[Unicode]

Steam ပေါ်မှာ ဂိမ်းကစားသူအရေအတွက် စံချိန်တင်မြင့်တက်

 

နာမည်ကျော် PC gaming ပလက်ဖောင်းကြီးတစ်ခုဖြစ်တဲ့ Steam ဟာ ယင်းရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ တစ်ချိန်တည်း ဝင်ရောက်အသုံးပြုသူ အများဆုံးအရေအတွက်ကို မကြာသေးမီကမှ စံချိန်တင်ရရှိသွားခဲ့ပါတယ်။ ဒီလိုရရှိခဲ့ခြင်းဟာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခြင်း မခံရစေဖို့အတွက် အိမ်မှာပဲနေပြီး ဂိမ်းကစားသူ များပြားလာလို့ဖြစ်ကြောင်း လူအများက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအချိန်မှာ Steam ကိုဝင်ရောက်အသုံးပြုသူပေါင်း ၂၀,၃၁၃,၄၅၁ ဟာ တစ်ချိန်တည်းအွန်လိုင်းရှိနေခဲ့ကြလို့ ယခုစံချိန်ကို တင်နိုင်ခဲ့တာပါ။ ယင်းတို့ထဲမှာမှ အသုံးပြုသူပေါင်း ၆.၄ သန်းကျော်ဟာ ဂိမ်းများကို ဆော့ကစားနေခဲ့ကြပါတယ်။ Steam ပေါ်မှာ လူပေါင်း သန်း ၂၀ ကျော် တစ်ချိန်တည်းအွန်လိုင်းရှိနေခဲ့တာ ယခုအကြိမ်ဟာ ပထမဆုံးဖြစ်ပါတယ်။

Steam ဟာ ပြီးခဲ့တဲ့လကလည်း တစ်ချိန်တည်းဝင်ရောက်အသုံးပြုသူအရေအတွက် ၁၉ သန်းကျော် စံချိန်ကို ရရှိခဲ့ပါသေးတယ်။ ယခုအရေအတွက်ကတော့ ယင်းစံချိန်ဟောင်းကို ကျော်လွန်သွားခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံတကာမှာ လူစည်ကားတဲ့နေရာများကို ပိတ်ထားသရွေ့ ယခုထက် ပိုမိုများပြားလာနိုင်တဲ့အလားအလာရှိနေကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြပါတယ်။

ယခုလပိုင်းအတွင်း Steam ပေါ်မှာ ထူးထူးခြားခြား ဂိမ်းအသစ်ထွက်ရှိခဲ့ခြင်းမျိုးတော့ မရှိပါဘူး။ Steam အသုံးပြုသူအများစုဟာ CS:GO, Dota 2 နဲ့ PUBG တို့လို ဂန္ထဝင်ဂိမ်းကြီးများကိုပဲ ဆော့ကစားလျက်ရှိကြပါတယ်။ CS:GO ဟာ တစ်ချိန်တည်းဝင်ရောက်ကစားသူအများဆုံးအရေအတွက် ၁,၀၂၄,၈၄၅ အထိ ရရှိခဲ့ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်နေခဲ့သလို Dota 2 နဲ့ PUBG တို့ဟာလည်း ၇၀၁,၆၃၂ နဲ့ ၅၁၅,၀၅၀ တို့စီ အသီးသီးရရှိခဲ့ကြပါတယ်။

ကစားသူများ ဆက်တိုက်လျော့နည်းနေခဲ့တဲ့ Dota 2 ဟာ ဖေဖော်ဝါရီလက စလို့ ကစားသူအရေအတွက် ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း Dota 2 ပေါ်မှာ ပျမ်းမျှကစားသူအရေအတွက် ၃၇၈,၉၂၅ သာ ရှိခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ၄၀၅,၉၇၈ အထိ ရှိလာခဲ့လို့ ၇ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာပါ။ ယခုအချိန်ထိလည်း ကစားသူအရေအတွက် ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။

လူအများကို အိမ်မှာနေကြဖို့ သက်ဆိုင်ရာများက တိုက်တွန်းနှိုးဆော်နေရချိန်များမှာ ဗီဒီယိုဂိမ်းကစားခြင်းဟာ အကောင်းဆုံးသော အိမ်တွင်းဖျော်ဖြေရေးတစ်ခုပဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် Esports ဂိမ်းပြိုင်ပွဲကြီးများကို ခေတ္တရပ်ဆိုင်းနေကြရပေမယ့် လူအများကို စိတ်ပျော်ရွှင်မှုပေးစွမ်းနိုင်တဲ့ ဗီဒီယိုဂိမ်းများဟာ အနာဂတ်မှာ ယခုထက်ပိုမိုခေတ်စားလာဦးမှာပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ်တင်ဆက်ပေးလျက်ရှိပါတယ်။

source: TheVerge, steamdb.info


[Unicode]

Steam ေပၚမွာ ဂိမ္းကစားသူအေရအတြက္ စံခ်ိန္တင္ျမင့္တက္

 

နာမည္ေက်ာ္ PC gaming ပလက္ေဖာင္းႀကီးတစ္ခုျဖစ္တဲ့ Steam ဟာ ယင္းရဲ႕သမိုင္းေၾကာင္းတစ္ေလွ်ာက္မွာ တစ္ခ်ိန္တည္း ဝင္ေရာက္အသုံးျပဳသူ အမ်ားဆုံး အေရအတြက္ကို မၾကာေသးမီကမွ စံခ်ိန္တင္ရရွိသြားခဲ့ပါတယ္။ ဒီလိုရရွိခဲ့ျခင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ (COVID-19) ကူးစက္ျခင္း မခံရေစဖို႔အတြက္ အိမ္မွာပဲေနၿပီး ဂိမ္းကစားသူ မ်ားျပားလာလို႔ျဖစ္ေၾကာင္း လူအမ်ားက သုံးသပ္ၾကပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔ မြန္းလြဲပိုင္းအခ်ိန္မွာ Steam ကိုဝင္ေရာက္အသုံးျပဳသူေပါင္း ၂၀,၃၁၃,၄၅၁ ဟာ တစ္ခ်ိန္တည္းအြန္လိုင္းရွိေနခဲ့ၾကလို႔ ယခုစံခ်ိန္ကို တင္ႏိုင္ခဲ့တာပါ။ ယင္းတို႔ထဲမွာမွ အသုံးျပဳသူေပါင္း ၆.၄ သန္းေက်ာ္ဟာ ဂိမ္းမ်ားကို ေဆာ့ကစားေနခဲ့ၾကပါတယ္။ Steam ေပၚမွာ လူေပါင္း သန္း ၂၀ ေက်ာ္ တစ္ခ်ိန္တည္းအြန္လိုင္းရွိေနခဲ့တာ ယခုအႀကိမ္ဟာ ပထမဆုံးျဖစ္ပါတယ္။

Steam ဟာ ၿပီးခဲ့တဲ့လကလည္း တစ္ခ်ိန္တည္းဝင္ေရာက္အသုံးျပဳသူအေရအတြက္ ၁၉ သန္းေက်ာ္ စံခ်ိန္ကို ရရွိခဲ့ပါေသးတယ္။ ယခုအေရအတြက္ကေတာ့ ယင္းစံခ်ိန္ေဟာင္းကို ေက်ာ္လြန္သြားခဲ့တာျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ႏိုင္ငံတကာမွာ လူစည္ကားတဲ့ေနရာမ်ားကို ပိတ္ထားသေ႐ြ႕ ယခုထက္ ပိုမိုမ်ားျပားလာႏိုင္တဲ့အလားအလာရွိေနေၾကာင္း ကြၽမ္းက်င္သူမ်ားက သုံးသပ္ၾကပါတယ္။

ယခုလပိုင္းအတြင္း Steam ေပၚမွာ ထူးထူးျခားျခား ဂိမ္းအသစ္ထြက္ရွိခဲ့ျခင္းမ်ိဳးေတာ့ မရွိပါဘူး။ Steam အသုံးျပဳသူအမ်ားစုဟာ CS:GO, Dota 2 နဲ႔ PUBG တို႔လို ဂႏၴဝင္ဂိမ္းႀကီးမ်ားကိုပဲ ေဆာ့ကစားလ်က္ရွိၾကပါတယ္။ CS:GO ဟာ တစ္ခ်ိန္တည္းဝင္ေရာက္ကစားသူအမ်ားဆုံးအေရအတြက္ ၁,၀၂၄,၈၄၅ အထိ ရရွိခဲ့ၿပီး ထိပ္ဆုံးေနရာမွာ ရပ္တည္ေနခဲ့သလို Dota 2 နဲ႔ PUBG တို႔ဟာလည္း ၇၀၁,၆၃၂ နဲ႔ ၅၁၅,၀၅၀ တို႔စီ အသီးသီးရရွိခဲ့ၾကပါတယ္။

ကစားသူမ်ား ဆက္တိုက္ေလ်ာ့နည္းေနခဲ့တဲ့ Dota 2 ဟာ ေဖေဖာ္ဝါရီလက စလို႔ ကစားသူအေရအတြက္ ျပန္လည္ျမင့္တက္လာခဲ့ပါတယ္။ ဇန္နဝါရီလအတြင္း Dota 2 ေပၚမွာ ပ်မ္းမွ်ကစားသူအေရအတြက္ ၃၇၈,၉၂၅ သာ ရွိခဲ့ၿပီး ေဖေဖာ္ဝါရီလမွာေတာ့ ၄၀၅,၉၇၈ အထိ ရွိလာခဲ့လို႔ ၇ ရာခိုင္ႏႈန္းေက်ာ္ ျမင့္တက္လာခဲ့တာပါ။ ယခုအခ်ိန္ထိလည္း ကစားသူအေရအတြက္ ဆက္လက္ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

လူအမ်ားကို အိမ္မွာေနၾကဖို႔ သက္ဆိုင္ရာမ်ားက တိုက္တြန္းႏႈိးေဆာ္ေနရခ်ိန္မ်ားမွာ ဗီဒီယိုဂိမ္းကစားျခင္းဟာ အေကာင္းဆုံးေသာ အိမ္တြင္းေဖ်ာ္ေျဖေရးတစ္ခုပဲျဖစ္ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ျပႆနာေၾကာင့္ Esports ဂိမ္းၿပိဳင္ပြဲႀကီးမ်ားကို ေခတၱရပ္ဆိုင္းေနၾကရေပမယ့္ လူအမ်ားကို စိတ္ေပ်ာ္႐ႊင္မႈေပးစြမ္းႏိုင္တဲ့ ဗီဒီယိုဂိမ္းမ်ားဟာ အနာဂတ္မွာ ယခုထက္ပိုမိုေခတ္စားလာဦးမွာပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အၿမဲမျပတ္တင္ဆက္ေပးလ်က္ရွိပါတယ္။

source: TheVerge, steamdb.info