[Unicode]

PUBG Mobile ကို ပြိုင်ဆိုင်ပြီး အပစ်အခတ်ဂိမ်းသစ် FAU-G ကို ထုတ်လုပ်တော့မယ့် အိန္ဒိယဂိမ်းကုမ္ပဏီ

 

မကြာသေးမီရက်ပိုင်းများအတွင်းက ကြေညာခဲ့တဲ့ အိန္ဒိယအစိုးရရဲ့ နိုင်ငံတွင်း ပိတ်ပင်လိုက်တဲ့ app များ စာရင်းမှာ PUBG Mobile လည်း ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့် လက်ရှိအချိန် အိန္ဒိယနိုင်ငံတွင်းမှာ PUBG Mobile နဲ့ အပြိုင်နေရာယူခဲ့ကြတဲ့ Call of Duty: Mobile နဲ့ Garena Free Fire တို့လို အပစ်အခတ်ဂိမ်းများဟာ စျေးကွက်ကို ပိုမိုလွှမ်းမိုးချုပ်ကိုင်နိုင်​ရေးအတွက် အပြင်းအထန်ကြိုးပမ်းလျက်ရှိကြပါတယ်။

FAU-G

ယခုလည်း အိန္ဒိယဂိမ်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ nCore Games ဟာ အိန္ဒိယရဲ့ PUBG Mobile အစားထိုးဂိမ်းအဖြစ် Fearless and United: Guards (FAU-G) ကို ဖြန့်ချိတော့မှာဖြစ်ကြောင်း မကြာသေးမီက ကြေညာလိုက်ပါတယ်။ ယင်းကြေညာချက်အတွင်း FAU-G ထွက်ရှိလာမယ့်အချိန်ကို အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးပေမယ့် အောက်တိုဘာလကုန်ပိုင်းလောက်မှာ ထွက်ရှိလာနိုင်ကြောင်းကို ပြောသွားခဲ့ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ FAU-G ဂိမ်းကို ဦးဆောင်ပြုလုပ်နေသူ Vishal Gondal က ယင်းတို့အနေနဲ့ ဒီဂိမ်းကို ပြုလုပ်နေခဲ့တာ လအတော်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းနဲ့ အိန္ဒိယအစိုးရက PUBG Mobile ကို နိုင်ငံတွင်း ပိတ်ပင်လိုက်ချိန်မှ FAU-G ထွက်ရှိမှာဖြစ်ကြောင်း ကြေညာနိုင်ခဲ့တာဟာ တိုက်ဆိုင်မှုတစ်ခုသာဖြစ်ကြောင်း တို့ကို အိန္ဒိယဝန်ကြီးချုပ် Narendra Modi ပြုလုပ်တဲ့ AtmaNirbhar App ကမ်ပိန့်အတွက် ပြောသွားခဲ့ပါတယ်။

ဒါ့အပြင် Vishal Gondal က သူ့ရဲ့ တရားဝင်တွစ်တာစာမျက်နှာပေါ်မှာလည်း အိန္ဒိိယဝန်ကြီးချုပ် Narendra Modi ရဲ့ #AtmaNirbharApp ကမ်ပိန့်မှာ FAU-G ထွက်ရှိလာတော့မှာဖြစ်ကြောင်း ကြေညာခွင့်ရခဲ့တဲ့အတွက် လွန်စွာဝမ်းမြောက်ကြောင်း၊ ဒီဂိမ်းကို နာမည်ကျော်အိန္ဒိယသရုပ်ဆောင်မင်းသား Akshay Kumar ရဲ့ အကြံပေး ညွှန်ကြားချက်များအတိုင်း ပြုလုပ်နေတာဖြစ်ကြောင်း၊ ဂိမ်းကနေ ရရှိလာမယ့် အကျိုးအမြတ်ရဲ့ ၂၀% ကို Bharat Ke Veer အဖွဲ့ထံ လှူဒါန်းသွားမှာဖြစ်ကြောင်း အစရှိသဖြင့် ပြောသွားခဲ့ပါတယ်။

Akshay Kumar

Akshay Kumar ကလည်း ယင်းရဲ့တွစ်တာပေါ်မှာ Vishal Gondal ပြောသွားခဲ့တဲ့အကြောင်းများကို ထပ်မံ ပြောကြား သွားခဲ့သလို ဒီဂိမ်းကနေ အိန္ဒိယစစ်သားများရဲ့ အနစ်နာခံ စတေးမှုများကို လေ့လာနိုင်မှာ ဖြစ်ကြောင်းကိုလည်း အပိုဆောင်းပြောကြားသွားခဲ့ပါတယ်။ အိန္ဒိယ အပစ်အခတ်မိုဘိုင်းလ်ဂိမ်းလောကရဲ့ ပြိုင်ဆိုင်မှုများက​တော့ စိတ်ဝင်စားစရာကောင်းနေဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။
source: indianexpress

==============================================

[ZawGyi]

PUBG Mobile ကို ၿပိဳင္ဆိုင္ၿပီး အပစ္အခတ္ဂိမ္းသစ္ FAU-G ကို ထုတ္လုပ္ေတာ့မယ့္ အိႏၵိယဂိမ္းကုမၸဏီ

 

မၾကာေသးမီရက္ပိုင္းမ်ားအတြင္းက ေၾကညာခဲ့တဲ့ အိႏၵိယအစိုးရရဲ႕ ႏိုင္ငံတြင္း ပိတ္ပင္လိုက္တဲ့ app မ်ား စာရင္းမွာ PUBG Mobile လည္း ပါဝင္လာခဲ့ပါတယ္။ ဒါေၾကာင့္ လက္ရွိအခ်ိန္ အိႏၵိယႏိုင္ငံတြင္းမွာ PUBG Mobile နဲ႔ အၿပိဳင္ေနရာယူခဲ့ၾကတဲ့ Call of Duty: Mobile နဲ႔ Garena Free Fire တို႔လို အပစ္အခတ္ဂိမ္းမ်ားဟာ ေစ်းကြက္ကို ပိုမိုလႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္​ေရးအတြက္ အျပင္းအထန္ႀကိဳးပမ္းလ်က္ရွိၾကပါတယ္။

FAU-G

ယခုလည္း အိႏၵိယဂိမ္းကုမၸဏီႀကီးတစ္ခုျဖစ္တဲ့ nCore Games ဟာ အိႏၵိယရဲ႕ PUBG Mobile အစားထိုးဂိမ္းအျဖစ္ Fearless and United: Guards (FAU-G) ကို ျဖန႔္ခ်ိေတာ့မွာျဖစ္ေၾကာင္း မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ ယင္းေၾကညာခ်က္အတြင္း FAU-G ထြက္ရွိလာမယ့္အခ်ိန္ကို အတိအက်ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးေပမယ့္ ေအာက္တိုဘာလကုန္ပိုင္းေလာက္မွာ ထြက္ရွိလာႏိုင္ေၾကာင္းကို ေျပာသြားခဲ့ပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သက္လို႔ FAU-G ဂိမ္းကို ဦးေဆာင္ျပဳလုပ္ေနသူ Vishal Gondal က ယင္းတို႔အေနနဲ႔ ဒီဂိမ္းကို ျပဳလုပ္ေနခဲ့တာ လအေတာ္ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္းနဲ႔ အိႏၵိယအစိုးရက PUBG Mobile ကို ႏိုင္ငံတြင္း ပိတ္ပင္လိုက္ခ်ိန္မွ FAU-G ထြက္ရွိမွာျဖစ္ေၾကာင္း ေၾကညာႏိုင္ခဲ့တာဟာ တိုက္ဆိုင္မႈတစ္ခုသာျဖစ္ေၾကာင္း တို႔ကို အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ျပဳလုပ္တဲ့ AtmaNirbhar App ကမ္ပိန႔္အတြက္ ေျပာသြားခဲ့ပါတယ္။

ဒါ့အျပင္ Vishal Gondal က သူ႔ရဲ႕ တရားဝင္တြစ္တာစာမ်က္ႏွာေပၚမွာလည္း အိႏၵိိယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ #AtmaNirbharApp ကမ္ပိန႔္မွာ FAU-G ထြက္ရွိလာေတာ့မွာျဖစ္ေၾကာင္း ေၾကညာခြင့္ရခဲ့တဲ့အတြက္ လြန္စြာဝမ္းေျမာက္ေၾကာင္း၊ ဒီဂိမ္းကို နာမည္ေက်ာ္အိႏၵိယသ႐ုပ္ေဆာင္မင္းသား Akshay Kumar ရဲ႕ အႀကံေပး ၫႊန္ၾကားခ်က္မ်ားအတိုင္း ျပဳလုပ္ေနတာျဖစ္ေၾကာင္း၊ ဂိမ္းကေန ရရွိလာမယ့္ အက်ိဳးအျမတ္ရဲ႕ ၂၀% ကို Bharat Ke Veer အဖြဲ႕ထံ လႉဒါန္းသြားမွာျဖစ္ေၾကာင္း အစရွိသျဖင့္ ေျပာသြားခဲ့ပါတယ္။

Akshay Kumar

Akshay Kumar ကလည္း ယင္းရဲ႕တြစ္တာေပၚမွာ Vishal Gondal ေျပာသြားခဲ့တဲ့အေၾကာင္းမ်ားကို ထပ္မံ ေျပာၾကား သြားခဲ့သလို ဒီဂိမ္းကေန အိႏၵိယစစ္သားမ်ားရဲ႕ အနစ္နာခံ စေတးမႈမ်ားကို ေလ့လာႏိုင္မွာ ျဖစ္ေၾကာင္းကိုလည္း အပိုေဆာင္းေျပာၾကားသြားခဲ့ပါတယ္။ အိႏၵိယ အပစ္အခတ္မိုဘိုင္းလ္ဂိမ္းေလာကရဲ႕ ၿပိဳင္ဆိုင္မႈမ်ားက​ေတာ့ စိတ္ဝင္စားစရာေကာင္းေနဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။
source: indianexpress