[ZawGyi]

ဇြန္လမွာ Season အသစ္စမယ္ဆုိတဲ့ Auto Chess Mobile

 

Dota 2 ဂိမ္းထဲမွာ Arcade Mod တစ္ခုအျဖစ္ အေပ်ာ္တမ္းေဆာ့ကစားႏုိင္တဲ့ Dota Auto Chess ကို တရုတ္အေျခစုိက္ Drodo Studio က ၂၀၁၉ ခုႏွစ္ ဇႏၷဝါရီလ ၄ ရက္ေန႔မွာ စတင္ထုတ္လႊင့္ခဲ့ပါတယ္။ Dota Auto Chess ဟာ ဘယ္ေလာက္ေတာင္ လူႀကိဳက္မ်ားသြားသလဲ ဆုိရင္ ဧၿပီလ ၂၈ ရက္ေန႔ကို ေရာက္တဲ့အခါမွာ ဒီ Mod ကို ဝင္ေဆာ့တဲ့သူ ၈ သန္းထိ ရွိေနပါၿပီ။

မူလ Warcraft 3 ဂိမ္းထဲမွာ Mod တစ္ခုအျဖစ္ကေန နာမည္ႀကီးလာၿပီး ယေန႔ Esports အထင္ကရ ျဖစ္လာတဲ့ Dota 2 ကုိ ေခၚယူေမြးစားခဲ့တဲ့ Valve ဟာ ဒီအခြင့္အေရးကိုလည္း လက္လြတ္မခံဘဲ Auto Chess ကို သီးသန္႔ Standalone ဂိမ္းအျဖစ္ အသက္သြင္းဖို႔ ဖန္တီးရွင္ Drodo အဖြဲ႕နဲ႔ ညွိႏႈိင္းခဲ့ေပမယ့္ အဆင္မေျပခဲ့ပါဘူး။

ဒီလိုနဲ႔ Drodo ကလည္း Auto Chess ကို ကိုယ္ပိုင္မုိဘုိင္း App တစ္ခု ဖန္တီးမွာျဖစ္သလို Valve ကလည္း သူ႕ကိုယ္ပုိင္ Dota Auto Chess Standalone ဂိမ္း ထုတ္မယ္ဆုိၿပီးျဖစ္သြားခဲ့တယ္။ Drodo ကေတာ့ ေျချမန္လက္ျမန္ပဲ ဧၿပီလအတြင္းမွာ ဝက္ဆုိက္တစ္ခုေကာက္ေထာင္လိုက္ၿပီးေတာ့ မၾကာခင္ မုိဘုိင္း Auto Chess ကိုတရားဝင္ထုတ္ေတာ့မယ္လို႔ ေၾကျငာလိုက္ပါတယ္။

အေစာပုိင္းမွာ သူတုိ႔ရဲ႕ဝက္ဆုိက္ www.zizuoqi.com ကေန စမ္းသပ္ Alpha ဗားရွင္းကို ေဒါင္းလုပ္ဆြဲယူ ေဆာ့ကစားခြင့္ ေပးခဲ့ေပမယ့္ အဆင္ေျပတဲ့ ဖုန္းကအဆင္ေျပၿပီး မေျပတဲ့လူက မေျပပါဘူး။ ေမလ ၁၈ ရက္ေန႔ က်မွ Google Play Store မွာ ႀကိဳတင္ Register လုပ္ထားတဲ့ သူေတြကို အီးေမးလ္ပုိ႔ၿပီး Closed Beta ေဆာ့ကစားခြင့္ ေပးခဲ့ပါတယ္။ အဲ့ဒီထဲမွာ ကၽြန္ေတာ္လည္း တစ္ေယာက္ အပါအဝင္ေပါ့။

Drodo Studio ဟာ တရုတ္ျပည္တြင္းမွာ Esports Event အႀကီးစားေတြ ျပဳလုပ္ေနတဲ့ ImbaTV နဲ႔ ပူးေပါင္းၿပီး Auto Chess Mobile ကို ထုတ္ခဲ့တယ္လို႔ ဆုိပါတယ္။ မူပုိင္ခြင့္အရ Dota 2 ဟီးရုိးေတြရဲ႕ သြင္ျပင္နဲ႔ နာမည္ေတြ၊ Spell ေတြရဲ႕ နာမည္ေတြနဲ႔ရွင္းလင္းခ်က္ေတြကို ဆင္တူယုိးမွားေလး လုပ္ထားတာေၾကာင့္ Dota 2 Auto Chess သမားေတြ မုိဘုိင္းဗားရွင္းေျပာင္းေဆာ့ရင္လည္း ဟီးရုိးေတြ မွတ္မိေအာင္ေတာ့ လုပ္ရဦးမွာပါ။ ဒါေပမယ့္ ဒီမွာက အျမင့္ဆုံး Legendary အဆင့္ေတာင္ ၅ ေကာင္ပဲရွိေသးၿပီး အေကာင္သိပ္မစုံေသးေတာ့ လြယ္ပါတယ္။ နာမည္ေတြကေတာ့ Alchemist ဆုိရင္ Venomancer လို႔ေပးထားတာမ်ဳိးေတြ ရွိတယ္။

လက္ရွိမွာ Android ကေတာ့ Closed Beta ေဆာ့ရတာ အရမ္းအဆင္ေျပေနပါတယ္။ ေမလ ၂၉ ရက္ေန႔မွာ iOS ကိုလည္း အလားတူ စမ္းသပ္ဗားရွင္းတစ္ခု ခ်ေပးေတာ့မယ္လို႔ ေျပာထားၿပီး ဇြန္လ ၁ ရက္ေန႔မွာေတာ့ Android ဘက္က ၾကိဳေဆာ့ထားတဲ့ သူေတြကို Season တစ္ခု Reset ျပန္စမယ္လို႔ စာပို႔ထားတယ္။ ဒီေတာ့ Season အသစ္စတာနဲ႔ က်န္တဲ့ဂိမ္းေတြလိုပဲ လက္ရွိေရာက္ေနတဲ့ Rank ကေန ေအာက္ကို သတ္မွတ္ထားသေလာက္ ျပန္က်သြားမွာျဖစ္သလို Reward ေတြလည္း ေပးမယ္လို႔ေတာ့ ေျပာထားပါတယ္။ ဒါေၾကာင့္ Auto Chess Mobile ရဲ႕ Season 1 ဟာ လာမယ့္ ဇြန္လ ၁ ရက္ေန႔မွာ စတင္မယ္လို႔ အၾကမ္းဖ်င္း ေျပာႏုိင္ပါတယ္။

အခုမွ စေဆာ့မယ့္ သူေတြအတြက္ေတာ့ Drodo ရဲ႕ Auto Chess က ေတာ္ေတာ္အဆင္ေျပမွာပါ။ ရုိးရွင္းတဲ့ Tutorial တစ္ခုပါတယ္။ ဂရပ္ဖစ္ပုံေတြက ရွင္းလင္းတယ္၊ ေနာက္ၿပီး UI ပုိင္းမွာ ကိုယ္ၾကိဳက္သလုိ Customize လုပ္လို႔ရတယ္။ ခုခ်ိန္က ဟီးရိုးလည္း သိပ္မမ်ားေသးေတာ့ မွတ္ရတာ လြယ္မွာပါ။ မၾကာခင္မွာ Auto Chess Mobile မွာ MMR တက္လုိသူေတြအတြက္ Beginner Guide ေလးတစ္ခုေလာက္ ထပ္မံတင္ဆက္ေပးပါဦးမယ္။ ကၽြန္ေတာ္တုိ႔ရဲ႕ Gaming Noodle ကို Like and Follow လုပ္ထားၿပီး ေစာင့္ေနေပးပါ ခင္ဗ်ာ။

============================================

[Unicode]

ဇွန်လမှာ Season အသစ်စမယ်ဆိုတဲ့ Auto Chess Mobile

 

Dota 2 ဂိမ်းထဲမှာ Arcade Mod တစ်ခုအဖြစ် အပျော်တမ်းဆော့ကစားနိုင်တဲ့ Dota Auto Chess ကို တရုတ်အခြေစိုက် Drodo Studio က ၂၀၁၉ ခုနှစ် ဇန္နဝါရီလ ၄ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။ Dota Auto Chess ဟာ ဘယ်လောက်တောင် လူကြိုက်များသွားသလဲ ဆိုရင် ဧပြီလ ၂၈ ရက်နေ့ကို ရောက်တဲ့အခါမှာ ဒီ Mod ကို ဝင်ဆော့တဲ့သူ ၈ သန်းထိ ရှိနေပါပြီ။

မူလ Warcraft 3 ဂိမ်းထဲမှာ Mod တစ်ခုအဖြစ်ကနေ နာမည်ကြီးလာပြီး ယနေ့ Esports အထင်ကရ ဖြစ်လာတဲ့ Dota 2 ကို ခေါ်ယူမွေးစားခဲ့တဲ့ Valve ဟာ ဒီအခွင့်အရေးကိုလည်း လက်လွတ်မခံဘဲ Auto Chess ကို သီးသန့် Standalone ဂိမ်းအဖြစ် အသက်သွင်းဖို့ ဖန်တီးရှင် Drodo အဖွဲ့နဲ့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ဒီလိုနဲ့ Drodo ကလည်း Auto Chess ကို ကိုယ်ပိုင်မိုဘိုင်း App တစ်ခု ဖန်တီးမှာဖြစ်သလို Valve ကလည်း သူ့ကိုယ်ပိုင် Dota Auto Chess Standalone ဂိမ်း ထုတ်မယ်ဆိုပြီးဖြစ်သွားခဲ့တယ်။ Drodo ကတော့ ခြေမြန်လက်မြန်ပဲ ဧပြီလအတွင်းမှာ ဝက်ဆိုက်တစ်ခုကောက်ထောင်လိုက်ပြီးတော့ မကြာခင် မိုဘိုင်း Auto Chess ကိုတရားဝင်ထုတ်တော့မယ်လို့ ကြေငြာလိုက်ပါတယ်။

အစောပိုင်းမှာ သူတို့ရဲ့ဝက်ဆိုက် www.zizuoqi.com ကနေ စမ်းသပ် Alpha ဗားရှင်းကို ဒေါင်းလုပ်ဆွဲယူ ဆော့ကစားခွင့် ပေးခဲ့ပေမယ့် အဆင်ပြေတဲ့ ဖုန်းကအဆင်ပြေပြီး မပြေတဲ့လူက မပြေပါဘူး။ မေလ ၁၈ ရက်နေ့ ကျမှ Google Play Store မှာ ကြိုတင် Register လုပ်ထားတဲ့ သူတွေကို အီးမေးလ်ပို့ပြီး Closed Beta ဆော့ကစားခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာ ကျွန်တော်လည်း တစ်ယောက် အပါအဝင်ပေါ့။

Drodo Studio ဟာ တရုတ်ပြည်တွင်းမှာ Esports Event အကြီးစားတွေ ပြုလုပ်နေတဲ့ ImbaTV နဲ့ ပူးပေါင်းပြီး Auto Chess Mobile ကို ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ မူပိုင်ခွင့်အရ Dota 2 ဟီးရိုးတွေရဲ့ သွင်ပြင်နဲ့ နာမည်တွေ၊ Spell တွေရဲ့ နာမည်တွေနဲ့ရှင်းလင်းချက်တွေကို ဆင်တူယိုးမှားလေး လုပ်ထားတာကြောင့် Dota 2 Auto Chess သမားတွေ မိုဘိုင်းဗားရှင်းပြောင်းဆော့ရင်လည်း ဟီးရိုးတွေ မှတ်မိအောင်တော့ လုပ်ရဦးမှာပါ။ ဒါပေမယ့် ဒီမှာက အမြင့်ဆုံး Legendary အဆင့်တောင် ၅ ကောင်ပဲရှိသေးပြီး အကောင်သိပ်မစုံသေးတော့ လွယ်ပါတယ်။ နာမည်တွေကတော့ Alchemist ဆိုရင် Venomancer လို့ပေးထားတာမျိုးတွေ ရှိတယ်။

လက်ရှိမှာ Android ကတော့ Closed Beta ဆော့ရတာ အရမ်းအဆင်ပြေနေပါတယ်။ မေလ ၂၉ ရက်နေ့မှာ iOS ကိုလည်း အလားတူ စမ်းသပ်ဗားရှင်းတစ်ခု ချပေးတော့မယ်လို့ ပြောထားပြီး ဇွန်လ ၁ ရက်နေ့မှာတော့ Android ဘက်က ကြိုဆော့ထားတဲ့ သူတွေကို Season တစ်ခု Reset ပြန်စမယ်လို့ စာပို့ထားတယ်။ ဒီတော့ Season အသစ်စတာနဲ့ ကျန်တဲ့ဂိမ်းတွေလိုပဲ လက်ရှိရောက်နေတဲ့ Rank ကနေ အောက်ကို သတ်မှတ်ထားသလောက် ပြန်ကျသွားမှာဖြစ်သလို Reward တွေလည်း ပေးမယ်လို့တော့ ပြောထားပါတယ်။ ဒါကြောင့် Auto Chess Mobile ရဲ့ Season 1 ဟာ လာမယ့် ဇွန်လ ၁ ရက်နေ့မှာ စတင်မယ်လို့ အကြမ်းဖျင်း ပြောနိုင်ပါတယ်။

အခုမှ စဆော့မယ့် သူတွေအတွက်တော့ Drodo ရဲ့ Auto Chess က တော်တော်အဆင်ပြေမှာပါ။ ရိုးရှင်းတဲ့ Tutorial တစ်ခုပါတယ်။ ဂရပ်ဖစ်ပုံတွေက ရှင်းလင်းတယ်၊ နောက်ပြီး UI ပိုင်းမှာ ကိုယ်ကြိုက်သလို Customize လုပ်လို့ရတယ်။ ခုချိန်က ဟီးရိုးလည်း သိပ်မများသေးတော့ မှတ်ရတာ လွယ်မှာပါ။ မကြာခင်မှာ Auto Chess Mobile မှာ MMR တက်လိုသူတွေအတွက် Beginner Guide လေးတစ်ခုလောက် ထပ်မံတင်ဆက်ပေးပါဦးမယ်။ ကျွန်တော်တို့ရဲ့ Gaming Noodle ကို Like and Follow လုပ်ထားပြီး စောင့်နေပေးပါ ခင်ဗျာ။

#Dota2 #DotaAutoChess #Drodo #Valve