[Zawgyi]

Overwatch နဲ႔ဆင္တူတဲ့ မိုဘိုင္းဂိမ္း “Ace Force” ကို Tencent ဖန္တီး

Ace Force ဟာ Tencent ရဲ႕ First-person Shooter (FPS) အမ်ိဳးအစား မိုဘိုင္းဂိမ္းသစ္ပါ။ မၾကာေသးမီ ရက္ပိုင္းကစလို့ တရုတ္ႏိုင္ငံမွာပဲ open beta အေနနဲ့ ထြက္ေသးေပမယ့္ လူၾကိဳက္မ်ားလြန္းလုိ့ တစ္ကမၻာလုံး အတိုင္းအတာနဲ႔လည္း ထြက္လာႏိုင္ပါတယ္။ စမ္းသပ္ဆဲ Beta အဆင့္မွာတင္ Pre-registration ေပါင္း ၁၃ သန္းေက်ာ္ရရွိထားျပီး တရုတ္ႏိုင္ငံရဲ႕ iOS App Store မွာ နံပါတ္တစ္ ျဖစ္သြားခဲ့ပါတယ္။

လက္ရွိထြက္ေနတဲ့ Beta အရ Ace Force ကို Android ေပၚမွာေရာ iOS ေပၚမွာပါ ကစားႏိုင္မွာျဖစ္ျပီး Blizzard က ထုတ္လုပ္ခဲ့တဲ့ Overwatch နဲ႔ အလြန္ဆင္တူပါတယ္။ ဂိမ္းတြင္းက hero တစ္ေကာင္ခ်င္းစီဟာ မတူညီတဲ့ skill မ်ားနဲ႔ attribute မ်ား ပိုင္ဆိုင္ျပီး အဖြဲ႔လိုက္ ရင္ဆိုင္ကစားၾကရမွာပါ။ ဘယ္ hero ကို ေရြးခ်ယ္လဲ ဆိုတဲ့အေပၚမွာ မူတည္ျပီး အေဝးပစ္ sniper, အနီးပစ္ gunner, healer စသျဖင့္ ကစားႏိုင္မွာျဖစ္ပါတယ္။

Game mode အေျမာက္အမ်ား ပါဝင္သလို ကစားေနစဥ္အတြင္း ကစားသမားအခ်င္းခ်င္း character မ်ား လဲလွယ္ႏိုင္မယ့္ feature လည္း ပါဝင္ပါတယ္။ Barking Royale ဆိုတဲ့ Battle Royale Mode တစ္ခု ပါဝင္သလို King of Hill, Invasion, Team Death Match စတဲ့ mode မ်ားကို ကစားႏိုင္မွာျဖစ္ျပီး mode အသစ္မ်ားကိုလည္း ထပ္မံထည့္သြင္းဦးမွာပါ။

Overwatch ဆိုတာကေတာ့ ၂၀၁၆ ခုႏွစ္မွာ Blizzard ကေန ထြက္ရွိလာခဲ့တဲ့ FPS ဂိမ္းတစ္ခုပဲျဖစ္ပါတယ္။ Overwatch ကို PC, PlayStation 4 နဲ႔ Xbox One တို႔မွာ ကစားႏိုင္ေပမယ့္ မိုဘိုင္းဖုန္းအတြက္ version ေတာ့ မရွိပါဘူး။ တရုတ္မွာသာမက တစ္ကမၻာလုံးမွာ နာမည္ေက်ာ္လွျပီး ျပိဳင္ပြဲမ်ားလည္း အၾကီးအက်ယ္ ျပဳလုပ္ေနတဲ့ဂိမ္း ျဖစ္ပါတယ္။

နာမည္ေက်ာ္ Overwatch ဂိမ္းကို မိုဘိုင္းဂိမ္းမ်ားက အတုယူၾကတာဟာ ဒါ ပထမဆုံးေတာ့ မဟုတ္ပါဘူး။ ၂၀၁၇ တုန္းက ထုတ္လုပ္ခဲ့ျပီး သိပ္နာမည္မၾကီးလွတဲ့ တရုတ္မိုဘိုင္းဂိမ္းတစ္ခုမွာ Overwatch ထဲက character မ်ားနဲ႔ ဆင္တူေအာင္ ျပဳလုပ္ျခင္းမ်ား ရွိခဲ့ပါတယ္။ Ace Force ဟာ Mobile Overwatch လို႔ေတာင္ တင္စားခံေနရေပမယ့္ နာမည္ၾကီး ကုမၸဏီ Tencent က ထုတ္တာျဖစ္လို႔ ထူးျခားျပီး ဆန္းသစ္တဲ့ ကိုယ္ပိုင္ပုံစံအခ်ိဳ႕ေတာ့ ရွိပါတယ္။

Ace Force ရဲ႕ ထူးျခားခ်က္မ်ားထဲက တစ္ခုဟာ ဂ်ပန္ anime-style character မ်ားပါ။ တရုတ္ႏိုင္ငံမွာ Overwatch ဟာ အလြန္ေခတ္စားတဲ့ဂိမ္းျဖစ္ျပီး anime မ်ားဟာလည္း လူၾကိဳက္မ်ားလို႔ သေဘာတရား ႏွစ္ခုကို စုေပါင္းျပီး မုိဘိုင္းဂိမ္း ထုတ္လုပ္တာလို့ ယူဆလုိ့ရပါတယ္။ Ace Force ထဲမွာ hero မ်ားဟာ ကိုယ္ပိုင္ mission မ်ားကို ျပဳလုပ္ေနရင္း ေအာင္ျမင္မႈအတြက္ တိုက္ခိုက္ၾကတာကို ပုံေဖာ္ထားပါတယ္။ Character မ်ားရဲ႕ ေနာက္ခံအေၾကာင္းအရာ lore မ်ားဟာလည္း တစ္ခုနဲ႔တစ္ခု ဆက္စပ္ေနပါတယ္။

Overwatch နဲ႕ တူလြန္းလုိ႔ Blizzard ကလည္း တုံ႕ျပန္မႈမ်ား ျပဳလုပ္လာႏိုင္ေၾကာင္း လူအမ်ားက သုံးသပ္ေနၾကပါတယ္။ ဒါေပမယ့္ ဂိမ္းအမ်ဳိးအစားတစ္ခုေအာင္ျမင္ရင္ ေနာက္ကေန ငါးပြက္ရာငါးစာခ်ၾကတာ သိပ္ေတာ့ မဆန္းလွပါဘူး။ ဒီေခတ္ထဲမွာ ပိုေတာင္က်င့္ဝတ္လြတ္တယ္လို႔ ထင္ရေအာင္ လူႀကိဳက္မ်ားတဲ့ Genre ကို အကုန္ မရွက္မေၾကာက္ ဝုိင္းလုပ္ၾကတာပါပဲ။ Open beta ကေတာ့ တရုတ္မွာသာ ကစားႏိုင္ေသးေပမယ့္ ခဏအတြင္း အလြန္ေခတ္စားလာတာမို့ PUBG လိုပဲ တစ္ကမၻာလုံး ကစားႏိုင္ေအာင္ ထုတ္မလားဆိုတာကေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကုိ Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

Overwatch နဲ့ဆင်တူတဲ့ မိုဘိုင်းဂိမ်း “Ace Force” ကို Tencent ဖန်တီး

Ace Force ဟာ Tencent ရဲ့ First-person Shooter (FPS) အမျိုးအစား မိုဘိုင်းဂိမ်းသစ်ပါ။ မကြာသေးမီ ရက်ပိုင်းကစလို့ တရုတ်နိုင်ငံမှာပဲ open beta အနေနဲ့ ထွက်သေးပေမယ့် လူကြိုက်များလွန်းလို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့လည်း ထွက်လာနိုင်ပါတယ်။ စမ်းသပ်ဆဲ Beta အဆင့်မှာတင် Pre-registration ပေါင်း ၁၃ သန်းကျော်ရရှိထားပြီး တရုတ်နိုင်ငံရဲ့ iOS App Store မှာ နံပါတ်တစ် ဖြစ်သွားခဲ့ပါတယ်။

လက်ရှိထွက်နေတဲ့ Beta အရ Ace Force ကို Android ပေါ်မှာရော iOS ပေါ်မှာပါ ကစားနိုင်မှာဖြစ်ပြီး Blizzard က ထုတ်လုပ်ခဲ့တဲ့ Overwatch နဲ့ အလွန်ဆင်တူပါတယ်။ ဂိမ်းတွင်းက hero တစ်ကောင်ချင်းစီဟာ မတူညီတဲ့ skill များနဲ့ attribute များ ပိုင်ဆိုင်ပြီး အဖွဲ့လိုက် ရင်ဆိုင်ကစားကြရမှာပါ။ ဘယ် hero ကို ရွေးချယ်လဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး အဝေးပစ် sniper, အနီးပစ် gunner, healer စသဖြင့် ကစားနိုင်မှာဖြစ်ပါတယ်။

Game mode အမြောက်အများ ပါဝင်သလို ကစားနေစဉ်အတွင်း ကစားသမားအချင်းချင်း character များ လဲလှယ်နိုင်မယ့် feature လည်း ပါဝင်ပါတယ်။ Barking Royale ဆိုတဲ့ Battle Royale Mode တစ်ခု ပါဝင်သလို King of Hill, Invasion, Team Death Match စတဲ့ mode များကို ကစားနိုင်မှာဖြစ်ပြီး mode အသစ်များကိုလည်း ထပ်မံထည့်သွင်းဦးမှာပါ။

Overwatch ဆိုတာကတော့ ၂၀၁၆ ခုနှစ်မှာ Blizzard ကနေ ထွက်ရှိလာခဲ့တဲ့ FPS ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ Overwatch ကို PC, PlayStation 4 နဲ့ Xbox One တို့မှာ ကစားနိုင်ပေမယ့် မိုဘိုင်းဖုန်းအတွက် version တော့ မရှိပါဘူး။ တရုတ်မှာသာမက တစ်ကမ္ဘာလုံးမှာ နာမည်ကျော်လှပြီး ပြိုင်ပွဲများလည်း အကြီးအကျယ် ပြုလုပ်နေတဲ့ဂိမ်း ဖြစ်ပါတယ်။

နာမည်ကျော် Overwatch ဂိမ်းကို မိုဘိုင်းဂိမ်းများက အတုယူကြတာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။ ၂၀၁၇ တုန်းက ထုတ်လုပ်ခဲ့ပြီး သိပ်နာမည်မကြီးလှတဲ့ တရုတ်မိုဘိုင်းဂိမ်းတစ်ခုမှာ Overwatch ထဲက character များနဲ့ ဆင်တူအောင် ပြုလုပ်ခြင်းများ ရှိခဲ့ပါတယ်။ Ace Force ဟာ Mobile Overwatch လို့တောင် တင်စားခံနေရပေမယ့် နာမည်ကြီး ကုမ္ပဏီ Tencent က ထုတ်တာဖြစ်လို့ ထူးခြားပြီး ဆန်းသစ်တဲ့ ကိုယ်ပိုင်ပုံစံအချို့တော့ ရှိပါတယ်။

Ace Force ရဲ့ ထူးခြားချက်များထဲက တစ်ခုဟာ ဂျပန် anime-style character များပါ။ တရုတ်နိုင်ငံမှာ Overwatch ဟာ အလွန်ခေတ်စားတဲ့ဂိမ်းဖြစ်ပြီး anime များဟာလည်း လူကြိုက်များလို့ သဘောတရား နှစ်ခုကို စုပေါင်းပြီး မိုဘိုင်းဂိမ်း ထုတ်လုပ်တာလို့ ယူဆလို့ရပါတယ်။ Ace Force ထဲမှာ hero များဟာ ကိုယ်ပိုင် mission များကို ပြုလုပ်နေရင်း အောင်မြင်မှုအတွက် တိုက်ခိုက်ကြတာကို ပုံဖော်ထားပါတယ်။ Character များရဲ့ နောက်ခံအကြောင်းအရာ lore များဟာလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။

Overwatch နဲ့ တူလွန်းလို့ Blizzard ကလည်း တုံ့ပြန်မှုများ ပြုလုပ်လာနိုင်ကြောင်း လူအများက သုံးသပ်နေကြပါတယ်။ ဒါပေမယ့် ဂိမ်းအမျိုးအစားတစ်ခုအောင်မြင်ရင် နောက်ကနေ ငါးပွက်ရာငါးစာချကြတာ သိပ်တော့ မဆန်းလှပါဘူး။ ဒီခေတ်ထဲမှာ ပိုတောင်ကျင့်ဝတ်လွတ်တယ်လို့ ထင်ရအောင် လူကြိုက်များတဲ့ Genre ကို အကုန် မရှက်မကြောက် ဝိုင်းလုပ်ကြတာပါပဲ။ Open beta ကတော့ တရုတ်မှာသာ ကစားနိုင်သေးပေမယ့် ခဏအတွင်း အလွန်ခေတ်စားလာတာမို့ PUBG လိုပဲ တစ်ကမ္ဘာလုံး ကစားနိုင်အောင် ထုတ်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။