အပြောင်းအလဲကောင်းတွေနဲ့ Warcraft ရဲ့ Era အသစ် Shadowlands

 

Mmorpg ဂိမ်းတွေရဲ့ ဘုရင်တဆူလို့ ဆိုနိုင်တဲ့ world of warcraft အတွက် ၉ခု မြောက် expansion အနေနဲ့ Shadowlands expansion ကို launch လုပ်ခဲ့တာ အခုဆိုရင် ဒုတိယပတ်အကုန် တတိယအပတ်ထဲကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Blizzard Entertainment. အနေနဲ့ သူတို့ရဲ့ warcraft သက်တမ်း ၁၆နှစ်တာ ကာလအတွင်း ပထမဦးဆုံးအနေနဲ့ အပြောင်းလဲ အကြီးကြီးတွေကို ဒီ Shadowlands expansion ထဲမှာ ထည့်သွင်းခဲ့ကြပါတယ်။ တချို့ အပြောင်းအလဲတွေဟာ အရင်က expansionတွေ နဲ့ ဘာမှမဆိုင်တော့လောက်အောင် ပြောင်းလဲသွားပေမဲ့ core player တွေ ကြားမှာ positive comment အများအပြား ရခဲ့တာကြောင့် ကောင်းသော ပြောင်းလဲခြင်းလို့ပဲ သုံးသပ်ရမှာပါပဲ။

 

ဒီပြောင်းလဲမှုတွေထဲမှာ အထူးခြားဆုံးကတော့ max level cap ပါပဲ။ ပထမဦးဆုံးထွက်ခဲ့တဲ့ vanilla wowကနေ စပြီး နောက်ဆုံး Battle for Azeroth အထိ max level cap ဟာ 1 – 120 အထိ ဖြစ်ခဲ့ပါတယ်။ expansion တစ်ခုကို 10 lvl တိုးတဲ့ wow ရဲ့ ပုံစံကြောင့် ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်ဆို max level capဟာ 130 တွေ 140 တွေ ဖြစ်ပြီး အရမ်းကို ဖောင်းပွတော့မှာပါ။

 

ဒါကြောင့် ဒီပြသနာကို ဖြေရှင်းတဲ့အနေနဲ့ အခု Shadowlands အရောက်မှာတော့ max level cap ကို 1 – 60 အဖြစ် ပြောင်းလဲ သတ်မှတ်ပေးလိုက်ပါတယ်။ player တွေ အနေနဲ့ မိမိတို့ရဲ့ lvl 120 character တွေဟာ lvl 50 character တွေ ဖြစ်သွားပြီး lvl 60 ရောက်တဲ့အထိ Shadowlands မှာ ဆက်တင်ရမှာ ဖြစ်ပါတယ်။

နောက်ထပ်အပြောင်းအလဲ တစ်ခုကတော့ leveling system အသစ်ပါပဲ။ ကျနော်တို့ သိခဲ့တဲ့ အရင်က leveling system ဟာ zone ပေါ်အများကြီး မူတည်နေတာကြောင့် map တစ်ခုမှာရှိတဲ့ story chain quest တွေဟာ သိပ်အရေးမပါခဲ့ပါဘူး။ ကိုယ့် character က lvl များနေပြီး zone ရဲ့ lvl က နည်းနေမယ်ဆိုရင် ဘယ်သူမှ အဲ့ story chain quest ကို အချိန်ကုန်ခံ ဆက်မလုပ်နေပါဘူး။ map တွေကလည်း အများကြီးရှိတာကြောင့် တခြား lvl သာတဲ့ map ကို ချက်ချင်း ကူးသွားကြမှာပါပဲ။ ဒါဟာ wow ရဲ့အဓိက အနှစ်သာရ ဖြစ်တဲ့ story ပိုင်းကို player တွေနဲ့ အလှမ်းဝေးစေတဲ့ အချက်ပါ။ ဒါကြောင့် ပိုကောင်းတဲ့ leveling system တစ်ခုကို ပြောင်းလဲလိုက်တာက ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါပဲ။ စာသိပ်မဖတ်ဘဲ ဆော့တဲ့သူတွေအတွက်တော့ အခက်ကြုံနိုင်ပါတယ်။

အခု Shadowlands expansion မှာ အရင်တုန်းကလို မဟုတ်တော့ဘဲ player တွေ အနေနဲ့ မိမိတို့ character lvl 10 ရောက်ပြီ ဆိုတာနဲ့ မိမိတို့ ကြိုက်တဲ့ story line ကိုရွေးပြီး level ဆက်တင်လို့ ရနေပါပြီ။ ဥပမာ ကိုယ်က Lich king ဇာတ်လမ်း ကို ကြိုက်တယ် ဆိုပါစို့၊ ဒါဆို lvl 10 ရောက်တာနဲ့ wotlk patch ကိုရွေးပြီး ဆက်ကစားရုံပါပဲ။ ဒါမှမဟုတ် မိမိက cataclysm ကြိုက်ရင် Cataclysm, MoP ကြိုက်ရင် MoP, စသဖြင့် မိမိ ကြိုက်နှစ်သက်ရာ patch ကိုရွေးပြီး ဆက်ကစားသွားရုံပါပဲ။

မိမိ ရွေးချယ်လိုက်တဲ့ patch ကိုလိုက်ကာ main story Quest ကို auto စပေးသွားပြီး main story ကို ဆော့တာနဲ့တင် lvl 10 – 50 ကို အလွယ်တကူ ရောက်နိုင်ပါတယ်။ side quest တွေမလုပ်ရင်တောင် အိုကေနေပါပြီ။ lvl 50 ရောက်ရင်တော့ Shadowlands က quest တွေနဲ့ max lvl 60 အထိ ဆက်ဆော့ရုံပါပဲ။ Story တစ်ခုတည်းကို အာရုံစိုက်ရမှာကြောင့် zone တွေ အများကြီး လျောက်ကူးစရာမလိုတော့ပါဘူး။ new player တွေ အတွက်ရော old player တွေ အတွက်ပါ အဆင်ပြေစေတဲ့ အပြောင်းအလဲ တစ်ခုပါပဲ။

ဒါအပြင် အရင်က lore တွေနဲ့ ကွဲထွက်နေတဲ့ story line အသစ် အသစ်တွေ၊ character customization အသစ် အလန်းစားတွေ၊ renew လုပ်ပေးထားတဲ့ class ability အသစ်တွေ၊ player choice base ကို ဦးတည်မယ့် game play ပုံစံ အသစ်တွေကြောင့် ဒီ World of Warcraft ရဲ့ ၉ ခုမြောက် expansion ဖြစ်တဲ့ Shadowlands ဟာ mmorpg ပရိသတ် တွေ WoW hardcore fan တွေ အနေနဲ့ မဖြစ်မနေ try ကြည့်သင့်တဲ့ expansion တစ်ခုလို့ပဲ ဆိုရမှာပါပဲဗျာ။

#yooyar