MLBB ဂိမ်းထဲမှာ ခေတ်စားနေတဲ့ Diggie နဲ့ အကြိမ်အများကြီးအသေခံပြီး ပွဲနိုင်အောင်ကစားနည်း

 

မကြာသေးမီက စတင်ခဲ့တဲ့ ဖိလစ်ပိုင်ရဲ့ MPL PH Season 6 ပွဲစဥ်များမှာ Aura PH အသင်း နဲ့ Execration အသင်း တို့ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ယင်းပွဲများအတွင်းမှာတော့ Aura PH ရဲ့ ကစားသမားဖြစ်သူ Rafflesia တစ်ယောက် Diggie ကိုင်တွယ်ကစားခဲ့တဲ့ပွဲဟာ လူပြောအများဆုံးပွဲတစ်ပွဲဖြစ်ခဲ့ရပါတယ်။ ယင်းပွဲအတွင်းက Rafflesia ရဲ့ Diggie ဟာ kill တစ်ခါမှ မရရှိပဲ ၂၁ ခါ သေထားပေမယ့် MVP ရရှိခဲ့သလို ပွဲကိုလည်း အနိုင်ရရှိသွားခဲ့လို့ဖြစ်ပါတယ်။

မလေးရှားနဲ့ စင်ကာပူတို့ရဲ့ MPL MY/SG ဒုတိယပတ်အတွင်းမှာလည်း Resurgence အသင်းရဲ့ ခေါင်းဆောင်နဲ့ tank ကစားသမားဖြစ်သူ Kayzeepi ဟာ အလားတူစွာ Diggie နဲ့ အကြိမ်များစွာ အသေခံခဲ့ပြီးနောက် ပြိုင်ဘက်အသင်း Orange Louvre Esports ကို ၂ ပွဲပြတ်အနိုင်ရအောင် စွမ်းဆောင်ပြသွားခဲ့ပါတယ်။

MLBB ဂိမ်းရဲ့ လက်ရှိ meta သဘောသဘာဝအရ support hero တစ်ကောင်ဟာ အသင်းတစ်သင်းလုံးအတွက် အနစ်နာခံကစားပေးမှသာ အနိုင်ရဖို့ နီးစပ်လာမှာပါ။ ဒီလိုအချိန်မှာ pro ကစားသမားများအနေနဲ့ Diggie ကို ရွေးချယ်ပြီး အသေခံခိုင်းကာ Feeding Diggie ပုံစံကစားခြင်းက အမှန်ကန်ဆုံးလုပ်ရပ်တစ်ခုလိုဖြစ်လာပါတယ်။ သေဆုံးနေချိန်မှာတောင် Egg Form နဲ့ မြေပုံတစ်လျှောက်သွားလာနေလို့ရပြီး skill သုံးလို့ ရသေးတဲ့ Diggie ရဲ့ passive ဟာ ရန်သူကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်လို့ပဲဖြစ်ပါတယ်။

Egg Form ဖြစ်နေတဲ့ Diggie ဟာ တစ်ဖက်ရန်သူကို မိမိအသင်းဘက်က မြင်ရအောင် vision လိုက်လံပြသနိုင်ရုံသာမက ရန်သူ hero များရဲ့ recall များကိုလည်း ဖျက်လို့ရပါတယ်။ သေဆုံးချိန်ပြည့်သွားပြီဆိုရင်တော့ Diggie ဟာ ယင်း Egg Form နေရာမှာပဲ ပြန်ပေါ်လာမှာဖြစ်ပါတယ်။
Diggie ရဲ့ first skill ​ဖြစ်တဲ့ Auto Alarm Bomb ဟာ မြေပေါ်မှာ အကြိမ်အမြောက်အများချနိုင်တဲ့ ability တစ်ခုဖြစ်ပြီး အနီးက​ဖြတ်သွားတဲ့ရန်သူကို Magic Damage ထိမှန်ကာ နှေးသွားစေနိုင်ပါတယ်။ Auto Alarm Bomb များကို ခြုံပုတ်ထဲမှာ ချထားလို့ ဘယ်သူ့ကိုမှ မထိမှန်သေးရင် ယင်းတို့ဟာ စက္ကန့် ၃၀ အထိ ဆက်လက်ရှိနေနိုင်ပါတယ်။

ဒီ first skill နဲ့ passive ၂ ခုတို့ကို ပိုက်ဆိုင်ထားတဲ့အတွက် Diggie ဟာ ရန်သူကို ထောက်လှမ်းပြီး အနိုင်ယူဖို့အတွက် အကောင်းဆုံး meta hero သဖွယ်ဖြစ်လာခဲ့တာပါ။ ဒီနေရာမှာ Diggie ကိုင်ပြီး အကြိမ်အများကြီးသွားအသေခံရင် ရန်သူဘက်ကို gold ခဏခဏ သွားပေးသလို ဖြစ်မနေဘူးလားလို့ မေးလာနိုင်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ YouTube ပေါ်က MLBB ဗီဒီယိုဖန်တီးသူများဟာ ပြီးခဲ့တဲ့ ၁၀ လလောက်တည်းက တွက်ချက်မှုများ ပြုလုပ်ပြခဲ့ပြီးသားပါ။ MLBB ဂိမ်းရဲ့တွက်ချက်ပုံအရ hero တစ်ကောင်ဟာ ဆက်တိုက်သေလေ ရန်သူဘက်က ရရှိမယ့် gold နည်းသွားလေပဲဖြစ်ပါတယ်။

Hero တစ်ကောင် ဆက်တိုက်သေဆုံးနေမယ်ဆိုရင် ယင်း hero ဆီကနေ ရန်သူဘက်က ရရှိမယ့် gold ပမာဏများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
သေဆုံးတဲ့ အကြိမ်အရေအတွက် —– ရန်သူဘက်က ရရှိမယ့် gold ပမာဏ

1                                                                            200

2                                                                            180

3                                                                            160

4                                                                            140

5                                                                            120

6                                                                            100

7                                                                            80

8                                                                            60

9                                                                            40

10                                                                          20

ဒါကြောင့် Diggie ကိုင်ပြီး အကြိမ်အများကြီးသေလေ ရန်သူကို ပေးရမယ့် gold နည်းသွားလေဖြစ်မှာပါ။ Support Emblem နဲ့ ပေါင်းစပ်ပြီး respawn time နဲ့ Battle Spell cooldown များကို ၁၅ ရာခိုင်နှုန်းအထိ လျော့ချလိုက်ခြင်းက Diggie ကို အချိန်တိုအတွင်းမှာ အခေါက်ရေအများကြီး အသေခံနိုင်ဖို့အတွက် အားဖြည့်ပေးသလိုဖြစ်နေပါတယ်။

များသောအားဖြင့် အစောပိုင်းမှာ Diggie များဟာ ရန်သူကို gold မပေးရအောင် tower တိုင်များအောက်မှာ သွားအသေခံလေ့ရှိကြပါတယ်။ သေဆုံးမှုအကြိမ်အရေအတွက် ၁၀ ကြိမ်နဲ့ အထက် စုဆောင်းမိပြီဆိုရင်တော့ ရန်သူများဆီမှာလည်း ပေါ်ပေါ်ထင်ထင် အသေခံနိုင်ကြမှာဖြစ်ပါတယ်။

Egg Form အတွင်းရှိနေတဲ့ Diggie ဟာ ရန်သူ့ hyper ကိုဖြစ်စေ အရေးအကြီးဆုံး hero ကိုဖြစ်စေ ကပ်တွယ်နေပြီး ကောင်းစွာ နှောင့်ယှက်နိုင်ပါတယ်။ Team fight များ မတိုင်မီမှာလည်း Diggie ကြောင့် ရန်သူတစ်သင်းလုံးကို မြင်နေရခြင်းက ယင်းတို့ကို မိမိရဲ့ အသင်းသားများက အလွယ်တကူအနိုင်ယူနိုင်အောင် အားဖြည့်ကူညီပေးပါတယ်။

Diggie ဘက်က အသင်းဟာ သွားအသေခံထားတဲ့ ရန်သူ hero ရဲ့ shutdown gold ကို ရအောင် ကြိုးပမ်းပြီး အနိုင်ကစားဖို့လည်း ပြုလုပ်နိုင်ပါတယ်။ Kill အမြောက်အများဆက်တိုက်ရထားတဲ့ hero တစ်ကောင်ရဲ့ အများဆုံး gold bounty ဟာ ၆၀၀ အထိရှိနိုင်ပါတယ်။ ယင်းကိုသာ မိမိဘက်က Assassin Emblem မှာ Bounty Hunter ယူထားတဲ့ hero ကသာ ပြန် kill နိုင်ခဲ့ရင် အပို gold ၃၀ ရာခိုင်နှုန်းလည်း ရရှိဦးမှာပါ။

Diggie နဲ့ အကြိမ်အမြောက်အများ သွားအသေခံပြီး ကစားမယ့်အသင်းများဟာ အစောပိုင်းမှာ farming ရရှိအောင် အာရုံစိုက်လေ့ရှိကြပါတယ်။ ဂိမ်းရဲ့အလယ်ပိုင်းနဲ့ နောက်ပိုင်းများမှာတော့ Diggie ရဲ့ Egg Form နဲ့ မြင်နေရတဲ့ ရန်သူ hero များကို shutdown လိုက်လုပ်ပြီးနောက် ပွဲကို ပိတ်သိမ်းအဆုံးသတ်လေ့ရှိကြပါတယ်။

Feeding Diggie ကို counter ပြခဲ့တဲ့အသင်းက MPL ID Season 6 အတွင်းက Bigetron Alpha အသင်းပါ။ ယင်းတို့ဟာ EVOS Legends ရဲ့ Feeding Diggie ကို ပထမဆုံးပွဲမှာ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယမြောက်ပွဲမှာ ယင်း Feeding Diggie နည်းဗျူဟာ ကို တန်ပြန်အသုံးပြုပြကာ ထပ်မံအနိုင်ရရှိသွားခဲ့ပါတယ်။

Bigetron ဟာ hyper carry တစ်ကောင်တည်းကိုသာမက side lane ပေါ်က fighter များ အားကောင်းရေးအတွက်လည်း အထူးဂရုစိုက်တာကို တွေ့ရပါတယ်။ Khaleed နဲ့ Thamuz တို့လို strong laner များကို side lane ၂ ဘက် ထိန်းခိုင်းထားချိန်မှာ ယင်းတို့ရဲ့ carry ကစားသမား Branz ဟာ မြေပုံတစ်လျှောက် farm သွားခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးအင်တာဗျူးအတွင်းမှာတော့ Bigetron Alpha ရဲ့ analyst ဖြစ်သူ Steven Age က Feeding Diggie ကို counter ခြင်းနဲ့ ပတ်သက်တဲ့အယူအဆများကို ပြောသွားခဲ့ပါတယ်။ သူ့ရဲ့ အဆိုအရတော့ Feeding Diggie ကို counter ဖို့အတွက် Diggie ကို မကြည့်ပဲ ရန်သူ hero များထက် သာလွန်အောင် pick ဖို့ကို အလေးပေးသင့်ကြောင်း၊ မြေပုံပေါ်မှာ space များရလာရင် ယင်းတို့ကို အမိအရအသုံးချသင့်ကြောင်း၊ ဘေးဘက် side lane ၂ ဘက်မှာ သာနေအောင် ဂရုစိုက်သင့်ကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

လုံလောက်တဲ့ nerf များ မပြုလုပ်သေးသရွေ့ Feeding Diggie ဟာ ခေတ်စားနေနိုင်ကြောင်းကိုလည်း Age က သုံးသပ်ပြောကြားသွားခဲ့ပါတယ်။ MOBA ဂိမ်းများအတွင်းမှာ တမင်သက်သက် အသေခံပြီး အနိုင်ရအောင်ကစားခြင်းဟာ ရှားပါးတာမို့ ယခုလို ဖော်ပြလိုက်ရပါတယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: oneesports.gg