[ZawGyi]

“ထြက္ရွိခ်ိန္မွာ ျပႆနာအခ်ိဳ႕နဲ႔ ရင္ဆိုင္ခဲ့ရတဲ့ Call of Duty: Mobile”


အပစ္အခတ္ဂိမ္းဝါသနာရွင္မ်ား ေစာင့္ေမွ်ာ္ေနခဲ့ၾကတဲ့ Call of Duty: Mobile ကေတာ့ ေအာက္တိုဘာ ၁ ရက္ေန႔က တရားဝင္ထြက္ရွိလာခဲ့ပါျပီ။ Activision က ျဖန္႔ခ်ိတဲ့ ဒီဂိမ္းကို iOS နဲ႔ Android ႏွစ္မ်ိဳးလုံးအတြက္ အခမဲ့ ရယူကစားႏိုင္ပါတယ္။ ထြက္ရွိျပီး သိပ္မၾကာခင္မွာ ဝင္ေရာက္ကစားသူမ်ားဟာ ဂိမ္းထဲကိုဝင္လို႔မရတဲ့ ျပႆနာၾကံဳခဲ့ရတယ္လုိ႔ ေျပာဆိုေနခဲ့ၾကပါတယ္။

Activision ဟာ ဂိမ္းစတင္ထြက္ရွိတဲ့ေန႔မွာပဲ ဒီ loading ျပႆနာကို ကိုင္တြယ္ေျဖရွင္းေနတဲ့အေၾကာင္း Twitter ေပၚမွာ ေရးသားခဲ့ပါတယ္။ ကစားသူမ်ားဟာ ဂိမ္းရဲ႕ loading screen မွာပဲ ရပ္တန္႔ေနခဲ့လုိ႔ ဝင္လုိ႔မရျဖစ္ေနခဲ့ၾကတာပါ။ Activision ဟာ ဂိမ္းကိုျပင္ဆင္မႈမ်ားျပဳလုပ္ခဲ့လို႔ ကစားသမားအမ်ားစု ဝင္ေရာက္ႏိုင္ျပီျဖစ္ေပမယ့္ အခ်ိဳ႕ကေတာ့ ယခုအခ်ိန္ထိ ေစာင့္ဆိုင္းေနၾကဆဲပါ။

 

ဂိမ္း loading ျပႆနာနဲ႔ တစ္ဆက္တည္း ေပၚေပါက္လာတာေတာ့ controller support အေၾကာင္းပါ။ Bluetooth controller နဲ႔ ကစားလုိသူမ်ားအတြက္ support ပါဝင္မယ္လို႔ အမ်ားကေမွ်ာ္လင့္ထားေပမယ့္ စတင္ထြက္ရွိခ်ိန္မွာ မပါဝင္ခဲ့ပါဘူး။ Activision ကေတာ့ Bluetooth controller support နဲ႔ သက္ဆိုင္တဲ့ စမ္းသပ္မႈမ်ားကို ျပဳလုပ္ေနဆဲျဖစ္ျပီး မၾကာခင္မွာ ေနရာေဒသေပါင္းစုံက ကစားသူမ်ားအတြက္ ထည့္သြင္းေပးမယ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။

Call of Duty: Mobile မွာ ကစားသူမ်ားဟာ Team Deathmatch, Domination, Gun Game, Search & Destroy စတဲ့ Mode ပုံစံမ်ိဳးစုံကို ကစားႏိုင္မွာျဖစ္ပါတယ္။ ထြက္ရွိျပီးသား Call of Duty ဂိမ္းမ်ားထဲက ေျမပုံမ်ား ျဖစ္ၾကတဲ့ Nuketown, Hijacked, Crash စတာေတြလည္း ျပန္လည္ ပါဝင္လာပါတယ္။

အျခား free to play ဂိမ္းမ်ား နည္းတူ Call of Duty: Mobile ထဲမွာလည္း unlock ျပဳလုပ္မွ ရရွိမယ့္ ဇာတ္ေကာင္ character မ်ား ပါဝင္ပါတယ္။ ထည့္သြင္းထားတဲ့ နာမည္ၾကီး character မ်ားထဲက John “Soap” MacTavish နဲ႔ Simon “Ghost” Riley တို႔ဟာ Modern Warfare series ထဲက ျဖစ္ၾကျပီး Alex Mason ကေတာ့ Black Ops ထဲကပါ။

ေနာက္ပိုင္းထြက္ရွိတဲ့ အပစ္အခတ္ဂိမ္းမ်ားရဲ႕ ထုံးစံအတိုင္း ကစားသမား အေယာက္ ၁၀၀ ကစားႏိုင္မယ့္ battle royale mode လည္းပါဝင္ျပီး solo ျဖစ္ေစ duo ျဖစ္ေစ ၄ ေယာက္ပါဝင္တဲ့ အသင္းတစ္သင္းလိုက္ျဖစ္ေစ ကစားႏိုင္ပါတယ္။ ကစားသူမ်ားဟာ first-person နဲ႔ third-person perspective ၂ ခုထဲက ႏွစ္သက္ရာကို ေရြးခ်ယ္ႏိုင္မွာပါ။

In-game ထဲမွာလည္း Lighting Up The World ဆိုၿပီး လက္ရွိကမာၻအႏွံမွာ ကစားေနတဲ့ ေနရာေတြကိုလည္း ျမင္ေတြ႕ႏိုင္ၿပီး ဂိမ္းစတင္ခဲ့တဲ့ ၂ ရက္တာ ကာလအတြင္း ပြဲေပါင္း ၈၆ သန္းေက်ာ္ ေဆာ့ထားၿပီးၿပီပဲ ျဖစ္ပါတယ္။ ဤစာကို ဖတ္ေနခ်ိန္အတြင္းမွာလည္း သန္း ၁၀၀ ကို ေက်ာ္သြားႏိုင္ေျခ ရွိေနပါတယ္။

ထြက္ရွိျပီး သိပ္မၾကာခင္မွာပဲ US ရဲ႕ Apple app store မွာ နံပါတ္ ၁ ခ်ိတ္သြားခဲ့တဲ့ Call of Duty: Mobile ဟာ ဆက္လက္လူၾကိဳက္မ်ားတဲ့ ဂိမ္းတစ္ခုျဖစ္လာမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ၾကရမွာပါ။ ၂၀၀၃ ထဲက စတင္ထြက္ရွိခဲ့တဲ့ Call of Duty ဂိမ္းစီးရီးဟာ ေခတ္ေဟာင္း gamer မ်ားရဲ႕ သည္းေျခၾကိဳက္ဂိမ္းမ်ားပဲ ျဖစ္ပါေတာ့တယ္။ Esports အေၾကာင္းအရာမ်ားနဲ႔ သတင္းမ်ားကို Gaming Noodle မွ အျမဲမျပတ္ တင္ဆက္ေပးလ်က္ရွိပါတယ္။

 

Source : Cnet


[Unicode]

“ထွက်ရှိချိန်မှာ ပြဿနာအချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့ Call of Duty: Mobile”

 

အပစ်အခတ်ဂိမ်းဝါသနာရှင်များ စောင့်မျှော်နေခဲ့ကြတဲ့ Call of Duty: Mobile ကတော့ အောက်တိုဘာ ၁ ရက်နေ့က တရားဝင်ထွက်ရှိလာခဲ့ပါပြီ။ Activision က ဖြန့်ချိတဲ့ ဒီဂိမ်းကို iOS နဲ့ Android နှစ်မျိုးလုံးအတွက် အခမဲ့ ရယူကစားနိုင်ပါတယ်။ ထွက်ရှိပြီး သိပ်မကြာခင်မှာ ဝင်ရောက်ကစားသူများဟာ ဂိမ်းထဲကိုဝင်လို့မရတဲ့ ပြဿနာကြုံခဲ့ရတယ်လို့ ပြောဆိုနေခဲ့ကြပါတယ်။

Activision ဟာ ဂိမ်းစတင်ထွက်ရှိတဲ့နေ့မှာပဲ ဒီ loading ပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတဲ့အကြောင်း Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။ ကစားသူများဟာ ဂိမ်းရဲ့ loading screen မှာပဲ ရပ်တန့်နေခဲ့လို့ ဝင်လို့မရဖြစ်နေခဲ့ကြတာပါ။ Activision ဟာ ဂိမ်းကိုပြင်ဆင်မှုများပြုလုပ်ခဲ့လို့ ကစားသမားအများစု ဝင်ရောက်နိုင်ပြီဖြစ်ပေမယ့် အချို့ကတော့ ယခုအချိန်ထိ စောင့်ဆိုင်းနေကြဆဲပါ။

ဂိမ်း loading ပြဿနာနဲ့ တစ်ဆက်တည်း ပေါ်ပေါက်လာတာတော့ controller support အကြောင်းပါ။ Bluetooth controller နဲ့ ကစားလိုသူများအတွက် support ပါဝင်မယ်လို့ အများကမျှော်လင့်ထားပေမယ့် စတင်ထွက်ရှိချိန်မှာ မပါဝင်ခဲ့ပါဘူး။ Activision ကတော့ Bluetooth controller support နဲ့ သက်ဆိုင်တဲ့ စမ်းသပ်မှုများကို ပြုလုပ်နေဆဲဖြစ်ပြီး မကြာခင်မှာ နေရာဒေသပေါင်းစုံက ကစားသူများအတွက် ထည့်သွင်းပေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Call of Duty: Mobile မှာ ကစားသူများဟာ Team Deathmatch, Domination, Gun Game, Search & Destroy စတဲ့ Mode ပုံစံမျိုးစုံကို ကစားနိုင်မှာဖြစ်ပါတယ်။ ထွက်ရှိပြီးသား Call of Duty ဂိမ်းများထဲက မြေပုံများ ဖြစ်ကြတဲ့ Nuketown, Hijacked, Crash စတာတွေလည်း ပြန်လည် ပါဝင်လာပါတယ်။

အခြား free to play ဂိမ်းများ နည်းတူ Call of Duty: Mobile ထဲမှာလည်း unlock ပြုလုပ်မှ ရရှိမယ့် ဇာတ်ကောင် character များ ပါဝင်ပါတယ်။ ထည့်သွင်းထားတဲ့ နာမည်ကြီး character များထဲက John “Soap” MacTavish နဲ့ Simon “Ghost” Riley တို့ဟာ Modern Warfare series ထဲက ဖြစ်ကြပြီး Alex Mason ကတော့ Black Ops ထဲကပါ။

နောက်ပိုင်းထွက်ရှိတဲ့ အပစ်အခတ်ဂိမ်းများရဲ့ ထုံးစံအတိုင်း ကစားသမား အယောက် ၁၀၀ ကစားနိုင်မယ့် battle royale mode လည်းပါဝင်ပြီး solo ဖြစ်စေ duo ဖြစ်စေ ၄ ယောက်ပါဝင်တဲ့ အသင်းတစ်သင်းလိုက်ဖြစ်စေ ကစားနိုင်ပါတယ်။ ကစားသူများဟာ first-person နဲ့ third-person perspective ၂ ခုထဲက နှစ်သက်ရာကို ရွေးချယ်နိုင်မှာပါ။

In-game ထဲမှာလည်း Lighting Up The World ဆိုပြီး လက်ရှိကမ္ဘာအနှံမှာ ကစားနေတဲ့ နေရာတွေကိုလည်း မြင်တွေ့နိုင်ပြီး ဂိမ်းစတင်ခဲ့တဲ့ ၂ ရက်တာ ကာလအတွင်း ပွဲပေါင်း ၈၆ သန်းကျော် ဆော့ထားပြီးပြီပဲ ဖြစ်ပါတယ်။ ဤစာကို ဖတ်နေချိန်အတွင်းမှာလည်း သန်း ၁၀၀ ကို ကျော်သွားနိုင်ခြေ ရှိနေပါတယ်။

ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ US ရဲ့ Apple app store မှာ နံပါတ် ၁ ချိတ်သွားခဲ့တဲ့ Call of Duty: Mobile ဟာ ဆက်လက်လူကြိုက်များတဲ့ဂိမ်းတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ကြရမှာပါ။ ၂၀၀၃ ထဲက စတင်ထွက်ရှိခဲ့တဲ့ Call of Duty ဂိမ်းစီးရီးဟာ ခေတ်ဟောင်း gamer များရဲ့ သည်းခြေကြိုက်ဂိမ်းများပဲ ဖြစ်ပါတော့တယ်။ Esports အကြောင်းအရာများနဲ့ သတင်းများကို Gaming Noodle မှ အမြဲမပြတ် တင်ဆက်ပေးလျက်ရှိပါတယ်။

 

Source : Cnet