[ZawGyi]

ေစ်းခ်ိဳသာ၍ ေပါ့ပါးေသာ “Nintendo Switch Lite” လာမည္

 

Console gamer တို႕ရဲ႕အသည္းစြဲ နာမည္ၾကီးဂိမ္းကုမၸဏီတစ္ခုျဖစ္တဲ့ Nintendo ဟာ console အသစ္ Nintendo Switch Lite ကို ထုတ္လုပ္ေရာင္းခ်မယ္လုိ႔ မၾကာေသးမီက ေၾကျငာလိုက္ပါတယ္။ မိုဘိုင္းဖုန္းမ်ားနည္းတူ ေပါ့ေပါ့ပါးပါးနဲ႕ အလြယ္တကူ သယ္ေဆာင္ကစားလုိ႔ရျပီး ေဒၚလာ ၂၀၀ ခန္႔သာ က်သင့္မယ့္ Nintendo Switch Lite ဟာ လက္ရွိ Nintendo Switch ထက္ ေဒၚလာ ၁၀၀ ခန္႔ သက္သာမွာပါ။ ဒါေပမယ့္ Switch Lite ဟာ Switch လုိေတာ့ တီဗီနဲ႔ ခ်ိတ္ဆက္ျခင္း မျပဳလုပ္ႏိုင္သလို ဝယ္ယူတဲ့အခ်ိန္မွာ Joy-Cons လည္း ပါ၀င္မွာ မဟုတ္ပါဘူး။

Nintendo Switch Vs Nintendo Switch Lite

 

Switch Lite ကို လာမယ့္စက္တင္ဘာလ ၂၀ ရက္ေန႔မွာ စတင္ေရာင္းခ်မွာျဖစ္ျပီး မတ္လ ၂၀၁၇ မွာထြက္ရွိခဲ့တဲ့ Switch နဲ႔ ၂ ႏွစ္ခြဲခန္႔ ကြာဟမွာပါ။ Switch Lite ေရာင္းခ်မႈနဲ႔အတူ ဘယ္လိုဂိမ္းသစ္ေတြ လာဦးမလဲဆိုတာလည္း အမ်ားက စိတ္၀င္စားေနၾကပါတယ္။

စတင္ေရာင္းခ်ခ်ိန္မွာ Switch Lite ကို အဝါေရာင္၊ မီးခိုးေရာင္နဲ႔ စိမ္းျပာေရာင္ သုံးမ်ိဳးျဖင့္ ရရွိႏိုင္မွာပါ။ Joy-Cons တပ္ဆင္ထားဖုိ႔ မလုိအပ္တာျဖစ္လုိ႔ ေလးလံျခင္းမရွိပဲ ၀.၆၁ ေပါင္ သာ အေလးခ်ိန္ရွိပါတယ္။ ၅ လက္မခြဲ touch screen ပါျပီး Switch လုိပဲ 720 p resolution ရွိမွာပါ။ Screen အလင္းအေမွာင္ကို အလုိေလ်ာက္ခ်ိန္ေပးမယ့္ brightness sensor မပါ၀င္ေပမယ့္ ကစားသူက ထိန္းညိွေပးလုိ႔ရမယ့္ စနစ္ေတာ့ ပါဝင္ပါတယ္္။ Switch ထက္ battery life ေကာင္းမြန္ျပီး game play ေပၚမူတည္ကာ အားျပန္မသြင္းပဲ ၇ နာရီေလာက္ထိ ဆက္တိုက္ ေဆာ့ကစားႏိုင္မွာပါ။

Switch Lite မွာ Switch ဂိမ္းမ်ားကို ကစားႏိုင္မွာ ျဖစ္ေပမယ့္ handheld mode ပါ၀င္တဲ့ ဂိမ္းအမ်ားစုသာ ေဆာ့ကစားလုိ႔ အဆင္ေျပမွာပါ။ Handheld mode မပါတဲ့ဂိမ္းမ်ားကို ကစားမယ္ဆိုရင္ေတာ့ Switch Pro Controller တစ္ခုနဲ႕ျဖစ္ေစ Joy-Cons တစ္စုံနဲ႕ျဖစ္ေစ Wireless ခ်ိတ္္ဆက္ျပီးမွ ေဆာ့ကစားလုိ႔ရမွာပါ။ handheld mode မပါတဲ့ဂိမ္းမ်ားကို Nintendo eShop ကေန ဝယ္ယူမယ္ဆိုရင္ ဒီအေၾကာင္းကို သတိေပးမယ့္ စနစ္ထည့္ထားပါတယ္။ TV နဲ႕ ခ်ိတ္ဆက္ႏိုင္ျခင္းမရွိလုိ႕ motion control game မ်ားကို ေသးငယ္တဲ့ screen နဲ႔ ကစားရမယ့္ အားနည္းခ်က္ ရွိပါတယ္။

Nintendo Switch

Switch Lite ဟာ Wi-Fi, Bluetooth, NFC, gyro controls မ်ားကို Switch လုိပဲ support ေပးမွာျဖစ္ျပီး Switch Controller မ်ားျဖစ္တဲ့ Joy-Cons, Pro Controller, Poke’ Ball Plus မ်ားနဲ႔ ခ်ိတ္ဆက္ကစားႏိုင္ပါတယ္။ 32 GB storage build-in ပါဝင္ျပီး microSD ကတ္ ထည့္ဖုိ႔ slot တစ္ခုလည္း ပါမွာပါ။ Nintendo အေကာင့္ကို အသုံးျပဳျပီး Switch နဲ႔ Switch Lite ၾကား ဂိမ္းေတြကို sync လုပ္ႏိုင္မလားဆိုတာေတာ့ မသိရေသးပါဘူး။

Switch ရဲ႕မူလေအာင္ျမင္မႈနဲ႔ ယခုထြက္ေပၚလာမယ့္ Switch Lite ရဲ႕ portable ျဖစ္တဲ့ ပုံစံကို ေပါင္းစပ္ထားတာေၾကာင့္ ထြက္ေပၚခ်ိန္မွာ ေအာင္ျမင္လွတဲ့ console ျဖစ္လာလိမ့္မယ္လုိ႔ အမ်ားက ထင္ေၾကးေပးေနၾကပါတယ္။ Console game သတင္းမ်ားနဲ႔ အျခားေသာ esport သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။


[Unicode]

ဈေးချိုသာ၍ ပေါ့ပါးသော “Nintendo Switch Lite” လာမည်

Console gamer တို့ရဲ့အသည်းစွဲ နာမည်ကြီးဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Nintendo ဟာ console အသစ် Nintendo Switch Lite ကို ထုတ်လုပ်ရောင်းချမယ်လို့ မကြာသေးမီက ကြေငြာလိုက်ပါတယ်။ မိုဘိုင်းဖုန်းများနည်းတူ ပေါ့ပေါ့ပါးပါးနဲ့ အလွယ်တကူ သယ်ဆောင်ကစားလို့ရပြီး ဒေါ်လာ ၂၀၀ ခန့်သာ ကျသင့်မယ့် Nintendo Switch Lite ဟာ လက်ရှိ Nintendo Switch ထက် ဒေါ်လာ ၁၀၀ ခန့် သက်သာမှာပါ။ ဒါပေမယ့် Switch Lite ဟာ Switch လိုတော့ တီဗီနဲ့ ချိတ်ဆက်ခြင်း မပြုလုပ်နိုင်သလို ဝယ်ယူတဲ့အချိန်မှာ Joy-Cons လည်း ပါဝင်မှာ မဟုတ်ပါဘူး။

Nintendo Switch Vs Nintendo Switch Lite

Switch Lite ကို လာမယ့်စက်တင်ဘာလ ၂၀ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး မတ်လ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ Switch နဲ့ ၂ နှစ်ခွဲခန့် ကွာဟမှာပါ။ Switch Lite ရောင်းချမှုနဲ့အတူ ဘယ်လိုဂိမ်းသစ်တွေ လာဦးမလဲဆိုတာလည်း အများက စိတ်ဝင်စားနေကြပါတယ်။

စတင်ရောင်းချချိန်မှာ Switch Lite ကို အဝါရောင်၊ မီးခိုးရောင်နဲ့ စိမ်းပြာရောင် သုံးမျိုးဖြင့် ရရှိနိုင်မှာပါ။ Joy-Cons တပ်ဆင်ထားဖို့ မလိုအပ်တာဖြစ်လို့ လေးလံခြင်းမရှိပဲ ဝ.၆၁ ပေါင် သာ အလေးချိန်ရှိပါတယ်။ ၅ လက်မခွဲ touch screen ပါပြီး Switch လိုပဲ 720 p resolution ရှိမှာပါ။ Screen အလင်းအမှောင်ကို အလိုလျောက်ချိန်ပေးမယ့် brightness sensor မပါဝင်ပေမယ့် ကစားသူက ထိန်းညှိပေးလို့ရမယ့် စနစ်တော့ ပါဝင်ပါတယ်။ Switch ထက် battery life ကောင်းမွန်ပြီး game play ပေါ်မူတည်ကာ အားပြန်မသွင်းပဲ ၇ နာရီလောက်ထိ ဆက်တိုက် ဆော့ကစားနိုင်မှာပါ။

Switch Lite မှာ Switch ဂိမ်းများကို ကစားနိုင်မှာ ဖြစ်ပေမယ့် handheld mode ပါဝင်တဲ့ ဂိမ်းအများစုသာ ဆော့ကစားလို့ အဆင်ပြေမှာပါ။ Handheld mode မပါတဲ့ဂိမ်းများကို ကစားမယ်ဆိုရင်တော့ Switch Pro Controller တစ်ခုနဲ့ဖြစ်စေ Joy-Cons တစ်စုံနဲ့ဖြစ်စေ Wireless ချိတ်ဆက်ပြီးမှ ဆော့ကစားလို့ရမှာပါ။ handheld mode မပါတဲ့ဂိမ်းများကို Nintendo eShop ကနေ ဝယ်ယူမယ်ဆိုရင် ဒီအကြောင်းကို သတိပေးမယ့် စနစ်ထည့်ထားပါတယ်။ TV နဲ့ ချိတ်ဆက်နိုင်ခြင်းမရှိလို့ motion control game များကို သေးငယ်တဲ့ screen နဲ့ ကစားရမယ့် အားနည်းချက် ရှိပါတယ်။

Switch Lite ဟာ Wi-Fi, Bluetooth, NFC, gyro controls များကို Switch လိုပဲ support ပေးမှာဖြစ်ပြီး Switch Controller များဖြစ်တဲ့ Joy-Cons, Pro Controller, Poke’ Ball Plus များနဲ့ ချိတ်ဆက်ကစားနိုင်ပါတယ်။ 32 GB storage build-in ပါဝင်ပြီး microSD ကတ် ထည့်ဖို့ slot တစ်ခုလည်း ပါမှာပါ။ Nintendo အကောင့်ကို အသုံးပြုပြီး Switch နဲ့ Switch Lite ကြား ဂိမ်းတွေကို sync လုပ်နိုင်မလားဆိုတာတော့ မသိရသေးပါဘူး။

Nintendo Switch

Switch ရဲ့မူလအောင်မြင်မှုနဲ့ ယခုထွက်ပေါ်လာမယ့် Switch Lite ရဲ့ portable ဖြစ်တဲ့ ပုံစံကို ပေါင်းစပ်ထားတာကြောင့် ထွက်ပေါ်ချိန်မှာ အောင်မြင်လှတဲ့ console ဖြစ်လာလိမ့်မယ်လို့ အများက ထင်ကြေးပေးနေကြပါတယ်။ Console game သတင်းများနဲ့ အခြားသော esport သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။