[Unicode]

နည်းပြအသစ် Carry အသစ် Mid မသစ်တသစ်နဲ့ Team Secret

 


ပထမဆုံး Chendu Major ကိုမပါဝင်ပဲ အနားယူနေတဲ့ Team Secret ဟာ လူစာရင်းအပြောင်းအလဲမရှိတော့ဘူးလို့ ထင်ထားခဲ့ပေမယ့် လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းမှာပဲ သူတို့ရဲ့ ရာသီသစ်အတွက် အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။

ပထမဦးစွာ မလေးရှားနိုင်ငံသား Mid ကစားသမားတစ်ယောက်ဖြစ်တဲ့ MidOne ဟာတော့ အသင်းကနေထွက်ခွာမယ့်အပြင် Dota2 ကနေပါ အနားယူဦးမယ်လို့ ကြေညာထားပါတယ်။ အဓိက အကြောင်းအရင်းကတော့ ၂၀၁၆ လောက်ကတည်းက မလေးရှားကနေထွက်ခွာပြီး Team Secret bootcamp ရှိရာ ဥရောပမှာ အချိန်အကြာကြီး နေခဲ့ရလို့ အခုလိ အနားယူပြီးရခြင်းဖြစ်တယ်လို့ ရေးသားထားပါတယ်။ စာရေးသူရဲ့ အမြင်အရဆိုရင်တော့ MidOne ဟာ SEA မှသွားစရာ အသင်းကြီးဆိုလို့ Fnatic လောက်သာရှိပြီး သူကိုယ်တိုင်ကလည်း မလေးရှားတရုတ်တစ်ယောက်ဖြစ်လို့ မကြာခင်မှာလည်း တရုတ်အသင်းတစ်သင်းကို ရောက်ရှိသွားမယ်ဆိုရင် ထူးဆန်းမယ် မထင်ပါဘူး။

Team Secret ကနေ ထွက်ခွာသွားထဲ့တဲ့ နောက်တစ်ယောက်ကတော့ နည်းပြ SunBhie ပဲဖြစ်ပါတယ်။ သူလည်း 2017 ကတည်းက Team Secret ကို ရောက်ရှိနေတာဖြစ်ပြီး Team Secret နဲ့ အောင်မြင်မှုများစွာရရှိခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ SunBhie ကတော့ သူ Secret မတိုင်ခင်က နည်းပြလုပ်ခဲ့တဲ့ TNC Predator ကိုပဲပြန်သွားမလားဆိုတာကို စောင့်ကြည့်ရမှာ။

credit: wyk

ကဲ… လူသစ်တွေအကြောင်း စပြောပါတော့မယ်။ ပထမတစ်ယောက်ကတော့ ပရိသတ်ချစ်ခင်မှု ရရှိထားပြီးသား အရင် Team Liquid, Chaos Esports တို့ရဲ့ Carry ဟောင်း TI-7 ချန်ပီယံ “Matumbaman” ပဲ ဖြစ်ပါတယ်။ သူကတော့ Team Secret ရဲ့ Carry အသစ်ဖြစ်ပြီး အရင် Carry ဆော့ခဲ့တဲ့ Nisha ကတော့ Team Secret ရဲ့ Mid အသစ်ဖြစ်လာမှာပါ။ အခုလို Role ပြောင်းသွားတဲ့ Nisha အတွက်တော့ Team Secret ပရိသတ်တွေ စိတိပူစရာမလိုပါဘူး။ Nisha ဟာ အရင်အသင်း Team Kinguin မှာ Mid တစ်မျိုးတည်းကစားခဲ့ဖူးတဲ့ အတွေ့အကြုံကောင်းတွေ ရှိနေပါတယ်။

နောက်ဆုံးလူသစ်ကတော့ Team Secret ပရိသတ်တွေအတွက် အကောင်းဆုံး သတင်းလို့ ဆိုရမှာပါ။ သူလည်း Team Liquid နဲ့အတူ TI7 ရရှိဖူးတဲ့အပြင် TNC ကို လူရိုသေရှင်ရိုသေအသင်းတစ်သင်းဖြစ်အောင် ဆွဲတင်ပေးနိုင်ခဲ့တဲ့ နည်းပြ Heen ပဲ ဖြစ်ပါတယ်။

Ex-Team Liquid

Team Secret အနေနဲ့ Valve major ချန်ပီယံဆုတွေ အကြိမ်ကြိမ် ရရှိဖူးပေမယ့်လည်း အကြီးမားဆုံး ပန်းတိုင်ဖြစ်တဲ့ The International TI နဲ့တော့ ဝေးကွာနေဆဲ ဖြစ်ပါတယ်။ TI7 မှာ အတွဲညီခဲ့တဲ့ Matumbaman နဲ့ Heen တို့ ၂ ယောက်ကို ခေါ်ယူလိုက်ခြင်းဟာတော့ Team Secret ရဲ့ TI အရယူလိုစိတ်ကို မြင်သာစေပါတယ်။ ဒီလူစာရင်းသစ်ကိုတော့ ဒုတိယ Major ဖြစ်တဲ့ Dreamleague Qualifier မှာ စတင်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ International LAN Final ပွဲတွေမှာ Matu ကို Team Secret အင်္ကျီနဲ့ သူ့ရဲ့ ကံကောင်းစေတဲ့ ဘောင်းဘီတိုလေးနဲ့အတူ နောက်ကနေ ညွှန်ကြားနေတဲ့ နည်းပြ Heen ကိုပါ Team Secret ပရိသတ်တွေ မရိုးနိုင်အောင် ရှုစားရတော့ မှာပါ။

Source : Team Secret

Thumbnail  photo credit : wyk


[Zawgyi]

နည္းျပအသစ္ Carry အသစ္ Mid မသစ္တသစ္နဲ႔ Team Secret

 

ပထမဆုံး Chendu Major ကိုမပါဝင္ပဲ အနားယူေနတဲ့ Team Secret ဟာ လူစာရင္းအေျပာင္းအလဲမရွိေတာ့ဘူးလို႔ ထင္ထားခဲ့ေပမယ့္ လြန္ခဲ့တဲ့ နာရီပိုင္းအတြင္းမွာပဲ သူတို႔ရဲ႕ ရာသီသစ္အတြက္ အစီအစဥ္ေတြကို ေၾကညာလိုက္ပါတယ္။

ပထမဦးစြာ မေလးရွားႏိုင္ငံသား Mid ကစားသမားတစ္ေယာက္ျဖစ္တဲ့ MidOne ဟာေတာ့ အသင္းကေနထြက္ခြာမယ့္အျပင္ Dota2 ကေနပါ အနားယူဦးမယ္လို႔ ေၾကညာထားပါတယ္။ အဓိက အေၾကာင္းအရင္းကေတာ့ ၂၀၁၆ ေလာက္ကတည္းက မေလးရွားကေနထြက္ခြာၿပီး Team Secret bootcamp ရွိရာ ဥေရာပမွာ အခ်ိန္အၾကာႀကီး ေနခဲ့ရလို႔ အခုလိ အနားယူၿပီးရျခင္းျဖစ္တယ္လို႔ ေရးသားထားပါတယ္။ စာေရးသူရဲ႕ အျမင္အရဆိုရင္ေတာ့ MidOne ဟာ SEA မွသြားစရာ အသင္းႀကီးဆိုလို႔ Fnatic ေလာက္သာရွိၿပီး သူကိုယ္တိုင္ကလည္း မေလးရွားတ႐ုတ္တစ္ေယာက္ျဖစ္လို႔ မၾကာခင္မွာလည္း တ႐ုတ္အသင္းတစ္သင္းကို ေရာက္ရွိသြားမယ္ဆိုရင္ ထူးဆန္းမယ္ မထင္ပါဘူး။

Team Secret ကေန ထြက္ခြာသြားထဲ့တဲ့ ေနာက္တစ္ေယာက္ကေတာ့ နည္းျပ SunBhie ပဲျဖစ္ပါတယ္။ သူလည္း 2017 ကတည္းက Team Secret ကို ေရာက္ရွိေနတာျဖစ္ၿပီး Team Secret နဲ႔ ေအာင္ျမင္မႈမ်ားစြာရရွိခဲ့တဲ့ နည္းျပတစ္ဦးလည္းျဖစ္ပါတယ္။ SunBhie ကေတာ့ သူ Secret မတိုင္ခင္က နည္းျပလုပ္ခဲ့တဲ့ TNC Predator ကိုပဲျပန္သြားမလားဆိုတာကို ေစာင့္ၾကည့္ရမွာ။

credit: wyk

ကဲ… လူသစ္ေတြအေၾကာင္း စေျပာပါေတာ့မယ္။ ပထမတစ္ေယာက္ကေတာ့ ပရိသတ္ခ်စ္ခင္မႈ ရရွိထားၿပီးသား အရင္ Team Liquid, Chaos Esports တို႔ရဲ႕ Carry ေဟာင္း TI-7 ခ်န္ပီယံ “Matumbaman” ပဲ ျဖစ္ပါတယ္။ သူကေတာ့ Team Secret ရဲ႕ Carry အသစ္ျဖစ္ၿပီး အရင္ Carry ေဆာ့ခဲ့တဲ့ Nisha ကေတာ့ Team Secret ရဲ႕ Mid အသစ္ျဖစ္လာမွာပါ။ အခုလို Role ေျပာင္းသြားတဲ့ Nisha အတြက္ေတာ့ Team Secret ပရိသတ္ေတြ စိတိပူစရာမလိုပါဘူး။ Nisha ဟာ အရင္အသင္း Team Kinguin မွာ Mid တစ္မ်ိဳးတည္းကစားခဲ့ဖူးတဲ့ အေတြ႕အႀကဳံေကာင္းေတြ ရွိေနပါတယ္။

ေနာက္ဆုံးလူသစ္ကေတာ့ Team Secret ပရိသတ္ေတြအတြက္ အေကာင္းဆုံး သတင္းလို႔ ဆိုရမွာပါ။ သူလည္း Team Liquid နဲ႔အတူ TI7 ရရွိဖူးတဲ့အျပင္ TNC ကို လူ႐ိုေသရွင္႐ိုေသအသင္းတစ္သင္းျဖစ္ေအာင္ ဆြဲတင္ေပးႏိုင္ခဲ့တဲ့ နည္းျပ Heen ပဲ ျဖစ္ပါတယ္။

Ex-Team Liquid

Team Secret အေနနဲ႔ Valve major ခ်န္ပီယံဆုေတြ အႀကိမ္ႀကိမ္ ရရွိဖူးေပမယ့္လည္း အႀကီးမားဆုံး ပန္းတိုင္ျဖစ္တဲ့ The International TI နဲ႔ေတာ့ ေဝးကြာေနဆဲ ျဖစ္ပါတယ္။ TI7 မွာ အတြဲညီခဲ့တဲ့ Matumbaman နဲ႔ Heen တို႔ ၂ ေယာက္ကို ေခၚယူလိုက္ျခင္းဟာေတာ့ Team Secret ရဲ႕ TI အရယူလိုစိတ္ကို ျမင္သာေစပါတယ္။ ဒီလူစာရင္းသစ္ကိုေတာ့ ဒုတိယ Major ျဖစ္တဲ့ Dreamleague Qualifier မွာ စတင္ျမင္ေတြ႕ႏိုင္မွာျဖစ္ပါတယ္။ International LAN Final ပြဲေတြမွာ Matu ကို Team Secret အက်ႌနဲ႔ သူ႔ရဲ႕ ကံေကာင္းေစတဲ့ ေဘာင္းဘီတိုေလးနဲ႔အတူ ေနာက္ကေန ၫႊန္ၾကားေနတဲ့ နည္းျပ Heen ကိုပါ Team Secret ပရိသတ္ေတြ မ႐ိုးႏိုင္ေအာင္ ရႈစားရေတာ့ မွာပါ။

Source : Team Secret

Thumbnail photo credit : wyk