[Unicode]

TI10 အပြီးမှာ လိဂ်စနစ်ကိုပြောင်းလဲမယ့် Dota 2 ရဲ့ ပြိုင်ပွဲကျင်းပမှုပုံစံအသစ်

 

Ti10 အပြီးမှာတော့ အခုလက်ရှိမြင်တွေ့နေရတဲ့ Dota Pro Circuit နည်းလမ်းကိုလည်း ပြောင်းလဲစွန့်ပယ်တော့မှာဖြစ်ပြီး Tier 2 နဲ့ 3 အဆင့် အသင်းတွေကို ပိုတိုးတက်စေမယ့် ဒီဇိုင်းနဲ့ အစားထိုးသွားမယ်လို့ Valve က လေသံပစ်ထားပြီးသားပါ။

ယနေ့မှာတော့ Dota 2 Website မှာ အသေးစိတ် Format တက်လာခဲ့ပါပြီ။ Ti10 အပြီး 2020 – 21 Dota 2 Season ကို Season 3 ခု ခွဲခြမ်းကျင်းပသွားမှာဖြစ်ပြီး NA, SA, EU, CIS, SEA, China Region ခြောက်ခုတို့မှာ သက်ဆိုင်ရာ Regional League တစ်ခုဆီ ကစားရမှာပါ။ ဒါ့ကြောင့် တစ်နှစ်အတွင်း လိဂ်သုံးခါ ကစားရမှာဖြစ်ပြီး သုံးခါ တန်းဆင်း၊ တန်းတက်အသင်းတွေ ပေါ်လာမယ်၊ အဆုံးသတ်မှာတော့ The International နဲ့ပဲ နိဂုံးချုပ်မှာဖြစ်ပါတယ်။

Regional Leagues ဆိုတာ –
အထက်မှာဖော်ပြခဲ့တဲ့ ဒေသ ၆ မျိုးမှာ လိဂ်ပြိုင်ပွဲတစ်ခုစီအတွက် Season တစ်ခုကို USD 280,000 ဆုကြေးငွေ ပေးပြီးကျင်းပသွားမှာဖြစ်ပါတယ်။ Region တစ်ခုကို တစ်နှစ်အတွင်း Season ၃ ခုကျင်းပမှာဆိုတော့ စုစုပေါင်း USD 840,000 (280,000 x 3) ဆုကြေးပေးသွားမှာဖြစ်ပြီး Region ၆ ခုနဲ့မြှောက်ရင် တစ်နှစ်စာကို ဆုကြေးငွေချည်းပဲ စုစုပေါင်း ဒေါ်လာငါးသန်းကျော် ချီးမြှင့်မှာပါ။

လိဂ်ဆိုတဲ့အတိုင်း အသင်း ၈ သင်းစီပါဝင်တဲ့ Division နှစ်ခု ခွဲပြီး ဆော့ကစားစေမှာပါ။ Upper Division နဲ့ Lower Division လို့ပဲ လောလောဆယ် အမည်ပေးထားပြီး Season တစ်ခုပြီးတိုင်း Upper Division က အောက်ဆုံးအသင်းနှစ်သင်းက Lower Division ကို တန်းဆင်း၊ Lower Division က အောက်ဆုံးနှစ်သင်းနေရာမှာ Open Qualifier ထိပ်ဆုံးအသင်းနှစ်သင်းနဲ့ အစားထိုး ဆိုတဲ့ ပုံစံနဲ့ ကစားကြမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲကျင်းပမှုပုံစံက အသင်းတွေ ဟိုပြေးဒီပြေးလိုက်ပြိုင်နေရတဲ့ မေဂျာ၊ မိုင်နာပွဲတွေအစား အတည်တကျ အမြဲလက်ရည်သွေးနေရမယ့်ပုံကို ပြောင်းလဲလိုက်တာပါပဲ။

လိဂ် Season တစ်ခုကို ရက်သတ္တပတ် ၆ ခု ကြာမြင့်မှာဖြစ်ပြီး Bo3 ပုံစံနဲ့ ပတ်လည် (Round Robin) ကစားစေမှာ ဖြစ်ပါတယ်။ အားပေးရတာ လွယ်ကူစေဖို့အတွက်လည်း Region ၆ ခု၊ League ၂ ခုကို တစ်ခုနဲ့တစ်ခု အချိန်ဇယား မထပ်အောင် ရေးဆွဲထားတာတွေ့ရပါတယ်။ တစ်ပတ်ကို Region တစ်ခုမှာ သုံးပွဲကစားရမှာဖြစ်ပါတယ်။ နေ့စဉ်ပွဲရှိနေမယ့် အနေအထားအပြင် Open Qualifier တွေပါ သုံးခါကျင်းပဦးမှာဆိုတော့ Bet Lord တွေ အကြိုက်ပဲ။

 

Schedule


ပထမဦးဆုံး Season မှာတော့ Upper နဲ့ Lower Division ဝင်မယ့် အသင်းတွေကို Valve ကပဲ ဆုံးဖြတ်ပေးမှာပါ။ အသင်းတွေဟာ Season မစခင် ဘယ် Region ကနေ ဝင်ဆော့မလဲဆိုတာ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ Ti10 (The International 2020) ပြီးမှပဲ ဆုံးဖြတ်သွားမှာပါ။

 

Prize Distribution


Region တစ်ခုမှာ ယှဉ်ပြိုင်ဖို့ဆိုရင် အဆိုပါအသင်းရဲ့အသင်းသား အနည်းဆုံးသုံးဦးဟာ ယှဉ်ပြိုင်လိုတဲ့ Region ထဲမှာ အခြေချနေထိုင်သူတွေဖြစ်ရပါမယ်။ အသင်းတိုင်းဟာ လိဂ်ထဲမှာ မယှဉ်ပြိုင်နေတဲ့ ကစားသမားတစ်ယောက်အား Stand-in အဖြစ် လေးပွဲထိ အသုံးပြုနိုင်မှာဖြစ်ပြီး Upper Division က အသင်းတစ်သင်းကတော့ Lower Division မှာ ကစားနေတဲ့ ကစားသမားတွေကိုပါ ခေါ်ယူ Stand-in ကစားစေနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ မတူညီတဲ့ Region တစ်ခုကို ပြောင်းလဲကစားချင်တယ်ဆိုရင်တော့ ဘယ်အဆင့်ရောက်နေရောက်နေ ပြောင်းကစားချင်တဲ့ Region ရဲ့ Open Qualifier ကနေ စတက်ရမှာပါ။

Season တစ်ခုပြီးသွားတာနဲ့ ရရှိတဲ့ အဆင့်ပေါ်မူတည်ပြီး Major ပြိုင်ပွဲဝင်ရောက်ခွင့်တွေ ပေါ်လာမှာပါ။ Major ပြိုင်ပွဲဝင်ရောက်ရတာနဲ့ အဲ့ဒီအသင်းရဲ့ လူစာရင်းဟာ Locked ဖြစ်သွားပါပြီ။ Major ပွဲပြီးလို့ နောက် Season မစခင် အချိန်အတွင်းမှာတော့ ကစားသမားအရွှေ့အပြောင်း (Roster Change) တွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ကစားသမားတစ်ဦး ပြောင်းရင် ရထားတဲ့ အသင်း DPC Point ရဲ့ 15% ကို ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။

Majors ပြိုင်ပွဲများ
Season တစ်ခုတိုင်းဟာ Major ပြိုင်ပွဲတစ်ခုနဲ့ နိဂုံးချုပ်မှာဖြစ်ပြီး Region အားလုံးက စုစုပေါင်းအသင်း ၁၈ သင်း ပါဝင်မှာဖြစ်ပါတယ်။ Major တစ်ပွဲကို ဆုကြေးငွေဒေါ်လာငါးသိန်းနဲ့ DPC Point တွေ ခွဲဝေပေးသွားမှာပါ။ ပါဝင်မယ့် အသင်းတွေဟာ Regional Upper Division များမှ ထိပ်ဆုံးအသင်းတွေဖြစ်ပြီး Region အလိုက် သတ်မှတ်ထားတဲ့ အသင်းပမာဏပဲ ပါဝင်ရမှာပါ။

ပါဝင်ရမယ့် အသင်းအရေအတွက်ကတော့ ဥရောပနဲ့ တရုတ် Region ကနေ လေးသင်းစီ၊ မြောက်အမေရိကနဲ့ SEA တို့က သုံးသင်းစီ၊ CIS နဲ့ တောင်အမေရိက ကနေ နှစ်သင်းစီ ဖြစ်ပါတယ်။

Majors Format
Wildcard:
Wild Card ပြိုင်ပွဲပါဝင်လာပြီး အသင်းခြောက်သင်းက Bo2 ပတ်လည်ဆော့ကစားရမှာပါ။ ထိပ်ဆုံးနှစ်သင်းက မေဂျာပွဲရဲ့ Group Stage ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ လေးသင်းကပြုတ်မှာပါ။ Wild Card ကစားခွင့်ရှိတဲ့ အသင်းတွေကတော့
EU League 3rd place.
EU League 4th place
CN League 3rd place
CN League 4th place
NA League 3rd place
SEA League 3rd place. တို့ပဲဖြစ်ပါတယ်။

Group Stage:
အုပ်စုအဆင့်မှာ အသင်း ၈ သင်းက Bo2 ပတ်လည်ကစားရမှာပါ။ ထိပ်ဆုံးနှစ်သင်းက Playoffs ပွဲစဉ်တွေရဲ့ Upper Bracket ကို ရောက်ရှိမှာဖြစ်ပြီး 3rd – 6th အသင်းတွေက Lower Bracket သွားရမှာပါ။ အောက်ဆုံးနှစ်သင်း အိမ်ပြန်ရမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့်မှာ ကစားရမယ့်အသင်းတွေက –
EU League 2nd place
CN League 2nd Place
NA League 2nd Place
SA League 2nd Place
CIS League 2nd Place
SEA League 2nd Place
1st Wildcard
2nd Wildcard တို့ပဲ ဖြစ်ပါတယ်။

Playoffs:
ရှုံးထွက်အဆင့်ကတော့ နောက်ဆုံးကျန်တဲ့ ၁၂ သင်းဟာ Double Elimination ကစားရမှာပါ။ ဒီနေရာမှာ အုပ်စုဗိုလ်အနေနဲ့ တက်လာတဲ့ နှစ်သင်းက Region ခြောက်ခုက ပထမရထားတဲ့ ခြောက်သင်းနဲ့ Upper Bracket ကစားရမှာပါ။ Region League မှာ ဗိုလ်စွဲထားတဲ့အသင်းတွေဟာ Major တွေကို အုပ်စုအဆင့်က ပြိုင်စရာမလိုပါဘူး။

တတိယမြောက် Season ပြီးတဲ့အခါမှာတော့ DPC အများဆုံးရထားတဲ့ အသင်း ၁၂ သင်းက The International ကို တိုက်ရိုက်ဝင်ရောက်နိုင်မှာဖြစ်ပြီး ကျန်တဲ့အသင်းတွေဟာ Region တစ်ခုကို တစ်သင်းပဲတက်မယ့် နောက်ဆုံး Qualifier ကို ကစားရမှာဖြစ်ပါတယ်။

ဒီလိုယှဉ်ပြိုင်ရမှာလည်း Open Qualifier မရှိတော့ပါဘူး။ Region တစ်ခုဆီက တိုက်ရိုက်ဖိတ်ခေါ်မခံရဘဲ ကျန်ခဲ့တဲ့ အကောင်းဆုံး ၈ သင်းကိုသာ Close Qualifier တန်းဆော့ကစားခိုင်းမှာဖြစ်ပါတယ်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း Ti ကို ဘယ်သူမဆို နောက်ဆုံးအချိန်ကနေ ကပ်ပြီးဝင်ရောက်လို့ရတဲ့ စနစ်တစ်ခုကို အပြီးသတ်လိုက်တာပါပဲ။

The International 2019

ပြိုင်ပွဲကျင်းပမယ့် နေ့စွဲများ –
Season တစ်ခုစီရဲ့ ပြိုင်ပွဲကျင်းပမယ့်နေ့စွဲတွေလည်း တစ်ခါတည်းထွက်လာပါပြီ။ အောက်ပါအတိုင်းဖြစ်ပါတယ်။
S1 Fall League: Oct 5th – Nov 15th
S1 Major: Dec 7th – Dec 19th
S2 Winter League: Jan 4th – Feb 14th
S2 Major: Mar 8th – Mar 20th
S3 Spring League: Apr 12th – May 23rd
S3 Major: June 21st – July 3rd
ဒီအချိန်ဇယားထဲမှာ မပါဘဲ လွတ်နေတဲ့ ကာလတွေမှာသာ Third-party တွေက ကျင်းပတဲ့ (DPC မရတဲ့) ပြိုင်ပွဲတွေ ပြုလုပ်နိုင်မှာပါ။

#Kyitha #GamingNoodle


[ZawGyi]

TI10 အၿပီးမွာ လိဂ္စနစ္ကိုေျပာင္းလဲမယ့္ Dota 2 ရဲ႕ ၿပိဳင္ပြဲက်င္းပမႈပုံစံအသစ္

 

Ti10 အၿပီးမွာေတာ့ အခုလက္ရွိျမင္ေတြ႕ေနရတဲ့ Dota Pro Circuit နည္းလမ္းကိုလည္း ေျပာင္းလဲစြန္႔ပယ္ေတာ့မွာျဖစ္ၿပီး Tier 2 နဲ႔ 3 အဆင့္ အသင္းေတြကို ပုိတုိးတက္ေစမယ့္ ဒီဇုိင္းနဲ႔ အစားထုိးသြားမယ္လုိ႔ Valve က ေလသံပစ္ထားၿပီးသားပါ။

ယေန႔မွာေတာ့ Dota 2 Website မွာ အေသးစိတ္ Format တက္လာခဲ့ပါၿပီ။ Ti10 အၿပီး 2020 – 21 Dota 2 Season ကို Season 3 ခု ခြဲျခမ္းက်င္းပသြားမွာျဖစ္ၿပီး NA, SA, EU, CIS, SEA, China Region ေျခာက္ခုတုိ႔မွာ သက္ဆုိင္ရာ Regional League တစ္ခုဆီ ကစားရမွာပါ။ ဒါ့ေၾကာင့္ တစ္ႏွစ္အတြင္း လိဂ္သုံးခါ ကစားရမွာျဖစ္ၿပီး သုံးခါ တန္းဆင္း၊ တန္းတက္အသင္းေတြ ေပၚလာမယ္၊ အဆုံးသတ္မွာေတာ့ The International နဲ႔ပဲ နိဂုံးခ်ဳပ္မွာျဖစ္ပါတယ္။

Regional Leagues ဆုိတာ –
အထက္မွာေဖာ္ျပခဲ့တဲ့ ေဒသ ၆ မ်ဳိးမွာ လိဂ္ၿပိဳင္ပြဲတစ္ခုစီအတြက္ Season တစ္ခုကို USD 280,000 ဆုေၾကးေငြ ေပးၿပီးက်င္းပသြားမွာျဖစ္ပါတယ္။ Region တစ္ခုကို တစ္ႏွစ္အတြင္း Season ၃ ခုက်င္းပမွာဆုိေတာ့ စုစုေပါင္း USD 840,000 (280,000 x 3) ဆုေၾကးေပးသြားမွာျဖစ္ၿပီး Region ၆ ခုနဲ႔ေျမွာက္ရင္ တစ္ႏွစ္စာကို ဆုေၾကးေငြခ်ည္းပဲ စုစုေပါင္း ေဒၚလာငါးသန္းေက်ာ္ ခ်ီးျမွင့္မွာပါ။

လိဂ္ဆုိတဲ့အတိုင္း အသင္း ၈ သင္းစီပါဝင္တဲ့ Division ႏွစ္ခု ခြဲၿပီး ေဆာ့ကစားေစမွာပါ။ Upper Division နဲ႔ Lower Division လို႔ပဲ ေလာေလာဆယ္ အမည္ေပးထားၿပီး Season တစ္ခုၿပီးတုိင္း Upper Division က ေအာက္ဆုံးအသင္းႏွစ္သင္းက Lower Division ကို တန္းဆင္း၊ Lower Division က ေအာက္ဆုံးႏွစ္သင္းေနရာမွာ Open Qualifier ထိပ္ဆုံးအသင္းႏွစ္သင္းနဲ႔ အစားထုိး ဆုိတဲ့ ပုံစံနဲ႔ ကစားၾကမွာျဖစ္ပါတယ္။
ဒီၿပိဳင္ပြဲက်င္းပမႈပုံစံက အသင္းေတြ ဟိုေျပးဒီေျပးလိုက္ၿပိဳင္ေနရတဲ့ ေမဂ်ာ၊ မုိင္နာပြဲေတြအစား အတည္တက် အျမဲလက္ရည္ေသြးေနရမယ့္ပုံကို ေျပာင္းလဲလုိက္တာပါပဲ။

လိဂ္ Season တစ္ခုကို ရက္သတၱပတ္ ၆ ခု ၾကာျမင့္မွာျဖစ္ၿပီး Bo3 ပုံစံနဲ႔ ပတ္လည္ (Round Robin) ကစားေစမွာ ျဖစ္ပါတယ္။ အားေပးရတာ လြယ္ကူေစဖို႔အတြက္လည္း Region ၆ ခု၊ League ၂ ခုကို တစ္ခုနဲ႔တစ္ခု အခ်ိန္ဇယား မထပ္ေအာင္ ေရးဆြဲထားတာေတြ႕ရပါတယ္။ တစ္ပတ္ကို Region တစ္ခုမွာ သုံးပြဲကစားရမွာျဖစ္ပါတယ္။ ေန႔စဥ္ပြဲရွိေနမယ့္ အေနအထားအျပင္ Open Qualifier ေတြပါ သုံးခါက်င္းပဦးမွာဆုိေတာ့ Bet Lord ေတြ အႀကိဳက္ပဲ။

 

Schedule


ပထမဦးဆုံး Season မွာေတာ့ Upper နဲ႔ Lower Division ဝင္မယ့္ အသင္းေတြကို Valve ကပဲ ဆုံးျဖတ္ေပးမွာပါ။ အသင္းေတြဟာ Season မစခင္ ဘယ္ Region ကေန ဝင္ေဆာ့မလဲဆုိတာ ဆုံးျဖတ္ရမွာျဖစ္ပါတယ္။ Ti10 (The International 2020) ၿပီးမွပဲ ဆုံးျဖတ္သြားမွာပါ။

Prize Distribution


Region တစ္ခုမွာ ယွဥ္ၿပိဳင္ဖို႔ဆုိရင္ အဆုိပါအသင္းရဲ႕အသင္းသား အနည္းဆုံးသုံးဦးဟာ ယွဥ္ၿပိဳင္လိုတဲ့ Region ထဲမွာ အေျခခ်ေနထိုင္သူေတြျဖစ္ရပါမယ္။ အသင္းတုိင္းဟာ လိဂ္ထဲမွာ မယွဥ္ၿပိဳင္ေနတဲ့ ကစားသမားတစ္ေယာက္အား Stand-in အျဖစ္ ေလးပြဲထိ အသုံးျပဳႏုိင္မွာျဖစ္ၿပီး Upper Division က အသင္းတစ္သင္းကေတာ့ Lower Division မွာ ကစားေနတဲ့ ကစားသမားေတြကိုပါ ေခၚယူ Stand-in ကစားေစႏုိင္မွာျဖစ္ပါတယ္။

တကယ္လို႔ မတူညီတဲ့ Region တစ္ခုကို ေျပာင္းလဲကစားခ်င္တယ္ဆုိရင္ေတာ့ ဘယ္အဆင့္ေရာက္ေနေရာက္ေန ေျပာင္းကစားခ်င္တဲ့ Region ရဲ႕ Open Qualifier ကေန စတက္ရမွာပါ။

Season တစ္ခုၿပီးသြားတာနဲ႔ ရရွိတဲ့ အဆင့္ေပၚမူတည္ၿပီး Major ၿပိဳင္ပြဲဝင္ေရာက္ခြင့္ေတြ ေပၚလာမွာပါ။ Major ၿပိဳင္ပြဲဝင္ေရာက္ရတာနဲ႔ အဲ့ဒီအသင္းရဲ႕ လူစာရင္းဟာ Locked ျဖစ္သြားပါၿပီ။ Major ပြဲၿပီးလို႔ ေနာက္ Season မစခင္ အခ်ိန္အတြင္းမွာေတာ့ ကစားသမားအေရႊ႕အေျပာင္း (Roster Change) ေတြ ျပဳလုပ္ရမွာျဖစ္ပါတယ္။ ကစားသမားတစ္ဦး ေျပာင္းရင္ ရထားတဲ့ အသင္း DPC Point ရဲ႕ 15% ကို ျဖတ္ေတာက္ခံရမွာျဖစ္ပါတယ္။

Majors ၿပိဳင္ပြဲမ်ား
Season တစ္ခုတုိင္းဟာ Major ၿပိဳင္ပြဲတစ္ခုနဲ႔ နိဂုံးခ်ဳပ္မွာျဖစ္ၿပီး Region အားလုံးက စုစုေပါင္းအသင္း ၁၈ သင္း ပါဝင္မွာျဖစ္ပါတယ္။ Major တစ္ပြဲကို ဆုေၾကးေငြေဒၚလာငါးသိန္းနဲ႔ DPC Point ေတြ ခြဲေဝေပးသြားမွာပါ။ ပါဝင္မယ့္ အသင္းေတြဟာ Regional Upper Division မ်ားမွ ထိပ္ဆုံးအသင္းေတြျဖစ္ၿပီး Region အလုိက္ သတ္မွတ္ထားတဲ့ အသင္းပမာဏပဲ ပါဝင္ရမွာပါ။

ပါဝင္ရမယ့္ အသင္းအေရအတြက္ကေတာ့ ဥေရာပနဲ႔ တရုတ္ Region ကေန ေလးသင္းစီ၊ ေျမာက္အေမရိကနဲ႔ SEA တုိ႔က သုံးသင္းစီ၊ CIS နဲ႔ ေတာင္အေမရိက ကေန ႏွစ္သင္းစီ ျဖစ္ပါတယ္။

Majors Format
Wildcard:
Wild Card ၿပိဳင္ပြဲပါဝင္လာၿပီး အသင္းေျခာက္သင္းက Bo2 ပတ္လည္ေဆာ့ကစားရမွာပါ။ ထိပ္ဆုံးႏွစ္သင္းက ေမဂ်ာပြဲရဲ႕ Group Stage ကုိ တက္လွမ္းႏုိင္မွာျဖစ္ပါတယ္။ ေလးသင္းကျပဳတ္မွာပါ။ Wild Card ကစားခြင့္ရွိတဲ့ အသင္းေတြကေတာ့
EU League 3rd place.
EU League 4th place
CN League 3rd place
CN League 4th place
NA League 3rd place
SEA League 3rd place. တုိ႔ပဲျဖစ္ပါတယ္။
Group Stage:
အုပ္စုအဆင့္မွာ အသင္း ၈ သင္းက Bo2 ပတ္လည္ကစားရမွာပါ။ ထိပ္ဆုံးႏွစ္သင္းက Playoffs ပြဲစဥ္ေတြရဲ႕ Upper Bracket ကို ေရာက္ရွိမွာျဖစ္ၿပီး 3rd – 6th အသင္းေတြက Lower Bracket သြားရမွာပါ။ ေအာက္ဆုံးႏွစ္သင္း အိမ္ျပန္ရမွာ ျဖစ္ပါတယ္။ အုပ္စုအဆင့္မွာ ကစားရမယ့္အသင္းေတြက –
EU League 2nd place
CN League 2nd Place
NA League 2nd Place
SA League 2nd Place
CIS League 2nd Place
SEA League 2nd Place
1st Wildcard
2nd Wildcard တုိ႔ပဲ ျဖစ္ပါတယ္။

Playoffs:
ရႈံးထြက္အဆင့္ကေတာ့ ေနာက္ဆုံးက်န္တဲ့ ၁၂ သင္းဟာ Double Elimination ကစားရမွာပါ။ ဒီေနရာမွာ အုပ္စုဗုိလ္အေနနဲ႔ တက္လာတဲ့ ႏွစ္သင္းက Region ေျခာက္ခုက ပထမရထားတဲ့ ေျခာက္သင္းနဲ႔ Upper Bracket ကစားရမွာပါ။ Region League မွာ ဗုိလ္စြဲထားတဲ့အသင္းေတြဟာ Major ေတြကို အုပ္စုအဆင့္က ၿပိဳင္စရာမလုိပါဘူး။

တတိယေျမာက္ Season ၿပီးတဲ့အခါမွာေတာ့ DPC အမ်ားဆုံးရထားတဲ့ အသင္း ၁၂ သင္းက The International ကို တုိက္ရုိက္ဝင္ေရာက္ႏုိင္မွာျဖစ္ၿပီး က်န္တဲ့အသင္းေတြဟာ Region တစ္ခုကို တစ္သင္းပဲတက္မယ့္ ေနာက္ဆုံး Qualifier ကို ကစားရမွာျဖစ္ပါတယ္။

ဒီလိုယွဥ္ၿပိဳင္ရမွာလည္း Open Qualifier မရွိေတာ့ပါဘူး။ Region တစ္ခုဆီက တုိက္ရုိက္ဖိတ္ေခၚမခံရဘဲ က်န္ခဲ့တဲ့ အေကာင္းဆုံး ၈ သင္းကိုသာ Close Qualifier တန္းေဆာ့ကစားခုိင္းမွာျဖစ္ပါတယ္။ ဒါဟာ ႏွစ္စဥ္ႏွစ္တုိင္း Ti ကို ဘယ္သူမဆုိ ေနာက္ဆုံးအခ်ိန္ကေန ကပ္ၿပီးဝင္ေရာက္လုိ႔ရတဲ့ စနစ္တစ္ခုကို အၿပီးသတ္လိုက္တာပါပဲ။

The International 2019

ၿပိဳင္ပြဲက်င္းပမယ့္ ေန႔စြဲမ်ား –
Season တစ္ခုစီရဲ႕ ၿပိဳင္ပြဲက်င္းပမယ့္ေန႔စြဲေတြလည္း တစ္ခါတည္းထြက္လာပါၿပီ။ ေအာက္ပါအတုိင္းျဖစ္ပါတယ္။
S1 Fall League: Oct 5th – Nov 15th
S1 Major: Dec 7th – Dec 19th
S2 Winter League: Jan 4th – Feb 14th
S2 Major: Mar 8th – Mar 20th
S3 Spring League: Apr 12th – May 23rd
S3 Major: June 21st – July 3rd
ဒီအခ်ိန္ဇယားထဲမွာ မပါဘဲ လြတ္ေနတဲ့ ကာလေတြမွာသာ Third-party ေတြက က်င္းပတဲ့ (DPC မရတဲ့) ၿပိဳင္ပြဲေတြ ျပဳလုပ္ႏုိင္မွာပါ။

#Kyitha #GamingNoodle