[Zawgyi]

Esports payment platform ျဖစ္တဲ့ “Prize Payments” စတင္ျပီ

 

“Prize Payments” လုိ႔ နာမည္ေပးထားတဲ့ esports payment platform တစ္ခုကို ၾသဂုတ္လ ၁၃ ရက္ေန႔မွာ စတင္ဖြင့္လွစ္ေၾကာင္း ယင္းကုမၸဏီက ေၾကညာလိုက္ပါတယ္။ ဒီကုမၸဏီဟာ Esports ျပိဳင္ပြဲမ်ားမွာ အႏိုင္ရရွိတဲ့ ကစားသမားမ်ားဆီ ဆုေၾကးေငြပိုက္ဆံ ေပးပို႔တဲ့ လုပ္ငန္းစဥ္ကို အဓိကတာဝန္ယူ ေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Esports ျပိဳင္ပြဲမ်ားကို က်င္းပသူမ်ားနဲ႔ ဂိမ္းကုမၸဏီမ်ားဟာ ျပိဳင္ပြဲအႏိုင္ရ ကစားသမားမ်ားကို ဆုေၾကးေငြမ်ား ခ်ီးျမွင့္ရာမွာ ရႈပ္ေထြးတဲ့ ecosystem အခက္အခဲမ်ားကို ရင္ဆိုင္ရေလ့ရွိပါတယ္။ ကစားသမားမ်ားထံ တစ္ခါတစ္ရံ ဆုေၾကးေငြမ်ား ေနာက္က်ျပီးမွ ေရာက္ရွိလာတတ္သလို ႏိုင္ငံအလိုက္ အခြန္ေကာက္ခံမႈႏႈန္းမ်ားလည္း ျမင့္မားလို႔ ကစားသမားမ်ားဟာ ဆုေၾကး အျပည့္အဝ မရၾကပါဘူး။ Currency ကြာျခားမႈအခက္အခဲမ်ားနဲ႔ အျခားျပႆနာအေျမာက္အမ်ားလည္း ရွိပါေသးတယ္။

Prize Payment မွာ ျပိဳင္ပြဲက်င္းပသူမ်ားဟာ ကစားသမားမ်ားအတြက္ ဆုေၾကးေငြ ေပးအပ္လိုက္တဲ့ transaction မ်ားကို ေစာင့္ၾကည့္ႏိုင္မွာျဖစ္သလို ကစားသမားမ်ားဟာလည္း ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္က Currency ေငြေၾကးအမ်ိဳးအစား ၁၁၅ မ်ိဳးနဲ႔ ဆုေၾကးကို ထုတ္ယူႏိုင္မွာပါ။ အရင္က သမားရိုးက် ဆုေၾကးေငြ ေပးပို႔စရိတ္ဟာ ေငြ စုစုေပါင္းရဲ႕ ၁၀% ကေန ၂၀% ထိ ရွိေနခဲ့ျပီး Prize Payments ကို အသုံးျပဳရင္ အဲဒီ ကုန္က်စရိတ္ရဲ႕ တစ္ဝက္ခန့္သာ အသုံးျပဳျပီး ေပးပို႔ႏိုင္မယ္လို႔လည္း ေၾကညာထားပါတယ္။

Prize Payments ရဲ႕ CEO ျဖစ္သူ Han Park က “ကမၻာတစ္လႊားကို ဆုေၾကးေငြ ေပးပို႔ခ်ီးျမွင့္တဲ့ လုပ္ငန္းစဥ္ဟာ ရႈပ္ေထြးလွျပီး အခ်ိန္လည္း အလြန္ယူပါတယ္။ Competitive Esports ေလာကရဲ႕ တိုးတက္လာမႈနဲ႔ အတူ ျပိဳင္ပြဲက်င္းပသူမ်ားနဲ႔ ဂိမ္းကုမၸဏီမ်ားရဲ႕ ျပိဳင္ပြဲျပဳလုပ္စရိတ္ဟာမ်ားလည္း မ်ားျပားလာပါတယ္။ Prize Payments ရဲ႕ ဝန္ေဆာင္မႈဟာ ဆုေၾကးေငြမ်ား ကစားသမားမ်ားေရာက္ရွိဖို႔ ပိုမို ျမန္ဆန္ေစမွာျဖစ္ျပီး ကုန္က်စရိတ္လည္း သက္သာေစမွာပါ။ ကြ်န္ေတာ္တို႔ဟာ ကစားသမားမ်ားကိုေရာ ျပိဳင္ပြဲက်င္းပသူမ်ားကိုပါ ကူညီခ်င္တာျဖစ္ျပီး ဒါဟာ ႏွစ္ဦးႏွစ္ဖက္လုံးအတြက္ အဆင္ေျပေခ်ာေမြ႔မယ့္ ေျဖရွင္းနည္းျဖစ္ပါတယ္။ ” လို႔ ေျပာၾကားခဲ့ပါတယ္။

Prize Payments ကို ထူေထာင္သူ Han Park ဟာ ESL ရဲ႕ president ေဟာင္းျဖစ္သလုိ ESL ရဲ႕ vice president ေဟာင္း Spike Laurie နဲ႕ ESL ရဲ႕ project analyst ေဟာင္း Everett Coleman တို႔လည္း ထူေထာင္သူမ်ားထဲမွာ ပါဝင္ပါတယ္။ Prize Payment ကို ထူေထာင္သူမ်ားဟာ သက္ဆိုင္တဲ့နယ္ပယ္မွာ အေတြ႔အၾကံဳမ်ားလွသူမ်ားမို႔ ဒီစနစ္ဟာ ေအာင္ျမင္လာႏိုင္တယ္လို႔ ကြ်မ္းက်င္သူမ်ားက သုံးသပ္ေနၾကပါတယ္။

Fornite World Cup နဲ႔ Dota 2 ရဲ႕ The International တို႔လို ဆုေၾကးေငြ ေဒၚလာ သန္းခ်ီတဲ့ ျပိဳင္ပြဲမ်ား က်င္းပေနမႈနဲ႔ အတူ esports ေလာကဟာလည္း တဟုန္ထိုး တိုးတက္လ်က္ရွိပါတယ္။ Prize Payments ေပၚေပါက္လာျခင္းဟာ ျပိဳင္ပြဲက်င္းပသူမ်ားကို အဘက္ဘက္က သက္သာေအာင္ ေဆာင္ရြက္ေပးႏိုင္သလို ကစားသမားမ်ားအတြက္လည္း ပိုမိုအဆင္ေျပလာေစခဲ့ရင္ esports ျပိဳင္ပြဲမ်ား က်င္းပတာ ဒီထက္ ပိုမ်ားျပီး ပိုၾကီးက်ယ္ခန္းနားလာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္တင္ဆက္လ်က္ရွိပါတယ္။


[Unicode]

Esports payment platform ဖြစ်တဲ့ “Prize Payments” စတင်ပြီ

 

“Prize Payments” လို့ နာမည်ပေးထားတဲ့ esports payment platform တစ်ခုကို သြဂုတ်လ ၁၃ ရက်နေ့မှာ စတင်ဖွင့်လှစ်ကြောင်း ယင်းကုမ္ပဏီက ကြေညာလိုက်ပါတယ်။ ဒီကုမ္ပဏီဟာ Esports ပြိုင်ပွဲများမှာ အနိုင်ရရှိတဲ့ ကစားသမားများဆီ ဆုကြေးငွေပိုက်ဆံ ပေးပို့တဲ့ လုပ်ငန်းစဉ်ကို အဓိကတာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Esports ပြိုင်ပွဲများကို ကျင်းပသူများနဲ့ ဂိမ်းကုမ္ပဏီများဟာ ပြိုင်ပွဲအနိုင်ရ ကစားသမားများကို ဆုကြေးငွေများ ချီးမြှင့်ရာမှာ ရှုပ်ထွေးတဲ့ ecosystem အခက်အခဲများကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ကစားသမားများထံ တစ်ခါတစ်ရံ ဆုကြေးငွေများ နောက်ကျပြီးမှ ရောက်ရှိလာတတ်သလို နိုင်ငံအလိုက် အခွန်ကောက်ခံမှုနှုန်းများလည်း မြင့်မားလို့ ကစားသမားများဟာ ဆုကြေး အပြည့်အဝ မရကြပါဘူး။ Currency ကွာခြားမှုအခက်အခဲများနဲ့ အခြားပြဿနာအမြောက်အများလည်း ရှိပါသေးတယ်။

Prize Payment မှာ ပြိုင်ပွဲကျင်းပသူများဟာ ကစားသမားများအတွက် ဆုကြေးငွေ ပေးအပ်လိုက်တဲ့ transaction များကို စောင့်ကြည့်နိုင်မှာဖြစ်သလို ကစားသမားများဟာလည်း နိုင်ငံပေါင်း ၁၈၀ ကျော်က Currency ငွေကြေးအမျိုးအစား ၁၁၅ မျိုးနဲ့ ဆုကြေးကို ထုတ်ယူနိုင်မှာပါ။ အရင်က သမားရိုးကျ ဆုကြေးငွေ ပေးပို့စရိတ်ဟာ ငွေ စုစုပေါင်းရဲ့ ၁၀% ကနေ ၂၀% ထိ ရှိနေခဲ့ပြီး Prize Payments ကို အသုံးပြုရင် အဲဒီ ကုန်ကျစရိတ်ရဲ့ တစ်ဝက်ခန့်သာ အသုံးပြုပြီး ပေးပို့နိုင်မယ်လို့လည်း ကြေညာထားပါတယ်။

Prize Payments ရဲ့ CEO ဖြစ်သူ Han Park က “ကမ္ဘာတစ်လွှားကို ဆုကြေးငွေ ပေးပို့ချီးမြှင့်တဲ့ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးလှပြီး အချိန်လည်း အလွန်ယူပါတယ်။ Competitive Esports လောကရဲ့ တိုးတက်လာမှုနဲ့ အတူ ပြိုင်ပွဲကျင်းပသူများနဲ့ ဂိမ်းကုမ္ပဏီများရဲ့ ပြိုင်ပွဲပြုလုပ်စရိတ်ဟာများလည်း များပြားလာပါတယ်။ Prize Payments ရဲ့ ဝန်ဆောင်မှုဟာ ဆုကြေးငွေများ ကစားသမားများရောက်ရှိဖို့ ပိုမို မြန်ဆန်စေမှာဖြစ်ပြီး ကုန်ကျစရိတ်လည်း သက်သာစေမှာပါ။ ကျွန်တော်တို့ဟာ ကစားသမားများကိုရော ပြိုင်ပွဲကျင်းပသူများကိုပါ ကူညီချင်တာဖြစ်ပြီး ဒါဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေချောမွေ့မယ့် ဖြေရှင်းနည်းဖြစ်ပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

Prize Payments ကို ထူထောင်သူ Han Park ဟာ ESL ရဲ့ president ဟောင်းဖြစ်သလို ESL ရဲ့ vice president ဟောင်း Spike Laurie နဲ့ ESL ရဲ့ project analyst ဟောင်း Everett Coleman တို့လည်း ထူထောင်သူများထဲမှာ ပါဝင်ပါတယ်။ Prize Payment ကို ထူထောင်သူများဟာ သက်ဆိုင်တဲ့နယ်ပယ်မှာ အတွေ့အကြုံများလှသူများမို့ ဒီစနစ်ဟာ အောင်မြင်လာနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။

Fornite World Cup နဲ့ Dota 2 ရဲ့ The International တို့လို ဆုကြေးငွေ ဒေါ်လာ သန်းချီတဲ့ ပြိုင်ပွဲများ ကျင်းပနေမှုနဲ့ အတူ esports လောကဟာလည်း တဟုန်ထိုး တိုးတက်လျက်ရှိပါတယ်။ Prize Payments ပေါ်ပေါက်လာခြင်းဟာ ပြိုင်ပွဲကျင်းပသူများကို အဘက်ဘက်က သက်သာအောင် ဆောင်ရွက်ပေးနိုင်သလို ကစားသမားများအတွက်လည်း ပိုမိုအဆင်ပြေလာစေခဲ့ရင် esports ပြိုင်ပွဲများ ကျင်းပတာ ဒီထက် ပိုများပြီး ပိုကြီးကျယ်ခန်းနားလာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်လျက်ရှိပါတယ်။