[Zawgyi]

Need for Speed ဂိမ္းသစ္ ထြက္လာေတာ့မည္

 

Need for Speed Franchise ရဲ႕ ပုိင္ရွင္ကုမၸဏီမ်ားျဖစ္တဲ့ EA နဲ႕ Ghost Games တို႔ဟာ series ရဲ႕ ဂိမ္းသစ္ထြက္ရွိလာမယ့္ရက္ကို မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ Need for Speed ဂိမ္းစီးရီးဟာ PC ေပၚမွာေရာ console ေပၚမွာပါ အလြန္ေအာင္ျမင္လွတဲ့ Racing ဂိမ္းစီးရီးျဖစ္ျပီး ၂၀၁၇ တုန္းက Need for Speed Payback က ေနာက္ဆုံးထြက္ထားခဲ့တာပါ။ ယခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာမွ ထြက္လာမယ့္ ဂိမ္းသစ္ရဲ႕ နာမည္ကေတာ့ “Need for Speed Heat” ပဲ ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ PC, PlayStation 4 နဲ႔ Xbox One တို႔အတြက္ပဲ ထြက္လာဦးမွာျဖစ္ျပီး Mobile version ထပ္ထြက္လာမလားဆိုတာကိုေတာ့ ေျပာၾကားျခင္း မရွိေသးပါဘူး။ Need for Speed ဂိမ္းအသစ္ေတြကို မုိဘုိင္းမွာ တန္းၿပီး မိတ္ဆက္တာလည္း မရွိသေလာက္ရွားပါတယ္။ Need for Speed Heat ကို ယခုတည္းက ၾကိဳတင္မွာယူလို႔ ရေနျပီျဖစ္ျပီး Need for Speed Payback ဂိမ္းေဟာင္းထဲက မွာယူသူမ်ားကေတာ့ ၁၀ ရာခိုင္ႏႈန္း ေလ်ာ့ေစ်း ရရွိမွာပါ။

Standard edition ကို မွာယူထားသူမ်ားဟာ Mitsubishi Evolution X special edition နဲ႔ Deluxe edition ကို မွာယူထားသူမ်ားကေတာ့ BMW i8 Coupe, Chevrolet Convette Grand Sport, Mercedes C63 AMG Coupe ကားေတြကို ဂိမ္းထြက္ရွိလာတဲ့ အခ်ိန္မွာ တစ္ပါတည္း ရရွိမွာပါ။ Deluxe edition ထဲမွာ လက္ေဆာင္အေနနဲ႕ ဂိမ္းတြင္း character မ်ားရဲ႕ clothing မ်ားနဲ႔ အပိုေဆာင္း in-game currency တို႔လည္း ပါဝင္မွာ ျဖစ္ပါတယ္။

Need for Speed Heat ဟာ Palm City မွာ ယွဥ္ျပိဳင္ဖုိ့ ေရာက္ရွိလာၾကတဲ့ တစ္ကမၻာလုံးက street racer မ်ား အျပိဳင္အဆိုင္ အႏိုင္လုမယ့္ အေျခအေနကို ပုံေဖာ္မွာပါ။ Palm City ရဲ႕ လမ္းမ်ားထဲမွာ Speedhunters Showdowns မ်ားကို ယွဥ္ျပိဳင္ျပီး in-game currency ေငြေၾကးပမာဏ တိုးပြားေအာင္ ရွာေဖြႏိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ညဘက္ ျမိဳ႕ထဲမွာ ကင္းလွည့္ေနတဲ့ ရဲမ်ားကေတာ့ street racer မ်ားကို ဒုကၡေပးမွာမို့ သတိထားရမွာပါ။

Need for Speed Heat မွာ အရင္ကထြက္ရွိျပီးခဲ့တဲ့ဂိမ္းေတြမွာထက္ ပိုထူးျခားတဲ့ customization မ်ားကို ျပဳလုပ္ႏိုင္မွာျဖစ္ျပီး အရင္ဂိမ္းမ်ားကေန ေခတ္အဆက္ဆက္ ဆင္းသက္လာတဲ့ အေၾကာင္းအရာသစ္မ်ားလည္း ပါဝင္မွာျဖစ္ပါတယ္။ ကားျပိဳင္ပြဲနဲ႔ ပတ္သတ္ဆက္ႏြယ္တဲ့ culture မ်ားလည္း ပါဝင္ဦးမယ္လို႔ ေျပာထားပါေသးတယ္။

https://www.youtube.com/watch?v=04KPiGmC7Lc

ေနာက္ဆုံးဂိမ္းထြက္ရွိခဲ့တာ ၂ ႏွစ္ခန္႔ၾကာခဲ့ျပီျဖစ္လုိ့ ယခုထြက္လာမယ့္ Need for Speed Heat ကို racing ဂိမ္းပရိသတ္မ်ားက ေစာင့္ေမွ်ာ္ေနခဲ့ၾကတာပါ။ လြန္ခဲ့တဲ့ႏွစ္မ်ားစြာထဲက ထြက္ရွိလာခဲ့တဲ့ဂိမ္း series ဝင္ျဖစ္လုိ့ အရင္ဂိမ္းမ်ားရဲ႕ ေအာင္ျမင္မႈေျခရာကို နင္းႏိုင္မလားဆိုတာကေတာ့ ထြက္ရွိခ်ိန္ထိ ေစာင့္ၾကည့္ၾကရမွာပဲ ျဖစ္ပါတယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

Need for Speed ဂိမ်းသစ် ထွက်လာတော့မည်

 

Need for Speed Franchise ရဲ့ ပိုင်ရှင်ကုမ္ပဏီများဖြစ်တဲ့ EA နဲ့ Ghost Games တို့ဟာ series ရဲ့ ဂိမ်းသစ်ထွက်ရှိလာမယ့်ရက်ကို မကြာသေးမီက ကြေညာလိုက်ပါတယ်။ Need for Speed ဂိမ်းစီးရီးဟာ PC ပေါ်မှာရော console ပေါ်မှာပါ အလွန်အောင်မြင်လှတဲ့ Racing ဂိမ်းစီးရီးဖြစ်ပြီး ၂၀၁၇ တုန်းက Need for Speed Payback က နောက်ဆုံးထွက်ထားခဲ့တာပါ။ ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာမှ ထွက်လာမယ့် ဂိမ်းသစ်ရဲ့ နာမည်ကတော့ “Need for Speed Heat” ပဲ ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ PC, PlayStation 4 နဲ့ Xbox One တို့အတွက်ပဲ ထွက်လာဦးမှာဖြစ်ပြီး Mobile version ထပ်ထွက်လာမလားဆိုတာကိုတော့ ပြောကြားခြင်း မရှိသေးပါဘူး။ Need for Speed ဂိမ်းအသစ်တွေကို မိုဘိုင်းမှာ တန်းပြီး မိတ်ဆက်တာလည်း မရှိသလောက်ရှားပါတယ်။ Need for Speed Heat ကို ယခုတည်းက ကြိုတင်မှာယူလို့ ရနေပြီဖြစ်ပြီး Need for Speed Payback ဂိမ်းဟောင်းထဲက မှာယူသူများကတော့ ၁၀ ရာခိုင်နှုန်း လျော့ဈေး ရရှိမှာပါ။

Standard edition ကို မှာယူထားသူများဟာ Mitsubishi Evolution X special edition နဲ့ Deluxe edition ကို မှာယူထားသူများကတော့ BMW i8 Coupe, Chevrolet Convette Grand Sport, Mercedes C63 AMG Coupe ကားတွေကို ဂိမ်းထွက်ရှိလာတဲ့ အချိန်မှာ တစ်ပါတည်း ရရှိမှာပါ။ Deluxe edition ထဲမှာ လက်ဆောင်အနေနဲ့ ဂိမ်းတွင်း character များရဲ့ clothing များနဲ့ အပိုဆောင်း in-game currency တို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Need for Speed Heat ဟာ Palm City မှာ ယှဉ်ပြိုင်ဖို့ ရောက်ရှိလာကြတဲ့ တစ်ကမ္ဘာလုံးက street racer များ အပြိုင်အဆိုင် အနိုင်လုမယ့် အခြေအနေကို ပုံဖော်မှာပါ။ Palm City ရဲ့ လမ်းများထဲမှာ Speedhunters Showdowns များကို ယှဉ်ပြိုင်ပြီး in-game currency ငွေကြေးပမာဏ တိုးပွားအောင် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ညဘက် မြို့ထဲမှာ ကင်းလှည့်နေတဲ့ ရဲများကတော့ street racer များကို ဒုက္ခပေးမှာမို့ သတိထားရမှာပါ။

Need for Speed Heat မှာ အရင်ကထွက်ရှိပြီးခဲ့တဲ့ဂိမ်းတွေမှာထက် ပိုထူးခြားတဲ့ customization များကို ပြုလုပ်နိုင်မှာဖြစ်ပြီး အရင်ဂိမ်းများကနေ ခေတ်အဆက်ဆက် ဆင်းသက်လာတဲ့ အကြောင်းအရာသစ်များလည်း ပါဝင်မှာဖြစ်ပါတယ်။ ကားပြိုင်ပွဲနဲ့ ပတ်သတ်ဆက်နွယ်တဲ့ culture များလည်း ပါဝင်ဦးမယ်လို့ ပြောထားပါသေးတယ်။

နောက်ဆုံးဂိမ်းထွက်ရှိခဲ့တာ ၂ နှစ်ခန့်ကြာခဲ့ပြီဖြစ်လို့ ယခုထွက်လာမယ့် Need for Speed Heat ကို racing ဂိမ်းပရိသတ်များက စောင့်မျှော်နေခဲ့ကြတာပါ။ လွန်ခဲ့တဲ့နှစ်များစွာထဲက ထွက်ရှိလာခဲ့တဲ့ဂိမ်း series ဝင်ဖြစ်လို့ အရင်ဂိမ်းများရဲ့ အောင်မြင်မှုခြေရာကို နင်းနိုင်မလားဆိုတာကတော့ ထွက်ရှိချိန်ထိ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်လျက်ရှိပါတယ်။