[Unicode]

MOBA ဂိမ်းတစ်ခုအသွင်နဲ့ ထွက်ရှိလာမယ့် Pokémon Unite

 

မကြာသေးမီက ထွက်ပေါ်လာခဲ့တဲ့ Pokemon Presents livestream ဗီဒီယိုတစ်ခုအတွင်းမှာ ပရိသတ်များ ထင်မှတ်မထားခဲ့တဲ့ Pokemon ဂိမ်းသစ်တစ်ခု ထွက်ရှိလာမှာဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ယင်းဂိမ်းသစ်ကတော့ Pokemon Unite လို့ အမည်ပေးထားတဲ့ MOBA အမျိုးအစားဂိမ်းတစ်ခုဖြစ်ပြီး တရုတ်ဂိမ်းကုမ္ပဏီကြီး Tencent နဲ့ Timi Studios တို့ ပူးပေါင်းပြုလုပ်ကြမှာလည်း ဖြစ်ပါတယ်။

Pokemon Unite ဟာ အခမဲ့ရယူကစားနိုင်မယ့်ဂိမ်းတစ်ခုဖြစ်ပြီး ယင်းကို iOS/Android မိုဘိုင်းလ်ဖုန်းများနဲ့ Nintendo Switch တို့ပေါ်မှာ cross-platform ကစားနိုင်ကြမှာပါ။ ထွက်ရှိမယ့်ရက်ကို အတိအကျ မကြေညာခဲ့ပေမယ့် gameplay ဆိုင်ရာ အချက်အလက်များပါဝင်တဲ့ နောက်ထပ်ဗီဒီယိုတစ်ခုကိုလည်း The Official Pokémon YouTube channel က ဆက်လက်တင်သွားခဲ့ပါတယ်။

Pokemon Unite ဂိမ်းတွင်းမှာ အသင်း ၂ သင်း ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပြီး တစ်ဖက်ကို ၅ ယောက်စီ ပါဝင်နိုင်ကြမှာပါ။ ကစားသူတစ်ယောက်ချင်းစီဟာ မတူညီတဲ့ Pokemon တစ်ကောင်စီကို ထိန်းချုပ်ကစားကြရမှာဖြစ်ပြီး မြေပုံတစ်လျှောက်က ပြိုင်ဘက်အသင်းရဲ့ goal များပေါ်မှာ point များ score ရရှိအောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

ဂိမ်းပွဲအတွင်းမှာ real-time battle များကို ရင်ဆိုင်တိုက်ခိုက်ရင်း Pokemon များဟာ တဖြည်းဖြည်း level မြင့်တက်လာပြီး evolve ဖြစ်လာနိုင်ကြသလို move အသစ်များကိုလည်း ရရှိလာကြမှာပါ။ Pokemon တစ်ကောင်ချင်းစီမှာ မတူညီတဲ့ Unite move တစ်ခုစီ ပါဝင်ပါတယ်။ Pokemon Unite ဂိမ်းရဲ့ ထူးခြားချက်ကတော့ အခြား Pokemon ဂိမ်းများလို type advantage မပါဝင်တာပါ။

မြေပုံပေါ်မှာ မြက်ပင်များလည်း ပါဝင်ပြီး ယင်းတို့ဟာ တစ်ဖက်အသင်းသားများ မမြင်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ခြုံခိုတိုက်ခိုက်ခြင်းများလည်း ပြုလုပ်နိုင်ကြမှာပါ။ AI က ထိန်းချုပ်ထားတဲ့ Wild Pokemon များကို အနိုင်ရအောင် တိုက်ခိုက်လိုက်ရင်တော့ ယင်းတို့ကို ဖမ်းယူနိုင်ကြမှာဖြစ်ပါတယ်။

ပွဲရဲ့နောက်ဆုံးမိနစ်မှာ goal များဟာ ပုံမှန်ထက် point ၂ ဆ ပေးစွမ်းမှာပါ။ ပွဲအပြီးမှာတော့ point အများဆုံး score ရရှိထားတဲ့ဘက်က အနိုင်ရရှိမှာဖြစ်ပါတယ်။ ပြသသွားခဲ့တဲ့ gameplay ဗီဒီယိုအတွင်းမှာတော့ Pikachu, Snorlax, Charizard, Lucario စတဲ့ Pokemon များ ပါဝင်ပါတယ်။ Squirtle ဟာ Wartortle အဖြစ် evolve ဖြစ်ပြီး Blastoise အဖြစ်ဆက်လက် evolve ဖြစ်သွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

ဒါပေမယ့် Pikachu ကတော့ Raichu အဖြစ် evolve ဖြစ်သွားခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် Pichu နဲ့ Munchlax တို့လို Pokemon အသေးစားလေးများ မပါဝင်တာကိုလည်း တွေ့ရပါတယ်။ ဂိမ်းအတွက် Pokemon စာရင်းကို တိတိကျကျ မကြေညာထားသေးလို့ စမ်းသပ်ကစားပြတဲ့ ဗီဒီယိုအတွင်းမှာ မပါဝင်သေးတဲ့ Pokemon များဟာ ကစားသူများ ထိန်းချုပ်နိုင်တဲ့ pokemon များဖြစ်နိုင်သလို AI က ထိန်းချုပ်တဲ့ Wild Pokemon များလည်း ဖြစ်နေနိုင်ပါတယ်။

မြင်တွေ့ခဲ့ရပြီးတဲ့ Pokemon များကတော့ –
“ကိုင်တွယ်ကစားနိုင်တဲ့ Pokemon များ”
• Snorlax
• Lucario
• Charmander / Charmeleon / Charizard
• Squirtle / Wartortle / Blastoise
• Pikachu
• Clefairy* / Clefable
• Fletchling / Fletchinder / Talonflame
• Bulbasaur* / Ivysaur* / Venusaur
• Gastly* / Haunter* / Gengar
• Machop / Machoke* / Machamp
“Wild Pokemon များ (ခန့်မှန်း)”
• Stufful / Bewear
• Aipom
• Joltik / Galvantula
• Rotom
• Altaria
• Toxicroak

MOBA ဂိမ်းအတွေ့အကြုံများပြားလှတဲ့ Tencent က ပါဝင်ပြုလုပ်မယ့် ဒီ Pokemon Unite ဟာ ကောင်းမွန်တဲ့ဂိမ်းတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ နာမည်ကြီးမိုဘိုင်းလ် MOBA ဂိမ်းတစ်ခုဖြစ်တဲ့ League of Legends: Wild Rift ဟာ အချိန်မရွေးထွက်ရှိလာနိုင်သလို MLBB, AoV စတဲ့ ဂိမ်းများကလည်း အခိုင်အမာနေရာယူထားကြတာမို့ Pokemon Unite အနေနဲ့ စျေးကွက်ကို ထိုးဖောက်ဖို့ ဘယ်လိုကြိုးပမ်းမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: gamespot


[ZawGyi]

MOBA ဂိမ္းတစ္ခုအသြင္နဲ႔ ထြက္ရွိလာမယ့္ Pokémon Unite

 

မၾကာေသးမီက ထြက္ေပၚလာခဲ့တဲ့ Pokemon Presents livestream ဗီဒီယိုတစ္ခုအတြင္းမွာ ပရိသတ္မ်ား ထင္မွတ္မထားခဲ့တဲ့ Pokemon ဂိမ္းသစ္တစ္ခု ထြက္ရွိလာမွာျဖစ္ေၾကာင္း ေၾကညာသြားခဲ့ပါတယ္။ ယင္းဂိမ္းသစ္ကေတာ့ Pokemon Unite လို႔ အမည္ေပးထားတဲ့ MOBA အမ်ိဳးအစားဂိမ္းတစ္ခုျဖစ္ၿပီး တ႐ုတ္ဂိမ္းကုမၸဏီႀကီး Tencent နဲ႔ Timi Studios တို႔ ပူးေပါင္းျပဳလုပ္ၾကမွာလည္း ျဖစ္ပါတယ္။

Pokemon Unite ဟာ အခမဲ့ရယူကစားႏိုင္မယ့္ဂိမ္းတစ္ခုျဖစ္ၿပီး ယင္းကို iOS/Android မိုဘိုင္းလ္ဖုန္းမ်ားနဲ႔ Nintendo Switch တို႔ေပၚမွာ cross-platform ကစားႏိုင္ၾကမွာပါ။ ထြက္ရွိမယ့္ရက္ကို အတိအက် မေၾကညာခဲ့ေပမယ့္ gameplay ဆိုင္ရာ အခ်က္အလက္မ်ားပါဝင္တဲ့ ေနာက္ထပ္ဗီဒီယိုတစ္ခုကိုလည္း The Official Pokémon YouTube channel က ဆက္လက္တင္သြားခဲ့ပါတယ္။

Pokemon Unite ဂိမ္းတြင္းမွာ အသင္း ၂ သင္း ယွဥ္ၿပိဳင္ကစားၾကရမွာျဖစ္ၿပီး တစ္ဖက္ကို ၅ ေယာက္စီ ပါဝင္ႏိုင္ၾကမွာပါ။ ကစားသူတစ္ေယာက္ခ်င္းစီဟာ မတူညီတဲ့ Pokemon တစ္ေကာင္စီကို ထိန္းခ်ဳပ္ကစားၾကရမွာျဖစ္ၿပီး ေျမပုံတစ္ေလွ်ာက္က ၿပိဳင္ဘက္အသင္းရဲ႕ goal မ်ားေပၚမွာ point မ်ား score ရရွိေအာင္ ႀကိဳးပမ္းၾကရမွာျဖစ္ပါတယ္။

ဂိမ္းပြဲအတြင္းမွာ real-time battle မ်ားကို ရင္ဆိုင္တိုက္ခိုက္ရင္း Pokemon မ်ားဟာ တျဖည္းျဖည္း level ျမင့္တက္လာၿပီး evolve ျဖစ္လာႏိုင္ၾကသလို move အသစ္မ်ားကိုလည္း ရရွိလာၾကမွာပါ။ Pokemon တစ္ေကာင္ခ်င္းစီမွာ မတူညီတဲ့ Unite move တစ္ခုစီ ပါဝင္ပါတယ္။ Pokemon Unite ဂိမ္းရဲ႕ ထူးျခားခ်က္ကေတာ့ အျခား Pokemon ဂိမ္းမ်ားလို type advantage မပါဝင္တာပါ။

ေျမပုံေပၚမွာ ျမက္ပင္မ်ားလည္း ပါဝင္ၿပီး ယင္းတို႔ဟာ တစ္ဖက္အသင္းသားမ်ား မျမင္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အတြက္ ၿခဳံခိုတိုက္ခိုက္ျခင္းမ်ားလည္း ျပဳလုပ္ႏိုင္ၾကမွာပါ။ AI က ထိန္းခ်ဳပ္ထားတဲ့ Wild Pokemon မ်ားကို အႏိုင္ရေအာင္ တိုက္ခိုက္လိုက္ရင္ေတာ့ ယင္းတို႔ကို ဖမ္းယူႏိုင္ၾကမွာျဖစ္ပါတယ္။

ပြဲရဲ႕ေနာက္ဆုံးမိနစ္မွာ goal မ်ားဟာ ပုံမွန္ထက္ point ၂ ဆ ေပးစြမ္းမွာပါ။ ပြဲအၿပီးမွာေတာ့ point အမ်ားဆုံး score ရရွိထားတဲ့ဘက္က အႏိုင္ရရွိမွာျဖစ္ပါတယ္။ ျပသသြားခဲ့တဲ့ gameplay ဗီဒီယိုအတြင္းမွာေတာ့ Pikachu, Snorlax, Charizard, Lucario စတဲ့ Pokemon မ်ား ပါဝင္ပါတယ္။ Squirtle ဟာ Wartortle အျဖစ္ evolve ျဖစ္ၿပီး Blastoise အျဖစ္ဆက္လက္ evolve ျဖစ္သြားတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ဒါေပမယ့္ Pikachu ကေတာ့ Raichu အျဖစ္ evolve ျဖစ္သြားျခင္းမရွိခဲ့ပါဘူး။ ဒါ့အျပင္ Pichu နဲ႔ Munchlax တို႔လို Pokemon အေသးစားေလးမ်ား မပါဝင္တာကိုလည္း ေတြ႕ရပါတယ္။ ဂိမ္းအတြက္ Pokemon စာရင္းကို တိတိက်က် မေၾကညာထားေသးလို႔ စမ္းသပ္ကစားျပတဲ့ ဗီဒီယိုအတြင္းမွာ မပါဝင္ေသးတဲ့ Pokemon မ်ားဟာ ကစားသူမ်ား ထိန္းခ်ဳပ္ႏိုင္တဲ့ pokemon မ်ားျဖစ္ႏိုင္သလို AI က ထိန္းခ်ဳပ္တဲ့ Wild Pokemon မ်ားလည္း ျဖစ္ေနႏိုင္ပါတယ္။

ျမင္ေတြ႕ခဲ့ရၿပီးတဲ့ Pokemon မ်ားကေတာ့ –
“ကိုင္တြယ္ကစားႏိုင္တဲ့ Pokemon မ်ား”
• Snorlax
• Lucario
• Charmander / Charmeleon / Charizard
• Squirtle / Wartortle / Blastoise
• Pikachu
• Clefairy* / Clefable
• Fletchling / Fletchinder / Talonflame
• Bulbasaur* / Ivysaur* / Venusaur
• Gastly* / Haunter* / Gengar
• Machop / Machoke* / Machamp
“Wild Pokemon မ်ား (ခန္႔မွန္း)”
• Stufful / Bewear
• Aipom
• Joltik / Galvantula
• Rotom
• Altaria
• Toxicroak

MOBA ဂိမ္းအေတြ႕အႀကဳံမ်ားျပားလွတဲ့ Tencent က ပါဝင္ျပဳလုပ္မယ့္ ဒီ Pokemon Unite ဟာ ေကာင္းမြန္တဲ့ဂိမ္းတစ္ခုျဖစ္လာႏိုင္ပါတယ္။ ဒါေပမယ့္ ယခုအခ်ိန္မွာ နာမည္ႀကီးမိုဘိုင္းလ္ MOBA ဂိမ္းတစ္ခုျဖစ္တဲ့ League of Legends: Wild Rift ဟာ အခ်ိန္မေ႐ြးထြက္ရွိလာႏိုင္သလို MLBB, AoV စတဲ့ ဂိမ္းမ်ားကလည္း အခိုင္အမာေနရာယူထားၾကတာမို႔ Pokemon Unite အေနနဲ႔ ေစ်းကြက္ကို ထိုးေဖာက္ဖို႔ ဘယ္လိုႀကိဳးပမ္းမလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ၾကရဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: gamespot