[Unicode]

Tencent ကထုတ်လုပ်မယ့် Metal Slug မိုဘိုင်းလ်ဂိမ်းသစ် ထွက်ပေါ်လာမည်

 

Metal Slug ဂိမ်းစီးရီးဟာ ခေတ်ဟောင်းဂိမ်းပရိသတ်များနဲ့ ရင်းနှီးပြီးသား Run and gun အမျိုးအစားဗီဒီယိုဂိမ်းများပါ။ ၁၉၉၆ ခုနှစ်က စ လို့ ယခုအချိန်အထိ Metal Slug ဂိမ်းပေါင်းများစွာ ထွက်ရှိထားခဲ့ပြီး မကြာသေးမီကတော့ SNK နဲ့ Tencent တို့ဟာ TiMi Studios က ပြုလုပ်မယ့် Metal Slug မိုဘိုင်းလ်ဂိမ်းသစ်တစ်ခု ထပ်မံထွက်ပေါ်လာတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

အသစ်ထွက်ရှိလာမယ့်ဂိမ်းရဲ့နာမည်ကိုတော့ Metal Slug Code: J ဆိုပြီး ယာယီ အမည်ပေးထားပါတယ်။ ထွက်ပေါ်လာခဲ့တဲ့ trailer ဗီဒီယိုအတွင်းမှာတော့ တစ်မိနစ်စာခန့် gameplay များ ပါဝင်ခဲ့ပါတယ်။ Tencent ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ TiMi Studios ဟာ Call of Duty Mobile နဲ့ Pokémon Unite တို့လို နာမည်ကျော်ဂိမ်းများပြုလုပ်ရာမှာ တာဝန်ယူထားခဲ့တာမို့ ယခုထွက်ရှိလာမယ့် Metal Slug ဂိမ်းသစ်အပေါ်မှာလည်း ပရိသတ်များက မျှော်လင့်နေကြပါတယ်။

Metal Slug ဂိမ်း​​​ဟောင်းများဟာ pixel-based ဒီဇိုင်းများနဲ့သာ ထွက်ပေါ်လာခဲ့ပေမယ့် trailer အတွင်းမှာတော့ 3D ဂရပ်ဖစ်များ အသုံးပြုထားတာကို တွေ့မြင်ခဲ့ရမှာပါတယ်။ ဒါ့အပြင် gameplay ထဲမှာ ပါဝင်တဲ့ touchscreen control များအရလည်း Metal Slug Code: J ဟာ ယခင်ဂိမ်းဟောင်းများရဲ့ အခြေခံကစားပုံကစားနည်းသဘောတရားများအတိုင်း ပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။

Metal Slug ပရိသတ်များကတော့ ဒီဂိမ်းသစ်ထဲမှာ ဆိုးဆိုးရွားရွား လောဘကြီးတဲ့ပုံစံ monetization များ ပါဝင်လာပြီး pay-to-win ဂိမ်းတစ်ခုဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမယ့် TiMi က ပြုလုပ်တဲ့ Call of Duty Mobile ထဲကလိုမျိုး ဂိမ်းတွင်းအလှဆင်ပစ္စည်းများကိုသာ အဓိကရောင်းချပြီး ယှဉ်ပြိုင်ကစားမှုကို ဦးစားပေးတဲ့ဂိမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါသေးတယ်။

ထွက်ရှိမယ့်ရက်အတိအကျနဲ့ အသေးစိတ်အချက်အလက်များကိုတော့ ကြေညာခဲ့ခြင်းမရှိသေးပါဘူး။ Metal Slug စီးရီးဟာ ကြိုက်နှစ်သက်သူအလွန်များပြားခဲ့သလို Metal Slug 8 ထွက်ရှိမယ့်အချိန်ကိုလည်း စောင့်မျှော်နေခဲ့ကြတာမို့ ယခုလို ဂိမ်းသစ်ထွက်ရှိမယ့်အကြောင်းကို သတင်းကောင်းပါးလိုက်ရပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: androidpolice


[ZawGyi]

Tencent ကထုတ္လုပ္မယ့္ Metal Slug မိုဘိုင္းလ္ဂိမ္းသစ္ ထြက္ေပၚလာမည္

 

Metal Slug ဂိမ္းစီးရီးဟာ ေခတ္ေဟာင္းဂိမ္းပရိသတ္မ်ားနဲ႔ ရင္းႏွီးၿပီးသား Run and gun အမ်ိဳးအစားဗီဒီယိုဂိမ္းမ်ားပါ။ ၁၉၉၆ ခုႏွစ္က စ လို႔ ယခုအခ်ိန္အထိ Metal Slug ဂိမ္းေပါင္းမ်ားစြာ ထြက္ရွိထားခဲ့ၿပီး မၾကာေသးမီကေတာ့ SNK နဲ႔ Tencent တို႔ဟာ TiMi Studios က ျပဳလုပ္မယ့္ Metal Slug မိုဘိုင္းလ္ဂိမ္းသစ္တစ္ခု ထပ္မံထြက္ေပၚလာေတာ့မွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

အသစ္ထြက္ရွိလာမယ့္ဂိမ္းရဲ႕နာမည္ကိုေတာ့ Metal Slug Code: J ဆိုၿပီး ယာယီ အမည္ေပးထားပါတယ္။ ထြက္ေပၚလာခဲ့တဲ့ trailer ဗီဒီယိုအတြင္းမွာေတာ့ တစ္မိနစ္စာခန္႔ gameplay မ်ား ပါဝင္ခဲ့ပါတယ္။ Tencent ရဲ႕ လက္ေအာက္ခံ ကုမၸဏီတစ္ခုျဖစ္တဲ့ TiMi Studios ဟာ Call of Duty Mobile နဲ႔ Pokémon Unite တို႔လို နာမည္ေက်ာ္ဂိမ္းမ်ားျပဳလုပ္ရာမွာ တာဝန္ယူထားခဲ့တာမို႔ ယခုထြက္ရွိလာမယ့္ Metal Slug ဂိမ္းသစ္အေပၚမွာလည္း ပရိသတ္မ်ားက ေမွ်ာ္လင့္ေနၾကပါတယ္။

Metal Slug ဂိမ္း​​​ေဟာင္းမ်ားဟာ pixel-based ဒီဇိုင္းမ်ားနဲ႔သာ ထြက္ေပၚလာခဲ့ေပမယ့္ trailer အတြင္းမွာေတာ့ 3D ဂရပ္ဖစ္မ်ား အသုံးျပဳထားတာကို ေတြ႕ျမင္ခဲ့ရမွာပါတယ္။ ဒါ့အျပင္ gameplay ထဲမွာ ပါဝင္တဲ့ touchscreen control မ်ားအရလည္း Metal Slug Code: J ဟာ ယခင္ဂိမ္းေဟာင္းမ်ားရဲ႕ အေျခခံကစားပုံကစားနည္းသေဘာတရားမ်ားအတိုင္း ျပဳလုပ္ထားတယ္လို႔ ယူဆရပါတယ္။

Metal Slug ပရိသတ္မ်ားကေတာ့ ဒီဂိမ္းသစ္ထဲမွာ ဆိုးဆိုး႐ြား႐ြား ေလာဘႀကီးတဲ့ပုံစံ monetization မ်ား ပါဝင္လာၿပီး pay-to-win ဂိမ္းတစ္ခုျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒါေပမယ့္ TiMi က ျပဳလုပ္တဲ့ Call of Duty Mobile ထဲကလိုမ်ိဳး ဂိမ္းတြင္းအလွဆင္ပစၥည္းမ်ားကိုသာ အဓိကေရာင္းခ်ၿပီး ယွဥ္ၿပိဳင္ကစားမႈကို ဦးစားေပးတဲ့ဂိမ္းတစ္ခုလည္း ျဖစ္လာႏိုင္ပါေသးတယ္။

ထြက္ရွိမယ့္ရက္အတိအက်နဲ႔ အေသးစိတ္အခ်က္အလက္မ်ားကိုေတာ့ ေၾကညာခဲ့ျခင္းမရွိေသးပါဘူး။ Metal Slug စီးရီးဟာ ႀကိဳက္ႏွစ္သက္သူအလြန္မ်ားျပားခဲ့သလို Metal Slug 8 ထြက္ရွိမယ့္အခ်ိန္ကိုလည္း ေစာင့္ေမွ်ာ္ေနခဲ့ၾကတာမို႔ ယခုလို ဂိမ္းသစ္ထြက္ရွိမယ့္အေၾကာင္းကို သတင္းေကာင္းပါးလိုက္ရပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: androidpolice