကို ပေးပို့ထားပြီးဖြစ်ကြောင်းလည်း ပါဝင်ပါတယ်။ ဒါကြောင့် ဒီအနေအထားအတိုင်းသာဆိုရင် Newbee ဟာ တရုတ် Dota 2 ပြိုင်ပွဲများမှာ သာမက နိုင်ငံတကာ Dota 2 ပြိုင်ပွဲများမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံသွားရနိုင်ပါတယ်။

Newbee.Moogy

ကြေညာချက်များအတွင်းမှာ Newbee အသင်း လုပ်ပွဲကစားခဲ့တဲ့ အသေးစိတ်အချက်အလက်များတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် Newbee ဟာ China Dota2 Professional League Season 2 နဲ့ DPL-CDA Professional League Season 1 များကို မကြာသေးမီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲများအတွင်းမှာ လုပ်ပွဲကစားခဲ့တာ ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် DPL-CDA Professional League Season 1 အတွင်း Keen Gaming နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲများဟာ သံသယဖြစ်စရာပါ။ ပြိုင်ပွဲအတွင်းမှာ Keen Gaming ဟာ ပွဲစဉ်တစ်လျှောက်မှာ နိုင်ပွဲမရရှိပဲ အခြေအနေဆိုးနေခဲ့တာဖြစ်ပြီး Newbee နဲ့ တွေ့ဆုံယှဉ်ပြိုင်ရာမှာတော့ ၂ ပွဲပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ CDA ရဲ့ လုပ်ပွဲကစားကြောင်း ကြေညာချက်များအပြီး ယခုအချိန်မှာတော့ Newbee အသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်လိုက်ပါပြီ။

China Dota2 Professional Association (CDA) Founding Members

CDA ရဲ့ ကြေညာချက်ကို Newbee အသင်းရဲ့အဖွဲ့အစည်းက တုံ့ပြန်ကြေညာချက်ထုတ်ပြီး ငြင်းဆိုခဲ့ပါတယ်။ Newbee ရဲ့ ကြေညာချက်အတွင်းမှာတော့ ယင်းတို့အနေနဲ့ CDA အဖွဲ့ဝင်များရဲ့ ဆုံးဖြတ်ချက်ကို နားလည် အလေးထားကြောင်း၊ ဒါပေမယ့် Newbee eSports club စတင် တည်ထောင်စဉ်တည်းက လုပ်ပွဲကစားခြင်းနဲ့ လောင်းကစားကိစ္စရပ်များမှာ ပါဝင်ခြင်းများ လုံးဝမရှိခဲ့ဖူးကြောင်း၊ CDA ရဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး အယူခံဝင်သွားမှာ ဖြစ်ကြောင်း အစရှိဖြင့် ရေးသားထားခဲ့ပါတယ်။

Newbee Statement

Newbee အသင်း ပြိုင်ပွဲဝင်ခွင့်များ လက်လွှတ်ဆုံးရှုံးရမယ့်သတင်းဟာ Dota 2 ပွဲများကို အစဉ်အဆက်အားပေးကြည့်ရှုလာကြတဲ့ ပရိသတ်များအတွက် ဝမ်းနည်းစရာကိစ္စတစ်ခုပါ။ ဒါကြောင့် ပရိသတ်များကတော့ Newbee အသင်းအတွက် အပြစ်ဒဏ်များ ပေါ့လျော့သွားစေဖို့ လိုလားလျက် ရှိကြသလို လုပ်ပွဲကစားခြင်းဟာ Esports လောကအတွင်း အရုပ်ဆိုးအကျည်းတန်တဲ့ ကိစ္စတစ်ခုဖြစ်ကြောင်းကိုလည်း သင်ခန်းစာရလျက်ရှိကြပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: vpesports, forbes


[ZawGyi]

လုပ္ပြဲကစားလို႔ Dota 2 ၿပိဳင္ပြဲဝင္ခြင့္မ်ား ရာသက္ပန္ပိတ္ပင္ခံလိုက္ရတဲ့ Newbee

 

TI4 ခ်န္ပီယံေဟာင္း Newbee အသင္းဟာ Dota 2 ေလာကရဲ႕ ထိပ္တန္းစာရင္းဝင္ တ႐ုတ္အသင္းျဖစ္သလို Chinese Dota Association (CDA) အဖြဲ႕ႀကီးရဲ႕ တည္ေထာင္သူ အဖြဲ႕ဝင္အသင္းတစ္သင္းလည္း ျဖစ္ပါတယ္။ ၂၀၁၇ မွာ က်င္းပခဲ့တဲ့ TI7 မွာ Newbee ဟာ ဂရင္းဖိုင္နယ္အထိ တက္ေရာက္လာႏိုင္ခဲ့တဲ့ အတြက္ TI ၂ ႏွစ္ဆက္ ခ်န္ပီယံအသင္းျဖစ္ဖို႔အတြက္လည္း အလြန္နီးစပ္ခဲ့ၿပီး အစဥ္အလာ ေကာင္းလွတဲ့အသင္းပဲ ျဖစ္ပါတယ္။

TI4 Champion Newbee

ဒါေပမယ့္ CDA အဖြဲ႕ႀကီးနဲ႔ IMBA TV အဖြဲ႕တို႔ဟာ Newbee အသင္းနဲ႔ ပတ္သက္ၿပီး ထင္မွတ္မထားတဲ့ ေၾကညာခ်က္တစ္ခုကို မၾကာေသးမီက ထုတ္ျပန္လိုက္ပါတယ္။ အဲဒါကေတာ့ Newbee ကို ယင္းအဖြဲ႕အစည္းမ်ားက က်င္းပတဲ့ Dota 2 ၿပိဳင္ပြဲမ်ားအတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ရာသက္ပန္ ပိတ္ပင္လိုက္တာျဖစ္ၿပီး Newbee ဟာ လုပ္ပြဲကစားခဲ့တဲ့အတြက္ ယခုလို အျပစ္ဒဏ္ခ်မွတ္လိုက္ရတာ ျဖစ္ေၾကာင္းလည္း ေၾကညာခ်က္အတြင္းမွာ ပါဝင္ခဲ့ပါတယ္။

 

ဒါေၾကာင့္ Newbee ဟာ တ႐ုတ္ႏိုင္ငံမွာ က်င္းပတဲ့ CDA-DPL Professional League, IMBATV ၿပိဳင္ပြဲမ်ားနဲ႔ MarsTV ၿပိဳင္ပြဲမ်ားအားလုံးတို႔ကို ဝင္ေရာက္ခြင့္မရပဲ လက္လႊတ္ဆုံးရႈံးရေတာ့မွာပါ။ CDA ရဲ႕ ေၾကညာခ်က္အရ Newbee အသင္းအဖြဲ႕အစည္းကို ပိတ္ပင္႐ုံသာမက Newbee ကစားသမားမ်ားျဖစ္ၾကတဲ့ Moogy, Aq, Wizard, Waixi နဲ႔ Faith တို႔ကိုပါ မည္သည့္အသင္းသစ္ကိုေျပာင္းသည္ျဖစ္ေစ ၿပိဳင္ပြဲဝင္ခြင့္ မေပးေတာ့သည္အထိ ပိတ္ပင္ခဲ့တာျဖစ္ပါတယ္။

 

CDA ရဲ႕ ေၾကညာခ်က္အတြင္းမွာ Newbee အသင္း လုပ္ပြဲကစားခဲ့တဲ့အေထာက္အထားမ်ားကို Valve နဲ႔ Perfect World တို႔ အပါအဝင္ သက္ဆိုင္ရာအဖြဲ႕အစည္းမ်ားအားလုံးကို ေပးပို႔ထားၿပီးျဖစ္ေၾကာင္းလည္း ပါဝင္ပါတယ္။ ဒါေၾကာင့္ ဒီအေနအထားအတိုင္းသာဆိုရင္ Newbee ဟာ တ႐ုတ္ Dota 2 ၿပိဳင္ပြဲမ်ားမွာ သာမက ႏိုင္ငံတကာ Dota 2 ၿပိဳင္ပြဲမ်ားမွာပါ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ခံသြားရႏိုင္ပါတယ္။

Newbee.Moogy

ေၾကညာခ်က္မ်ားအတြင္းမွာ Newbee အသင္း လုပ္ပြဲကစားခဲ့တဲ့ အေသးစိတ္အခ်က္အလက္မ်ားေတာ့ ပါဝင္ခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ Newbee ဟာ China Dota2 Professional League Season 2 နဲ႔ DPL-CDA Professional League Season 1 မ်ားကို မၾကာေသးမီက ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ယင္းၿပိဳင္ပြဲမ်ားအတြင္းမွာ လုပ္ပြဲကစားခဲ့တာ ျဖစ္ႏိုင္ပါတယ္။

အထူးသျဖင့္ DPL-CDA Professional League Season 1 အတြင္း Keen Gaming နဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမ်ားဟာ သံသယျဖစ္စရာပါ။ ၿပိဳင္ပြဲအတြင္းမွာ Keen Gaming ဟာ ပြဲစဥ္တစ္ေလွ်ာက္မွာ ႏိုင္ပြဲမရရွိပဲ အေျခအေနဆိုးေနခဲ့တာျဖစ္ၿပီး Newbee နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ရာမွာေတာ့ ၂ ပြဲျပတ္ အႏိုင္ရရွိသြားခဲ့ပါတယ္။ CDA ရဲ႕ လုပ္ပြဲကစားေၾကာင္း ေၾကညာခ်က္မ်ားအၿပီး ယခုအခ်ိန္မွာေတာ့ Newbee အသင္းကို ၿပိဳင္ပြဲကေန ထုတ္ပယ္လိုက္ပါၿပီ။

China Dota2 Professional Association (CDA) Founding Members

CDA ရဲ႕ ေၾကညာခ်က္ကို Newbee အသင္းရဲ႕အဖြဲ႕အစည္းက တုံ႔ျပန္ေၾကညာခ်က္ထုတ္ၿပီး ျငင္းဆိုခဲ့ပါတယ္။ Newbee ရဲ႕ ေၾကညာခ်က္အတြင္းမွာေတာ့ ယင္းတို႔အေနနဲ႔ CDA အဖြဲ႕ဝင္မ်ားရဲ႕ ဆုံးျဖတ္ခ်က္ကို နားလည္ အေလးထားေၾကာင္း၊ ဒါေပမယ့္ Newbee eSports club စတင္ တည္ေထာင္စဥ္တည္းက လုပ္ပြဲကစားျခင္းနဲ႔ ေလာင္းကစားကိစၥရပ္မ်ားမွာ ပါဝင္ျခင္းမ်ား လုံးဝမရွိခဲ့ဖူးေၾကာင္း၊ CDA ရဲ႕ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး အယူခံဝင္သြားမွာ ျဖစ္ေၾကာင္း အစရွိျဖင့္ ေရးသားထားခဲ့ပါတယ္။

Newbee Statement

Newbee အသင္း ၿပိဳင္ပြဲဝင္ခြင့္မ်ား လက္လႊတ္ဆုံးရႈံးရမယ့္သတင္းဟာ Dota 2 ပြဲမ်ားကို အစဥ္အဆက္အားေပးၾကည့္ရႈလာၾကတဲ့ ပရိသတ္မ်ားအတြက္ ဝမ္းနည္းစရာကိစၥတစ္ခုပါ။ ဒါေၾကာင့္ ပရိသတ္မ်ားကေတာ့ Newbee အသင္းအတြက္ အျပစ္ဒဏ္မ်ား ေပါ့ေလ်ာ့သြားေစဖို႔ လိုလားလ်က္ ရွိၾကသလို လုပ္ပြဲကစားျခင္းဟာ Esports ေလာကအတြင္း အ႐ုပ္ဆိုးအက်ည္းတန္တဲ့ ကိစၥတစ္ခုျဖစ္ေၾကာင္းကိုလည္း သင္ခန္းစာရလ်က္ရွိၾကပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: vpesports, forbes